Guest. It's 03:09 AM - Myanmar time. Register or Login | Download Myanmar Font 
   
Short Stories | Poems | Articles
မီးမလင်းတဲ့ မိုးသည်းမြို့တစ်မြို့
(အမ်စီ ဟန်ထူး(မိတ္ထီလာ))
Posted on Feb 05 10 - 01:43 PM | Hits : 361
Posted by mchanhtoo
မိုးသည်းမြို့မှ ကြိုဆိုပါ၏။
တညီတညွတ် ကြိုဆိုသံက ကပေါက်တိကပေါက်ချာ
သူတို့တွေထဲမှာ ညီစို့ စို့ လူတစ်ယောက် က ပူးကပ်ညှပ်ခံရ
အံ့သြပါရဲ့၊ ဒီလူတွေ နေဆိုတာကို မသိကြဘူး
ကောင်းကင်က အမြဲလို လို အုံဆိုင်းအုံဆိုင်း
လေချမ်းတွေ တိုက်တောင် ဒီလူတွေက စွပ်ကျယ်တစ်ခွဲသားနဲ့
မျက်လုံးကို အမှိန်လိုက်ကလေးထား
သူတို့ကို လွန်မှ ငါလင်းချလိုက်တယ်
ဒီမှာ ငါက စာမရေးတတ်တဲ့ စာရေးဆရာတစ်ယောက်ပါ
သဘောပေါက်မှုက အတိတ်မေ့နေတယ်
နွေဦးလည်း မရောက်ဘူး၊ နွေရာသီလည်းမသိကြဘူး
ဟိုးတောင်ကမူလေးဆီက ပုပ်အဲ့အဲ့ အနံ့ထွက်လာသလို
အိနြေ္ဒမရတဲ့လေကို တ၀ကြီးမြိုချခဲ့တယ်
ခွေးတစ်ကောင်က ရှုးဖိနပ်နားမှာ အမြှုပ်တစီစီ နမ်းလို့
တုတ်ဆွဲရိုက်ချကာမှ အရက်သမားထ မတ်တပ်ရပ်တယ်
တောင်းလည်း မတောင်းပန်ခဲ့ဘူး
ငါ့အတောင်ငါလွင့်ပြီး ရှေ့ကိုတစ်ဟုန်ထိုးပြေးထွက်

နေရောင်ခြည်က မမှောင်ဘူး
ဒါပေမယ့် ငါလည်းမလင်းမိပြန်ဘူး
ချိန်သားကိုက်မှ လွှတ်ချလိုက်တယ်
မိုးသင်းနံ့က ခုခါမှ တမျှော်တခေါ်က လျှံတက်
ကောက်ကြောင်းတွေ အလျင်အမြန်ဆွဲချလိုက်တယ်
လွမ်းလောက်တဲ့ဆေးသားရှာမတွေ့တော့
ငါ့ စိတ်တွေ အပိန်လိုက်အပိန်လိုက် ညွန့်ကျ
အရက်သမားက ငါ့လည်ပင်းကို ညွန့်ကွင်းထောင်ရင်း
လေလွှာပေါ်ထိုင်ခိုင်းပြီး သူ့လက်ညိုးနဲ့ စာရေးခိုင်းတယ်
မရေးတတ်ဘူး စာရေးဆရာမဟုတ်ဘူး
ငါ ခေါင်းခါ ၀န်ခံတော့ သူခေါင်းညိမ့်လက်ခံတယ်
ငါခေါင်းညိမ့် ငြင်းဆန်တော့ သူညွန့်ကွင်းကိုဖြေချတယ်
အပြင်မှာ မိုးတွေအညိုးတကြီး ၀ုန်းတိုင်းကျဲ
ဒီနေ့ကောဆို နွေဆုံးတာ (၃) နှစ်ရှိပြီလေ
တစ်နေ့တာ အလွမ်းက နှစ်ကြိမ်တက်လိုက်ကျလိုက်
မိုးကသည်းတုန်း ၊ အရက်သမားကကြည့်တုန်း
အလင်းတု အားကိုးနဲ့ ငါစာစရေးလိုက်တယ်
ပြီးပြီချင်းပဲ စာကလေးထပြန်တော့
ငါလည်းညပ်ပါသွား ....။တာ့ တာ......။

သေပြီးသူအုပ်ဂူ ရှေ့ရပ်နေမိတာ အကြိမ်ကြိမ် အခါခါ
နွေဆိုတဲ့ နာမည်ရိပ်အောက်မှာ ငါ့တစ်ကိုယ်လုံးရွှဲနှစ်
၂၀၁၂ ဒေ၀ါလီ မခံရခင်မှာပဲ
ငါတို့နှစ်ယောက် ချစ်ကမ္ဘာ ပျက်သုန်းခဲ့ရပေါ့
အရိုးတွေ ပေါက်ကွဲသံ၊ ခေါင်းတိုင်ထိပ်က မီးခိုးအူသံတွေက
ငါ့တစ်ကိုယ်လုံးကို တစ်စတစ်စ ၀ါးမြို
မိုးသည်းမြို့က လူတွေ ရေစီးအတိုင်းပေါလောမျော
ငါ အားတင်းဆုပ်ကိုင်ထားတဲ့ သံတန်းကဖွာလန်ကျဲ
ဒီမြို့အမှာနေရတာ မွန်းကြပ်တယ်
ငါချစ်တာနွေပါ..၊မိုးသည်းကတော့ မလှောင်ပါဘူး
ငါပြန်မှ ဖြစ်တော့မယ်
လွမ်းလောက်တဲ့အချိန်ထိ
ကဗျာမရေးတတ်တဲ့ ကဗျာဆရာတစ်ယောက်
ပြီးစလွယ် မျောနေတဲ့လူတွေနဲ့
ပြီးစလွယ်ရွာနေတဲ့မိုးကို ပြောခဲ့မယ်
ငါနွေးချင်ပြီကွယ်..။
တမေ့တမော နဲ့ ငါဆက်လျှောက်
မိုးသည်းမြို့လေးမှ နှုတ်ခွန်းဆက်ပါ၏
ဒီအသံမကြားရဘူး
ဟိုညီစို့စို့ နဲ့အကောင်သာခပ်ကျဲကျဲရပ်နေလို့
အချိန်တွေ နောက်ပြန်လှည့်ကြဟေ့
နွေဦးရေ ငါပြန်လာပြီကွဲ့ .................။
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.