|
knee
way [wei] (n)
1. an opening or passageway:
လမ်း။ အပေါက်။
This is the way in/out.
ဒါဝင်/ထွက် ပေါက်ပါ။
There's no way through.
ဒီကဖြတ်သွားလို့မရဘူး။
2. a route, direction etc.
လမ်းကြောင်း၊ အရပ်
မျက်နှာစသည်။
Which way shall we go?
ဘယ်လမ်းက သွားရမှာလဲ။
Which is the way to Market Street?
ဈေးလမ်းကို ဘယ်ကသွားရ
ပါသလဲ။
His house is on the way from here to
the school. ဒီကနေ
ကျောင်းကို သွားတဲ့လမ်းမှာ
သူ့အိမ်ရှိတယ်။
Will you be able to find your/the way to
my house?
ကျွန်တော့်အိမ်ကို လာတတ်ပါ့
မလား။
Your house is on my way home?
ခင်ဗျားအိမ်က ကျွန်တော့်
အိမ်သွားတဲ့ လမ်းပေါ်မှာတင်ပဲ။
a motorway.
အမြန်မောင်းကားလမ်းမကြီး။
a railway. ရထားလမ်း။
3. used in the names of roads:
လမ်းအမည်များနှင့်
တွဲသုံးသောစကား။
His address is 21 Melville Way.
သူ့နေရပ်လိပ်စာက အမှတ် ၂၁၊
မယ်လ်ဗွီးလမ်း ဖြစ်သည်။
4. a distance: အကွာအဝေး။
It's a long way to the school.
ကျောင်းသို့သွားရန်
အတော်အလှမ်းဝေးသည်။
The nearest shops are only a short way
away. အနီးဆုံး
ဈေးဆိုင်နဲ့ မလှမ်းပါဘူး။
5. a method or manner:
နည်းလမ်း (သို့) အမူအရာ။
What is the easiest way to write a book?
စာတစ်အုပ်ပြုစုဖို့ အလွယ်ဆုံး
နည်းက ဘာလဲ။
I know a good way of doing it.
ဒါမျိုးလုပ်ဖို့ နည်းကောင်း
တစ်ခုကို ကျွန်တော်ရထားတယ်။
He's got a funny way of talking.
သူစကားပြောပုံက ရယ်ဖို့
ကောင်းတယ်။
This is the quickest way to chop onions.
ဒါ ကြက်သွန်နီ အမြန်ဆုံး
လှီးတဲ့နည်းပဲ။
6. an aspect or side of something:
မျက်နှာစာ။ ရှုထောင့်။
ဘက်။
In some ways this job is quite difficult.
ရှုထောင့်အမျိုးမျိုးမှ ကြည့်လျှင်
ဤလုပ်ငန်းသည်အတော်ပင်
ခက်ခဲသော ကိစ္စဖြစ်သည်။
In a way I feel sorry for him.
တစ်ဖက်ကကြည့်မယ်
ဆိုရင်တော့လဲ သူ့အတွက်
စိတ်မကောင်းပါဘူး။
7. a characteristic of behaviour; a habit:
အမူအကျင့်။
He has some rather unpleasant ways.
မနှစ်မြို့စရာ အမူအကျင့်တွေ
သူ လုပ်တတ်တယ်။
8. used with many verbs to give the idea
of progressing or moving:
ကြိယာနှင့်တွဲဖက်၍လှုပ်ရှားမှု၊
တိုးတက်မှုသဘောကို ပြသော
စကား။
He pushed his way through the crowd.
လူအုပ်အတွင်းမှ တိုးဝှေ့ထွက်သည်။
They soon ate their way through the food.
သူတို့စားကြသည်နှင့် မကြာမီမှာပင်
ရှိသမျှစားစရာကုန်တော့သည်။
-(adv)
(esp Amer) by a long distance or
time; far:
အပြတ်အသတ်။ အလွန်။
The winner finished the race way ahead
of the other competitors.
ပထမရသူသည် အခြား
ပြိုင်ပွဲဝင် အပြေးသမားများကို
အပြတ်အသတ် ဖြတ်ထားခဲ့ပြီး
ပန်းဝင်လာသည်။
It's way past your bedtime.
မင်းအိပ်ရမဲ့အချိန်အတော်
လွန်နေပြီ။
'wayfarer (n)
a traveller, esp on foot:
ခြေလျင်ခရီးသည်။
'wayside (n)
the side of a road, path etc.
လမ်းဘေး။
We can stop by the wayside and have
a picnic. လမ်းဘေးမှာ
ရပ်နားပြီး ပျော်ပွဲစား
ထွက်နိုင်တယ်။
(also
adj)
a wayside inn.
လမ်းဘေးစားသောက်ဆိုင်။
be/get on one's way to start or
continue a
walk, journey etc.
ခရီးဆက်သည်။
Well, thanks for the cup of tea, but I
must be on my way now.
ကဲလက်ဖက်ရည်တိုက်တာ
ကျေးဇူးတင်ပါတယ်၊ ကျွန်တော်
သွားလိုက်ပါဦးမယ်။
by the way incidentally, in passing,
while
I remember etc.
စကားမစပ်။
By the way, did you know he was getting
married? စကားမစပ်၊
သူလက်ထပ်မယ်ဆိုတာ
သိပြီးပြီလား။
fall by the wayside (of projects, ideas
etc)
to be abandoned; to fail:
လျစ်လျူပြုခြင်း ခံရသည်။
ဘေးချိတ်ထားလိုက်သည်။
get/have one's own way to do, get etc
what
one wants:
စိတ်တိုင်းကျ လုပ်ခွင့်ရသည်၊
လုပ်သည်။
You can't always have your own way.
အမြဲတမ်း မင်းသဘောချည်း
လုပ်လို့မရဘူး။
get into/out of the way of (doing)
something to become accustomed to (not)
doing; to get into/out of the habit of doing:
အကျင့်ဖြစ်သည်/အကျင့်ပျက်သည်။
They got into the way of waking up late
when they were on holiday.
အားလပ်ရက်ကာလအတွင်း
သူတို့နောက်ကျမှ အိပ်ရာထသည့်
အကျင့် ဖြစ်လာကြသည်။
go out of one's way to do more
than is
really necessary:
တကူးတကလုပ်ပေးသည်။
He went out of his way to help us. ဒ္ဓ၊နာစ္ဆ
ကျွန်တော်တို့ကို သူတတန်တက
လိုက်လုပ်ပေးရှာသည်။
have a way with to be good at dealing
with or managing:
အထာသိသည်။
She has a way with children.
ဒီမိန်းကလေးက ကလေး
တွေရဲ့အထာသိတယ်။
have it one's own way to get one's own
way: စိတ်တိုင်းကျလုပ်သည်။
Oh, have it your own way -I'm tired of
arguing. ကဲသဘောရှိပဲ၊
မင်းနဲ့ ငြင်းနေရတာ
ငါစိတ်ကုန်တယ်။
in a bad way unwell; in poor condition:
အခြေအနေမကောင်းသော။
The patient is in a bad way.
လူနာအခြေအနေမကောင်းဘူး။
in, out of the/someone's way (not)
blocking
someone's progress, or occupying space
that is needed by someone:
မလွတ်မကင်း/လွတ်လွတ်ကင်းကင်း။
Don't leave your bicycle where it will get in
the way of pedestrians.
လမ်းသွားလမ်းလာတွေအတွက်
မလွတ်မကင်းဖြစ်မဲ့နေရာမှာ မင်းရဲ့
စက်ဘီးကို မရပ်ပါနဲ့။
Will I be in the /your way if I work at this table?
ကျွန်တော် ဒီစားပွဲမှာ အလုပ်လုပ်ရင်
ခင်ဗျားအတွက် အနှောင့်အယှက်
အဟန့်အတားများဖြစ်နေမလား။
'Get out of my way! he said rudely.
လမ်းဖယ်စမ်းဟု သူရိုင်းပျစွာ
ပြောသည်။
lose one's way to stop knowing where
one is,
or in which direction one ought to be going:
လမ်းစပျောက်သည်။
I lost my way through the city.
မြို့ထဲသွားရင်း ကျွန်တော်
လမ်းစပျောက်သွားသည်။
make one's way
1. to go: သွားသည်။
They made their way towards the centre
of the town.
သူတို့ မြို့လယ်သို့ သွားကြသည်။
2. to get on in the world:
ပေါက်မြောက်သည်။
make way (for) to stand aside and leave
room
(for): လမ်းဖယ်ပေးသည်။
The crowd parted to make way for the
ambulance. လူနာတင်
ယာဉ်အတွက် လူအုပ်က
လမ်းဖယ်ပေးသည်။
under way moving, in progress etc.
ခရီးစဉ်၊ လုပ်ငန်းစဉ်စသည်။
Her plans are under way.
သူလုပ်ငန်းစဉ် စနေပြီ။
way of life a manner of
spending one's life:
ဘ၀။
I enjoy farming -it's a pleasant way of life.
ကျွန်တော် လယ်ယာလုပ်ငန်းမှာ
ပျော်မွေ့တယ်၊ လယ်သမားဘ၀ဟာ
အေးချမ်းသာယာတဲ့ ဘ၀မျိုးပါပဲ။
ways and means methods, esp of
providing
money. ငွေဝင်ရန်၊ ငွေရရန်
အခွင့်အလမ်း။ နည်းလမ်း။
|