Guest. It's 02:12 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Sports Forums jump :
  
   မြန်မာပြည်တောင်ပိုင်းကိုယ်စားပြု SOUTHERN MYANMAR FC
linnlatt88

Standard Member
 
29/05/2009
6 posts
 မြန်မာပြည်တောင်ပိုင်းကိုယ်စားပြု SOUTHERN MYANMAR FC  May 30, 2009 9:45 PM
သူငယ်ချင်းတို့ရေ
SOUTHERN MYANMAR ကတော့နှစ်ပွဲကစား နှစ်ပွဲ ရှုံးပါလား ။ ဒါပေမယ့်လည်းပေါ့လေ အားတော့ပေးရမှာပဲ ။ ကျန်တဲ့အသင်းအားလုံးကိုလည်း ကြိုက်ပါတယ် ။ SOUTHERN ရေ ဆက်ပြီးတော့ကြိုးစားလိုက်ပါဦး ။IdeaIdeaIdeaIdea
linnlatt88

Standard Member
 
29/05/2009
6 posts
 1.southern 2 - 0 Delta  Jun 01, 2009 4:38 PM
southern 2 - 0 Delta
ကျေနပ်စရာကောင်းပါတယ် ။
crystal dagger

Standard Member
 
24/08/2008
44 posts
 2.   Jun 21, 2009 6:04 PM
ကျွန်တော်ကရန်ကုန်မှာနေတာပါ... ဒါပေမယ့်ကျွန်တော့်အမေကမော်လမြိုင်သူလေ... ကျွန်တော့်အမေကိုကျွန်တော်အရမ်းချစ်တယ်... မော်လမြိုင်ကိုလည်းချစ်တယ်... ဒါကြောင့် southern myanmar ကိုကျွန်တော်အားပေးတယ်... ဂျာနယ်ထဲမှာဖတ်ရတဲ့ အင်တာဗျူးမှာ southrern အသင်းကလူငယ်တွေမွေးပြီး ပြန်ရောင်းပြီးအသင်းကိုရပ်တည်မယ်ဆိုတဲ့ရည် ရွယ်ချက်ကိုတော့လုံးဝမကြိုက်ဘူးဗျာ.... ဒါပေမယ့်အသင်းကိုတော့အားပေးနေပါတယ်.... အသင်းရဲ့ရည်ရွယ်ချက်ကိုမြင့်မြင့်မားမားထားစေချင်ပါတယ်... southern ပြီးရင်အားပေး တာကတော့ yufc ပေါ့ .... southern ကိုတော့အများကြီးပိုအားပေးပါတယ်... Smile
bLaCkMaN2006
6247

Gold Member
 
07/11/2006
832 posts
 3.Re:   Jun 21, 2009 7:01 PM
crystal dagger wrote:

ဒါဆိုရင်...
ကျွန်တော်က မွန်လူမျိုးစစ်စစ် အဖေမွန် အမေမွန်....ဒါပေမယ့် အခုလောလောဆယ်အားပေးတော့ ရန်ကုန်...ဟီးဟီး....ဘာလို့လဲဆိုတော့ကိုယ်က ရန်ကုန်ကကိုး...ဟီးဟီး

Southern ကိုတော့ ဘာပဲဖြစ်ဖြစ်အားပေးပါတယ်....

အခုလောလောဆယ်တော့ အကယ်အားပေးတယ့်အသင်းအတည်တကျမရှိသေးပါဘူး...တစ်ပွဲမှကောင်းကောင်းမကြည့်ရသေးလို့ပါ
heeheehee
linnlatt88

Standard Member
 
29/05/2009
6 posts
 4.Re:   Jun 21, 2009 7:41 PM

ဟုတ်တယ်ဗျ အသင်းအတွက်ဝါရင့်ကစားသမားတွေတော့လိုနေပြီ ။ ဒီအတိုင်းဆို အောက်ဆုံးမရောက်အောင်တော်တော် ကြိုးစားရတော့မယ် ။
linnlatt88

Standard Member
 
29/05/2009
6 posts
 5.southern-mm-united.blogspot.com/   Jun 21, 2009 7:46 PM
southern-mm-united.blogspot.com/ မှာ SM FC အကြောင်းတွေရေးထားတယ်ဗျ ။IdeaIdeaBigGrin
htetthura
6392

Planet Strong Member
 
10/10/2008
3234 posts
 6.ဆောက်သန်း  Jul 04, 2009 11:09 PM
ဆောက်သန်းမြန်မာက လူငယ်တွေများတယ်
ကြိုးစားမှုရှိလို့ ကြိုက်ပါတယ်
နောက်ပိုင်းနှစ်တွေမှာ ဖျက်မြင်းမကဖြစ်လာနိုင်စရာတွေရှိနေတယ်
GlassesGlasses

ထက်သူရ
linnlatt88

Standard Member
 
29/05/2009
6 posts
 7.SMFC က မန်စီးတီး အရန်ကစားသမား ( ၂ ) ယောက်ကိုခေါ်မည်ဟုဆို  Jul 14, 2009 9:51 AM
SMFC က မန်စီးတီး အရန်ကစားသမား ( ၂ ) ယောက်ကိုခေါ်မယ်လို့ soccermyanmar website မှာဖော်ပြထားတယ်ဗျ ။ တကယ်ဖြစ်ပါစေလို့ ဆုတောင်းပါတယ် ။BigGrinBigGrinBigGrin
Nyo Gyi
6445

Silver Member
 
12/07/2007
367 posts
 8.The Reality of Myanmar National League is It Makes People We  Oct 02, 2009 4:56 PM
http://bigbbrown.blogspot.com/2009/10/reality-of-myanmar-national-league-is.html
မှ ကူးယူဖော်ပြသည်။

MNL ဘောလုံးပြိုင်ပွဲများဖြင့်
ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော

(ဓာတ်ပုံ - မန္တလေးထုတ် ပန်သစ္စာ အနုပညာဂျာနယ်၊ No. 3, Vol. 7၊ အချပ်ပိုမှ ရယူပါသည်)

(1, October, 009)

ယနေ့ ဗမာပြည်တွင်း၌ Myanmar National League ဆိုပြီး ဘောလုံးပွဲများ ကျင်းပနေသည်ကို အများသိပြီးဖြစ်သည်။ ဘောလုံးပွဲဆိုသည်မှာ အားကစားရေး၊ စီးပွားရေးကိစ္စဖြစ်သည်ဆိုသော်လည်း နိုင်ငံ့အရေးအမြင်အားဖြင့်ကြည့်လျှင်မူ ဘောလုံးပွဲကို ကျင်းပခဲ့သည့် စစ်အဆိုးရနှင့် ဘောလုံးအသင်းများကို ပိုင်ဆိုင်သည့် စစ်အဆိုးရအလိုတော်ရိလုပ်ငန်းရှင်ဆိုသူများ၏ ခြေလှမ်းများ၊ လုပ်ကွက်များကိုကား သတိထား စောင့်ကြည့်ရပါမည်။

ဘောလုံးပွဲများအတွက် ကျေးဇူးတင်ရမည်ဖြစ်သော်လည်း နောက်ကွယ်က အကြောင်းအရာများကို မျက်ခြေမပြတ် လေ့လာဆင်ခြင်သင့်သည်။

ပြည်သူတွေကို သွေးခွဲနေပြီလော

ပြည်သူတွေကို သွေးခွဲနေပြီလားဆိုသည့်အချက်မှာ အင်မတန်မှ အရေးကြီးလှသည်။

ယခုအခါ မန္တလေးကိုယ်စားပြုဆိုပြီး Yadanarbon FC၊ ရန်ကုန်ကိုယ်စားပြုဆိုပြီး Yangon United၊ မြစ်ဝကျွန်းပေါ်ဒေသကိုယ်စားပြုဆိုပြီး Delta United အစရှိသဖြင့် အသင်းများ ဖွဲ့စည်း တည်ထောင်ထားသော်လည်း အမှန်တကယ်တမ်း ထိုထိုဘောကလပ်အသင်းများနှင့် ပါဝင်သည့် ကစားသမားများသည် သူတို့ကိုယ်စားပြုသည့် တိုင်း/ပြည်နယ်များကို အမှန်တကယ်ကိုယ်စားပြုပါ၏လော။ ရှေးတုန်းက ကျင်းပခဲ့သည့် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲများမှ အသင်းများလောက် ကိုယ့်နယ်များကို အမှန်အတိုင်း ကိုယ်စားပြုပါ၏လော။

မကြာမီ (၂၃၊ ၉၊ ၀၀၉) က မန္တလေးမြို့၊ ဗထူးကွင်း၌ ဖြစ်ပွားခဲ့သော Yadanarbon FC နှင့် Delta United တို့၏ ဘောလုံးပွဲ(ပူးတွဲပါဓာတ်ပုံ)အပြီး ရုန်းရင်းဆန်ခတ်ဆူပူသောင်းကျန်းမှုများက ပြည်သူတွေကို သွေးခွဲနေပြီလော ဆိုသည့်အချက်ကို ပိုမိုခိုင်မာစေပါသည်။ အရင်က တစ်တိုင်းနှင့် တစ်တိုင်း၊ တစ်ပြည်နယ်နှင့် တစ်ပြည်နယ် အခင်အမင်မပျက် တည်ငြိမ်သွေးစည်းနေခဲ့သည်ကို ယခုလို MNL ဘောလုံးပြိုင်ပွဲများနှင့် သွေးခွဲပစ်လိုက်သည့်သဘောပင်။ စစ်အဆိုးရအနေနှင့် ယခုကဲ့သို့ ဘောလုံးပွဲများကို အသုံးပြုပြီး ပြည်သူများကို သွေးခွဲထားလိုက်ခြင်းအားဖြင့် ၁၉၈၈ အရေးအခင်းလိုမျိုး၊ ၂၀၀၇ စက်တင်ဘာအရေးအခင်းလိုမျိုး ပြည်သူအများ၏ သွေးစည်းညီညွတ်စွာလှုပ်ရှားလာနိုင်မှုများ နောက်ထပ်ဖြစ်မလာနိုင်ဟု ထင်ထားပုံရသည်။

ပြည်သူတွေကို အာရုံပြောင်းနေပြီလော

ထိုအချက်မှာလည်း ထင်သာမြင်သာရှိသည်။

စစ်အဆိုးရ၏ မကောင်းမှုများကို အလေးဂရုမပြုနိုင်တော့ဘဲ ပြည်သူအားလုံး ဘောလုံးပြီးရင်း ဘောလုံးဖြစ်နေအောင် အာရုံပြောင်းလိုက်သည့်သဘော။

သေချာကြည့်လျှင် သိနိုင်သည်။

ယခုအခါ စစ်အဆိုးရသည် ဗမာပြည်သူ၊ ပြည်သားများအား စားဝတ်နေရေးကြပ်တည်းမှု၊ တစ်လုံး-နှစ်လုံး-သုံးလုံး လောင်းကစားမှု၊ နိုင်ငံခြားဘောလုံးပွဲ၊ ပြည်တွင်းဘောလုံးပွဲ၊ အရက်-ဘီယာ-မူးယစ်ဆေးဝါး-စင်တင်တေးဂီတ-ကာမရောင်းဝယ်ဖောက်ကားရေး-လူကုန်ကူးမှု-မှောင်ခို-လာဘ်စားခြင်း အစရှိသည်များ အကြား ညှပ်ပူညှပ်ပိတ် ပိတ်မိနေအောင် ပြုလုပ်ရက်စက်နေပေပြီ။ မှိုင်းတိုက်နေပေပြီ။

စစ်အဆိုးရသည် သူတို့၏ မကောင်းမှု၊ ယုတ်မာမှုများအတွက် ပြည်သူများဘက်က စွဲချက်တင်၊ ရှုံ့ချ၊ ဆန္ဒထုတ်ဖော်လာမည့်အာရုံကို အခြားတစ်ဖက်သို့ ပြောင်းဖို့ အစဉ်တစိုက်ကြိုးစားနေသည်မှာ သိသာလှပေသည်။ MNL ဘောလုံးပွဲများသည် အာရုံပြောင်းကိရိယာများထဲက တစ်ခုအပါအ၀င်ပေလော။

ပြည်သူတွေကို လှည့်ဖြားရိုက်စားနေပြီလော

၎င်းအချက်မှာ စေ့စေ့တွေးလေ ရေးရေးမကဘဲ ပြုးပြူးကြီး ပေါ်လာလေပင်ဖြစ်သည်။

MNL ဘောလုံးကလပ်များကို တည်ထောင်ထားသည့် စစ်အဆိုးရအလိုတော်ရိ လုပ်ငန်းရှင်ဆိုသူများသည် သူတို့၏ တရားမ၀င်၊ ရိုက်စား၊ လှည့်ဖြား၊ စစ်အဆိုးရဖက်စပ်စီးပွားရေးလုပ်ငန်းများကို ပြည်သူအများ သတိမထားမိအောင် ဘောလုံးနှင့် အချိုသကာဖုံးလိုက်ခြင်း၊ ဘောလုံးနှင့် ပြည်သူများကို အချိုသတ်လိုက်ခြင်းဟုပင် ဆိုနိုင်ပေသည်။ ဘောလုံးကို ဗန်းပြပြီး အခြားတစ်ဖက်က တရားမ၀င်အခြားစီးပွားရေးလုပ်ငန်းများကို စစ်အဆိုးရနှင့် ပင်းကာ ပိုမိုရိုက်စားလုပ်တော့မည်မှာ အသေအချာပင်။

ဘောလုံးပွဲများ ကျင်းပပေးသဖြင့် ကျေးဇူးရှင်ကြီးများဟုပင် ပြည်သူတွေက ထင်ကြလိမ့်ဦးမည်။ တကယ်တော့ ၀က်ဆီဖြင့် ၀က်သားကိုပြန်ကြော်ပြနေခြင်းပင်။ ပြည်သူတွေဆီက မတရားလှည့်ဖြားရိုက်စားလုပ်ယူထားသည့် ငွေကြေးတွေနှင့် (တစ်နည်းအားဖြင့်) ပြည်သူပိုင် ဘဏ္ဍာ ဥစ္စာ သယံဇာတများကို မှောင်ခိုလုပ်စား၊ ဈေးတင်အမြတ်ကြီးစား၊ အခွန်ရှောင်၍ ရရှိထားသည့် ငွေကြေးတွေနှင့် ယခုလို MNL ဘောလုံးပြိုင်ပွဲများကို စစ်အဆိုးရနှင့် စစ်အဆိုးရအလိုတော်ရိများက ကျင်းပပေးနေခြင်း ဖြစ်ပေသည်။

ဤစာကို နိဂုံးချုပ်ရလျှင်

ရိုးသားသည့် သမာအာဇီဝ ပြည်သူများအနေဖြင့် စစ်အဆိုးရနှင့် သူ့အလိုတော်ရိများ၏ မာယာအချိုသုတ်လိမ်းထားသည့် ခြေလှမ်းများ၊ လုပ်ကွက်များကို မျက်ခြေမပြတ် စောင့်ကြည့်-စစ်ဆေး-ဆင်ခြင်-သုံးသပ်-အကဲခတ်-ဖော်ထုတ်ရန်လိုအပ်သည်။ ဘောလုံးဆိုတိုင်း အရမ်းလိုက်မလုံးမိဖို့ လိုအပ်သည်။ လုံးရင်း၊ လုံးရင်းနှင့် လုံးခြာလည် လိုက်သွားနိုင်သည့် အဖြစ်တွေ ဒုနှင့်ဒေးရှိကြောင်း ပြည်သူအပေါင်းတို့သိထားရန် လိုအပ်ပါတော့သည်။ ။

BigBBrown
(၁၊ အောက်တိုဘာ၊ ၀၀၉)

စကားအချပ်ပို။ ။

အထူးတလည် စုဆောင်းစရာမလိုဘဲ စုဝေးတတ်သော လူစုလူဝေးကြီးများကို ဘောလုံးပွဲများတွင် တွေ့ရလေ့ရှိရာ ဘောလုံးပွဲများမှတစ်ဆင့် ပြည်သူ့ဆန္ဒပြပွဲကြီးတစ်ရပ်ဖြစ်ပွားလာအောင် ဘောပွဲကြည့်လာပြည်သူများအနေနှင့် ကြိုးစားသင့်ပါကြောင်း အကြံကောင်း ပေးအပ်ပါသည်။ ဆဲဆိုသည့်အသံများအစား တောင်းဆိုသည့် အသံများကို ပြိုင်တူဟစ်ကြွေးကြပါစို့။

--------------------------------------------------------------------------------

Link To Download This Article;

http://www.scribd.com/doc/20466303/The-Reality-of-Myanmar-National-League-is-It-Makes-People-Weak
bLaCkMaN2006
6247

Gold Member
 
07/11/2006
832 posts
 9.Re:   Oct 03, 2009 8:57 PM
bLaCkMaN2006 wrote:
crystal dagger wrote:
ကျွန်တော်ကရန်ကုန်မှာနေတာပါ... ဒါပေမယ့်ကျွန်တော့်အမေကမော်လမြိုင်သူလေ... ကျွန်တော့်အမေကိုကျွန်တော်အရမ်းချစ်တယ်... မော်လမြိုင်ကိုလည်းချစ်တယ်... ဒါကြောင့် southern myanmar ကိုကျွန်တော်အားပေးတယ်... ဂျာနယ်ထဲမှာဖတ်ရတဲ့ အင်တာဗျူးမှာ southrern အသင်းကလူငယ်တွေမွေးပြီး ပြန်ရောင်းပြီးအသင်းကိုရပ်တည်မယ်ဆိုတဲ့ရည် ရွယ်ချက်ကိုတော့လုံးဝမကြိုက်ဘူးဗျာ.... ဒါပေမယ့်အသင်းကိုတော့အားပေးနေပါတယ်.... အသင်းရဲ့ရည်ရွယ်ချက်ကိုမြင့်မြင့်မားမားထားစေချင်ပါတယ်... southern ပြီးရင်အားပေး တာကတော့ yufc ပေါ့ .... southern ကိုတော့အများကြီးပိုအားပေးပါတယ်... Smile

ဒါဆိုရင်...
ကျွန်တော်က မွန်လူမျိုးစစ်စစ် အဖေမွန် အမေမွန်....ဒါပေမယ့် အခုလောလောဆယ်အားပေးတော့ ရန်ကုန်...ဟီးဟီး....ဘာလို့လဲဆိုတော့ကိုယ်က ရန်ကုန်ကကိုး...ဟီးဟီး

Southern ကိုတော့ ဘာပဲဖြစ်ဖြစ်အားပေးပါတယ်....

အခုလောလောဆယ်တော့ အကယ်အားပေးတယ့်အသင်းအတည်တကျမရှိသေးပါဘူး...တစ်ပွဲမှကောင်းကောင်းမကြည့်ရသေးလို့ပါ
heeheehee

အသင်းအတည်တကျအားပေးတော့မယ် ...... Southern Myanmar ကွ....
ရှုံးရှုံးနိုင်နိုင် ဂရုမစိုက်ဘူး "တောင်ပိုင်းကွ"
Nyo Gyi
6445

Silver Member
 
12/07/2007
367 posts
 10.Re: The Reality of Myanmar National League is It Makes People We  Oct 05, 2009 12:36 PM
Nyo Gyi wrote:
http://bigbbrown.blogspot.com/2009/10/reality-of-myanmar-national-league-is.html
မှ ကူးယူဖော်ပြသည်။

MNL ဘောလုံးပြိုင်ပွဲများဖြင့်
ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော

(ဓာတ်ပုံ - မန္တလေးထုတ် ပန်သစ္စာ အနုပညာဂျာနယ်၊ No. 3, Vol. 7၊ အချပ်ပိုမှ ရယူပါသည်)

(1, October, 009)

ယနေ့ ဗမာပြည်တွင်း၌ Myanmar National League ဆိုပြီး ဘောလုံးပွဲများ ကျင်းပနေသည်ကို အများသိပြီးဖြစ်သည်။ ဘောလုံးပွဲဆိုသည်မှာ အားကစားရေး၊ စီးပွားရေးကိစ္စဖြစ်သည်ဆိုသော်လည်း နိုင်ငံ့အရေးအမြင်အားဖြင့်ကြည့်လျှင်မူ ဘောလုံးပွဲကို ကျင်းပခဲ့သည့် စစ်အဆိုးရနှင့် ဘောလုံးအသင်းများကို ပိုင်ဆိုင်သည့် စစ်အဆိုးရအလိုတော်ရိလုပ်ငန်းရှင်ဆိုသူများ၏ ခြေလှမ်းများ၊ လုပ်ကွက်များကိုကား သတိထား စောင့်ကြည့်ရပါမည်။

ဘောလုံးပွဲများအတွက် ကျေးဇူးတင်ရမည်ဖြစ်သော်လည်း နောက်ကွယ်က အကြောင်းအရာများကို မျက်ခြေမပြတ် လေ့လာဆင်ခြင်သင့်သည်။

ပြည်သူတွေကို သွေးခွဲနေပြီလော

ပြည်သူတွေကို သွေးခွဲနေပြီလားဆိုသည့်အချက်မှာ အင်မတန်မှ အရေးကြီးလှသည်။

ယခုအခါ မန္တလေးကိုယ်စားပြုဆိုပြီး Yadanarbon FC၊ ရန်ကုန်ကိုယ်စားပြုဆိုပြီး Yangon United၊ မြစ်ဝကျွန်းပေါ်ဒေသကိုယ်စားပြုဆိုပြီး Delta United အစရှိသဖြင့် အသင်းများ ဖွဲ့စည်း တည်ထောင်ထားသော်လည်း အမှန်တကယ်တမ်း ထိုထိုဘောကလပ်အသင်းများနှင့် ပါဝင်သည့် ကစားသမားများသည် သူတို့ကိုယ်စားပြုသည့် တိုင်း/ပြည်နယ်များကို အမှန်တကယ်ကိုယ်စားပြုပါ၏လော။ ရှေးတုန်းက ကျင်းပခဲ့သည့် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲများမှ အသင်းများလောက် ကိုယ့်နယ်များကို အမှန်အတိုင်း ကိုယ်စားပြုပါ၏လော။

မကြာမီ (၂၃၊ ၉၊ ၀၀၉) က မန္တလေးမြို့၊ ဗထူးကွင်း၌ ဖြစ်ပွားခဲ့သော Yadanarbon FC နှင့် Delta United တို့၏ ဘောလုံးပွဲ(ပူးတွဲပါဓာတ်ပုံ)အပြီး ရုန်းရင်းဆန်ခတ်ဆူပူသောင်းကျန်းမှုများက ပြည်သူတွေကို သွေးခွဲနေပြီလော ဆိုသည့်အချက်ကို ပိုမိုခိုင်မာစေပါသည်။ အရင်က တစ်တိုင်းနှင့် တစ်တိုင်း၊ တစ်ပြည်နယ်နှင့် တစ်ပြည်နယ် အခင်အမင်မပျက် တည်ငြိမ်သွေးစည်းနေခဲ့သည်ကို ယခုလို MNL ဘောလုံးပြိုင်ပွဲများနှင့် သွေးခွဲပစ်လိုက်သည့်သဘောပင်။ စစ်အဆိုးရအနေနှင့် ယခုကဲ့သို့ ဘောလုံးပွဲများကို အသုံးပြုပြီး ပြည်သူများကို သွေးခွဲထားလိုက်ခြင်းအားဖြင့် ၁၉၈၈ အရေးအခင်းလိုမျိုး၊ ၂၀၀၇ စက်တင်ဘာအရေးအခင်းလိုမျိုး ပြည်သူအများ၏ သွေးစည်းညီညွတ်စွာလှုပ်ရှားလာနိုင်မှုများ နောက်ထပ်ဖြစ်မလာနိုင်ဟု ထင်ထားပုံရသည်။

ပြည်သူတွေကို အာရုံပြောင်းနေပြီလော

ထိုအချက်မှာလည်း ထင်သာမြင်သာရှိသည်။

စစ်အဆိုးရ၏ မကောင်းမှုများကို အလေးဂရုမပြုနိုင်တော့ဘဲ ပြည်သူအားလုံး ဘောလုံးပြီးရင်း ဘောလုံးဖြစ်နေအောင် အာရုံပြောင်းလိုက်သည့်သဘော။

သေချာကြည့်လျှင် သိနိုင်သည်။

ယခုအခါ စစ်အဆိုးရသည် ဗမာပြည်သူ၊ ပြည်သားများအား စားဝတ်နေရေးကြပ်တည်းမှု၊ တစ်လုံး-နှစ်လုံး-သုံးလုံး လောင်းကစားမှု၊ နိုင်ငံခြားဘောလုံးပွဲ၊ ပြည်တွင်းဘောလုံးပွဲ၊ အရက်-ဘီယာ-မူးယစ်ဆေးဝါး-စင်တင်တေးဂီတ-ကာမရောင်းဝယ်ဖောက်ကားရေး-လူကုန်ကူးမှု-မှောင်ခို-လာဘ်စားခြင်း အစရှိသည်များ အကြား ညှပ်ပူညှပ်ပိတ် ပိတ်မိနေအောင် ပြုလုပ်ရက်စက်နေပေပြီ။ မှိုင်းတိုက်နေပေပြီ။

စစ်အဆိုးရသည် သူတို့၏ မကောင်းမှု၊ ယုတ်မာမှုများအတွက် ပြည်သူများဘက်က စွဲချက်တင်၊ ရှုံ့ချ၊ ဆန္ဒထုတ်ဖော်လာမည့်အာရုံကို အခြားတစ်ဖက်သို့ ပြောင်းဖို့ အစဉ်တစိုက်ကြိုးစားနေသည်မှာ သိသာလှပေသည်။ MNL ဘောလုံးပွဲများသည် အာရုံပြောင်းကိရိယာများထဲက တစ်ခုအပါအ၀င်ပေလော။

ပြည်သူတွေကို လှည့်ဖြားရိုက်စားနေပြီလော

၎င်းအချက်မှာ စေ့စေ့တွေးလေ ရေးရေးမကဘဲ ပြုးပြူးကြီး ပေါ်လာလေပင်ဖြစ်သည်။

MNL ဘောလုံးကလပ်များကို တည်ထောင်ထားသည့် စစ်အဆိုးရအလိုတော်ရိ လုပ်ငန်းရှင်ဆိုသူများသည် သူတို့၏ တရားမ၀င်၊ ရိုက်စား၊ လှည့်ဖြား၊ စစ်အဆိုးရဖက်စပ်စီးပွားရေးလုပ်ငန်းများကို ပြည်သူအများ သတိမထားမိအောင် ဘောလုံးနှင့် အချိုသကာဖုံးလိုက်ခြင်း၊ ဘောလုံးနှင့် ပြည်သူများကို အချိုသတ်လိုက်ခြင်းဟုပင် ဆိုနိုင်ပေသည်။ ဘောလုံးကို ဗန်းပြပြီး အခြားတစ်ဖက်က တရားမ၀င်အခြားစီးပွားရေးလုပ်ငန်းများကို စစ်အဆိုးရနှင့် ပင်းကာ ပိုမိုရိုက်စားလုပ်တော့မည်မှာ အသေအချာပင်။

ဘောလုံးပွဲများ ကျင်းပပေးသဖြင့် ကျေးဇူးရှင်ကြီးများဟုပင် ပြည်သူတွေက ထင်ကြလိမ့်ဦးမည်။ တကယ်တော့ ၀က်ဆီဖြင့် ၀က်သားကိုပြန်ကြော်ပြနေခြင်းပင်။ ပြည်သူတွေဆီက မတရားလှည့်ဖြားရိုက်စားလုပ်ယူထားသည့် ငွေကြေးတွေနှင့် (တစ်နည်းအားဖြင့်) ပြည်သူပိုင် ဘဏ္ဍာ ဥစ္စာ သယံဇာတများကို မှောင်ခိုလုပ်စား၊ ဈေးတင်အမြတ်ကြီးစား၊ အခွန်ရှောင်၍ ရရှိထားသည့် ငွေကြေးတွေနှင့် ယခုလို MNL ဘောလုံးပြိုင်ပွဲများကို စစ်အဆိုးရနှင့် စစ်အဆိုးရအလိုတော်ရိများက ကျင်းပပေးနေခြင်း ဖြစ်ပေသည်။

ဤစာကို နိဂုံးချုပ်ရလျှင်

ရိုးသားသည့် သမာအာဇီဝ ပြည်သူများအနေဖြင့် စစ်အဆိုးရနှင့် သူ့အလိုတော်ရိများ၏ မာယာအချိုသုတ်လိမ်းထားသည့် ခြေလှမ်းများ၊ လုပ်ကွက်များကို မျက်ခြေမပြတ် စောင့်ကြည့်-စစ်ဆေး-ဆင်ခြင်-သုံးသပ်-အကဲခတ်-ဖော်ထုတ်ရန်လိုအပ်သည်။ ဘောလုံးဆိုတိုင်း အရမ်းလိုက်မလုံးမိဖို့ လိုအပ်သည်။ လုံးရင်း၊ လုံးရင်းနှင့် လုံးခြာလည် လိုက်သွားနိုင်သည့် အဖြစ်တွေ ဒုနှင့်ဒေးရှိကြောင်း ပြည်သူအပေါင်းတို့သိထားရန် လိုအပ်ပါတော့သည်။ ။

BigBBrown
(၁၊ အောက်တိုဘာ၊ ၀၀၉)

စကားအချပ်ပို။ ။

အထူးတလည် စုဆောင်းစရာမလိုဘဲ စုဝေးတတ်သော လူစုလူဝေးကြီးများကို ဘောလုံးပွဲများတွင် တွေ့ရလေ့ရှိရာ ဘောလုံးပွဲများမှတစ်ဆင့် ပြည်သူ့ဆန္ဒပြပွဲကြီးတစ်ရပ်ဖြစ်ပွားလာအောင် ဘောပွဲကြည့်လာပြည်သူများအနေနှင့် ကြိုးစားသင့်ပါကြောင်း အကြံကောင်း ပေးအပ်ပါသည်။ ဆဲဆိုသည့်အသံများအစား တောင်းဆိုသည့် အသံများကို ပြိုင်တူဟစ်ကြွေးကြပါစို့။

--------------------------------------------------------------------------------

Link To Download This Article;

http://www.scribd.com/doc/20466303/The-Reality-of-Myanmar-National-League-is-It-Makes-People-Weak

နာမည်တူတာပါ ခင်ဗျာ။ ဒီညိုကြီးနဲ့ ဟိုညိုကြီးနဲ့က သပ်သပ်စီပါ။ တစ်ကန့်စီပါ။ အွန်လိုင်းပေါ်မှာ နာမည်တူ လူမရှားပါ။ နာမည်တူ တစ်ယောက်က ရေးထားတာကို အွန်လိုင်းပေါ်မှာတွေ့မိတော့ စိတ်ဝင်စားလို့ ပြန်တင်ပေးလိုက်တာပါ။ မရောထွေးစေချင်ပါ။ ဟီး... ကင်းကောင်လို ပြောရရင်... ငါ ကြောက်တယ်နော်... ။
1
Messages Results 1 - 10 of about 10 for seconds milliseconds. (0.25 seconds)
    All forums        Sports Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.