All forums
Buddhism
Forums jump :
Love & Romance
Music
ChitChat
Movies
Buddhism
Business
Announcement
Help Centre
Knowledge & Education
Computers
Beauty & Fashion
Books
Games
Sports
ဘာသာကြီးလေးခု နှိုင်းယှဉ်ချက်
May 31, 2009 8:14 AM
ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယန်ဘာသာ၊ အစ္စလမ်ဘာသာ ကြီးလေးခုရဲ့ အခြေခံ ယှူဆချက်များကို နှိုင်းယှဉ် ကြည့်ကြရအောင်။
အမြင့်ဆုံးသော ကိုးကွယ်ရာ ပုဂ္ဂိုလ် (အဓိပ္ပါယ် အတိအကျမတူသော်လည်း မြန်မာလို အများက ဘုရားဟုဘာသာ ပြန်ကြသည်)
ဟိန္ဒူဘာသာ - ဘုရားများစွာရှိ၊ ဖန်တီးသောဘုရား၊ ဖျက်ဆီးသောဘုရား၊ ထိန်းသိမ်းသောဘုရား။
ဗုဒ္ဓဘာသာ - ဘုရားများစွာရှိ၊ သို့သော် တပြိုင်ထဲမဟုတ်။ သာသနာကာလတွင် တဆူတည်းသော စက်ကြာမုနိခေါ် ဗုဒ္ဓဘုရားရှင်တပါးတည်းသာရှိသည်။
ခရစ်ယန်ဘာသာ - ထာဝရဘုရားဟုခေါ်သော ဖန်ဆင်းရှင်တဦးတည်းသာရှိသည်။
အစ္စလမ်ဘာသာ - အလာ ဟုခေါ်သော ဖန်ဆင်းရှင်တဦးတည်းသာရှိသည်။
ဘုရားအမျိုးအစား
ဗုဒ္ဓဘာသာ ဘုရားတပါးတည်းသာ လူသားစင်စစ် ဖြစ်ပြီး လောကတွင်အမြတ်ဆုံးသော ပုဂ္ဂိုလ် အဖြစ် ဗုဒ္ဓဘာသာ ဝင်များက အားထားကိုးကွယ်ကြသည်။ တချို့ဗုဒ္ဓဘာသာဝင် များက နတ်များကိုလည်း ရောယှက်ကိုးကွယ်ကြသည့်တိုင် ဗုဒ္ဓအား အမြတ်ဆုံး ပုဂ္ဂိုလ် အဖြစ် လက်ခံကြည်ညိုကြသည်။
ကျန်သောဘာသာ ၃ ခုမှဘုရားများသည် လူသားများမဟုတ်ကြပါ။ သာမန်လူတို့မျက်စိနှင့် မမြင်ရသော ကောင်းကင်ဘုံတွင်ရှိသည့် တန်ခိုးကြီးမားသော ပုဂ္ဂိုလ် အဖြစ် လက်ခံ ကိုးကွယ်ကြသည်။
ဖန်ဆင်းရှင်
ဗုဒ္ဓဘာသာ ဘုရားတပါးတည်းသာ ဖန်ဆင်းသော တစုံတရာ ပုဂ္ဂိုလ် မရှိဟူသော အယူအဆကို ဘုရားဖြစ်သည်နှင့် ကြွေးကြော် ဟောပြောခဲ့သည်။
ကျန်သောဘာသာ ၃ ခုက ဖန်ဆင်းရှင်ကို ယုံကြည်ကြသည်။
ဝိဥာဉ်
ဗုဒ္ဓဘာသာ ဘုရားတပါးတည်းသာ အမြဲတည်မြဲရှိနေသော အတ္တကောင် (တချို့က ဝိဥာဉ် ဟုခေါ်သည်) မရှိဟုဟောပြောခဲ့သည်။ သတ္တဝါများသည် ရုပ်နှင့် နာမ် သာရှိပြီး သေသည်နှင့် နှစ်မျိုးလုံး ချုပ်ငြိမ်းသွားသည်ဟု ဗုဒ္ဓဘုရား က အတိအလင်း ဟောကြားခဲ့သည်။
ကျန်သောဘာသာ ၃ ခုတွင် တည်မြဲသော ဝိဥာဉ် (အတ္တကောင်) ရှိသည်။ လူသေလျှင် ရုပ်ခန္ဓာသာသေပြီး ဝိဥာဉ် ကရှင်သန်နေသည်ဟု ယုံကြည်ကြသည်။
သေပြီးနောက်
ဟိန္ဒူဘာသာ - (ဝန်ခံပါသည် သေသေချာချာမသိပါ။ ကြားဖူးသည်မှ တချို့က အကျင့်အောင်လျှင် တချိန်တွင် ဗြမ္မာကြီး၏ ဝိဥာဉ် နှင့် ပေါင်းစပ်သွားသည်ဟု ဆို ကြပါသည်)
ဗုဒ္ဓဘာသာ - နိဗ္ဗာန်မရခင်ထိ ၃၁ ဘုံခေါ် လူပြည်၊ နတ်ပြည်၊ ဗြမ္မာပြည်၊ ငရဲပြည်တို့တွင် ကျင်လည်ကျက်စားရသည်။ မည်သည့် ဘုံဘဝတွင်မဆို ထာဝရ အမြဲမနေရပါ။ ဘဝ ကူးရပါသည် ဟု အယူရှိပါသည်။
ခရစ်ယန်ဘာသာ နှင့် အစ္စလမ်ဘာသာ - သေပြီးသော် ၄င်းတို့၏ ဝိဥာဉ်သည် ဘုရား၏ အဆုံးအဖြတ်ကို ခံယူရန် အဆုံးအဖြတ်ပေးသောနေ့အထိ စောင့်ကြရသည်၊ ဘုရားက စီစစ်ပြီး ငရဲ သို့မဟုတ် ကောင်းကင်ဘုံသို့ ပို့သည်။ ငရဲ သို့မဟုတ် ကောင်းကင်ဘုံ တွင် ထာဝရနေရပါသည် ဟု ယုံကြည် ယူဆကြပါသည်။
တရားတော်များ
ဟိန္ဒူဘာသာ - ဟိန္ဒူဆရာကြီးများ အဆင့်ဆင့်လက်ဆင့်ကန်းရေးသားခဲ့ကြသည်ဟု လက်ခံကြပါသည်။ ရှေးအကျဆုံးဘာသာဖြစ်ပြီး သေချာသော ရာဇဝင် မရပါ။
ဗုဒ္ဓဘာသာ - ဗုဒ္ဓသက်ရှိ ထင်ရှားရှိစဉ်က ဟောကြားခဲ့သော တရားများကို ဗုဒ္ဓ၏တပည့် သံဃာတော်များက ယနေ့တိုင်စနစ်တကျထိန်းသိမ်းလာခဲ့သည်။ ဂိုဏ်းကွဲများရှိ၍ မူကွဲများလည်းရှိပါသည်။
ခရစ်ယန်ဘာသာ - ခရစ်တော်ခေါ် ဂျီးဆက် သည် ဘုရားရှင်စေလွှတ်လိုက်သည် (တချို့က ဘုရားသားတော်) ဟုယူဆသည်။ ဂျီးဆက် ဟောသောတရားများကို နောက်လူတို့လက်ခံ ကျင့်သုံးကြသည်။
အစ္စလမ်ဘာသာ - မိုဟာမက် အား အလာ ၏ တမန်တော်အဖြစ်လက်ခံ၍ မိုဟာမက် ဟောသောတရားများမှာ အလာက မိုဟာမက် မှတဆင့် လူသားများအားဟောသော တရားများအဖြစ် နောက်လူတို့က ယုံကြည်လက်ခံ ကျင့်သုံးကြသည်။
မှတ်ချက်။ ။ သိသလောက်ကို တင်ပြခြင်းဖြစ်ပါသည်။ အမှားများပါနိုင်ပါသည်။ အမှားများရှိပါက ပြင်ဆင် ဝေငှပေးပါ။ ဗဟုသုတရရန်တင်ပြခြင်းဖြစ်ပါသည်။ စာပါအကြောင်းအရများ မှန်သည် မှားသည် ဖြစ်နိုင်ချေရှိသည် မရှိသည်ကို ငြင်းခုံရန် မဟုတ်ပါ။
ဆက်လက်တင်ပြပါမည်။
တခြားသူများ ဖြည့်စွက်ရေးသားပေးပါက ကျေးဇူးအလွန်တင်ပါသည်။
1.မရှင်းလိုပါ
Jun 12, 2009 9:18 PM
ဝိဥာဉ်
ဗုဒ္ဓဘာသာ ဘုရားတပါးတည်းသာ အမြဲတည်မြဲရှိနေသော အတ္တကောင် (တချို့က ဝိဥာဉ် ဟုခေါ်သည်) မရှိဟုဟောပြောခဲ့သည်။ သတ္တဝါများသည် ရုပ်နှင့် နာမ် သာရှိပြီး သေသည်နှင့် နှစ်မျိုးလုံး ချုပ်ငြိမ်းသွားသည်ဟု ဗုဒ္ဓဘုရား က အတိအလင်း ဟောကြားခဲ့သည်။
ကျန်သောဘာသာ ၃ ခုတွင် တည်မြဲသော ဝိဥာဉ် (အတ္တကောင်) ရှိသည်။ လူသေလျှင် ရုပ်ခန္ဓာသာသေပြီး ဝိဥာဉ် ကရှင်သန်နေသည်ဟု ယုံကြည်ကြသည်။
မရှင်းလိုပါ
ဝိဥာဉ် ကို ဘာလိုအတ ကောင်လို့ ပြောတာလဲ
ပြီးတော့ အတ ကောကောင်လိုဘယ်လိုရေးလဲ
ကျွန်တော်ရေးလို့ မရလို့
ဆက်ပြောပါမယ်
---ဗုဒ္ဓဘာသာ ဘုရားတပါးတည်းသာ အမြဲတည်မြဲရှိနေသော အတ္တကောင် (တချို့က ဝိဥာဉ် ဟုခေါ်သည်) မရှိဟုဟောပြောခဲ့သည်
ဒါကိုနားမလည်ဘူး
အမြဲ တည်ရှိနေသောအတ ကောင် မရှိ ဆိုတာ ဘာလဲ
သဘောက
ဝိဥာဉ် ကို အမြဲတည်ရှိတာလို့ပြောတာလား
မရှိဘူးလို့ ပြောတာလား
နားမလည်ဘူး
ကျွန်တော်ပဲ လိုက်မမှီတာလား
ရှင်းပြပေးပါ
--- သတ္တဝါများသည် ရုပ်နှင့် နာမ် သာရှိပြီး သေသည်နှင့် နှစ်မျိုးလုံး ချုပ်ငြိမ်းသွားသည်ဟု ဗုဒ္ဓဘုရား က အတိအလင်း ဟောကြားခဲ့သည်။
ဒါက လဲ ဟုတ်ပါတယ်
ဒါဆို ခင်ဗျားဆိုလိုတာ
သေပြီးနောက် ဘာဖြစ်သွားလဲ
ရုပ်နာမ်မရှိရင် ဘာလဲ
အဲဒါ
နိဗာန်ကို ပြောတာနဲ့ တူတယ်
ဒါဆိုမဟုတ်တော့ဘူး
သေလျင်
ရုပ်သာချုပ်ငြိမ်းသွားပြီး
နာမ်က
ကိုယ်ပြုခဲ့သောကုသိုလ်များကို ခံနေရတယ်မှတ်လား
ကျွန်တော်ပြောတာမှားနေလားမသိဘူး
မှားရင်လည်းမှားတယ်လို့ပြောပါ
ဘုရားဟောထဲမှာကော ငရဲ ပြိတာ နှင့် အသူရကယ် ဆိုတာရှိပါတယ်
ဒါတွေက နာမ်တွေမဟုတ်ဘူးလား
ကျန်တာအားလုံးဗဟုသုတတွေအများကြီးရပါတယ်
ကျေးဇူးတင်ပါတယ်
ဆက်လက်တင်ပြပါအုံး
အားပေးပါတယ်
2.ဘုရားပြုပေးသော အမှုနှစ်ခု...
Jun 13, 2009 12:57 PM
ကျွန်တော်တို့ဘာသာရဲ့ ယုံကြည်ချက် တစ်ခုကို ထပ်ဖြေ့ရပါက
လူများ ပညတ်နှင့် သီလတို့ကို စံနှုန်းထက်ကျော်လွန်စွာ ကျင့်နိုင်ဖို့ ဘုရားရဲ့ ကူညီမစမှုလိုအပ်ပြီး.. ဘုရားရဲ့ ၀ိညာဉ်တော် အားဖြင့် ကူညီမစသောအခါ သဘာဝလွန် သည်းခံခြင်း၊ ချစ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း...... တို့ကို ရနိုင်ပါသည်။
လူများ ငရဲမှ လွတ်မြောက်ဖို့ရန်အတွက်လည်း လူ့အပိုင်းမှ ဘာမျှ မတတ်နိုင်ဘဲ ဘုရားကသာလျှင် လူတို့ကို အပယ်ငရဲ မှ ကယ်တင်နိုင်ပြီး လူ့အပိုင်းမှ ဘုရား၏ ပြုပေးခဲ့သော ကယ်တင်ခြင်းအမှုကို လက်ခံယုံကြည်ရန်သာဖြစ်ပါသည်...
လူတိုင်း ကိုယ်စိတ်ဝိညာဉ်သုံးပါးလုံး ကောင်းစားကြပါစေ...
3.Re: မရှင်းလိုပါ
Jun 15, 2009 9:03 AM
shinnaywon wrote:
---ဗုဒ္ဓဘာသာ ဘုရားတပါးတည်းသာ အမြဲတည်မြဲရှိနေသော အတ္တကောင် (တချို့က ဝိဥာဉ် ဟုခေါ်သည်) မရှိဟုဟောပြောခဲ့သည်
ဒါကိုနားမလည်ဘူး
အမြဲ တည်ရှိနေသောအတ ကောင် မရှိ ဆိုတာ ဘာလဲ
သဘောက
ဝိဥာဉ် ကို အမြဲတည်ရှိတာလို့ပြောတာလား
မရှိဘူးလို့ ပြောတာလား
နားမလည်ဘူး
ကျွန်တော်ပဲ လိုက်မမှီတာလား
ရှင်းပြပေးပါ
ဒီလိုပါ ရှင်နေ၀န်းရေ.... အစ်ကိုနိုင်သလောက်ရှင်းပြမယ်နော်... သေသေချာချာသာ ဥာဏ်နဲ့ ဆင်ခြင်ပေတော့...
ဂစ်တာကိုတီးရင် အသံမြည်ပါတယ်... ဒါပေမယ့် အဲဒီအသံဟာ ဂစ်တာထဲမှာ ကြိုရှိမနေသလို
ဂစ်တာကြိုးထဲမှာလဲရှိမနေပါဘူး...ဒီလိုဘဲ အပြင်ဘက်မှာလဲ ရှိမနေပါဘူး...ဘယ်မှာမှ ရှိမနေပါဘူး... ဂစ်တာကြိုးကို
လက်နဲ့ထိခြင်းဆိုတဲ့ အကြောင်းတရားက ပေါ်ထွက်လာတဲ့ အကျိုးတရား (အဖြစ်တရား) သက်သက်ပါ... ဒါဟာ တကယ့်အရှိတရားမဟုတ်တာကို ပြောလိုတာပါ.... ဒါကဥပမာပါ...
ဥပမေယျအားဖြင့်တော့ ဂစ်တာက ခန္ဓာကိုယ်ကြီး၊ ဂစ်တာကြိုးက ဒွါရခြောက်ပါး (မျက်စေ့၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်)၊ ဂစ်တာကြိုးကို တီးတဲ့လက်က အာရုံခြောက်ပါး (အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ ဓမ္မာရုံ)၊ အဲဒီ၂ ခုပေါင်းလို့ ပေါ်လာတဲ့အသံက စိတ်ခြောက်ပါး (မြင်သိ၊ ကြားသိ၊ နံသိ၊ စားသိ၊ ထိသိ၊ တွေးသိ) ... ဂစ်တာသံက ပေါ်ပြီး ပျောက်သွားသလိုမျိုး အဲဒီဖြစ်လာတဲ့ စိတ်ကလဲ ပေါ်ပြီးပျောက်သွားတယ်... ဒါပေမယ့် အဆက်မပြတ်တိုက်နေတော့ အဆက်မပြတ်ပေါ်နေတယ်လေ... အဲဒါကိုဘဲ ငါလို့ထင်တယ်၊ ၀ိညာဉ်လို့ထင်တယ်... ဒါကိုပြောတာ...တကယ်က တီးပြီးတော့ ပျော က်သွားတဲ့ ဂစ်တာသံလိုဘဲ...
နားမလည်သေးရင် အပေါ်က အနီချယ်စာသားတွေကို ခဏခဏ ဖတ်ပါ... သေသေချာချာ စေ့စေ့စပ်စပ် ဆင်ခြင်ပါ..... ဒါဟာ ဗုဒ္ဓဟောကြားခဲ့တဲ့ ရုပ်နာမ်ဓမ္မသဘောတွေနဲ့ အနတ္တသဘောကို ညီလေးနားလည်လွယ်အောင် အကျဉ်းရှင်းရတာပါ..လိုအပ်တာလဲ ရှိမပေါ့... သိချင်စိတ်ရှိနေတာကိုက သိနိုင်တဲ့အကြောင်းတစ်ခုပါ... လေ့လာပါ...
ချိုသဲ
4.မြ၀တီ သို့...
Jun 15, 2009 9:08 AM
အပေါ်က မြ၀တီ တင်သွားတဲ့ ပို့စ်ထဲမှာ -
သတ္တဝါများသည် ရုပ်နှင့် နာမ် သာရှိပြီး သေသည်နှင့် နှစ်မျိုးလုံး ချုပ်ငြိမ်းသွားသည်ဟု ဗုဒ္ဓဘုရား က အတိအလင်း ဟောကြားခဲ့သည်။
လို့ရေးသားသွားပါတယ်.... ဒါဟာ အလွန်တရာ မှားယွင်းတဲ့အယူအဆတစ်ခုပါ...ဗုဒ္ဓရဲ့အယူအဆမဟုတ်ပါဘူး...
အဲဒီ သေပြီး ရုပ်နာမ် ပြတ်စဲခြင်းအယူအဆဟာ မိစ္ဆာဒိဌိအယူအဆတစ်ခုဖြစ်ပါတယ်....
ပို့စ်ပိုင်ရှင် မူရင်းလေ့လာထားတဲ့စာအုပ်ထဲမှာ အဲဒီလိုရေးသားထားတယ်ဆိုရင် ပို့စ်ပိုင်ရှင်အနေနဲ့ အဲဒီစာအုပ်ကို ညွှန်ပြစေချင်ပါတယ်...
ဆင်ခြင်ကြပါကုန်....
ချိုသဲ
5.Re: မရှင်းလိုပါ
Jun 15, 2009 4:58 PM
chothe` wrote: shinnaywon wrote:

ကိုချိုသဲရေ
ထပ်ရှင်းပါဦး
ကျွန်တော်ဥာဉ် မမီဘူးလားမသိဘူး
လုံးဝနားမလည်တာပါ
ဝိဥာဉ် ရှင်းတာကိုနားမလည်တာပါ
ဝိဥာဉ် ဆိုတာ နာမ်မဟုတ်ဘူးလား
ဒါဆိုဘာလဲ
6.အခြားဘာသာများနှင့်ဗုဒ္ဓဘာသာကြားအဓိကကွာခြားချက်များ
Jun 15, 2009 5:52 PM
1. There is no almighty God in Buddhism. There is no one to hand out rewards or punishments on a supposedly Judgement Day.
2. Buddhism is strictly not a religion in the context of being a faith and worship owing allegiance to a supernatural being.
3. No saviour concept in Buddhism. A Buddha is not a saviour who saves others by his personal salvation. Although a Buddhist seeks refuge in the Buddha as his incomparable guide who indicates the path of purity, he makes no servile surrender. A Buddhist does not think that he can gain purity merely by seeking refuge in the Buddha or by mere faith in Him. It is not within the power of a Buddha to wash away the impurities of others
4. A Buddha is not an incarnation of a god/God (as claimed by some Hindu followers). The relationship between a Buddha and his disciples and followers is that of a teacher and student.
5. The liberation of self is the responsibility of one's own self. Buddhism does not call for an unquestionable blind faith by all Buddhist followers. It places heavy emphasis on self-reliance, self discipline and individual striving.
6. Taking refuge in The Triple Gems i.e. the Buddha, the Dharma and the Sangha; does not mean self-surrender or total reliance on an external force or third party for help or salvation.
7. Dharma (the teachings in Buddhism) exists regardless whether there is a Buddha. Sakyamuni Buddha (as the historical Buddha) discovered and shared the teachings/ universal truths with all sentient beings. He is neither the creator of such teachings nor the prophet of an almighty God to transmit such teachings to others.
8. Especially emphasized in Mahayana Buddhism, all sentient beings have Buddha Nature/ Essence. One can become a Buddha (a supreme enlightened being) in due course if one practises diligently and attains purity of mind (ie absolutely no delusions or afflictions).
9. In Buddhism, the ultimate objective of followers/practitioners is enlightenment and/or liberation from Samsara; rather than to go to a Heaven (or a deva realm in the context of Buddhist cosmology).
10. Karma and Karma Force are cornerstones in Buddhist doctrines. They are expounded very thoroughly in Buddhism. Karma refers to an important metaphysical concept concerned with action and its consequences. This law of karma explains the problem of sufferings, the mystery of the so-called fate and predestination of some religions, and above all the apparent inequality of mankind.
11. Rebirth is another key doctrine in Buddhism and it goes hand in hand with karma. There is a subtle difference between rebirth and reincarnation as expounded in Hinduism. Buddhism rejects the theory of a transmigrating permanent soul, whether created by a god or emanating from a divine essence.
12. Maitri or Metta in Pali (Loving Kindness) and Karuna (Compassion) to all living beings including animals. Buddhism strictly forbids animal sacrifice for whatever reason. Vegetarianism is recommended but not compulsory.
13. The importance of Non-attachment. Buddhism goes beyond doing good and being good. One must not be attached to good deeds or the idea of doing good; otherwise it is just another form of craving.
14. In Buddhism, there is consideration for all sentient beings (versus human beings, as in other religions). Buddhists acknowledge/accept the existence of animals and beings in other realms in Samsara.
15. No holy war concept in Buddhism. Killing is breaking a key moral precept in Buddhism. One is strictly forbidden to kill another person in the name of religion, a religious leader or whatsoever religious pretext or worldly excuse.
16. Suffering is another cornerstone in Buddhism. It is the first of the Four Noble Truths. Sufferings are very well analysed and explained in Buddhism.
17. The idea of sin or original sin has no place in Buddhism. Also, sin should not be equated to suffering.
18. Buddhist teachings expound no beginning and no end to one's existence or life. There is virtually no recognition of a first cause — e.g. how does human existence first come about?
19. The Dharma provides a very detailed explanation of the doctrine of anatman {anatta in Pali} or soullessness , i.e. there is no soul entity (whether in one life of many lives).
20. The Buddha is omniscient but he is not omnipotent. He is capable of innumerable feats but there are three things he cannot do. Also, a Buddha does not claim to be a creator of lives or the Universe.
21. Prajna [Panna in Pali] or Transcendent Wisdom occupies a paramount position in Buddhist teachings. Sakyamuni Buddha expounded Prajna concepts for some 20 years of his ministry. One is taught to balance compassion with prajna i.e.emotion (faith) with rationale (right understanding / truth / logic).
22. The tradition and practice of meditation in Buddhism are relatively important and strong. While all religions teach some forms or variations of stabilising/single-pointedness meditation, only Buddhism emphazises Vipassana (Insight) meditation as a powerful tool to assist one in seeking liberation/enlightenment.
23. The doctrine of Sunyata or Emptiness is unique to Buddhism and its many aspects are well expounded in advanced Buddhist teachings. Briefly, this doctrine asserts the transcendental nature of Ultimate Reality. It declares the phenomenal world to be void of all limitations of particularization and that all concepts of dualism are abolished.
24. Conditioned Arising [Paticcasamuppada in Pali] or Dependent Origination is another key doctrine in Buddhism. This doctrine explains that all psychological and physical phenomena constituting individual existence are interdependent and mutually condition each other; this at the same time describes what entangles sentient beings in samsara.
25. The concept of Hell(s) in Buddhism is very different from that of other religions. It is not a place for eternal damnation as viewed by 'almighty creator' religions. In Buddhism, it is just one of the six realms in Samsara [i.e. the worst of three undesirable realms]. Also, there are virtually unlimited number of hells in the Buddhist cosmology as there are infinite number of Buddha worlds.
26. The Buddhist cosmology (or universe) is distinctly different from that of other religions which usually recognise only this solar system (Earth) as the centre of the Universe and the only planet with living beings. The Buddhist viewpoint of a Buddha world (also known as Three Thousand-Fold World System) is that of one billion solar systems. Besides, the Mahayana Buddhist doctrines expound that there are other contemporary Buddha worlds like Amitabha's Pure Land and Bhaisajyaguru's world system.
27. Samsara is a fundamental concept in Buddhism and it is simply the 'perpetual cycles of existence' or endless rounds of rebirth among the six realms of existence. This cyclical rebirth pattern will only end when a sentient being attains Nirvana, i.e. virtual exhaustion of karma, habitual traces, defilements and delusions. All other religions preach one heaven, one earth and one hell, but this perspective is very limited compared with Buddhist samsara where heaven is just one of the six realms of existence and it has 28 levels/planes.
[ Compiled by Tan Swee Eng]
Source: http://www.buddhanet.net/e-learning/snapshot01.htm
7.ရှင်နေ၀န်းသို့ ခန္ဓာငါးပါး
Jun 15, 2009 8:21 PM
ဝိညာဉ်အကြောင်းကို မပြောခင် ပထမဦးဆုံး မြတ်ဗုဒ္ဓရဲ့ သတ္တ၀ါတွေရဲ့ ရှင်သန်မှု ၊ ဖြစ်တည်မှုကို ဘယ်လို ခွဲခြား ရေတွက်သလဲဆိုတာ သိဖို့ လိုအပ်တယ်လို့ထင်ပါတယ်..အဲဒါမှ.. ၀ိဥာဏ်/နာမ်တရားအကြောင်းကို သဘောပေါက်လွယ်မယ်လို့ ကျနော်ယူဆပါတယ်..
အဲဒါတွေကတော့
(၁) ရုပ်ခန္ဓာ - ရုပ်အစု - ရူပက္ခန္ဓာ (Matter)
(၂)ခံစားမှုခန္ဓာ- ခံစားမှုအစု - ဝေဒနက္ခန္ဓာ (Feeling)
(၃)မှတ်သားမှုခန္ဓာ- မှတ်သားမှုအစု-သညက္ခန္ဓာ (Perception)
(၄)ပြုပြင်စီရင်မှုခန္ဓာ-ပြုပြင်စီရင်မှုအစု-သင်္ခါရက္ခန္ဓာ (Mental Formation)
(၅)သိမှုခန္ဓာ-သိမှုအစု-၀ိညာဏက္ခန္ဓာ (Consciousness)
ဆိုပြီးဖြစ်ပါတယ်.. အဲဒီအထဲကမှ နံပါတ် (၁)ဖြစ်တဲ့ ရူပက္ခန္ဓာကို ရုပ်လို့သတ်မှတ်ပြီး ကျန်တဲ့ (၂) ကနေ (၅) အထိကို နာမ် (၀ိညာဉ်)ခန္ဓာ လို့ သတ်မှတ်ရေတွက်ပါတယ်. အဲဒီလေးမျိုးဟာ ငါ့ညီပြောတဲ့ ၀ိညဉ်ပဲဖြစ်ပါလိမ့်မယ်..
ဘယ်လိုပဲပြောပြော သက်ရှိတွေမှာ အဲဒီ ခန္ဓာငါးခုက ဖွဲ့စည်းပါဝင်လာပါတယ်.
အဲဒီခန္ဓာငါးပါးစလုံးမှာ ဘယ်ခန္ဓာကတော့ မြဲတယ်။ ဘယ်ခန္ဓာကဖြင့် မမြဲဘူးလို့မရှိပါဘူး..အားလုံးသင်္ခါရပါပဲ။
တည်မြဲခြင်းဆိုတဲ့သဘောဟာ နဂိုအတိုင်းမပျက်မယွင်းရှိနေတယ်ဆိုတဲ့သဘောပါပဲ။ မတည်မြဲတာကတော့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အကုန်လုံးပျက်ယွင်းတဲ့သဘောပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘ၀ကူးပုံ
အဲဒါကို ဖယောင်းတိုင်မီးဥပမာနဲ့ ရှင်းပါဦးမယ်..
ဖယောင်းတိုင်တစ်တိုင်မှာ မီးတောက်နေတယ်.. အဲဒါကို နောက်တစ်တိုင်နဲ့ မီးညှိလိုက်တဲ့အခါ..
နောက်တစ်တိုင်မှာလဲ ပထမတိုင်လိုပဲ မီးတောက်လောင်လာပါမယ်..
အဲဒီဒုတိယဖယောင်းတိုင်ရဲ့ (မီးတောက်ဟာ ပထမတောက်လောင်နေတဲ့ မီးတောက်လည်းမဟုတ်ပါဘူး..
သူ့ဟာသူ ဖြစ်လာတဲ့ မီးတောက်လဲမဟုတ်ပြန်ပါဘူး)(ပထမ မီးတောက်ရဲ့ ပရောဂ မကင်းသလို..
ဒုတိယအသစ်ဖြစ်ခြင်းသဘောလဲ မကင်းပြန်ပါဘူး) အဲဒီသဘောပါပဲ.. သတ္တ၀ါတစ်ယောက်ရဲ့
သေးဆုံးခြင်းဖြစ်ပြီးတာနဲ့တစ်ပြိုင်နက် နောက်ဘ၀တစ်ခုကို ချက်ချင်းပဲကူးပြောင်းပါတယ်။ ခုနှစ်ရက်ဝိညာဉ်အဖြစ်နေရတယ် ဆိုတာ အယူသီးမှုပါ (ဗုဒ္ဓတရားတော်မဟုတ်ပါဘူး)
အဲဒီဘ၀သစ်ဟာ ပထမဘ၀ရဲ့ ပယောဂဖြစ်တဲ့ (ကောင်းမှု/မကောင်းမှု) တွေ ရဲ့ အကျိုးသက်ရောက်မှုပါဝင်နေသလို..
လက်ရှိဘ၀ရဲ့ ကောင်းမှု/မကောင်းမှု စိတ်နေစိတ်ထား တွေလည်း ပါဝင်နေပါတယ်.. အဲဒါက၀ိညဉ်ရဲ့သဘောတရားပါ
xxxxxxxxxxxxxxxxxxxxxxxxxxxxx
နောက်တစ်ခုက ပြိတာ၊ အသုရကာယ်၊ ငရဲ စတာတွေဟာ လူ့ဘုံလိုပဲ အခြားဘုံဘ၀တစ်ခုပဲဖြစ်ပါတယ်..။
မတူတဲ့အချက်များနဲ့ ဘုံဘ၀တွေပါ၊ နာမ်တွေ တစ်နည်း ၀ိညာဉ်တွေမဟုတ်ပါဘူး။။
မတူတဲ့သဘောတရားကို ရှင်းပါဦးမယ်..
ဥပမာ.
ကျနော်တို့ရဲ့ မျက်စေ့ (အမြင်အာရုံ) ဟာ အလျား၊ အနံ၊ အမြင့် 3-Dimension သုံးခု ရှိတဲ့ ဒြပ်ထုတွေကိုသာမြင်နိုင်ပါတယ်..
ဒီလောကမှာ မြင်နေရတဲ့အရာတွေအားလုံးဟာ ဒြပ်ထုတွေချည်းပဲဖြစ်ပါတယ်..
တကယ်လို့ အရာဝတ္တုတစ်ခုဟာ အလျားရယ်၊ အနံရယ်ပဲရှိပြီး၊ အမြင့်မရှိတော့ဘူးဆိုပါစို့..
ဒါဆို ကျနော်တို့ မမြင်နိုင်တော့ပါဘူး၊ နောက် Dimension ၃-၄ ခုမက ပါဝင်နေတဲ့ သတ္တ၀ါတွေ၊
နောက်တစ်ခုက ကျနော်တို့လို Matter တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားခြင်းမရှိတဲ့ သတ္တ၀ါတွေ၊
အဲဒါတွေကို ကျနော်တို့ အမြင်အာရုံဟာ မြင်နိုင်မှာမဟုတ်ပါဘူး..။ ကျနော်ပြောချင်တာကတော့..
သဘောသဘာဝခြင်းမတူတဲ့ သတ္တ၀ါတွေဟာ မမြင်နိုင်ပေမဲ့ ရှိနေပါတယ်။ မမြင်နိုင်ခြင်းဖြစ်တာနဲ့
နာမ်သဘော၊ ၀ိညာဉ်သဘောလို့ ရှုပ်ထွေးတတ်ပါတယ်။
ကျေးဇူး
ငပျင်း
8.Re: မရှင်းလိုပါ
Jun 15, 2009 8:53 PM
shinnaywon wrote: chothe` wrote: shinnaywon wrote:
---ဗုဒ္ဓဘာသာ ဘုရားတပါးတည်းသာ အမြဲတည်မြဲရှိနေသော အတ္တကောင် (တချို့က ဝိဥာဉ် ဟုခေါ်သည်) မရှိဟုဟောပြောခဲ့သည်
ဒါကိုနားမလည်ဘူး
အမြဲ တည်ရှိနေသောအတ ကောင် မရှိ ဆိုတာ ဘာလဲ
သဘောက
ဝိဥာဉ် ကို အမြဲတည်ရှိတာလို့ပြောတာလား
မရှိဘူးလို့ ပြောတာလား
နားမလည်ဘူး
ကျွန်တော်ပဲ လိုက်မမှီတာလား
ရှင်းပြပေးပါ
ဒီလိုပါ ရှင်နေ၀န်းရေ.... အစ်ကိုနိုင်သလောက်ရှင်းပြမယ်နော်... သေသေချာချာသာ ဥာဏ်နဲ့ ဆင်ခြင်ပေတော့...
ဂစ်တာကိုတီးရင် အသံမြည်ပါတယ်... ဒါပေမယ့် အဲဒီအသံဟာ ဂစ်တာထဲမှာ ကြိုရှိမနေသလို
ဂစ်တာကြိုးထဲမှာလဲရှိမနေပါဘူး...ဒီလိုဘဲ အပြင်ဘက်မှာလဲ ရှိမနေပါဘူး...ဘယ်မှာမှ ရှိမနေပါဘူး... ဂစ်တာကြိုးကို
လက်နဲ့ထိခြင်းဆိုတဲ့ အကြောင်းတရားက ပေါ်ထွက်လာတဲ့ အကျိုးတရား (အဖြစ်တရား) သက်သက်ပါ... ဒါဟာ တကယ့်အရှိတရားမဟုတ်တာကို ပြောလိုတာပါ.... ဒါကဥပမာပါ...
ဥပမေယျအားဖြင့်တော့ ဂစ်တာက ခန္ဓာကိုယ်ကြီး၊ ဂစ်တာကြိုးက ဒွါရခြောက်ပါး (မျက်စေ့၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်)၊ ဂစ်တာကြိုးကို တီးတဲ့လက်က အာရုံခြောက်ပါး (အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ ဓမ္မာရုံ)၊ အဲဒီ၂ ခုပေါင်းလို့ ပေါ်လာတဲ့အသံက စိတ်ခြောက်ပါး (မြင်သိ၊ ကြားသိ၊ နံသိ၊ စားသိ၊ ထိသိ၊ တွေးသိ) ... ဂစ်တာသံက ပေါ်ပြီး ပျောက်သွားသလိုမျိုး အဲဒီဖြစ်လာတဲ့ စိတ်ကလဲ ပေါ်ပြီးပျောက်သွားတယ်... ဒါပေမယ့် အဆက်မပြတ်တိုက်နေတော့ အဆက်မပြတ်ပေါ်နေတယ်လေ... အဲဒါကိုဘဲ ငါလို့ထင်တယ်၊ ၀ိညာဉ်လို့ထင်တယ်... ဒါကိုပြောတာ...တကယ်က တီးပြီးတော့ ပျော က်သွားတဲ့ ဂစ်တာသံလိုဘဲ...
နားမလည်သေးရင် အပေါ်က အနီချယ်စာသားတွေကို ခဏခဏ ဖတ်ပါ... သေသေချာချာ စေ့စေ့စပ်စပ် ဆင်ခြင်ပါ..... ဒါဟာ ဗုဒ္ဓဟောကြားခဲ့တဲ့ ရုပ်နာမ်ဓမ္မသဘောတွေနဲ့ အနတ္တသဘောကို ညီလေးနားလည်လွယ်အောင် အကျဉ်းရှင်းရတာပါ..လိုအပ်တာလဲ ရှိမပေါ့... သိချင်စိတ်ရှိနေတာကိုက သိနိုင်တဲ့အကြောင်းတစ်ခုပါ... လေ့လာပါ...
ချိုသဲ
ကိုချိုသဲရေ
ထပ်ရှင်းပါဦး
ကျွန်တော်ဥာဉ် မမီဘူးလားမသိဘူး
လုံးဝနားမလည်တာပါ
ဝိဥာဉ် ရှင်းတာကိုနားမလည်တာပါ
ဝိဥာဉ် ဆိုတာ နာမ်မဟုတ်ဘူးလား
ဒါဆိုဘာလဲ
နားမလည်တဲ့ အထဲမှာ ကျွန်တော်လဲ ပါတယ်။ ၀ိဥာဉ်ဆိုတာကို သဘော မပေါက်ဘူး။ သံသရာလည်တာဆို ပိုဆိုး။ ဘယ်အရာက လည်နေတာလဲ။ သံသရာလည်တာနဲ့ reincarnation နဲ့ကော တူသလား။ မေးပြန်ရင်လဲ ကိုချိုသဲတို့ Vampire တို့က ကလော်တုတ်နေတာနဲ့ ပဲ အဖြေကို မရောက်တော့ဘူး။
9.Re: မရှင်းလိုပါ
Jun 16, 2009 10:12 AM

ဝိဥာဉ်နဲ့ ၀ိညာဉ် ရောနေတာပါ။ ၀ိဥာဉ်ဆိုဆိုတာ အခြားဘာသာတွေနဲ့ ဒိဌိမကင်းသေးတဲ့ ဗုဒ္ဓဘာသာတွေ သုံးနေတဲ့စကားပါ။ လူသေပြီးတဲ့နောက် အတ္တ ၀ိဥာဉ် လိပ်ပြာကောင်လေးကမသေပဲ လွင့်မြော
နေတယ်ဆိုတယ် အယူအဆပါ။ သူတို့ခေါ်နေတဲ့ဝိဥာဉ်ဆိုတာ သေပြီးနောက်ကောင်းရာသုဂတိမရောက်ပဲ တစ္ဆေ သရဲ ပြိတ္တာ ဘ၀ရောက်သွားတဲ့သူတွေပါ။ သေတဲ့သူတိုင်းအဲလိုဖြစ်တာမဟုတ်ပါဘူး။
ငရဲကိုတန်းရောက်သွားတာဖြစ်နိုင်သလို နတ်ပြည်ကိုလဲရောက်သွားနိုင်ပါတယ်။ တိရိစ္ဆာန်လဲတန်းဖြစ်နိုင်ပါတယ်။ လူလဲဖြစ်နိုင်ပါ တယ်။
ဘုရားဟောတဲ့ ၀ိညာဉ် ဆိုတာက စိတ်ကိုပြောတာပါ။ စက္ခု ၀ိညာဉ်=မြင်စိတ်၊ သောတ၀ိညာဉ်= ကြားစိတ် စသဖြင့်ပါ။နားလည်မယ်ထင်ပါတယ်။
10.၀ိညာဉ်...
Jun 16, 2009 10:12 AM
သက်ရှိ သတ၀ါတွေထဲ တိ၇ိစာန်တွေမှာ ကိုးကွယ်မှုဆိုတာမတွေ့ရပေမည့် ကဘာဦမှ လူသားအဆက်ဆက်တိုင်းက ကိုးကွယ်ရာ ကိုရှာပြီး ကိုးကွယ်တတ်ကြတယ်... ဘုရားမဲ့များပင် မိမိကိုယ်ကို ကိုးကွယ်တတ်ကြတယ်...
အဲဒီ ကိုးကွယ် လိုစိတ် လူ့အထဲကို ဘယ်လိုရောက်လာတာလဲ................
တိရစာန်တွေက သရဲတဆေကို မကြောက်ကြပေမည့်... လူက ဘာ့ကြောင့် ကြောက်ရတာလဲ..
ဝိညာဉ်မ၇ှိဟုဆိုပေမည့် ယခု လုံခြုံရေးတီဗွီတွင် ၀ိညာဉ်များတို့ကို အမှတ်မထင် ရှင်းလင်းစွာ မြင်တွေ့ရကြောင်း ကဘာက သိနေကြပြီ...
ဘယ်လိုမြင်ပါသလဲ...
11.Re: မရှင်းလိုပါ
Jun 16, 2009 10:31 AM
lynconqueror wrote:
နားမလည်တဲ့ အထဲမှာ ကျွန်တော်လဲ ပါတယ်။ ၀ိဥာဉ်ဆိုတာကို သဘော မပေါက်ဘူး။ သံသရာလည်တာဆို ပိုဆိုး။ ဘယ်အရာက လည်နေတာလဲ။ သံသရာလည်တာနဲ့ reincarnation နဲ့ကော တူသလား။ မေးပြန်ရင်လဲ ကိုချိုသဲတို့ Vampire တို့က ကလော်တုတ်နေတာနဲ့ ပဲ အဖြေကို မရောက်တော့ဘူး။
ဝိဥာဉ်နဲ့ ၀ိညာဉ် ရောနေတာပါ။ ၀ိဥာဉ်ဆိုဆိုတာ အခြားဘာသာတွေနဲ့ ဒိဌိမကင်းသေးတဲ့ ဗုဒ္ဓဘာသာတွေ သုံးနေတဲ့စကားပါ။ လူသေပြီးတဲ့နောက် အတ္တ ၀ိဥာဉ် လိပ်ပြာကောင်လေးကမသေပဲ လွင့်မြော
နေတယ်ဆိုတယ် အယူအဆပါ။ သူတို့ခေါ်နေတဲ့ဝိဥာဉ်ဆိုတာ သေပြီးနောက်ကောင်းရာသုဂတိမရောက်ပဲ တစ္ဆေ သရဲ ပြိတ္တာ ဘ၀ရောက်သွားတဲ့သူတွေပါ။ သေတဲ့သူတိုင်းအဲလိုဖြစ်တာမဟုတ်ပါဘူး။
ငရဲကိုတန်းရောက်သွားတာဖြစ်နိုင်သလို နတ်ပြည်ကိုလဲရောက်သွားနိုင်ပါတယ်။ တိရိစ္ဆာန်လဲတန်းဖြစ်နိုင်ပါတယ်။ လူလဲဖြစ်နိုင်ပါ တယ်။
ဘုရားဟောတဲ့ ၀ိညာဉ် ဆိုတာက စိတ်ကိုပြောတာပါ။ စက္ခု ၀ိညာဉ်=မြင်စိတ်၊ သောတ၀ိညာဉ်= ကြားစိတ် စသဖြင့်ပါ။နားလည်မယ်ထင်ပါတယ်။
အသံထွက်လဲကွာပါသေးတယ် ၀ိဥာဉ်= ၀ိညင် လို့ အသံထွက်ပြီးတော့ ၀ိညာဉ် =၀ိန်ညင် လို့အသံထွက်ပါတယ်။
သံသရာလည်တယ်ဆိုတာကတော့ ရရှိလာတဲ့ ခန္ဓာငါးပါးအပေါ်မှာ တပ်မက်တယ် စွဲလန်းတယ် အဲဒါကြောင့် ကံအသစ်တွေထပ်လုပ်တယ် ထပ်လုပ်တော့ ခန္ဓာထပ်ရတယ်။အဲလိုအလွယ်မှတ်နိုင်ပါတယ်။ reincartionation ကို သံသရာလို့ အလွယ်ခေါ်ပေမယ့် Dictionary ထဲမှာအဓိပ္ပာယ်ဖွင့်ထားတာက Rebirth of the soul in another body. လို့ဆိုထားတဲ့အတွက် အတ္တ ၀ိဥာဉ် လိပ်ပြာဆိုတဲ့ သဿတဒိဌိကြီးဖြစ်နေပါတယ်။
12.Re: ၀ိညာဉ်...
Jun 16, 2009 10:44 AM
ဝိညာဉ်မ၇ှိဟုဆိုပေမည့် ယခု လုံခြုံရေးတီဗွီတွင် ၀ိညာဉ်များတို့ကို အမှတ်မထင် ရှင်းလင်းစွာ မြင်တွေ့ရကြောင်း ကဘာက သိနေကြပြီ...
ဘယ်လိုမြင်ပါသလဲ...
အဲဒါဘာဆန်းလဲကွယ် ရှေ့မှာပြောထားပြီးသားပဲ သရဲ တစ္ဆေပြိတ္တာ ဘုံသားတွေပါလို့။
13.buddhisn
Jun 16, 2009 11:34 AM
တရားစခန်းတွင်လေ.လာစေလိုပါသည်။
14.Re: မရှင်းလိုပါ
Jun 16, 2009 11:42 AM
နားမလည်တဲ့ အထဲမှာ ကျွန်တော်လဲ ပါတယ်။ ၀ိဥာဉ်ဆိုတာကို သဘော မပေါက်ဘူး။ သံသရာလည်တာဆို ပိုဆိုး။ ဘယ်အရာက လည်နေတာလဲ။ သံသရာလည်တာနဲ့ reincarnation နဲ့ကော တူသလား။ မေးပြန်ရင်လဲ ကိုချိုသဲတို့ Vampire တို့က ကလော်တုတ်နေတာနဲ့ ပဲ အဖြေကို မရောက်တော့ဘူး။
ဒီလိုဗျ... ကျွန်တော်တို့က စကားလုံးတွေနဲ့ လုံးထွေးနေလို့ပါ...
ဒီလိုပြောကြည့်မယ်ဗျာ...
နာမ် = ၀ိညာဏ် = သိမှု = စိတ် လို့ နားလည်လို့ရပါတယ်....
(၀ိဥာဉ်မဟုတ်ပါ။ ထိုဝိဥာဉ်ဆိုသောအသုံးမှာ ခန္ဓာကိုယ်ထဲမှာ သိမှုကိုလုပ်ပေးနေသော အတ္တရှိသော အသက်လိပ်ပြာကောင်လို့ အတ္တအယူရှိသူများ ခေါ်ဝေါ်သုံးစွဲသောအမည်ဖြစ်ပါတယ် ၊ ခရစ်ယာန်ကတော့ အဲဒီဟာကို ဖန်ဆင်းရှင်က ဖန်ဆင်းတယ်လို့ ပြေကြပါတယ်... ဗုဒ္ဓဘာသာအရကတော့ ဒါဟာ အကြောင်းတရားတွေဆုံးလို့ဖြစ်လာတဲ့ သိမှုသဘော (၀ိညာဏ်)ဆိုတာထက် မပိုပါဘူး.. အခေါ်ဝေါ်ချင်းလဲ မတူသလို အဓိပါယ်ချင်းလဲ မတူပါဘူး...)
ဓါတုဝိဘင်္ဂထဲမှာပါတဲ့ ပဋိစ္စသမုပါဒ်ဝိဘင်္ဂထဲမှာတော့ ၀ိညာဏ်ကို သိမှု လို့ဖွင့်ပါတယ်...
စက္ကုဝိညာဏ် = စက္ကု + ၀ိညာဏ် = မြင် + သိမှု (စိတ်) = မြင်သိစိတ်
သောတ၀ိညာဏ် = သောတ + ၀ိညာဏ် = ကြား + သိမှု(စိတ်) = ကြားသိစိတ်
စသည်ဖြင့်ပေါ့ဗျာ.....
သံသရာလည်တယ်ဆိုတဲ့သဘောကတော့ ရုပ်နာမ် ဖြစ်စဉ်ထဲက မထွက်နိုင်တာကိုပြောတာပါ... ရုပ်နာမ်တွေကြောင့် ရုပ်နာမ်တွေပြန်ရပြီးနေရတာကို သံသရာလည်တယ်လို့ခေါ်လိုခြင်းဖြစ်ပါတယ်...
ရီအင်ကာနေရှင်း နဲ့ပါတ်သက်လို့ကတော့ အပေါ်မှာ PKZ ရှင်းပြထားပြီးလို့ထင်ပါတယ်...
ချိုသဲ
15.Re: မရှင်းလိုပါ
Jun 16, 2009 4:41 PM
ရီအင်ကာနေရှင်း နဲ့ပါတ်သက်လို့ကတော့ အပေါ်မှာ PKZ ရှင်းပြထားပြီးလို့ထင်ပါတယ်...
ချိုသဲ
ကိုချိုသဲခင်ဗျာ..
ကို PKZ ရှင်းပြထားတဲ့ ရီအင်ကာနေးရှင်းပါတဲ့ တော့ပစ်အမည်ကို ပြောပြပါခင်ဗျား..
ကျနော်ဖတ်ကြည့်ချင်လို့ပါ..
ငပျင်း
16.Re: မြ၀တီ သို့...
Jun 16, 2009 7:50 PM
chothe` wrote:
အပေါ်က မြ၀တီ တင်သွားတဲ့ ပို့စ်ထဲမှာ -
သတ္တဝါများသည် ရုပ်နှင့် နာမ် သာရှိပြီး သေသည်နှင့် နှစ်မျိုးလုံး ချုပ်ငြိမ်းသွားသည်ဟု ဗုဒ္ဓဘုရား က အတိအလင်း ဟောကြားခဲ့သည်။
လို့ရေးသားသွားပါတယ်.... ဒါဟာ အလွန်တရာ မှားယွင်းတဲ့အယူအဆတစ်ခုပါ...ဗုဒ္ဓရဲ့အယူအဆမဟုတ်ပါဘူး...
အဲဒီ သေပြီး ရုပ်နာမ် ပြတ်စဲခြင်းအယူအဆဟာ မိစ္ဆာဒိဌိအယူအဆတစ်ခုဖြစ်ပါတယ်....
ပို့စ်ပိုင်ရှင် မူရင်းလေ့လာထားတဲ့စာအုပ်ထဲမှာ အဲဒီလိုရေးသားထားတယ်ဆိုရင် ပို့စ်ပိုင်ရှင်အနေနဲ့ အဲဒီစာအုပ်ကို ညွှန်ပြစေချင်ပါတယ်...
ဆင်ခြင်ကြပါကုန်....
ချိုသဲ
ကိုချိုသဲ
ကျေးဇူးပါဘဲ။ မြဝတီ အဓိပ္ပါယ်ပေါ်အောင် မရေးတတ်လို့ထင်တယ်။ တမျိုးတွေးစရာဖြစ်သွားတယ်။ ဆိုလိုချင်ဒါက တခြားဘာသာတွေလို ခန္ဓာသေပြီး ဝိဥာဉ် ကမသေဘဲ မြဲနေဒါ မဟုတ်ဘူးလို့ပြောချင်ဒါပါ။
တကယ်တော့ ဗုဒ္ဓရဲ့အယူအဆအရ ရုပ်နဲံ့ နာမ် ဟာ စက္ကန့်နဲ့အမျှ ဖြစ်လိုက် ချုပ်ပျက်သွားလိုက်မဟုတ်လား။ နောက်ဘဝကူးဒါကလည်း ရုပ်နဲံ့ နာမ် အသစ်ဖြစ်တာ။ တဆက်တစပ်ထဲ ဆက်တိုက် ဖြစ်နေလို့ ငါဘဲ။ မြဲနေတယ် လို့ထင်ကြတာမဟုတ်လား။
မြဝတီ
17.Re: မရှင်းလိုပါ
Jun 16, 2009 8:15 PM
chothe`
ဒီလိုဗျ... ကျွန်တော်တို့က စကားလုံးတွေနဲ့ လုံးထွေးနေလို့ပါ...
ဒီလိုပြောကြည့်မယ်ဗျာ...
နာမ် = ၀ိညာဏ် = သိမှု = စိတ် လို့ နားလည်လို့ရပါတယ်....
(၀ိဥာဉ်မဟုတ်ပါ။ ထိုဝိဥာဉ်ဆိုသောအသုံးမှာ ခန္ဓာကိုယ်ထဲမှာ သိမှုကိုလုပ်ပေးနေသော အတ္တရှိသော အသက်လိပ်ပြာကောင်လို့ အတ္တအယူရှိသူများ ခေါ်ဝေါ်သုံးစွဲသောအမည်ဖြစ်ပါတယ် ၊ ခရစ်ယာန်ကတော့ အဲဒီဟာကို ဖန်ဆင်းရှင်က ဖန်ဆင်းတယ်လို့ ပြေကြပါတယ်... ဗုဒ္ဓဘာသာအရကတော့ ဒါဟာ အကြောင်းတရားတွေဆုံးလို့ဖြစ်လာတဲ့ သိမှုသဘော (၀ိညာဏ်)ဆိုတာထက် မပိုပါဘူး.. အခေါ်ဝေါ်ချင်းလဲ မတူသလို အဓိပါယ်ချင်းလဲ မတူပါဘူး...)
ဓါတုဝိဘင်္ဂထဲမှာပါတဲ့ ပဋိစ္စသမုပါဒ်ဝိဘင်္ဂထဲမှာတော့ ၀ိညာဏ်ကို သိမှု လို့ဖွင့်ပါတယ်...
စက္ကုဝိညာဏ် = စက္ကု + ၀ိညာဏ် = မြင် + သိမှု (စိတ်) = မြင်သိစိတ်
သောတ၀ိညာဏ် = သောတ + ၀ိညာဏ် = ကြား + သိမှု(စိတ်) = ကြားသိစိတ်
စသည်ဖြင့်ပေါ့ဗျာ.....
သံသရာလည်တယ်ဆိုတဲ့သဘောကတော့ ရုပ်နာမ် ဖြစ်စဉ်ထဲက မထွက်နိုင်တာကိုပြောတာပါ... ရုပ်နာမ်တွေကြောင့် ရုပ်နာမ်တွေပြန်ရပြီးနေရတာကို သံသရာလည်တယ်လို့ခေါ်လိုခြင်းဖြစ်ပါတယ်...
ရီအင်ကာနေရှင်း နဲ့ပါတ်သက်လို့ကတော့ အပေါ်မှာ PKZ ရှင်းပြထားပြီးလို့ထင်ပါတယ်...
ချိုသဲ
ဝိညာဏ် ဆိုတာ သိစိတ် (မြင်သိစိတ် ကြားသိစိတ်) ဆိုရင်၊ အကြောင်းတရားတွေဆုံးလို့ ဖြစ်လာတဲ့ သိမှုသဘော ဆိုရင်၊ ၀ိညာဏ်ဆိုတာ သတ္တ၀ါတွေရဲ့ Nerve System က လုပ်ပေးနေတဲ့ function တွေပဲပေါ့။ ဒါဆိုရင် depending and co-existing with body ပေါ့။ ဒါဆိုရင် body သေသွားရင် သူလဲပဲ သေသွားမှာပဲ။ ဘာမှ လည်စရာတွေ၊ မကျွတ်စရာတွေ၊ ဟိုရောက်ဒီရောက်တယ် ဆိုတာတွေ ဘယ်ရှိနိုင်ပါ့မလဲ။
ဆိုတော့က သံသရာလည်တယ်ဆိုတာ ဘာက လည်နေတာလဲ။ ရုပ်နာမ်တွေ ပြန်ရနေတယ် ဆိုတာ ဘယ်သူက ဘယ်အရာက ပြန်ရနေတာလဲ။ လက်ခံသူရှိမှ ပြန်ရတယ်လို့ သုံးလို့ရတယ်လို့ သာမာန်အားဖြင့် နားလည်ထားပါတယ်။ ဒီတော့ ဘယ်သူက လက်ခံသူလဲ။ ဘယ်အရာက လက်ခံသူလဲ။
ကျွန်တော် ပါဠိတွေ ဘာတွေ မတတ်ဘူး။ မြန်မာလိုပဲ တတ်တယ်။ ဖြစ်နိုင်ရင် မြန်မာလိုပဲ ရေးကြပါလို့ request လုပ်ချင်ပါတယ်။
18.ဘာသာကြီးလေးခုနှိုင်းယှဉ်ချက်
Jun 16, 2009 8:25 PM
အားလုံးကျေးဇူးတင်ပါသည်။ စိတ်ဝင်စားစွာ ဖတ်ရှု၊ မေးမြန်း၊ ဖြေရှင်းပေးကြလို့ပါ။
အနဲငယ်ဆက်လိုပါသည်။
ဂျူး၊ ခရစ်ယန် နှင့် အစ္စလမ်ဘာသာများသည် အရှေ့အလယ်ပိုင်းတွင် စတင်ပေါ်ပေါက်သည်။ အခြေခံအယူအဆ၊ ဒေသ တူကြသည်။ ဖန်ဆင်းရှင်၊ တရားစီရင်သည့်နေ့၊ ကောင်းကင်ပုံ၊ ငရဲ။ စသဖြင့်။ လူနှင့် တိရစ္ဆာန် ခွဲခြားပုံလည်းတူသည်။ လူကို အထူးဖန်ဆင်းပြီး၊ တိရစ္ဆာန်များကို လူတို့အတွက် စားဖွယ် အဖြစ် ဖန်ဆင်းပေးသည်ဟု ယူဆကြသည်။ ဘဝများစွာမရှိ။ ယခုဘဝပြီးလျှင် ငရဲ သို့မဟုတ် ကောင်းကင်ဘုံသွားရမည်။ ထိုဘုံတွင် ထာဝရနေရမည်။
ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ သည် ဒေသတခုတည်းတွင်ပေါ်ပေါက်ခဲပြီး တချို့ အယူအဆများတူသည်။ ဘဝများစွာကူးပြောင်းခြင်း၊ ပြန်လည်မွေဖွားခြင်း စသဖြင့်။ ဘုံအားဖြင့်လည်း အထက်ဘာသာများထက် များသည်။ လူ့ဘုံ၊ ငရဲဘုံ။ နတ်ဘုံ။ ဗြမ္မာဘုံ အဆင့်ဆင့်။ တချို့က ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ သည် အတူတူဟုပင် ထင်ကြသည်။ မြန်မာပြည်တွင်လည်း ဗုဒ္ဓဘာသာ ဟုပြောကာ၊ ဟိန္ဒူ အယူအဆများကို ရောယှက် ကိုးကွယ် ကျင့်ကြံတတ်ကြသည်။ ဘုရားစာအရှေ့တွင် ဥုံ ခံကာ အာဘောင်အာရင်းသန်သန် ရွတ်ဆိုကြသည်။ ဥုံ မှာ ဟိန္ဒူ ဘုရားလေးပါးကို ပေါင်းဆိုခေါ်ဝေါ ထားခြင်းဖြစ်သည်။ ဘုရားစာအရှေ့တွင် ဥုံ ခံ ရွတ်ဆိုခြင်းသည် မြတ်စွာဘုရားကို အားမနာရာကျသည် ကို မသိကြ။
သို့သော် ထူးဆန်းသည်မှာ အခြေခံအယူအဆကိုကြည့်လျှင် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ သည် လုံးဝမူကွဲနေသည်။ ဟိန္ဒူ၏ ဖန်ဆင်းရှင် ယုံကြည်မှုသည် ဂျူး၊ ခရစ်ယန် နှင့် အစ္စလမ်ဘာသာများသည် နှင့်တူသည်။ ဟိန္ဒူသည်လည်း ကောင်းကင်မှ မမြင်ရသော ဘုရား(ဗြမ္မာ) ကို ကိုးကွယ်သည်။ ဗြမ္မာကြီးကို ဖန်ဆင်းရှင်အဖြစ်ယုံကြည်သည်။
ဗုဒ္ဓဘုရားသည်သာ ကောင်းကင်မှ မမြင်ရသော တစုံတရာ ဖန်ဆင်းရှင်မရှိဟု ကြွေးကြော်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်များက လူသားစင်စစ်ဖြစ်၍ လူအများထင်ရှားစွာ ဖူးမြင်ခဲ့ရသည့် ဗုဒ္ဓဘုရား အား လောကတွင် အမြတ်ဆုံးသော ဆရာတဆူအဖြစ် ရိုသေ မြတ်နှိုးလေးစားကြသည်။
အမှားများပါဘာက ပြင်ဆင်ပေးကြပါ။ ကျေးဇူးတင်ပါသည်။ ဗဟုသုတရရန် တင်ပြခြင်းသာဖြစ်သည်။ အငြင်းပွားရန် မဟုတ်ပါ။
19.Re: မရှင်းလိုပါ
Jun 16, 2009 8:37 PM
lynconqueror wrote:
အသံထွက်လဲကွာပါသေးတယ် ၀ိဥာဉ်= ၀ိညင် လို့ အသံထွက်ပြီးတော့ ၀ိညာဉ် =၀ိန်ညင် လို့အသံထွက်ပါတယ်။
သံသရာလည်တယ်ဆိုတာကတော့ ရရှိလာတဲ့ ခန္ဓာငါးပါးအပေါ်မှာ တပ်မက်တယ် စွဲလန်းတယ် အဲဒါကြောင့် ကံအသစ်တွေထပ်လုပ်တယ် ထပ်လုပ်တော့ ခန္ဓာထပ်ရတယ်။ အဲလိုအလွယ်မှတ်နိုင်ပါတယ်။ reincartionation ကို သံသရာလို့ အလွယ်ခေါ်ပေမယ့် Dictionary ထဲမှာအဓိပ္ပာယ်ဖွင့်ထားတာက Rebirth of the soul in another body. လို့ဆိုထားတဲ့အတွက် အတ္တ ၀ိဥာဉ် လိပ်ပြာဆိုတဲ့ သဿတဒိဌိကြီးဖြစ်နေပါတယ်။
ဘယ်အရာက ခန္ဓာ ထပ်ရတာလဲ။
ဒီထဲမှာ လူတွေ ပြောပြောနေတဲ့ အတ္တဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ (အတ္တ = wanting something?) လိပ်ပြာဆိုတာကရော ဘာကို ပြောချင်တာပါလဲ။ (လိပ်ပြာ = life?) တော်တော်များများ စကားထဲ ထည့်ပြောနေတဲ့ ဟာတွေက သေသေချာချာ စဉ်းစားရင် ဘာကို ပြောချင်မှန်း မသိတော့ဘူး။
20.Re: မရှင်းလိုပါ
Jun 17, 2009 10:14 AM
ဘယ်အရာက ခန္ဓာ ထပ်ရတာလဲ။
ဒီထဲမှာ လူတွေ ပြောပြောနေတဲ့ အတ္တဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ (အတ္တ = wanting something?) လိပ်ပြာဆိုတာကရော ဘာကို ပြောချင်တာပါလဲ။ (လိပ်ပြာ = life?) တော်တော်များများ စကားထဲ ထည့်ပြောနေတဲ့ ဟာတွေက သေသေချာချာ စဉ်းစားရင် ဘာကို ပြောချင်မှန်း မသိတော့ဘူး။
ဘယ်အရာကလို့ပြောလို့မရဘူးလေ။ရတဲ့အရာဆိုတာမရှိဘူး ရတဲ့သဘောပဲရှိတယ် ဆုပ်ကိုင်ပြလို့မရဘူးလေ။ တစ်ခုပြောချင်တာက ဖြေထားတာတွေကိုဖတ်ရင် ဖတ်ရင်းနဲ့မိမိ ခန္ဓာကိုပြန်ကြည့်ပေးပါ ဒါမှ
သဘောပေါက်ပါလိမ့်မယ်။ နို့မို့ဆိုတွေးရင်းရူးသွားပါလိမ့်မယ်။
အတ္တဆိုတာကတော့ မိမိကိုယ်ကိုငါလို့ထင်နေတာ ခိုင်တယ်မြဲတယ် လူကသေသော်လည်းဒီအတ္တအကောင်လေးကမသေပဲ နောက်ခန္ဓာကိုယ်တစ်ခုကိုကူးပြီးရှင်သန်နေတာ စသဖြင့်အယူမှားနေတာတွေ
ကိုခေါ်တာပါ။ နောက်အတ္တဆိုတဲ့ ငါရှိတယ်လို့ယူတယ် အဲတော့ငါကောင်းစားဖို့အတွက် ဆိုရင်ဘာမဆို ကောင်းတာတွေရော မကောင်းတာတွေပါလုပ်တယ်။ ဒါကြောင့်မို့လို့ ဒီအတ္တဆိုတဲ့စကားဟာလူ
လောကထဲမှာ တစ်ကိုယ်ကောင်းဆန်တဲ့လူတွေကို သုံးဖို့အသုံးအနှုန်းတစ်ခုဖြစ်လာတာပါ။
လိပ်ပြာဆိုတာကတော့ လူကသေသော်လည်း မသေပဲတစ်ခြားခန္ဓာကိုယ်ကိုကူးပြီးရှင်သန်တဲ့ ၀ိဥာဉ် အကောင်လေးကိုပဲ မြန်မာတွေခေါ်ဝေါ်နေတဲ့စကားပါ။ ဗုဒ္ဓဘာသာဝင်တွေတော်တော်များများလဲဒီ
စကားကို တွင်တွင်ကျယ်ကျယ်သုံးနေတာတွေ့ရပါတယ်။ဒါဟာ သဿတဒိဌိလို့ခေါ်ပါတယ်။ လူသေပြီးရင် ဘာမှထပ်ဖြစ်စရာမရှိဘူးလို့ မဒွန်း ပြောလိုက်တာကတော့ ဥစ္စေဒဒိဌိ လို့ခေါ်ပါတယ်။
သဿတဒိဌိက သံသရာရှည်စေပါတယ်။ ဥစ္စေဒဒိဌိကတော့ အပါယ်ကျပါတယ်။ သတိထားပါ။ အမှန်သိအောင်ကြိုးစားပါ။လက်တွေ့လုပ်ကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်။
Messages Results 1 - 20 of about 104 for seconds milliseconds. (0.328 seconds)
All forums
Buddhism
Forums jump :
Love & Romance
Music
ChitChat
Movies
Buddhism
Business
Announcement
Help Centre
Knowledge & Education
Computers
Beauty & Fashion
Books
Games
Sports