Guest. It's 02:21 AM - Myanmar time. Register or Login | Download Myanmar Font 
   
Short Stories | Poems | Articles
အမေ ... မသိအောင် ချစ်တဲ့သူ
(ကိုဇီးရိုး )
Posted on Feb 07 10 - 05:49 AM | Hits : 623
Posted by Zero Boyz22
ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုလို့ပဲ ဆိုကြပါစို့ ဗျာ ... လူတိုင်း လူတိုင်း မွေးဖွားလာပြီး ကြီးပြင်းလာတဲ့ အခုချိန်အထိ ... အားလုံးအတူတူ .. တန်းတူ ပိုင်ဆိုင်ခွင့်
ရကြတာကတော့အဖေနဲ့အမေ ပါပဲ ... ကျွန်တော်တို့ အားလုံး မိဘနှစ်ပါးကို ချစ်မြတ်နိုးကြမှာပါ ...
ဒါပေမယ့် .. ကျွန်တော် မောင်ဇီးရိုးကတော့ အဖေကိုလည်း အရမ်းချစ်ပါတယ် ... ဒါပေမယ့် အမေ့လောက်တော့
မပိုဘူးဆိုတဲ့ အကြောင်း တစေ့တစ်စောင်း ပြောပါရစေ ...
ဟိုး ... ငယ်ငယ်လေးကတည်းက အဖေမရှိတော့တဲ့ ဘ၀ကို ပိုင်ဆိုင်ခဲ့ရ သူပါ ... မြန်မာကျောင်း (3)တန်းဖြေပြီးခါစ အချိန်လောက်မှာပဲ ချစ်ရတဲ့ အဖေ ဆုံးပါးသွားခဲ့ရတယ် ...အထီးကျန်စွာတစ်ယောက်တည်း ကျန်ခဲ့တဲ့ အမေရဲ့ မှန်ကန်စွာ သွန်သင်မှုတွေ ... ဆုံးမမှုတွေနဲ့ ကမ်းမမြင် ... လမ်းမမြင် ... ဘ၀ပင်လယ် လှိုင်းကြမ်းတွေထဲ ... ခက်ခဲစွာ ကူးခတ်ခဲ့ရတာပါ ... လူမမယ် ... ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို မိခင်ကောင်းပီသစွာ ပဲ့ကိုင်ပေးခဲ့တဲ့ ကျေးဇူးကို ဒီတစ်သက်ဆပ်လို့ကုန်မယ် မထင်မိဘူး ... မွေးဖွားကတည်းက အထီးကျန်စွာ ကြီးပြင်းခဲ့ရတဲ့ တစ်ဦးတည်းသော .. သား ... ဘ၀ကို ခြောက်သွေ့စွာ ဖြတ်သန်းနေရင်း .... စီးပွားရေးဆို နားမလည်တဲ့ အိမ်ထောင်ရှင်မကောင်း အမေ့ရဲ့ ဆင်းရဲပင်ပန်းခဲ့တာကိုလည်း ကြေကွဲခဲ့ရပါတယ် ... စကားလုံးလေသံအဖြစ် အပြင်ကိုမထွက်လာဘဲ ရင်ထဲက တိတ်တခိုးချစ်တတ်တဲ့ အမေ့ရဲ့ စိုးရိမ်စိတ်တွေ ... ပူပန်မှုတွေ ... အကြင်နာ ... မေတ္တာနဲ့ မှန်ကန်တဲ့ သွန်သင်မှုတွေကြောင့် ကျွန်တော့်ဘ၀ တိုးတက်ပြောင်းလဲလာခဲ့တာပါ ... ပညာရှာချိန် ပြီးဆုံးလို့ ဥစ္စာရှာချိန်မှာ အမေနဲ့ ဝေးနေရပေမယ့် စက္ကန့်တိုင်း သတိရနေပါတယ် ... အမေရယ် ...
အမေ့ရဲ့သား အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ဟာ ... လူလိမ္မာတစ်ယောက် မဟုတ်သလို
လူဆိုးတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး ... ဘေးပတ်ဝန်းကျင်က ဆိုးတယ်လို့ ထင်နေလည်း ... ဘယ်တော့မှ ဂရုမစိုက် ... ငါ့သားမှ ငါ့သားဆိုတဲ့ ယုံကြည်မှုတွေပေးခဲ့လို့ ... ရှေ့ဆက်မယ့် အနာဂတ်ခရီးတွေ ဖြောင့်ဖြူး
သာယာနေတာပါ ... အမေရယ် ... သား ဘယ်လောက်ပဲ ဆိုးသွမ်းနေခဲ့ပါစေ ... ဒုက္ခရောက်နေပါစေ ... အသက်အရွယ် ရလာတဲ့ အမေ့ နားနှစ်ဖက်နဲ့ နှလုံးသားတို့ကိုတော့ စိတ်ဆင်းရဲမှုတွေ စီးဆင်းလာမှာ စိုးရိမ်လို့
ဘယ်တုန်းကမှ အသိ မပေးခဲ့ဖူးပါဘူး ... ဒုက္ခကို တစ်ယောက်တည်းခံပြီး သုခကိုတော့ အမေနဲ့ အတူတူ အေးအေးချမ်းချမ်း ခံစားချင်ပါသေးတယ် ...
အဝေးရောက် သား တစ်ယောက်ရဲ့ တမ်းတပြီး လွမ်းနေမိတာကိုတော့ အမေသိအောင်
ဖွင့်မပြောမိတဲ့အတွက် မှားမှန်းလည်း သိပါတယ် ... မွေးကတည်းက တွယ်ကပ်လာတဲ့ လူမသိအောင် ရင်ထဲမှာ တိတ်တိတ်လေး ခံစားနေတတ်တဲ့ ဗီဇ ကိုပဲ အပြစ်တင်ချင် တင်ပါတော့ ... နောက်လာမယ့် အနာဂတ်နှစ်သစ်တိုင်းမှာ အမေ့ရဲ့ နှလုံးသားက အသက်ရှူ သံတွေနဲ့အတူ ပျော်ရွှင်စွာ ဘ၀ခရီး
ဆက်ချင်ပါတယ် ... အမေရယ် ... ။ တကယ်လို့ ဆုတောင်းတိုင်း မပြည့်ချင်နေပါ ... ဒီတစ်ဆုတော့ ပြည့်ဝပါစေသား ... ... ... ။

အမေကို ချစ်သော သား/သမီး များကိုယ်စား

ချစ်ခြင်းများစွာဖြင့် ...
Zero Boyz ( zeroboyz123@gmail.com )
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.