Guest. It's 05:18 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Announcement Forums jump :
  Page : of 23
  
   ဘာသာရေး ပိုစ့်များနှင့် ပတ်သက်၍ ကြေငြာချက်ထုတ်ခြင်း
PLANET ADMIN
2346
Administrator

Planet Admin
 
20/10/2006
406 posts
 ဘာသာရေး ပိုစ့်များနှင့် ပတ်သက်၍ ကြေငြာချက်ထုတ်ခြင်း  May 26, 2009 3:40 PM
ဘာသာရေး ပိုစ့်များတွင် မည့်သည့်ဘာသာဝင်များမဆို သူတစ်ပါး ဘာသာဝင်များအား ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုခြင်း ၊ ပုတ်ခတ်ပြောဆိုခြင်း ၊ ပုဂ္ဂိုလ်ရေးအမြင်ဖြင့် စောင်းချိတ်ရေးသားခြင်းများ ရှိခဲ့ပါက အဆိုပါ Planet user များ၏ အကောင့်များကို ပိတ်သွားမည်ဖြစ်ကြောင့် ကြေငြာအပ်ပါသည်။


ပလန်းနက် အသုံးပြုသူများအားလုံး ကျန်းမာပျော်ရွှင် အောင်မြင်နိုင်ကြပါစေ...
လေးစားစွာဖြင့်
Archer_13
4197


Silver Member
 
26/12/2007
106 posts
 1.:)  May 27, 2009 9:29 AM
hee စိတ်ချည်းပဲ။
 2.သို့ ........ ပလန်းနက် Moderator   May 27, 2009 2:26 PM
လေးစားစွဖြင့်စာရေးလိုက်ပါတယ်....
ဒီဆိုတ်မှာ လေ့လာစရာလေးတွေ
ဗဟုသုတရစရာလေးတွေ
မှတ်သားသင့်တာလေးတွေ
အမြင်မတူမှုလေးတွေကိုလေ့လာခွင့်ရခဲ့ပါတယ်
ကျေးဇူးလည်းအထူးတင်တယ်...
ဘာပဲဖြစ်ဖြစ်ဒီခေတ်မှာ... ဒါတွေကို အမှန်လိုအပ်ပါတယ် ...
ခင်များတို့ရဲ့စေတနာ လုပ်ဆောင်မှုကြောင့်အပေါင်းအသင်းလည်းများခဲ့ရတယ်လေ...
ဒါကြောင့်ရှေ့ဆက်ပြီးရင် မြန်မာပြည်သားအားလုံး အချင်းချင်း စည်းလုံးညီညွတ်စွာ ရှိနိုင်ရေးကူညီပေးပါလို့တောင်းဆိုပါရစေ ..
iamhated
6676


Silver Member
 
19/03/2008
493 posts
 3.ဒါဆိုရင်...  May 27, 2009 2:32 PM
ဒါဆိုရင် အဲလိုလုပ်နေတဲ့လူတိုင်းကို ဘန်းပြီးပြီလား.. ?? ဥပမာမပေးတော့ပါဘူး.. တော်ကြာကိုယ့် ဘန်း ခံနေရအုံးမယ်.. heehee
missingsome1
6580


Silver Member
 
05/07/2008
109 posts
 4.Re: ဒါဆိုရင်...  May 27, 2009 4:58 PM
iamhated wrote:
ဒါဆိုရင် အဲလိုလုပ်နေတဲ့လူတိုင်းကို ဘန်းပြီးပြီလား.. ?? ဥပမာမပေးတော့ပါဘူး.. တော်ကြာကိုယ့် ဘန်း ခံနေရအုံးမယ်.. heehee


သိဘူးလား??? တစ်ယောက်ကိုတောင် ဘန်းလိုက်ပီဆိုပဲ။ နာမည်တော့ ပြောတော့ပါဘူး။ ကျွန်တော်လည်း ဘန်းခံရမှာ ကြောက်လို့။ heehee
 5.အားလုံးက အကောင်းမြင်တတ်ကြတာပါပဲ  May 27, 2009 7:11 PM
အားလုံးပြောသလိုပါပဲ... လူဆိုတော့ တခါတရံ ကောင်းတာတွေ့ရင်ပျော်မယ်
မကောင်းတာတွေ့ရင် ချော်မယ်
ဒီသဘောသဘာဝ အတိုင်း ကျွန်တော်လည်း
ကောင်းတာတွေ့ရင်ပျော်တယ်
မကောင်းတာတွေ့တော့လည်း
ချော်တတ်တာပေါ့
ပုထုဇနော ဥမ္မဿကောလို့ ( စာလုံးပေါင်းမှားရင် သီးခံပေးပါ ) ဆိုထားတာပဲလေ...
ဘာပဲဖြစ်ဖြစ်...
သီခံခြင်းကအောင်မြင်ချင်းလို့ ဒေသနာတွေအတိုင်း မနေနိုင်သေးသ၍ အမှားတွေတော့တွေ့ရဦးမယ်ထင်ပါတယ်
အားလုံးကပြောသလို
Ban ခံရမှာတော့ ခပ်ကြောက်ကြောက်ပါပဲ .....
အားလုံးကို လေးစားလျှက်


လူထဲကလူ အမှားနှင့်သာငါလိုလူ

mutkyi


Standard Member
 
26/03/2009
76 posts
 6.PLANET ADMIN  May 27, 2009 7:54 PM
အရမ်းကောင်းသော ကြေငြာချက်ပါ လှိုက်လှဲစွာ ကြိုဆိုထောက်ခံပါတယ်
tit_t2
6504


Planet Strong Member
 
12/07/2007
3398 posts
 7.တစ်ခုသိချင်လို့ပါ  May 27, 2009 10:01 PM
အက်ဒမင်ကြီးရေ...

တစ်ချို့ကတော့ အကောင့်တွေ အများကြီးလုပ်ထားပြီးတော့ ဖျက်သွားလည်းကိစ္စမရှိဘူးဆိုပြီးတော့
အတင့်ရဲနေတဲ့လူတွေကိုကော ဘယ်လိုဆုံးဖြတ်ပါမလဲ...
အိုင်ပီပါ ဘန်းပေးမလား မသိဘူး... Idea
iamhated
6676


Silver Member
 
19/03/2008
493 posts
 8.Re: တစ်ခုသိချင်လို့ပါ  May 28, 2009 11:21 AM
tit_t2 wrote:
အက်ဒမင်ကြီးရေ...

တစ်ချို့ကတော့ အကောင့်တွေ အများကြီးလုပ်ထားပြီးတော့ ဖျက်သွားလည်းကိစ္စမရှိဘူးဆိုပြီးတော့
အတင့်ရဲနေတဲ့လူတွေကိုကော ဘယ်လိုဆုံးဖြတ်ပါမလဲ...
အိုင်ပီပါ ဘန်းပေးမလား မသိဘူး... Idea

အဲဒါပြောတာပေါ့.. အကောင့်တွေအများကြီးရှိတယ်..
ဒီတကောင့်မရရင် ဟိုတကောင့်.. ဟိုတကောင့်မရရင်
ဒီတကောင့်ဆိုပြီး ထင်တိုင်းကြဲတက်တဲ့လူတွေက အသေခံဗုံးခွဲတဲ့လူတွေနဲ့တူတယ်..
အိုင်ပီပါ ဘန်းရင်တော့ net ဆိုင်တွေထိနိုင်တယ်ထင်တယ်.. မသိတော့ဘူး..IdeaIdea
poem2721
6924


Silver Member
 
25/08/2007
156 posts
 9.ur IP adress is banned  May 28, 2009 5:12 PM
IP ko ban pot bya hee
MonsterOfRock
6396


Platinum Member
 
20/10/2006
1417 posts
 10.An Eye for An Eye  May 28, 2009 9:48 PM
Ko_Htoo wrote:
ခရစ်တော်က ဘာတွေများ သမ္မာသမတ်ကျလဲ ဗျ။ ပြောပြစမ်းပါဦး။ ကျွန်တော် မသိလို့ပါ။ ထာဝရ GOD ကြီးက ဘယ်လိုကောင်းလဲတော့ ကျွန်တော် မသိပါဘူးဗျာ။
ကျွန်တော်ကတော့ အဖေလူသတ်လို့ သားထောင်ကျတယ်ဆိုတာမျိုးကို လက်မခံနိုင်လို့ပါ။ မှားရင်ရှင်းပြပေးဦးနော်။


ကျွန်တော် တစ်ခြား ဥပမာ မပေးတော့ပါဘူး... ဘီစီ 1500 ခန့်က အစ်စလမ် ဂျူးနဲ့ ခရစ်ယာန်တို့အတွက် ပညတ်တရားကို ဘုရားထံမှ ယူဆောင်လာပေး ခဲ့သော မောရှေဆိုသည့် သမိုင်းဝင်ပုဂိုလ် တစ်ပါးပေါ်ခဲ့တယ်... သူဟာ အီဂျစ်ပြည်မှာ နှစ်ပေါင်း 430 လောက်ကျွန်ခံနေရတဲ့ ဂျုးတွေကို သွားရောက်ကယ်တင်ခဲ့သူလည်း ဖြစ်တယ်...

နှစ်ပေါင်း 430 လောက်ဆိုတဲ့ ဆွေစဉ်မျိုးဆက် ကျွန်ခံရတဲ့နှစ်ဟာ နည်းသောနှစ်မဟုတ်ပါဘူး... ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ... ဘုရားက ဂျုးတို့ရဲ့ ဖခင်ကြီး ယာကုပ်ကို ခန်နန်ပြည်မှာဘဲနေပြီးဘယ်ကိုမှ မသွားဖို့မှာထားပေမည့် သူဟာ ဘုရားစကားနားမထောင်ဘဲ အီဂျစ်ပြည်ကို ပြောင်းရွှေ့နေထိုင်ခဲ့လို့ နောက်ပိုင်း သူရဲ့ သားစဉ်မြေးဆက်ဖြစ်တဲ့ ဂျူးတွေအားလုံး ကျွန်ဖြစ်တာတောင်မှ ရက်စက်ကြမ်းကြုတ်တဲ့ ဖာရောရဲ့ ကျွန်တွေဖြစ်ခဲ့ရတယ်... အဲဒီအချိန်မှာ ဂျူးတစ်ယောက် ကင့ါရဲ့ဖခင်ကြီး ယာကုပ်ဘုရားစကားနားမထောင်လို့ ငါတို့ကို ဒီလိုညှင်းပန်းနှိပ်စက် ကျွန်လုပ်ခိုင်းတာ လက်မခံနိုင်ဘူးဟု သွားပြောကြည့်ပါလား....

ဒီလိုဘဲ ဘုရားက လူကို တိရိစာန်နဲ့မတူတဲ့ မစားရဟူသော တရားတစ်ခုကို စောင့်ထိန်းဖို့ပေးထားတယ်.... ဒါပေမည့် လူက ကျူးလွန်ခဲ့တယ်... ဒါကြောင့် စားသောနေ့မှာ ဘုရားစကားနားမထောင်မှုကြောင့် အပြစ်တရားဝင်လာပြီး အပြစ်တရားရဲ့ အကျိုးဆက် သေခြင်းဆိုတာ ၀င်လာရတယ်....

သင်လက်မခံလည်း မွေးလာသောခလေးတိုင်း မွေးစကပင် လောဘ ဒေါသ မောဟတို့ ပါလာသော အပြစ်သား ငရဲသားအဖြစ်မွေးလာကြတယ်... ဒါသင် လက်မခံလည်း အမှန်တရားဘဲ...

သင့်ရဲ့ရွေးချယ်ခွင့်မရှိပါဘဲ သင်သည် ငရဲသားအဖြစ်လောကကို ရောက်ရှိလာခဲ့ရသလို သင့်ရဲ့ကြိုးစားကျင့်ကြံအားထုတ်မှုမပါဘဲ ဘုရားက ကယ်တင်ခြင်း တရားလမ်းကိုလည်း လုပ်ပေးခဲ့ပြီးဖြစ်ပါသည်။ ဘုရားသည်တရားပါသည်။ ဒါကို သင့်မှာရှိတဲ့ အသိဥာဏ်က မရှာဘဲ အသိကိုပိတ်ထားရင်တော့ သင့်ရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဘဲလေ

သင့်ရဲ့ တမလွန်ကို သင်ကဘဲ စီရင်သွားပါလိမ့်မည်....


http://www.planet.com.mm/forums/index.cfm/linkpage/topic/forum_id/50/Topic_Id/97511/page/12
Post: 231

အက်ဒမင်ရေ..

ပလဲနက်မှာ ခရစ်ယာန်ဖိုရမ် မရှိပါဘူး။ အပေါ်ကပို့မှာ ဒီလိုကောင်က ဒီလိုပို့ကို ဗုဒ္ဓဘာသာထဲကို လာတင်တာကို ဗုဒ္ဓဘာသာတွေ မကြိုက်ပါဘူး။ မကြိုက်တဲ့ဟာကို လာလာရေးနေရင် စိတ်တိုတတ်ပါတယ်။ စိတ်တိုရင် ဆဲပါတယ်။ ဒီတော့ ဒီလိုဖြစ်ရတာဟာ ဒီလိုလာလာတင်တဲ့ သူရဲ့ အပြစ်လား။ ဒီလိုလာတင်တာကို လက်ခံတဲ့ သူရဲ့ အပြစ်လား။ ဒါမှမဟုတ် မခံချင်လို့ ကလော်တုတ်ပြီး ဆဲတဲ့လူရဲ့ အပြစ်လား။ ဖြေကြားပေးစေလိုပါတယ်။

အပေါ်က ပို့စ်ကို သေချာဖတ်ကြည့်ပါ။ ဒီလူဟာ ယေရှုရဲ့ ခရစ်ယာန်ဘာသာကို Promotion လုပ်ချင်တာနဲ့ ဂျူးဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ဘုရားဖြစ်တဲ့ မောဆက် ကို ဘုရားလို့ မရေးပဲ သမိုင်းဝင်ပုဂ္ဂိုလ်လို့ စော်ကားပြီးရေးပါတယ်။ ဒီလိုမျိုး အရေးအသားမျိုးကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ ဒါကြောင့် အရေးယူပေးစေလိုပါတယ်။

ခင်မင်စွာဖြင့်
MonsterOfRock
nguwakyawkyaw


Standard Member
 
29/04/2009
23 posts
 11.Planet admin  May 29, 2009 1:02 AM
ကြိုဆိုပါသည် Planet ရဲ့စေတနာ နှင့် ရည်ရွယ်ချက်များကိုမလေးစားပဲတလွဲဖြစ်အောင်လုပ်နေသလိုဖြစ်နေကြပါသည်၊
ဘာသာရေးဖိုရမ်များမထည့်လျှင်ပိုကောင်းမည်ထင်ပါသည်၊၊ဆရာလုပ်သည်မဟုတ်ရပါ............ပျော်ရွှင်ပါစေ........
onlinepaperboi
6626


Platinum Member
 
22/01/2009
1099 posts
 12.တစ်ခြားဖိုရမ်တွေဖွင့်ပေးပါ  May 29, 2009 1:51 AM
တစ်ခြားဘာသာဖိုရမ်တွေလည်း ပြန်ဖွင့်ပေးသင့်တယ်လို့ ထင်ပါတယ် အက်ဒမင်ကြီးရေ။
taylay


Silver Member
 
31/03/2009
156 posts
 13.Re: တစ်ခြားဖိုရမ်တွေဖွင့်ပေးပါ  May 29, 2009 2:30 PM
onlinepaperboi wrote:
တစ်ခြားဘာသာဖိုရမ်တွေလည်း ပြန်ဖွင့်ပေးသင့်တယ်လို့ ထင်ပါတယ် အက်ဒမင်ကြီးရေ။


တခြားဘာသာတွေရဲ့ဖိုရမ်တွေပြန်ဖွင့်ပေးစေချင်ပါတယ်ဗျာ..........
S0ME1d3ViL
6649


Silver Member
 
29/05/2009
365 posts
 14.ကြိုဆိုပါတယ်  May 29, 2009 6:42 PM

အခြားသောဖိုရမ်များကို ပိတ်သိမ်းထားတဲ့အတွက် ရန်ပွဲများ အတော်ပင်နည်းပါးသွားတာကို မြင်တွေ့မိပါတယ်။ hee
freakenstine


Silver Member
 
08/11/2006
218 posts
 15.ဘာကြောင့်ပါလဲ  May 29, 2009 8:32 PM
တခြား ဘာသာရေး ဖိုရမ်တွေကို ဘာကြောင့်ပိတ်ပါသလဲခင်ဗျာ.....

လူတွေမှာ လွတ်လပ်စွာ တွေးပိုင်ခွင့် ရေးပိုင်ခွင့် ကွဲပြားပိုင်ခွင့်ရှိပါသည်......

ဂျူးလူမျိုးတို့၏ ဘုရားကို မိုးဆက်ဟု ထင်သူကလည်း လွတ်လပ်စွာ ထင်ကြေးပေးနိုင်ပါသည်....

နိဗာန် နှင့် ကောင်းကင်နိုင်ငံ သည်လည်း လွပ်လပ်စွာ ကွဲပြားနိုင်ပါသည်....

သူတပါး ယုံကြည်မှုကို လေးစားနိုင်သလို ဝေဖန်ကဲ့ရဲ့ နိုင်ကြသည်....

ရိုင်းပြခြင်းကို ရှေ့တန်းတင်ပြီး သူတော်ကောင်းယောင်ဆောင်လျက် ဖိုရမ်ထဲမှာ ၀င်ကြမ်းသူများလည်း ရှိနိုင်သည်....

ဘာသာရေး ဖိုရမ်များ အားလုံးကို ပိတ်သည် ဆိုလျှင် လက်ခံ နိုင်ပါသည်....သို့သော် ဘက်လိုက်ခြင်း မရှိဟု ယုံကြည်ရ သောကြောင့် ပါဝင်ရေးသားခဲ့သော ပလန်းနက်ဖိုရမ်သည် ဘက်လိုက်တတ်သည်ဟု ကျွန်တော် မည်သည့်အခါမျှ မထင်မြင် ချင်ပါ........

ကျွန်တော် ဘာသာရေးဖိုရမ်များ ကို ဖတ်ရင်း ဘာသာရေးစစ်ပွဲများ ဘာကြောင့်ဖြစ်ခဲ့သည်ကို အရိပ်အမြွတ် သိခွင့်ရခဲ့ပါသည်...... ဘာသာတရားများသည် စစ်ပွဲများကို ဖန်တီးခဲ့သည်လား....လူတွေသည် ဖန်တီးသည်လား.......လူတိုင်းသည် ကိုယ်ယုံကြည်ရာကို ကိုယ်ကိုး ကွယ်နိုင်သလို ကိုကိုးကွယ်ရာကို ကိုယ်ဟောပြောပိုင်ခွင့်ရှိပါသည်....ထို ဟောပြောချက်များကို နားထောင်လိုလျှင် နားထောင်နိုင်ပြီး နားမထောင်လိုက ထွက်သွားနိုင်သည်....မေးခွန်းမေးလိုက မေးနိုင်ပြီး ကျေနပ်သည့် အဖြေမရကလည်း စိတ်ဆိုးဒေါသထွက် ရန် အကြောင်းမရှိပေ........ကျွန်တော်တို့သည် ကျွန်တော်တို့ ခေတ် မဟုတ်သော အချိန်ကာလ တစ်ခုက (သမိုင်းထဲမှ) ဘာသာတရားများကို ကိုးကွယ်နေသောကြောင့် ထိုဘာသာ တရားများအကြောင်းကို သမိုင်းနောက်ကြောင်းများနှင့် ဆက်စပ်လျက် အလုံးစုံ မသိနိုင်ပေ..... သိသည် ဟု တစ်စုံ တစ်ယောက်က ဆိုလျှင် ထိုသူသည် လူလိမ် သို့မဟုတ် သူရူး ပင်ဖြစ်ပေလိမ့်မည်......ထိုသို့ မိမိ လုံးစေ့ပတ်စေ့ မသိ နိုင်သော ဘာသာတရားများကို မိမိ သိသလောက်လေးနှင့် ငြင်းခုံနေကြခြင်းသည် ရှက်ဖွယ်ပင်ဖြစ်သည်.....

ပလန်းနက် ဖိုရမ်တွင် လူမျိုးစုံ ပါဝင်ရေးသားကြသည့်အတွက် အက်ဒမင်များအဖို့ စိစစ်ဖြတ်တောက်ရန်ခဲယဉ်းပေလိမ့်မည်....

ကျွန်တော်ပြောခဲ့သလိုပင် ဘာသာတရားများသည် စစ်ပွဲများကို မဖန်တီးခဲ့ပါ......လူများသာလျှင်ဖြစ်သည်....ဘာသာတရား များသည် လူများကို ရိုင်းစိုင်းအောင် မလုပ်ခဲ့ပါ.....လူများသာလျှင်ဖြစ်သည်.....ပလန်းနက် ဘာသာရေးဖိုရမ် ညှိုးနွမ်း ရခြင်း မှာ ဘာသာတရားများကြောင့်မဟုတ်ပါ.....လူများသာလျှင်ဖြစ်ပါသည်...... တကယ်လို့ ဘာသာရေးဖိုရမ် ပြန်ဖွင့်ပေးခဲ့ လျှင် မည်သည့်ဘာသာဝင် မဆို ရိုင်းစိုင်းသည့် လှောင်ပြောင်သည့် ပို့စ်များကို အတူတကွ ရှုံချသွားမည်ဆိုလျှင် သန့်စင်သော ဘာသာရေးဖိုရမ် တစ်ခုကို ပလန်းနက် မှ ပိုင်ဆိုင်နိုင်ပေလိမ့်မည်.....ပလန်းနက်ဘာသာရေးဖိုရမ်ကို ပံ့ပိုးပေးရန် အားလုံးကို ဖိတ်ခေါ်ပါသည်....
MonsterOfRock
6396


Platinum Member
 
20/10/2006
1417 posts
 16.လာပြန်ပြီတစ်မျိုး..  May 29, 2009 10:40 PM

ဘာသာရေးဖိုရမ်ထဲတွင်လည်း အမျိုးမျိုးသော ပုဂ္ဂိုလ်ကျော်များအား လည်းတွေ့ရမြင်ရပါသည်။ အချို့အချို့သောသူများက အရှင်လတ်လတ် နိဗ္ဗာန်ကိုမြင်၍ တောင်စဉ်ခုနှစ်သွယ်ကြားတွင် ဘိုးဘိုးအောင်ကို တွေ့ရှိသည်ဟု ဆိုကြ၏။ အချို့အချို့သောသူများကလည်း မိမိကိုယ်မိမိ ဘုရားဆုပန်သည်ဟု ကြွေးကြော်ကြ၏။ အချို့အချို့သောသူများက သူတို့သည် သောတာပန်ဟု ထင်မြင်ကြ၏။ မြင်နိုင်ကြပါပေ၏။ ဆုပန်နိုင်ကြပါပေ၏။ ထင်နိုင်ကြပါပေ၏။ အချို့ကလည်း လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ကျော်က ပေါ်ခဲ့သော တမန်တော်သည် သမိုင်းဝင်ပုဂ္ဂိုလ်ဟု ခေါ်ကြ၏။ နောက်ထပ် နှစ် ၁၅၀၀ ကျော်မှ ပေါ်သောသူတို့ကို ဘုရားသခင်ဟု ခေါ်ကြ၏။ ထိုတမန်တော်တို့သည် မိခင်၏ ယောနိဝ မှ မွေးဖွားလာသောသူများ ဖြစ်လျှက်နှင့် မိုးပေါ်မှ ကျလာလေယောင်၊ အပျိုစင်မှ မွေးလေယောင် ၀ါဒဖြန့်ကြ၏။ နှစ်ယောက်စလုံး ဘုရားသခင် ကို ရှိခိုးတိုင်တည်သည်ကို သိလျှက်နှင့် နောက်မှပေါက်သော ရွှေကြာပင်ကသာ ဘုရားဟုဆိုလေ၏။ ဘုရားမဟုတ်ဟု ပြောမိလျှင် ထိုသူတို့သည် စွေ့စွေ့ခုန်လေ၏။ မိမိယူလေသော အယူကို မိမိဘာသာ ယူရုံဖြင့် အားမရ။ လာပြန်ပြီ တစ်မျိုး၊ အာဇာနည်သူခိုး စတိုင်ဖြင့် သူတစ်ပါး နယ်မြေအားကျူးကျော်ဝင်ရောက်ကာ သူတစ်ပါး အယူအားလိုက်၍ ခလုပ်တိုက်ကြလေ၏။ ခလုပ်တိုက်ဖန်များသော် မခံနိုင်သူများက တုံ့ပြန်ကြ၏။ တုံ့ပြန်မှုများကို မဖြေရှင်းနိုင်လျှင် ထွက်ပြေးလေ၏။ အတန်ကြာလျှင် လာပြန်ပြီ တစ်ခေါက် အာဇာနည်မျောက်စတိုင်ဖြင့် ဓာတ်ပြားဟောင်းများကို ဖွင့်ပြန်လေ၏။ နားငြီးသူများက ပြန်လည်ခွက်ထိုးလန် လေ၏။ မြင်မကောင်းရှုမကောင်းဖြစ်လေ၏။ အက်ဒမင်သည် စိတ်တိုလေ၏။ သို့နှင့် ထိုသူများအား ဘန်းလေ၏။ ပို့စ်များအားဖျက်လေ၏။ ဖိုရမ်သည်ငြိမ်းချမ်းသွားလေ၏။ အတန်ကြာလျှင် ထိုသူတို့သည် တစ်ဖန်ပြန်လာလေ၏။ မိမိကိုယ်ကိုယ် မိမိ မိုးကောင်းကင်ထက်ရောက်နေလေယောင် အထင်ရောက်၍ မြင့်မားသောလေသံဖြင့် ဖိုရမ်မှ လူများအား အထက်စီး ပြောပြန်လေ၏။ ထိုသူများအား မခံချင်သူများက ပြန်လည်တုံ့ပြန်လေအံ့။ အက်ဒမင်တင်သော ဒီတော့ပစ်သည်လည်း တစ်ဖန်ပျက်စီးလေအံ့။

MonsterOfRock
S0ME1d3ViL
6649


Silver Member
 
29/05/2009
365 posts
 17.*  May 29, 2009 11:23 PM

အဆွေတို့သည် ပလန်းနက်ဖိုရမ်မျိုး အသင်တို့အဖို့

အက်ဒမင်တို့ မော်ဒရေတာတို့ကို နိုင်စားမာန်မဲအရေးဆိုနိုင်သော ဖိုရမ် ဘယ်နှခုရှိပါသလဲဟု မိမိ၏ စိတ်သန္တာန်ကို မေးမြန်းကြည့်ပါလေ။

အကယ်၍သာ ပိုသာလွန်သည်ဟု ယူဆပါက ထိုထိုသူများသည်

ဤဖိုရမ်ကဲ့သို့ မျက်နှာလိုက်တတ်သော ဖိုရမ်ကို

နွံအိုင်ကဲ့သို့ ရှောင်ရှား၍ ထိုထိုသောအခြားဖိုရမ်တို့ကိုသာ အသုံးပြုသင့်ကြသည်သာ ဖြစ်ပေတကား။

မရှိပါ၍လော။ မသိပါ၍လော။

ဘဇာကြောင့် မိမိ၏ သန္တာန်တွင် ဘဝင်မကျသဖြင့် ဤဖိုရမ်ကိုသာ အပြစ်တင်စကား ဆိုအပ်ပါသနည်း။ သင့်ပါ၏ လော။


နေ့စဉ်ထုတ်သတင်းစာများ၌ပင် ဗုဒ္ဓဘာသာ သာသနာတော်အကြောင်းတို့ကို ဦးစားပေးဖော်ပြခံရသည့်အကြောင်းမှာကား

အဆွေတို့လက်ရှိနေထိုင်သော မြန်မာနိုင်ငံတော်သည် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားသော နိုင်ငံတော်ဖြစ်သည့်အတွက်ပင် ဖြစ်ပေသည်။

သို့အတွက် ထိုကဲ့သို့ ဦးစားပေးဖော်ပြခံရသည့်အပေါ် ဘက်လိုက်သည်ဟု ယူဆပါက မျက်စိမှိတ် နားပိတ်ကာ နေယုံသာ ရှိပေတော့သည် တမုံ့။
agga.001
5316


Silver Member
 
30/11/2006
258 posts
 18.Re: *  May 29, 2009 11:48 PM
ဘာသာခြားများ၏ ဖိုရမ်းတွေကို ပိတ်တယ်လို့ ကြေငြာပြီး ဆိုရင်တော့ ကြိုဆိုပါတယ်...
ဗုဒ္ဒဘာသာ ဖိုရမ် ဘဲ ဖွင့်ထားမည် ဆိုကလည်း ဒါဟာ Planet ၏ ပေါ်လစီ ဘဲဖြစ်သဖြင့် မည်သို့ မျှ ပြောရန် အကြောင်းမရှိပါ
အက်ဒမင်ခင်ဗျာ ကျွန်တော်တို့ တင်ထားခဲ့သည့် Topic များကိုတော့ နှမြေား မိပါသည် . အီမေးဖြင့် ပို့ပေးနိုင်ပါက
အထူပင်ကျေးဇူးတင်နေမည်ဖြစ်ပါသည်.....

S0ME1d3ViL ၏ ရေးသားမှုတွေကို တော့ ပြောရန်ရှိပါသည်...ယနေ့ ဖွဲစည်းပုံအခြေခံဥပဒေနဲ့ တော့် လွဲနေပါတယ်
ဖွဲစည်းပုံ အခန်း(၉) ၃၄၈ ကို ဖတ်ကြည့်ပါ....

S0ME1d3ViL wrote:

အဆွေတို့သည် ပလန်းနက်ဖိုရမ်မျိုး အသင်တို့အဖို့

အက်ဒမင်တို့ မော်ဒရေတာတို့ကို နိုင်စားမာန်မဲအရေးဆိုနိုင်သော ဖိုရမ် ဘယ်နှခုရှိပါသလဲဟု မိမိ၏ စိတ်သန္တာန်ကို မေးမြန်းကြည့်ပါလေ။

အကယ်၍သာ ပိုသာလွန်သည်ဟု ယူဆပါက ထိုထိုသူများသည်

ဤဖိုရမ်ကဲ့သို့ မျက်နှာလိုက်တတ်သော ဖိုရမ်ကို

နွံအိုင်ကဲ့သို့ ရှောင်ရှား၍ ထိုထိုသောအခြားဖိုရမ်တို့ကိုသာ အသုံးပြုသင့်ကြသည်သာ ဖြစ်ပေတကား။

မရှိပါ၍လော။ မသိပါ၍လော။

ဘဇာကြောင့် မိမိ၏ သန္တာန်တွင် ဘဝင်မကျသဖြင့် ဤဖိုရမ်ကိုသာ အပြစ်တင်စကား ဆိုအပ်ပါသနည်း။ သင့်ပါ၏ လော။


နေ့စဉ်ထုတ်သတင်းစာများ၌ပင် ဗုဒ္ဓဘာသာ သာသနာတော်အကြောင်းတို့ကို ဦးစားပေးဖော်ပြခံရသည့်အကြောင်းမှာကား

အဆွေတို့လက်ရှိနေထိုင်သော မြန်မာနိုင်ငံတော်သည် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားသော နိုင်ငံတော်ဖြစ်သည့်အတွက်ပင် ဖြစ်ပေသည်။

သို့အတွက် ထိုကဲ့သို့ ဦးစားပေးဖော်ပြခံရသည့်အပေါ် ဘက်လိုက်သည်ဟု ယူဆပါက မျက်စိမှိတ် နားပိတ်ကာ နေယုံသာ ရှိပေတော့သည် တမုံ့။

Kalmond
7026


Platinum Member
 
20/10/2006
1712 posts
 19........  May 30, 2009 12:01 AM
အိမ်း... ကျုပ်တို့တော့ retire သွားကတည်းက ဒီအရှုပ်တော်ပုံတွေကနေ လွတ်ကင်းခဲ့ပါပေါ့ဗျာ။ ဒါပေမယ့် လွတ်လပ်စွာရေးသားခွင့်နဲ့ ပြောဆိုဝေဖန်ခွင့်တွေတော့ (နှစ်ဖက်စလုံးအတွက်ပေါ့လေ) ဆုံးရှုံးတာပေါ့။ အင်း.... အဆုံးသတ်တော့လည်း ဒီဘူတာပဲ ဆိုက်တာပါပဲလေ။ ခေတ်ကိုက...
S0ME1d3ViL
6649


Silver Member
 
29/05/2009
365 posts
 20.Re: *  May 30, 2009 3:04 AM
agga.001 wrote:

S0ME1d3ViL ၏ ရေးသားမှုတွေကို တော့ ပြောရန်ရှိပါသည်...ယနေ့ ဖွဲစည်းပုံအခြေခံဥပဒေနဲ့ တော့် လွဲနေပါတယ်
ဖွဲစည်းပုံ အခန်း(၉) ၃၄၈ ကို ဖတ်ကြည့်ပါ....


အခန်း(၉) ၃၆၁ ကို ဖတ်ကြည့်ပါခင်ဗျာ။

ကျနော်ဆိုလိုသည်မှာ ထိုသဘောလည်း ပါပါတယ်။

ခွဲခြားသလိုဖြစ်သွားတယ်ဆိုရင်တော့ ဆောရီးပါ။ ဖြစ်နေတဲ့အတိုင်းပြောတာကို ဥပဒေကြီးနဲ့တော့ လည်ပင်းလာမညှစ်နဲ့ပေါ့ဗျာ။

hee
1 2 3 4 5 ... 23
Messages Results 1 - 20 of about 459 for seconds milliseconds. (0.187 seconds)
    All forums        Announcement Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.