|
Posted on Mar 11 10 - 12:00 AM | Hits : 344
ငါ နင့်ကို မုန်းတယ် .. .. ..
ငါနင့်ကို မုန်းတယ် လို့ ငါ့နူတ်က ပြောတိုင်း ငါ့ရင် တစ်ခုလုံး နာကျင်ရပါတယ် ခရောင်းလမ်းနဲ့ ဆူးတောထဲကို ငါမခေါ်ချင်တာ မဟုတ်ဘူး မခေါ်ရက်တာပါ .. ချစ်သူ ပန်းခင်းလမ်းနဲ့ စိန်စီထားတဲ့ဘ၀မှာ နင့်ကို ပျော်စေချင်တယ် နူတ်ခမ်းမှာ အပြုံးဆင် စကားရင့်ရင့်တွေ သုံးပြီး နင့်ကို ကျောခိုင်းသွားတာဟာ ငါ့မျက်ရည်တွေ မင်းတွေ့မှာစိုးလို့ပါ ငါနင့်ကို မုန်းတယ် တကယ်ပါ ငါ နင့်ကို အရမ်းမုန်းပါတယ် ငါ့လို လူမျိုးကို ချစ်တဲ့ နင့်ကို ငါမုန်းတယ် ငါ့ဘ၀ထဲကို အပြုံးလှလှလေးတွေနဲ့ ရောက်လာခဲ့တဲ့ နင့်ကို ငါမုန်းတယ် ငါ့လို လူမျိုးကို နင့်ဘ၀ကြီးပုံပေးတဲ့ နင့်ကို မုန်းတယ် ချစ်သူရေ .. ငါနင့်ကို မုန်းတယ် .. ... ...
achitoo.sky@gmail.com
|