Guest. It's 09:32 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
News & Articles
ယုံကြည်စိတ်ချစွာ ဆင်ယင်နိုင်ဖို့ လိုအပ်ချက်ကို ဆောင်ကြစို့
Fashion

Posted on Mar 16 07 - 04:51 PM | Hits : 13742 | Save as PDF

URL : http://www.planet.com.mm/news/read.cfm/id/10321

လူတိုင်း အ၀တ်အစားဝတ်ကြတယ်။ ရိုးရိုးဝတ်တယ်။ ဆန်းဆန်းတယ်၊မရိုးမဆန်း ၀တ်တယ်။ ဘယ်လိုပဲဝတ်ဝတ် ၀တ်တဲ့အခါ သက်တောင့်သက်သာရှိဖို့နဲ့ ယုံကြည်စိတ်ချမှုရှိဖို့က အဓိကပါပဲ။ ပျိုမေကိုယ်တိုင်ကရော အ၀တ်အစားအပေါ် ဘယ်လောက်ရာခိုင်နှုန်းလောက်အထိ စိတ်လက်ချမ်းသာယုံကြည်မှု့အပြည့်နဲ့ ၀တ်လေ့ရှိပါသလဲ? ဆိုလိုတာက အ၀တ်အစားဝတ်တဲ့အခါ ကိုယ်ဟန်ပြဖို့၊လူကြည့်ဖို့ ဟိုပေါ်ဒီပေါ်ပုံစံမျိုးမဟုတ်ပဲ နေသားတစ်ကျနဲ့ သက်တောင့်သက်သာရှိတယ်လို့ စိတ်ဘ၀င်ကျစရာ ခံစားမှု၊ယုံကြည်မှုရှိတာကိုပြောတာ။ အ၀တ်အစားဆိုတာ သင့်ရဲ့ ကိုယ်ရေးကိုယ်သွေးတောက်ပြောင်မှုကို ရာနှုန်းပြည့် အထောက်အကူမပြုပေမယ့် တစ်စိတ်တပို်င်းအားဖြင့် ပါဝင်ပတ်သတ်ပါတယ်။ အရေးကြီးဆုံးအချက်က ကိုယ်နဲ့လိုက်ဖက်မဲ့ အ၀တ်အစားကို ဟန်ပါပါနဲ့ ၀တ်စားဆင်ယင်တတ်ဖို့ပဲလိုပါတယ်။ လှပသေသပ်မှုကို မြတ်နိုးသော ပျိုမေတို့အတွက် အခြေခံကျသော၊ အဓီကအချက်ဖြစ်သော၊ မရှိမဖြစ်လိုအပ်သော ၀တ်စားဆင်ယင်မှုအနုပညာကို ဖော်ညွှန်းလိုက်ပါတယ်။ လိုက်ဖက်မယ့် အ၀တ်အစားကို ရွေးချယ်ဝတ်ဆင်ခြင်းဟာ ကိုယ်ရောင်ကိုယ်ဝါတက်သွားသလို ယုံကြည်မှုလည်းရှိမှာ အသေအချာပင်၊ အပေါ်ကနေ ထပ်ဝတ်တဲ့ ဂျက်ကက်လို့ ဟာမျိုးနဲ့ဥပမာပြောရရင် .. ပွရောင်းရောင်း ဂျက်ကက်လိုဟာ အနွေးထည်လိုမျိုး ၀တ်ကြည့် လူကပါ ဖြစ်ကလက်ဆန်း ကပိုကရိုပုံစံဖြစ်သွားရော တစ်ခါတစ်ရံကိုယ်ကပါ နေမကောင်းချင်သလိုလို.. ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျနေတဲ့ ဂျက်ကက်ကျတော့ ပိုပြီးသပ်သပ်ရပ်ရပ်ဖြစ်မယ်။ အရပ်တောင်ပိုရှည်သွားသလိုထင်ရတယ်၊ ယုံကြည်မှု့ပိုတိုးလာတယ်။ပုံစံကျတဲ့ ဂျင်းဘောင်းဘီတစ်စုံဟာ သိတ်ကျပ်စရာမလိုပါဘူး။ ခန္ဓာကိုယ်နဲ့ အတော်ဖြစ်ရုံ၊ကိုက်ညီလောက်တယ်ဆိုရင်ပဲ ကြည့်ကောင်းပါတယ်။ ခန္ဓာကိုယ်အချိုးအစားပေါ်လွင်တဲ့ဂျင်းဘောင်းဘီအကျပ်မျိုးကို ခေါင်းထဲသိတ်မထည့်နဲ့။ ဂျင်းဘောင်းဘီတွေဟာ ချည်သားဘောင်းဘီတွေထက်စာရင် ပိုပြိးသွယ်လျတဲ့ ပုံစံရှိပါတယ်။ မှန်ရှေ့ ရပ်ပြီး ယှဉ်ကြည့်လိုက်ပါ။ ကွဲပြားခြားနားတယ်ဆိုတာ သဘောပေါက်သွားမယ်။ ခန္ဓာကိုယ်အထက်ပိုင်းအင်္ကျီ ဆိုရင် ခါးပုံဖော်အသားပေးထားတဲ့အကျီမျိုး ၀တ်သင့်တယ်။ ဒါမှလည်းမိန်းမတစ်ယောက်ရဲ့ အလှကိုပေါ်လွင်စေသလို သဘာဝအလှကိုလည်း ဖော်ပြနိုင်မှာလေ။ တစ်ခုသိထားရမှာက လေးထောင့်ကျလွန်းတဲ့အ၀တ်အစားမျိုးကိုတော့ရှောင်ရမယ်။ သူက ကိုယ်ခန္ဓာအလှအပကို လုံးဝဖုံးကွယ်ပျောက်သွားမှာလေ။ နောက်ပြီးအရပ်တောင်ပုသွားတယ်လို့ထင်ရသေး။ နောက်ထပ်သတိပြုထည့်စဉ်းစားရမှာက အောက်ခံအ၀တ်အစားတွေပါပဲ။ ပျိုမေ အတွက်ယုံကြည်မှုအပြည့်ရှိပြီး တင်းတင်းရင်းရင်းရှိစေမည့် ဘရာစီယာမျိုးရွေးချယ်ဝတ်ရမယ်။ တစ်ချို့အမျိုးသမီးများဟာ sexy ဖြစ်တဲ့ Lingerie တွေကို ရွေးဝတ်တတ်ကြတယ်။ ဒါကလည်းသူတို့စိတ်ထဲမှာ ပိုကောင်းတယ်လို့ ထင်သလို သူကလည်း ၀တ်ရတာပိုပြီး ယုံကြည်စိတ်ချ စမတ်ကျတာကိုး။ ရင်သားရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ပုံစံတကျချုပ်လုပ်ထားသော ဘရာစီယာများက ပျိုမေ့အတွက် မရှိမဖြစ်လိုအပ်တယ်။ အရွယ်အစားကို ပြေပြစ်ညီညွှတ်မယ့်ဟာမျိုးကို လိုက်ရှာဝယ်သင့်တယ်။ အရှေ့ဘက်ရော အာနောက်ဘက်ပါ သက်တောင့်သက်သာ သေသပ်အဆင်ပြေမည့် အတွင်းခံဘရာကိုရှာပါ။ ဒါက မိန်းမတစ်ယောက်ရဲ့ စေ့ပ်သေချာမှု၊ ဂရုစိုက်တတ်မှုဆိုတဲ့ ကိုယ်ရေကိုယ်သွေးအဆင့်အတန်းကိုဖော်ပြနေတယ်လေ။ ဒေါက်မြင့်ဖိနပ်နဲ့ဟန်ချညီညီလျှောက်ရတာက မလွယ်ပါ။ ဘယ်သူမှလည်း ဒေါက်မြင့်ဖိနပ်ကိုဂရုတစိုက်နဲ့ ထိန်းလျှောက်နေရတာကို လုပ်ချင်မှာမဟုတ်ဘူး။ ပျိုမေနဲ့လိုက်ဖက် သင့်တော်မဲ့ဖိနပ်တွေ့ပြီး ၀ယ်တော့မယ်ဆိုရင် ပိန်သွယ်လျသွားသလို ဆွဲဆောင်မှုတောင်ပိုရှိသွားမယ့်ဖိနပ်မျိုးကို ရွေးချယ်ဝတ်ပါ။ဖက်ရှင်အလှတိုး၊ဂုဏ်ကျက်သရေ၀င့်စေမည့်နောက်ထပ် တစ်ချက်က လက်ဝတ်ရတနာတွေပါပဲ။ ဖက်ရှင်မမတွေ ဒါကိုလည်းမေ့ထားလို့မရဘူးနော်။ လည်ဆွဲပဲဖြစ်ဖြစ်၊နားကပ်ပဲဖြစ်ဖြစ်၊လက်ကောက်ပဲဖြစ်ဖြစ်ပေါ့။ အထူးသဖြင့်အရောင်အသွေးကျတဲ့ လက်ဝတ်ရတနာတွေ… အခြားသူများနဲ့မတူတဲ့ ကိုယ်ပိုင်ဖက်ရှင်လေးတစ်ခု ကိုယ့်မှာရှိနေတယ်လို့ ယူဆလို့တောင်ရတယ်လေ။အမဲရောင်ဝမ်းဆက်ဝတ်တာ စတိုင်ကျပါတယ်။ မိုက်ပါတယ်။ သူက ခန္ဓာကိုယ်ကို သွယ်လှသွားစေတယ်မဟုတ်လား သို့ပေမယ့်နေ့တိုင်းအမဲတွေချည်းပဲ ၀တ်လို့မဖြစ်ဘူး။ တစ်ခါတစ်လေ အရောင်ဆန်းဆန်းနဲ့ အပြောင်းအလဲ ဖြစ်အောင်ဝတ်သင့်တယ်။ အရောင်တောက်တောက် အ၀တ်အစားတွေကို ပျိုမေ ၀တ်ရမှာ မ၀ံ့မရဲဖြစ်နေတယ်၊ ကြောက်နေတယ်… မလိုအပ်ပါ။ အပေါ်အောက်လိုက်ဖက်အောင် ၀တ်ဆင်တတ်ဖို့ပဲလိုပါတယ်။ ကြည့်လိုက်ပါ။ လိမ္မော်ရောင်အကျီကိုဝတ်မယ်ဆိုရင် အောက်ကို ချောကလက်ရောင်၊ အညိုရောင်လိုမျိုးအရောင်တွေနဲ့ တွဲဝတ်လို့ရတယ်။ ပန်းရောင်ဆိုရင် မိးခိုးရောင်၊ navy ရောင်တွေနဲ့တွဲဝတ်လို့ရတယ်။ ဘယ်လိုပဲဝတ်ဝတ် ၀တ်တဲ့အခါ ယံကြည်စိတ်ချမှုရှိပါ။ အပေါ်က အရောင်တောက်တောက်ဆိုရင် အောက်က အရောင်ခပ်ရင့်ရင့်တွေနဲ့သာတွဲဝတ်လိုက်…ဘယ်လောက်ပဲတန်းဖိုးကြီးအ၀တ်အစားတွေကို ၀တ်ဝတ်၊စတိုင်ဘယ်လောက်ပဲမိုက်မိုက် ခေါင်း၊ ခြေချောင်းလေးတွေ မသေမသပ် မသပ်မရပ်ဖြစ်နေရင်လည်းအလကားပဲ။ လက်သည်းခြေသည်း တွေကိုအိမ်မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အလှပြင်ဆိုင်မှာပဲဖြစ်ဖြစ် ပြုပြင်မွမ်းမံပါ။ လက်သည်းဖက်ရှင်လုပ်ရတာ အချိန်မပေးနိုင်ဘူး။ ကထိကထများတယ်ဆိုရင်လည်း ကောင်းစွာကျန်းမာသန်စွမ်း သန့်ရှင်းအောင် ထိန်းသိမ်းတတ်ဖို့ လိုအပ်တယ်။ ဆံပင်ဆိုရင်လည်း အနည်းဆုံးတော့ ပုံမှန် ပုံဖော်ညှပ်သင့်တယ်။ လူတစ်ယောက်အတွက် ဆံပင်ပုံစံစတိုင်အမျိုးမျိုးပြောင်းခြင်းက အံအာသင့်စရာကောင်း လောက်အောင် ထူးခြား ဆွဲဆောင်တယ်ဆိုတာ ယုံထားလိုက်။ တစ်ပုံစံတည်းတစ်မျိုးတည်းကရိုးတယ် မဟုတ်လား..သင်ရော၊အခြားဘေးလူတွေအတွက်ရော သာမန်ထက်ပိုပြီးမထူးခြားပါ။ ဆံပင်မညှပ်ဘူး အပြောင်းအလဲသိတ်မလုပ်ဘူးဆိုရင် ဆံနွယ်လေးတွေကို ကလစ်နဲ့ညှပ်ပြီးနောက်ဘက်(သို့မဟုတ်)ခေါင်းစည်းနဲ့ လိုက်ဖက်အောင်လုပ်ကြည့်ပါ။ ဆံပင်အရောင်ကာလာတွေမကောင်းဘူး၊ပျက်လာပြီးဆိုရင် အလှဖန်တီးရှင်များ နဲ့တိုင်ပင်ဆွေနွေးပြီး အရောင်ဆိုးပါ။ ပြောင်းပါ။မျက်လုံးအရောင်ဆိုးတာကို အထင်မသေးနဲ့။ မေ့မထားလိုက်နဲ့။ သူကလည်းပျိုမေလှပမှုအတွက် အရေးပါသင့်သလောက်ပါတယ်။ မျက်လုံးအရောင်ဆိုးပြီးမှန် ရှေ့ရပ်ကြည့်လိုက် … မျက်လုံးဆိုးတာ ဘယ်လိုအကျိုး ကျေးဇူးရှိသလဲဆိုတာ သိသွားမယ်..နောက်ဆုံးပိတ် မိတ်ကပ်အကြောင်းပြောရရင် လိမ်းချင်လည်းဖြစ်တယ်။ မလိမ်းချင်လည်းဖြစ်တယ်။ တကယ်လို့ မလိမ်းရရင်မနေနိုင်ပေါင် ဆိုရင် တစ်နေ့တာလုံ မျက်နှာပေါ်မှာ စွဲစေမည့် မိတ်ကပ်မျိုးကို ရွေးဝယ်လိမ်း။ မိတ်ကပ်ပါးပါးလိမ်းမယ်။ နှုတ်ခမ်းနီးခပ်ပါးပါးဆိုမယ်။ ပါးနီခပ်ပြေပြေလေးတင်မယ်.. ကဲ ဘာလိုသေးလဲ …အရာခပ်သိမ်းပြီးပြည့်စုံတဲ့အလှပိုင်ရှင်မလေး ဖြစ်သွားပြီးပေါ့..

Zarzar



 Printable Version | Mail This | | Comments  
 
No record to display.
Post a comment
You must login to comment on planet.
Your Comment (No HTML; Comments are limited to 1500 characters.)

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.