အီနဲ့ ချီး ၊ အီးပါတဲ့သူနဲ့ ချီးပါတဲ့သူ
(ရွှေရုပ်)
Posted on Feb 24 10 - 02:33 PM | Hits : 434
Posted by thirinaylin
``ဖေဖေ ´´
ရွှေရုပ်ခေါ်သံကြောင့် ဖေဖေလမ်းလျှောက်နေရာမှ လှည့်ကြည့်ပြီးမေးဆက်ပြတယ်။အချိန်ကတော့ ဆောင်းတွင်းမနက်ခင်းလေးပေါ့ ။ဘေးက အပြေးလေ့ကျင့်တဲ့သူတွေဖြတ်တက်သွားမှ
``ဖေဖေ´´
``ဟင်ပြောလေ ရွှေရုပ်´´
``လူတွေက ချီးပါတာလား အီးပါတာလားဟင်´´
``ဟင်´´
အစပ်အဆက်မရှိသောကြောင့် ဖေဖေလှမ်းလျှောက်နှုန်း နှေးကျသွားပြီး ပြန်လှည့်ကြည့်တယ်။
``ဟုတ်တယ်ဖေဖေရ ရွှေရုပ်စဉ်းစားကြည့်တာတစ်ခုတွေ့တယ် တိရစ္ဆာန်ရော လူရော အစာစားပြီး မစင်စွန့်ကြတာဘဲ ဒါပေမယ့် လူတွေက ရောရောခေါ်တာ´´
``အင်....ဘာတွေလဲသမီးရဲ့ ´´
ဖေဖေကတော့ သက်ငယ်စကားသက်ကြီးကြားရတော့မယ်ဆိုပြီး နားစွင့်နေပါတယ်
ရွှေရုပ်လဲ တရားခံစစ်ရင်း တရာခံ ပြေးပေါက်မရှိသည့်အခါ စစ်တဲ့ ရှေ့နေကပိုင်ပိုင်နိုင်နိုင်ပြုံးသလို လက်ညိုးတစ်ချောင်းထောင်ကာ
``လူတွေက အီးပါကြတာ ..ချီးပါတာမဟုတ်ဘူး´´
``အမ်...ရှင်းပါဦး´´
``ဒီလိုဖေဖေရ ခွေးတွေ၊နွားတွေ မစင်စွန့်ရင် အဲ့မစင်ကိုဘယ်လိုခေါ်လဲ´´
``ခွေးချီး၊နွားချီးပေါ့´´(ဖေဖေထံမှ ယောင်ဝါးဝါးဖြေသံ)
``အဲ့ဒါဘဲဖေဖေရ ခွေးချီးဘဲရှိတယ် ခွေးအီးမရှိဘူး နွားချီးဘဲရှိတယ် နွားအီးမရှိဘူး။အဲ့တော့ လူတွေက အီးရောချီးရော ရောသုံးနေတာ အမှန်လူအီးဘဲ ရှိရမယ် အဲ့ဒါ..........´´
ရွှေရုပ်ဖေဖေကရွှေရုပ်ကိုမမြင်ဖူးသလိုသေချာကြည့်ရင်း
``အဲ့အတွေးဘယ်လိုရလဲ´´
ရွှေရုပ်ကိုအထင်တကြီး မေးလိုက်တယ်အထင်နဲ့ ရွှေရုပ်က
``ညအိပ်တုန်းကလေ မှိုစိုက်ရင် နောက်ချေး(နွားချီး)၀ယ်ဖို့စဉ်းစားရ့င်း အဲ့အတွေးရတာ ဟဲဟဲ...´´
ဖေဖေကအားပါးတရ မှတ်ချက်ချပါတယ်
``ရူးကြောင်ကြောင်နဲ့´´
ဒါပေမယ့် ရွှေရုပ်ဖေဖေဘယ်လိုမြှောက်မြှောက် မမြှောက်ဘဲ နောက်တစ်ခွန်းပြောလိုက်ပါသေးတယ်
``လူမှန်ရင်အီးဘဲပါရမယ် အီးမပါဘဲချီးပါရင်တော့ တိရစ္ဆာန်ဖြစ်ပြီ အဲ့တော့ သူများတွေကိုစိတ်ဆိုးတဲ့ အခါ `ဟေ့ကောင်မင်းက တိရစ္ဆာန်ဘဲ´ လို့မပြောဘဲ `ချီးပါတဲ့သူဘဲ´လို့ သုံးရတယ်´´
အဲ့ဒါနဲ့ ရွှေရုပ်နဲ့ဖေဖေလမ်းဆက်လျှောက်နေပါတယ် ။ ဖေဖေလဲဘယ်သူ့ကို ချီးပါတဲ့ကောင်လို့ ပြောရင်ကောင်းမလဲစဉ်းစားနေတယ်နဲ့တူတယ် စကားမပြောတော့ပါဘူး ။ရွှေရုပ်လဲ ဒီအကြောင်းကို ပို့စ်တင်မယ်တွေးရင်းလမ်းလျှောက်တာ အောက်ကခဲလုံးကိုမမြင်ဘဲခလုတ်တိုက်မိပါတယ် ။ယောင်ပြီး ပါးစပ်ကထွက်တာက
``ချီးပါတဲ့သူ အဲ .......´´
ဖေဖေ မျက်စောင်းကြီးထိုးပြီးလှည့်ကြည့်ပါတော့တယ်။။။။။။။
သူငယ်ချင်းတွေ ပြုံးပျော်နိုင်ပါစေ....
ရွှေရုပ်...