EasternStar wrote:
sharonpar wrote:
ထမင်းစားပွဲမှာ ဟင်းတွေအများကြီးရှိမှ သူဌေးတဲ့လား
နိုင်ငံတကာသူဌေးတွေ အဲလိုစားကြတာ သေချာလား...
ခုခေတ်က.... Organic ခေတ်ဖြစ်နေပြီ... နိုင်ငံတကာမှာ Organic Food တွေ ဘယ်လောက်ဈေးကြီးလဲ သိလား... Organic Products တွေ တကယ်စားနိုင်တာမှ တို့နိုင်ငံ... ဆင်းရဲတယ်ဆိုပေမယ့်... Healthly Food တွေ တကယ်စားနိုင်တာ တို့နိုင်ငံမျိုးပါ... ဂုဏ်ယူစမ်းပါ သူငယ်ချင်း...
အင်း ... ရိုးရိုးလေးစဉ်းစားရင်တော့ သာမာန်လူတန်းစားတွေက ဘယ်လိုလုပ် ဟင်းတွေအများကြီးချက်စားနိုင်ပါ့မလဲ။
ငွေတွေပိုပြီး အပိုတွေလုပ်နိုင်သူတွေသာ ရသာအာရုံကို အပြည့်ခံစားနိုင်တာလေ။ (အဟာရ ရှိတာ မရှိတာ ထည့်မစဉ်းစားကြေး..)
မရှာရွန် ရေ
ကိုယ့်နိုင်ငံ အတွက်ဂုဏ်ယူတက်ဖို့ ဂုဏ်ယူနိုင်ဖို့ မမေ့ပါဘူးဗျာ။ အရှိကို အရှိအတိုင်း အသိကို အသိ အတိုင်း တကယ်လက်တွေ့ မှာ လုပ်ဆောင်နိုင်တဲ့ အချိန်အခါ မျိုးတွေ ရှိလာခဲ့ရင်တော့ ....
ဒါပေမယ့် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတွေထဲက နိုင်ငံလေးတစ်နိုင်ငံဖြစ်ပေမယ့် တန်ဖိုးဖြတ်လို့မရတဲ့ အရာလေး တစ်ခု ထွန်းတောက်နေသေးသမို့ ကိုယ့်ရဲ့ ဒီနိုင်ငံမှာလူဖြစ်ခဲ့တဲ့ ဖြစ်တည်မှုလေးကိုတော့ ကျေနပ်မိသား။
ရုပ်ဝတ္ထုပိုင်းမှာ ဆင်းရဲပေမယ့် မြန်မာပြည်သူ အတော်များများက စိတ်ရဲ့အေးချမ်းမှုတွေကို ရှာဖွေ ကျင့်သုံး နိုင်ခွင့်ရနေလို့လေ။
တကယ်တော့ ရုပ်ချမ်းသာထက် စိတ်ချမ်းသာဖို့ က လူဘ၀မှာ ပိုပြီးအရေးပါတယ်လေနော့။
ဆွေးနွေးတာဘေးမချော်ရအောင် ဒီမှာ ရပ်လိုက်ဦးမယ်။
ဒါနဲ့ မတွေ့တာ အတော်ကြာပြီနော်၊ ခုတလောမှ ပြန်တွေ့ရလို့ပါ။
