|
onprep1
one [w Vn]
(n)
1. the number or figure 1: တစ်။
One and one is two (1+1=2).
တစ်နှင့်တစ်ပေါင်းလျှင် နှစ်။
2. the age of 1: အသက်တစ်နှစ်။
အခါလည်။
Babies start to talk at one.
ကလေးများသည်အခါလည်တွင်
စ၍ စကားပြောသည်။
-(pron)
1. a single person or thing:
တစ်ယောက်။ တစ်ခု။
She's the one I like the best.
ဒီမိန်းကလေးဟာ ကျွန်တော်
သဘောအကျဆုံးထဲက
တစ်ယောက်ပဲ။
I'll buy the red one. ကျွန်တော်အဲဒီ
အနီရောင်ဟာကိုဝယ်မယ်။
2. anyone; any person: မည်သူမဆို။
One can see the city from here.
ဘယ်သူမဆိုမြို့ကြီးကို ဒီနေရာကနေ
မြင်နိုင်တယ်။
-(adj)
1. 1 in number; one person:
တစ်ခု။ တစ်ယောက်။
He took one book.
သူစာအုပ်တစ်အုပ်ယူသည်။
2. aged 1. အသက်
တစ်နှစ်။
The baby will be one tomorrow.
နက်ဖြန်ဆိုရင်ဒီကလေးတစ်နှစ်ပြည့်ပြီ။
3. of the same opinion etc.
ထင်မြင်ယူဆချက်တူညီသော။
We are one in our love of freedom.
လွတ်လပ်မှုကို မြတ်နိုးရာတွင်
ကျွန်ုပ်တို့ တစ်စိတ်တည်း ဖြစ်သည်။
one-having one (of something):
တစ်ခုသာရှိသော။
a one-legged man.
ခြေတစ်ဖက်သာရှိသောသူ။
one'self (pron)
1. used as the object of a verb, the subject
of which is one: ကိုယ့်ကိုယ်ကိုယ်။
One should wash oneself every morning.
နံနက်တိုင်း မိမိကိုယ်ကို မိမိ
ဆေးကြောသုတ်သင်သင့်သည်။
2. used in emphasis:
အလေးအနက်
ပြုရာတွင်သုံးသော အသုံးအနှုန်း။
ကိုယ့်ဘာသာကိုယ်။
One always has to do these things oneself.
ဒါတွေကို အမြဲတမ်း ကိုယ့်ဘာသာ
ကိုယ် လုပ်ရတယ်။
Note: Note the usage of oneself:
One must
not act in
such a way as to injure
oneself
(not himself/herself). He
tried not
to injure himself (not
oneself).
one-'off (n), (adj)
(something) made, intended etc for one
occasion only: တစ်ခါသုံး။ တစ်ပွဲတိုး။
It's just a one-off arrangement.
ဒါဟာတစ်ပွဲတိုး အစီအစဉ်ပဲ။
one-'sided (adj)
1. with one person or side having a great
advantage over the other:
တစ်ဖက်သတ်။ တစ်ဖက်စောင်းနင်း။
a one-sided contest. တစ်ဖက်သတ်
ဖြစ်နေသော ပြိုင်ပွဲ။
2. representing-only one aspect of a subject:
အကြောင်းအရာတစ်ခု၏ မျက်နှာစာ
တစ်ဖက်ကိုသာဖော်ပြသော။
a one-sided discussion.
မျက်နှာစာတစ်ခုတည်းကိုသာ
ဇောင်းပေးဆွေးနွေးခြင်း။
one-'way (adj)
1. in which traffic can move in one direction
only: တစ်လမ်းမောင်း။
a one-way street.
တစ်လမ်းမောင်းလမ်း။
2. (esp Amer) valid for travel in one direction
only: အသွား (သို့) အပြန်ခရီး
အတွက်သာ ဖြစ်သော။
a one-way ticket. အသွား (သို့)
အပြန်ခရီးလက်မှတ်။ အသွား(သို့)
အပြန်အတွက်သာ စီးခွင့်ရှိသော
လက်မှတ်။
one-year-old (n)
a person or animal that is one year old:
အခါလည်သား။
-(adj)
(of a person, animal or thing) that is one
year old: (လူ၊ တိရစ္ဆာန်၊
အရာဝတ္ထု) သက်တမ်းတစ်နှစ်ရှိသော။
all one just the same: အတူတူပါပဲ။
It's all one to me what she does.
သူလုပ်သမျှဟာ ငါ့အဖို့တော့
ထူးမခြားနားဘဲ။
be one up on (a person) to have an
advantage over (someone):
(တစ်စုံတစ်ဦးထက်) တစ်ပန်းသာသည်။
We brought out a book on this before
our rivals so we're one up on them.
ဒီအကြောင်းအရာကို ပြိုင်ဘက်
များထက်ဦးအောင် စာအုပ်
ထုတ်လိုက်ပြီ။ ဒါကြောင့် တို့က
တစ်ပန်းသာသွားပြီ။
not be oneself to look or feel ill, anxious
etc. ကိုယ်စိတ်မအီမသာ
ဖြစ်သည်၊ ဖြစ်ပုံရသည်။
I'd better go home - I'm not myself
today. ကျွန်တော်အိမ်ပြန်ရင်
ကောင်းမယ်ထင်တယ်။
ဒီနေ့နေမကောင်းချင်သလိုပဲ။
one and all all (of a group):
တစ်ဖွဲ့သားလုံး။
This was agreed by one and all.
ဤကိစ္စကိုတစ်ဖွဲ့သားလုံးက
သဘောတူကြသည်။
one another used as the object of a
verb when an action takes place between
people etc. တစ်ဦးနှင့်တစ်ဦး။
တစ်ဦးကိုတစ်ဦး။ အချင်းချင်း။
They hit one another. သူတို့
အချင်းချင်းထိုးကြသည်။
See each other in each.
one by one (of a number of people, things
etc) one after the other:
(လူများ၊ အရာဝတ္ထုများ)
တစ်ယောက်ပြီးတစ်ယောက်။
တစ်ခုပြီးတစ်ခု။
He examined all the vases one by one.
သူသည် ပန်းအိုးအားလုံးကို
တစ်လုံးပြီး တစ်လုံးစစ်ဆေးသည်။
one or two a few: အနည်းငယ်၊
တစ်ခု နှစ်ခု၊ တစ်လုံးနှစ်လုံး၊
တစ်ကောင် နှစ်ကောင်စသည်။
I don't want a lot of fruits - I'll just
take one or two. အသီးအများကြီး
မလိုချင်ပါဘူး၊ တစ်လုံးနှစ်လုံး
လောက်ပဲယူမှာပါ။
|