|
Posted on Jul 15 08 - 12:00 AM | Hits : 345
တောအုပ်နဲ့ ဝေးရာ
ငါမင်းကို ချစ်ခဲ့သလားဆိုတာ မသေချာပေမယ့်
ငါမင်းကို စွဲလန်းနေမိခဲ့တာတော့သေချာတယ်
သဘာဝဓမ္မနဲ့မညီညွှတ်တဲ့ဆေးဝါးတွေကို
ငါနှစ်သက်နေမိသလိုပေါ့။
ငါမင်းကို ဖြတ်တောက်လိုက်ဖို့ရာမှာ
မူးယစ်ဆေးကို ဖြတ်တောက်ခဲ့ရသလိုများ
ငါနာကြင်ခံစားနေရဦးမှာလား
ငါ့သွေးထဲမှာ မင်းစီးဝင်နေတဲ့ အခိုက်တံ့တိုင်းမှာ
ငါ့နောက်ကျောမှာ ဓားချက်တွေပိုများလာသတဲ့လား
ငါနားလည်ရခက်တဲ့ ဇာတ်လမ်းတစ်ခု
ငါတခြားသူတွေကို ပြန်ဖတ်ပြခဲ့တယ်
ငါမျက်တောင်တွေပြိုမကျသွားအောင်များ
သည်တစ်ညနေစာ မင်းထိန်းထားဦးမှာလား
ငါ မင်းလက်ဖ၀ါးပေါ်က ပျံထွက်သွားပါရစေကွာ
ငါ . . . .
ငါ့ အတောင်တွေ ငါ ပြန်ချိုးဖဲ့မိတဲ့ငါ
မင်းမှော်ရုံတွေ ပြန်ရုပ်သိမ်းသွားတဲ့အခါ . .။
|