Guest. It's 03:09 AM - Myanmar time. Register or Login | Download Myanmar Font 
   
Short Stories | Poems | Articles
ကျနော့်ရဲ့ ခဲတံလေး
(Nandah(IT))
Posted on Jul 02 09 - 08:00 PM | Hits : 864
Posted by shwephonelu
ခဲတံပျောက်သည့်နေ့



အပြင်မှာ မိုးတွေက တဖွဲဖွဲကျဆင်းနေသည်။ ကျောင်းသားများအားလုံးကား အတန်းရှေ့မှ ဟန်ပါပါသင်ကြားနေသော ရူပဗေဒဆရာ၏ အသံစူးစူးထံသို့သာ အာရုံစိုက်လျက်။ ထိုအခိုက်တွင် အရာအားလုံးဆိတ်သုန်းသွားသည်၊ ဆရာ၏မျက်လုံးသည်ကား အံ့သြစွာဖြင့် အတန်းအနောက်ဆုံးမှ ၀င်ပေါက်ဆီသို့…….. ကျောင်းသားများအားလုံးသည်လည်း မဆိုင်းမတွပင် တစ်နေရာတည်းသို့ လှည့်ကြည့်ကြကုန်၏။

မတ်တူးကားအဖြူတစ်စီးကား မောင်းထွက်သွားပြီ၊ မိန်းကလေးတစ်ယောက်သည်လည်း လက်ညိုးကလေးကိုထောင်လျက် တစ်လှမ်းခြင်းလျှောက်ဝင်လာ၏။ အရာအားလုံးသည်ကား ခေတ္တမျှ ရပ်ဆိုင်းကုန်၏။ ပြန်လည်အသက်ဝင်စေသည်ကား ဆရာ၏အသံတည်း……
(( လပ်နေတဲ့နေရာမှာ အဆင်ပြေသလိုထိုင်လိုက်ပါ ))

အားလုံးကတော့ ဆရာကိုမကြည့်တော့ပေ။ ထိုထို မိန်းကလေးဆီသို့သာ၊ အမှန်တကယ်ပင် ထိုကာလက မီနီဂျင်းစကတ်တိုဝတ်လျက်၊ စွပ်ကျယ်လက်ပြတ်ကို ဇာလွှာအင်္ကျီ ထပ်ထားသောမိန်းကလေး၏အလှတရားကား…….(( ခေတ်စကားဖြင့် အရမ်းလန်ထွက်နေတယ်))လို့ ပြောရုံပင်အားမရနိုင်ပါ။

သူမကား ကျွန်တော့် အရှေ့တန်းမှာဝင်ထိုင်လိုက်သည်၊
(( အား… ))

အလန့်တကြားထအော်မိသည်။

ကျွန်တော်၏ ခြေမကိုသူမ၏ဒေါတ်ဖိနပ်နှင့်တက်နင်းထားခြင်းဖြစ်သည်။

(( ဆောရီး)) ဆိုသည့်စကာကိုသာ အားမရစွာမြိုချခဲ့ရသည်.. စိတ်ထဲမှာတော့သိမ်မကြည်လှ။

အတန်းထဲက ယေက်ျားကလေးများစွာကတော့ ခိုးခိုးကြည့်လျက်။ သိမ်ချစ်စရာကောင်းသည်တဲ့…အဘယ်ကိုဆိုသည်နည်း။ ကိုယ့်ကိုကိုယ်တော့မေးမိသည် ဘာမှန်းတော့မသိ..ကျွန်တော်သိသည်ကား ဘယ်ရောက်နေမှန်းမသိသော ကျွန်တော်၏တစ်ခုတည်းသော ခဲတံလက်တစ်ဆစ်။ ဆရာကလည်းပုံလိုက်ဆွဲရန်ပြောနေပြီ..ဆွဲစရာခဲတံကားမရှိ။ ကျွန်တော်သည်ကားကျောင်းသွားလျင် ခဲတံတစ်ချောင်းနှင့် ဗလာစာအုပ်တစ်အုပ်ကိုသာယူသွားတက်သည်။ ခက်ချေပြီ။ ခဲတံက အပိုမရှိတော့။ ဟိုလှန်သည်လှန် စာအုပ်ကိုလှန်သည်..ဟိုငုံ့ သည်ငုံ့ ခုံအောက်သို့ငုံ့ကြည့်သည်..ဟိုရှာသည်ရှာ လုပ်သည်။ သူမက မျက်ထောင့်နီကြီးနှင့် လှည့်ကာ လှည့်ကာကြည့်သည်။ ကျွန်တော်သည်လည်း ရှက်ကိုးရှက်ကန်းဖြစ်နေပြီ သူမသည်လည်းအရှေ့မှ ဂနာမငြိမ်တော့။ သူမကား သင်္ကာမကင်းသည့်နှယ် ခိုးခိုးကြည့်နေသည်။ ကျွန်တော်သည်လည်း သဲသဲမဲမဲရှာနေဆဲ။ မိန်းမတစ်ယောက်၏ သင်္ကာမကင်းသောအကြည့်သည် ခွေးချေးပုံတက်နင်းမိသည်နှယ် နေရခက်ချေသည်။ ဆရာကလည်းလှမ်းပြီးကြည့်သည်။ ကျွန်တော် ဇောချွေးများပြန်နေပြီ ဆရာအထင်လွဲတော့မည်။ စာလိုက်ရေးသည်နှယ် ငြိမ်ငြိမ်ကလေးနေလိုက်သည်။ ရင်ထဲမှာတော့ ကလိကလိဖြစ်နေပြီ။

ဟော..တွေ့လေပြီ…ဒါမှတကယ့်ပြသနာ။ ကောက်မရ နှိုက်မရသည့်နေရာမှာ ဒင်းကရောက်နေပြီ။ အဆုံးခံလိုက်ရုံသာ ရှိခြေပြီ။ သို့မဟုတ်ပါက ပါးအစိတ်စိတ်ကွဲနိုင်သည်။ အတွင်းခံမပေါ်တပေါ် ရှိနေသော မိုးပြာရောင် ဂျင်စကတ်တိုနှင့် ခါးစပ်ဖွေးဖွေး အကြား နေရာလပ်သို့ ဒင်းက ဘယ်သို့ဘယ်ပုံနေရာယူထားသည်မသိတော့….။

ဘယ်လိုလုပ်ရပါ့။ ပုံလည်းလိုက်ဆွဲလို့မမှီတော့။ အငြိမ်မနေလျင် ဆရာကဆူတော့မည်။ ကျောင်းကလည်းလွှတ်တော့မည်။ ပြောလို့လည်းမရနိုင်။ တစ်နှစ်လုံးသုံး တစ်ချောင်းတည်းသောခဲတံ..နှမြောစွ။ ထိုတစ်နေ့က ကျွန်တော်မှတ်မှတ်ရရရှိခဲ့သည်။ မိန်းကလေးတစ်ယောက်၏ အကြည့်ခိုး။ ပြန်မရတော့ဟုယူဆလိုက်ရသည့် ခဲတံ။ မကူးလိုက်ရသော စာမေးပွဲမှာမေးလာမည့် ပုဒ်စာတစ်ပုဒ်။



ကြိုးလွတ်သွားသော သူမ၏ရယ်သံ

သူမသည်ကား တစ်ပါတ်လျှင် ၂ရက်သာ ကျူရှင်သို့လာတက်၏။ လာတိုင်းလည်း လူတိုင်းကငေးကြကုန်၏။ မိန်းမများသည်ပင် မနေနိုင်ငေးမောကြကုန်၏။ သူမကတော့ ဂရုမစိုက်သယောင်။ ကျွန်တော်၏လူရင်း သူငယ်ချင်းများနှင့်ပင် မိတ်ဆွေဖြစ်ကြကုန်လေပြီ။ ကျွန်တော့်မှာကား သူမကိုစိတ်မ၀င်စားနိုင်သေးပါ။ mirror, velocity, vector ဆိုတာတွေအပေါ်မှာသာ နေ့စဉ်လမ်းလျေက်နေရသည်။ တစ်ခါတစ်ရံ အိမ်သာတက်ရင်း ရေသည်လင်မယားနှင့်တွေ့ရသည် (အိမ်သာတက်ချိန်တွင်သာ ရေသည်ပြဇတ်ကိုဖတ်လေ့ရှိသည်)။ တစ်ခါတစ်ရံ ခွန်ဆန်လောနှင့်နန်းဦးပြင်ကို ညအခါရှာနေမိ၏။

သို့ပေသော်လည်း သူငယ်ချင်းတွေမှတဆင့် သူမနှင့်ခင်မင်လာခဲ့သည်။ ကျွန်တော်၏ အတန်းထဲတွင် ကျောင်းသား ၂၅ ယောက်ရှိသည။် သူမအား အတန်းတွင်းမှ ကျောင်းသားများတွင် ရည်းစားစာမပေးဘူးသူမရှိသလောက်နည်းသလို၊ ရည်းစားစကားမပြောဘူးသူ တော်တော်နည်းချေပြီ။ ကျွန်တော်ကား သူမ၏ အကြောင်းအရာများကို စိတ်မ၀င်စားသော်လည်း တစ်ခါတစ်ရံတွင်သူမ၏အကြောင်းများအား အားနာပါးနာနှင့်နားထောင်ပေးရချေပြီ။ တစ်ခါတစ်ရံတွင် သူမကိုသတိထားကြည့်မိသည်။

သူမသည် ပုံမှန်အနေထားတွင် ခပ်တည်တည်နှင့်နေတက်သော်လည်း တစ်ခါတစ်ရံ ပြုံးတက်သည်။ သူမကား စာသင်နေချိန်တွင်လည်း မကြာခဏဆိုသလို ကြိတ်ရယ်နေတက်သည်။ ရံဖန်ရံခါဆိုသလို တောင်ခြစ်မြောက်ခြစ်နှင့် နေတက်၏။ နေ့စဉ်တိုင်းလိုလိုလည်း စာအုပ်များကို ငှားသွားတက်၏။ အများဆုံးငှားသွားတက်သော စာအုပ်များမှာ ကျွန်တော်၏စာအုပ်များပင် ဖြစ်လေ့ရှိသည်။ စာတော်တော်စုံသည် ဖြစ်သည်။ စုံသည်မှ အတော်ကိုစုံသည်။ ကျောက်သင်ပုန်းမှ ဆရာသင်သည့်စာပါသလို ဆရာပြောသည့်စကားများကိုလည်းရေးမှတ်တက်သည်။ ကိုယ့်ရဲ့မှတ်ချတ်လည်းရေးသည်။ ဟိုခြစ်သည်ခြစ် ကာတွန်းအစအနများနှင့် ဟိုရေးသည်ရေး ကဗျာအတိုစများလည်းပါသည်။ နောက်ပြီးစာတစ်အုပ်ထဲကို 4 in One ရေးထားတတ်သေးသည်။ စုံတာမှ တစ်ခန်တစ်နားပြောစရာမလိုတော့။

တစ်နေ့သော physic အချိန်တွင်ဖြစ်သည်။ ဆရာစာသင်နေချိန်တွင် သူမ တခစ်ခစ်နှင့် ရယ်လိုက်သည်။ ဆရာက သိသွားသည်ဖြစ်သောကြောင့် ဆူခံထိသွားသည်။ ဆရာက ပိုးဆိုးပတ်စက်ပြောပစ်လိုက်သည်။ ဆရာက သူစာသင်နေချိန်တွင် တစ်တန်းလုံး ငြိမ်နေမှကြိုက်သူဖြစ်သည်။ သူမ တော်တော်ဝမ်းနည်းသွားသည်။ အတန်ငယ် ရှက်သွားပုံပေါက်သည်။ နောက်မှ သူမသည် နေသာသလိုနေလိုက်သည်။ သူမသည် သူ့နောက်မှ ကျွန်တော်တို့အား လှည့်ကြည့်သည်။ သူနှင့်မျက်နှာချင်းဆိုင်မိသည်တွင် ကျွန်တော်မျက်နှာပူနေမိသည်။ သူမပိုကာ ရှက်သွားလိမ့်မည်ဟုထင်နေမိသည်။

ဘာကြောင့် သူမ ရယ်ရသည်နည်း ဘယ်သူမှမသိနိုင်။ သို့သော် အားလုံးကစိတ်ဝင်စားကြသည်။ ခပ်တည်တည်နေတက်သော သူမကို ဘယ်သူရယ်စေသည်နည်း။ ထိုနေ့အတန်းများအားလုံးပြီးသွားသည်အထိ သူမသည် ဘယ်သူကိုမျှစကားမပြောတော့။ အတန်းအပြီးမှာတော့ သူမငှားထားသော ကျွန်တော်၏ စာအုပ်ကိုပြန်အပ်လာသည်။ သူမ၏အပြုံးကို ပထမဦးစွာ ကျွန်တော်လက်ခံရမိသည်။ သူမ၏အပြုံးသည် နက်နဲသည့် လျို့ဝှက်တက်သည့် သူမ၏စိတ်အကြောင်းကို ကျွန်တော့်အားပြနေသည်။

(( ကျေးဇူးတင်ပါတယ် နောက်လည်း ပေးငှားဦးနော် )) ဆိုတဲ့ စကားလုံးက တကယ်စိတ်ရင်းကလာသည့်နှယ်။ ကျွန်တော်ခေါင်းညိတ်လိုက်သည်။ သူမ အိမ်မှကားရောက်လာသည်။ သူမ ကားပေါ်တက်သွားသည်။ ကျွန်တော် ငေးပြီးကျန်ခဲ့သည်။ အတန်းထဲမှ ကျွန်တော့်သူငယ်ချင်းများ ဆူညံဆူညံဖြင့်ထွက်လာသည်။ သူမပေးထားခဲ့သော ကျွန်တော့်၏ စာအုပ်ကို အသည်းအသန်တောင်းကြည့်ကြသည်။ သူမရယ်ရခြင်း၏ အဖြေသည် ကျွန်တော့်စာအုပ်တွင် ရှိနေသောကြောင့်တည်း။ သူတို့အလုအယက်လှန်ကြည့်ကြသည်။ ဟော.. တွေ့ကြလေပြီ။

နောက်မှ ကျွန်တော်သဘောပေါက်သွားသည်။ ကျွန်တော်၏ပေါက်ကရ ရေးထားသော စာသားတွင် သူ့နာမည်ပါနေသောကြောင့်တည်း။

“ နဒီ….မင်းရှေသို့စီးဆင်းပါ၊ ကိုယ့်အချစ်အစိုင်အခဲတွေကို သယ်ယူသွားပါ။ ကိုယ်ကတော့ မင်းရင်ဘက်ကြီးကို ကြက်ခွပ်လှိုင်းကလေးတွေ ဖြစ်စေရုံကလွဲပြီးဘာမှမတက်နိုင်လို့ အားပေးရုံပေါ့။

ကိုကိုလေ ”

ကျွန်တော် သူမအကြောင်းအတန်ငယ်သိသွားရသည်။ သူမသည် အမြဲတမ်းလျို့ဝှက်စွာ ခပ်တည်တည်နေတက်သော်လည်း အားပါးတရရယ်တက်သည်။ သူ့မ၏ နာမည်အရင်းမှာ ကျွန်တော်တို့သိထားသော သူငယ်ချင်းများခေါ်လေ့ရှိသော ယွန်းအေး ဆိုသည့်အမည် မဟုတ်ဘဲ ယွန်းနဒီအေး ဆိုတာကို သိလိုက်ရပါတော့သည်။

လိပ်စာမှားရောက်သွားသော ရည်းစားစာ

နှင်းရည်တရွှဲရွှဲနိုင်လှသော ကြယ်တာရာများဆောင်းခိုသည့်နေ့၊ နေ့တာရဲ့ရှေ့တော်ပြေးများက လာရောက်မိတ်ဆက်သည့်အချိန်၊ ပုံမှန်သွားနေကျလမ်းကလေးအတိုင်း လျောက်သွားနေလိုက်မိသည်။ ကျွန်တော် ကျောင်းသို့ မတော်တစ်ဆဆိုသလိုစောစောရောက်သွားသည်။ စာသင်ခန်းတံခါးကား ယောင်မှားကာပင် မဖွင့်သေးချေ။ ကျွန်ုပ်လည်း ခပ်အုပ်အုပ်ရှင်သန်နေသော လက်ပံပင်အောက်မှ အုတ်ခုံကလေးတွင် ထိုင်လျက်ပင် လွယ်အိပ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူဖတ်လိုက်သည်။ ရေသည်ပြဇာတ် စာအုပ်တည်း။

အတန်ငယ်ကြာသွားသည်။ ကျောင်းသားအချို့ရောက်လာကြသည်၊ ကျောင်းတံခါးလည်းဖွင့်ပြီ၊ နှင်းများကလည်း တစ်ဖွဲဖွဲသဲပြနေဆဲ၊ ဆရာကတော့ မလာသေးပေ၊ ကျွန်ပ်လည်း ခေါင်းကိုငုံ့စိုက်လျက် စာဖတ်နေဆဲဖြစ်သည်။

မွှေးမွှေးပျံ့ပျံ့သနပ်ခါးရေမွှေးရနံ့ကလေးက အာရုံထဲသို့ တိတ်တခိုး တိုးလျိုးဝင်ရောက်လာသည်။

“ NAN…DA….HTOON”

ကျွန်ုပ်၏နာမည်အပြည့်ကို တစ်လုံးခြင်းခေါ်နေသည်။ ရင်းနှီးသယောင်။ ခေါင်းကို နဲနဲချင်းပင်းကာ ကြည့်လိုက်မိသည်။

ယောက်ျားစီးကတ္တီပါ ဖိနပ်တစ်ရံ၊ သွယ်လျလျဖြောင့်စင်းနေသောခြေအစုံနှင့်အတူ ခြေသန်းမှငွေမောင်းကွင်းတစ်ခု၊ ပြီးနောက် မိုးပြာရောင်ချိတ်ထမီနှင့် ဖြူလွှလွှရင်ဖုန်းတစ်ထယ်။

(( ဟိုက်….. ဘုရားရေ )))

ကျွန်ုပ်များလုံးများပြူးကျယ်သွားရသည်။ ထိုမိန်းကလေးက အံ့သြဟန်မပြ၊ ပြီးမှ

((( ယော်…ခုမှ ဘုရားတရား ကိုင်းရှိုင်းမနေပါနဲ့)))

သူမ…ဘာစိတ်ကူးနှင့် ကန်းလာဘိသည်ကို မမှန်းဆတက်တော့၊ တစ်ခုခုတော့လွဲမှားနေပုံပေါက်သည်။ ဆံပင်ကလည်း ခါတိုင်းကဲ့သို့ ဗြဲလျမ်း၊ ဖွာလောင်ကျဲ၊ ကျပ်စည်း ပုံစံမျိုးတွေ မဟုတ်တော့၊ ဆံထုံး နှစ်ခုကို ဘယ်ညာခွဲစည်းထားပြီး စံပါယ်ပန်းများစီထားသည်။ သနပ်ခါးရေကျဲ ခပ်ပါးပါးလိမ်းထားသည်။ ခါတိုင်းနှင့်တော့ လုံးဝမတူ၊ ထင်တိုင်းကျဲလျှက် ယဉ်ယဉ်လေးလှနေသည်။ ယခင့်ယခင်ကပင် ၀ံ့ဝံ့မကြည့်ရဲသော ကျနုပ်….အားရပါးရ ကြည့်ပြစ်လိုက်မိသည်။

ဒါပေမဲ့…နှုတ်ခမ်းများကား..မနေ့တစ်နေ့က လက်ကျန် မုန်းလက်ကောက်ကြော်များနှယ် တင်းရင်းအေးဆတ်လျက်၊ မျက်လုံးများကလည်း စူးရှဝင်းလက်လျက်။

(( ဒီဟာက နှင့်လက်ချက်လား))

ထိုကဲ့သို့သော ပြတ်တောင်းတောင်းအမေးစကားနှင့်အတူ နောက်ကျောလှပ်ထားသော ၁၅ကျပ်တန် ပညာရေးထုတ် ဗလာစာအုပ်ကိုထိုးပေးလာသည်။ ကျွန်ုပ်လည်း ယောင်အအဖြင့်ယူကြည့်လိုက်မိသည်။ ကျွန်ုပ် ဘာမှနားမလည်နိုင်တော့။ တစ်ခုခု လွဲမှားနေပုံပေါက်သည်။

ခေါင်းတစ်ချက်ငုံလျက် (( ဟုတ်တယ် .. ဒါပေမဲ့ ခင်ဗျားအတွက် မဟုတ်ဘူး ))

ထိုအဖြေနှင့်အတူ အဟုန်ပြင်းစွာဖြင့် ဘယ်ဘက်ပါးပြင်သို့ချဉ်းကပ်လာသော လက်တစ်စုံကို ရုတ်တရတ်ဖမ်းထားမိလိုက်သည်။

သြော်…သူမ ဘာအတွက်ကြောင့် ကျွန်ုပ်၏ပါးပြင်ကို ဆာဆာလောင်လောင် ရိုက်ချင်ရသည်နည်း။ ထိုမေးခွန်းကိုမေးမနေတော့၊ ရူပဗေဒဆရာ ၀င်လာပြီဖြစ်၍ စာသင်ခန်းသို့ မသိမသာပင် တစ်ဖြည်းဖြည်းလျောက်ဝင်မိတော့သည်။

သူမကား ထိုင်နေကျနေရာတွင်ပင်မထိုင်တော့ပေ၊ အရှေ့ဆုံးအတန်းတွင် တစ်ကိုယ်တည်းသွားထိုင်သည်။ သူမကို နားလည်နိုင်စွမ်းမရှိသလို ဒီကဗျာကရော သူမရဲ့လက်ထဲသို့ ဘယ်သို့ဘယ်ပုံရောက်ခဲ့ရသနည်း။ ခတ်တော့ခတ်ပါဘိနော်။

တရားခံကား ခေါင်းထဲသို့ဖြတ်ကနဲဝင်လာသည်။ စည်သူ…စည်ကနဲဆိုသူမို့ စည်သူလို့ကင်ပွန်းတပ်ထားသည်မသိ။ အခုတော့ သကောင့်သားကြောင့် အနှောင့်အသားမလွတ်ဖြစ်ရချေပြီ။

အနှီပုဂ္ဂိုလ်ကရေးရန်ပေးထားသော စာအုပ်ကိုပင်မကြည့်ပဲရေးလိုက်မိသည့် မိမိကိုယ်ကိုပင် အပြတ်တင်ရမည်ဖြစ်သည်။ အဆန်းမဟုတ်သည့် စာအုပ်လွဲမှားတက်သည့်ကိစ္စကား ယခုတော့ ခတ်လေပြီ။ ကျွန်ုပ်လည်းမျက်နှာပူလှပြီ၊ ရင်တွေလည်းတစ်ဒိန်းဒိန်းနှင့်၊ မတ်တပ်ပင်ကောင်ကောင်းမရပ်နိုင်တော့၊ ဒူးကလည်း အလိုလိုညွတ်ကျနေပြီ။ စာသင်နေသော ဆရာထံသို့ အာရုံပြုလိုက်သည်။ ပြီးနောက်သူမကိုပါ လမ်းကြုံကြည့်လိုက်မိသည်။ သူမ ကျွန်ုပ်ကို ကောင်းစွာစိတ်ဆိုးနေပုံပေါက်သည်။ ရှင်းပြဖို့လိုသည်။ ယခုတော့ မတက်နိုင်သေး။ သူမ၏အထင်လွဲမှုနှင့်အတူ အမုန်းတရားဆိုသည်ကို မလိုလားသည်မှာအမှန်။

သူမလက်ထဲတွင်ရှိနေသော ကျွန်ုပ်၏ ကဗျာမှာ စင်စစ်အားဖြင့် သူမနှင့်လုံးဝမတိုက်ဆိုင်ပါ။နောင်တွင် ဖြစ်လာမည့် စည်သူ၏ရည်းစားအတွက် ကိုယ်စားရေးပေးလိုက်ခြင်းပင်ဖြစ်သည်။

(( ကိုယ်ဟန်ကျော့ကျော့

မော့မော့မျက်နှာ

မူယာကြွယ်အပြုံးကလေးနဲ့

ကေသာကြွယ်မင်းသမီးရယ်

ရင်ထဲမယ်စွဲညိသွားတယ်

ပြောမယ့်ဒီစကား

နားထောင်အားပါ

သိပ်ချစ်တယ်ကွာရင်ထဲမှာ

မြဲစွဲထာဝရ

တစ်သက်တာ။ ))

စိတ်ထဲမှ ကဗျာကလေးကို ထပ်ကာထပ်ကာရွတ်နေမိသည်။ အရှေ့ဆုံးအတန်းမှသူမကိုလည်း အကြာမကြာငေးကြည့်မိသည်။ အရှေ့ဆုံးအတန်းမှ သူမကိုလည်း မကြာမကြာငေးကြည့်မိသည်။ သူမကားရှင်းပြခွင့်ကိုပေးရန်ဝေးစွ၊ ကျောင်းဆင်းသည့်တိုင် လှည့်ကြည့်ဖေါ်ပင်မရပေ။ သူမကား အိမ်ကြိုကားဖြူဖြူလေးပေါ်တက်သွားသည်။ ကျွန်ုပ်နှင့်အတူ အတန်းသားအချို့က နားမလည်စွာဖြင့်ငေးမောကြည့်နေမိသည်။ ခံစားချက်ခြင်း၊ ခံယူချက်ခြင်း၊ အကြည့်ချင်းတော့ အတူနိုင်ပါချေ။

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.