Guest. It's 07:44 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
News & Articles
ဗစ်တိုးရီးယား အသုံးပြုနေသည့် မျက်နှာလိမ်းခရင်မ်တစ်မျိုး

Posted on Oct 10 08 - 09:25 AM | Hits : 5440 | Save as PDF

URL : http://www.planet.com.mm/news/read.cfm/id/10833

ဗစ်တိုးရီးယားဘက်ဟမ်းသည် သူမ၏မျက်နှာအရေပြား လှပချောမွေ့စေရန် ဆေးစွမ်းကောင်းတစ်လက်ကို ရရှိထားပြီဖြစ်သည်။ ယခင်Spice Girlsအဖွဲ့ဝင်ဟောင်း အဆိုတော်နှင့် ဒီဇိုင်နာဖြစ်သူသည် သူမ၏မျက်နှာရှိ အရေပြားစင်ကြယ်နူးညံ့စေရန်အတွက် ငှက်ချေးကို အသုံးပြုနေသည်ဟု သိရှိရသည်။ ဗစ်တိုးရီးယားသည် ပေါင်(၁၀၀)ခန့်တန်သော ဂေရှားမျက်နှာလိမ်း ခရင်မ်တစ်မျိုးကို အလွန်သဘောကျစွာ သုံးစွဲနေသည်ဟု ဆိုသည်။

(နိုက်တင်ဂေးလ်ငှက်)

ထိုခရင်မ်သည် နိုက်တင်ဂေးလ် ငှက်ငယ်လေးများ၏ မစင်ကို အဓိကအသုံးပြု ဖော်စပ်ထားသော ဆေးအနှစ်တစ်မျိုးဟု သိရသည်။ ဗစ်တိုးရီးယားနှင့် နီးစပ်သော အသိုင်းအ၀ိုင်းက အသက်(၃၃)နှစ်အရွယ် ကလေး(၃)ယောက်၏ မိခင်ဖြစ်သူသည် ဂျပန်သို့ရောက်ရှိခဲ့အပြီး ထိုခရင်ကိုအသုံးပြုပြီး မျက်နှာအလှချောမွေ့အောင် ထိန်းသိမ်းပြုပြင်မှု နည်းစနစ်အား စမ်းသပ်ခဲ့ရာ အလွန်စိတ်ကြိုက်တွေ့နေခဲ့သည်ဟု ပြောကြားခဲ့ကြသည်။ သူမအနေနှင့် ထိုငှက်ချေး ဆေးအနှစ်များကို ၀ယ်လာပြီး အိမ်တွင်လည်း ပုံမှန်လိမ်းကျံ အသုံးပြုလျက်ရှိသည်ဟု သူမ၏မိတ်ဆွေအချို့ကဆိုသည်။



(ဂေရှားမျက်နှာလိမ်းခရင်မ်ဖြင့် အလှပြင်နေသူတစ်ဦး)

ထို့ပြင်သူမအနေနှင့် အဆိုပါ ဂေရှားခရင်မ်အသုံးပြုသည့် နယူးယော့ခ် အလှပြုပြင်ခန်းအချို့နှင့်လည်း ဆက်သွယ်ထားသည်ဟု သိရှိရသည်။ ထိုငှက်ချေး ခရင်မ်သည် မျက်နှာအရေပြားအတွက် အထောက်အကူဖြစ်သော ဆေးတစ်မျိုးဖြစ်ကြောင်း အရှေ့တိုင်းတွင် ကျော်ကြားနေပြီးဖြစ်ကာ ယခုအခါတွင်မူ ဗစ်တိုးရီးယား၏လက်စွဲ အလှပြုပြင်မှု နည်းတစ်ရပ်ဖြစ်လာခဲ့ကြောင်း သတင်းရရှိသည်။

Source: Femalefirst

 Printable Version | Mail This | | Comments  
 
No record to display.
Post a comment
You must login to comment on planet.
Your Comment (No HTML; Comments are limited to 1500 characters.)

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.