Guest. It's 02:27 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Books Forums jump :
  
   ကဗျာချစ်သူများအတွက်ဟားစရာများ
mgthetoh
6928

Silver Member
 
22/06/2009
431 posts
 ကဗျာချစ်သူများအတွက်ဟားစရာများ  Jun 22, 2009 10:24 AM
စိန်ခေါ်ခြင်း

ကံကြမ္ဖာရေ...
ထန်းသီးကြွေခိုက်ကျီးနားခိုက်လို့မင်းကဆိုပေမဲ့
ထန်းပင်အောက်ကငါ့အတွက်တော့မသက်သာလှဘူး.... ... ...
မရပ်မနားအားစိုက်ဖျက်တဲ့ကြားကဂိုးပေးလိုက်ရသလိုမို့
ကျသွားတဲ့ငါ့စိတ်ဓာတ်တွေကအဝေစိနဲ့ထိဖို့သုံးလက်မပဲလိုတော့တယ်... ... ....

ကံကြမ္ဖာရေ...
အရှုံးဆိုတာကြီးကိုပဲမင်းကငါ့အတွက်အကြိမ်ကြိမ်ငါ့အတွက်မင်းကပေးနေတော့
လင်းဆွဲလိုဇောက်ထိုးငါနေ လောကကြီးကိုပြောင်ပြန်ငါကြည့်မှ
ငါ့ကိုအရွဲ့တိုက်တယ်လို့မပြောနဲ့...

ဇွန်လှိုင်း
၂၂.၆.၂၀၀၉(တနင်္လာ)

ahlaynat

Standard Member
 
25/06/2009
9 posts
 1.ကဗျာနဲ့ နေထိုင်ချင်ပါတယ်။  Jun 28, 2009 10:09 PM
မနက်ဖြန်လိုအမည်ခံခဲ့ပေမယ်
မနက်ဖြန်တိုင်း ကျရှုံး
ငါ့ဘ၀ကို ကလုံးပါးပါး
ဘာမှမသိတာကောင်းလား
သိတာကောင်းလာ
ကဗျာတစ်ပုဒ်အတွက်
ညတစ်ညလိုလားကွာ
ကာရန်ထက် အနက်ရှိဖို့ပဲထင်တယ်။
ကဗျာကတော့
ငါ့အတွက်
အိပ်မက်ထွက်ပေါက်ပဲ ဖြစ်မယ်ထင်တယ်။
မနက်ဖြန် 28.6.2009Smile
ahlaynat

Standard Member
 
25/06/2009
9 posts
 2.ကဗျာနဲ့ နေထိုင်ချင်ပါတယ်။  Jun 28, 2009 10:10 PM
မနက်ဖြန်လိုအမည်ခံခဲ့ပေမယ်
မနက်ဖြန်တိုင်း ကျရှုံး
ငါ့ဘ၀ကို ကလုံးပါးပါး
ဘာမှမသိတာကောင်းလား
သိတာကောင်းလာ
ကဗျာတစ်ပုဒ်အတွက်
ညတစ်ညလိုလားကွာ
ကာရန်ထက် အနက်ရှိဖို့ပဲထင်တယ်။
ကဗျာကတော့
ငါ့အတွက်
အိပ်မက်ထွက်ပေါက်ပဲ ဖြစ်မယ်ထင်တယ်။
မနက်ဖြန် 28.6.2009Smile
mgthetoh
6928

Silver Member
 
22/06/2009
431 posts
 3.ရေလည်မိုက်တယ်ကွာ..သယ်ရင်း  Jul 04, 2009 12:34 PM
နင်က ကဗျာဝါသနာပါလား..SmileSmile
phyosales
4109

Planet Strong Member
 
21/09/2007
7778 posts
 4....  Jul 04, 2009 2:32 PM
ဆက်ေ၇းကြလေ ..
kokayin
7099

Planet Strong Member
 
16/11/2008
5080 posts
 5......  Jul 04, 2009 9:42 PM
အချစ်သိလား

မောင့်အသွေးအသားတွေ

မင်းအတွက်ပဲဖြစ်စေရမယ်

သို့ဂလိုပဲ

အချစ်သိလား

မောင့်အကြွေးဇယားတွေ

မင်းအတွက်ပဲဖြစ်စေမယ်(ဟဲဟဲ)။
mgthetoh
6928

Silver Member
 
22/06/2009
431 posts
 6.မျှော်လင့်ခြင်းခရီးသည်....  Jul 07, 2009 1:59 PM
“မျှော်လင့်ခြင်းခရီးသည်......”

အပန်းမကြီးတဲ့လမ်းခရီးတစ်ခုလား?
အလွမ်းခရီးကတော့ရှည်လွန်းတယ်...
“၁” ရက်မှာ“၂၄”ခါ နာရီပြောင်းသလို ပုံမှန်သွားနေတဲ့အချိန်တွေတောင်
အလွမ်းတွေ ရေစီးသန်လို့ နောက်ပြန်မတတ် နှောင့်နှေး
တစ်ရက်တစ်ရက်ဆိုတာ “၇၂” နာရီ လားထင်ရတယ်...
ဒီလိုနဲ့ပဲ “မ” မရှိတဲ့ ဆောင်းနံနက်ခင်းတွေဟာ
မကွပ်မရှိတဲ့ကြမ်းလိုပဲ နှလုံးအိမ်ကို ယိမ်းယိုင်စေလို့
အလွမ်းတွေနဲ့သာ အချိန်တွေကုန်ခဲ့ပါတယ်...

အပန်းမကြီးတဲ့...လမ်းခရီးတစ်ခုအလား?
အလွမ်းခရီးကတော့ ရှည်လွန်းတယ်
အရှေ့ဘက်ကနေထွက်စေပြီး အနောက်ဘက်မှာ ပြောက်ဆုံးအောင်
သူ့ဝင်ရိုးပေါ်မှာ သူလည်ပတ်လို့ ပုံမှန်သွားနေတဲ့ ဒီကမ္ဘာကြီးတောင်
အလွမ်းတွေ လေပြင်းထန်လို့ နောက်ပြန်မတတ်နှောင့်နှေး
တစ်ပတ်ပြည့်ဖို့ဆိုတာ “ခုနှစ်ရက်ခုနှစ်လီ” လားထင်ရတယ်.....
ဒီလိုနဲ့ပဲ “မ” မရှိတဲ့ မန္တလာဆောင်းညချမ်းတွေက နှလုံးအိမ်ကို ချိုပြင်းပူလောင်စေလို့
အလွမ်းတွေနဲ့သာ အချိန်ကုန်စေခဲ့ပါတယ်.......

အပန်းမကြီးတဲ့...လမ်းခရီးတစ်ခုအလား?
အလွမ်းခရီးကတော့ ရှည်လွန်းတယ်...
ဘယ်လိုပဲ အလွမ်းခရီးရှည်ပါစေ ခရီင်္းလမ်းဆိုတာတစ်နေ့မှာ အဆုံးရှိသလို
မောင်လျှောက်ခဲ့တဲ့ ဒီအလွမ်းခရီးရဲ့အဆုံးမှာ “မမ” နဲ့ “မမ” ရဲ့ အချစ်တွေကို
ပိုင်ဆိုင်ခွင့်ရှိမယ်ဆိုတာ ရှိရင် ဒီအလွမ်းခရီးအတွက် မောင်ကျေနပ်လျှက်...........

ဇွန်လှိုင်း(၃၁.၁၂.၂၀၀၈)
အလွမ်းNew Year Night
11:05 PM
mgthetoh
6928

Silver Member
 
22/06/2009
431 posts
 7.အိုင်ငယ်လေးတစ်ခုပါ.........  Jul 07, 2009 2:10 PM

အိုင်ငယ်တစ်ခုရဲ့တမ်းချင်း

ငါဟာ
အစကတည်းက
အကြည်လင်ဆုံး ၊ အသန့်ရှင်းဆုံးမဟုတ်ခဲ့ပေမဲ့
အားနည်းချက်တွေကို အနည်ထိုင်
တည်ငြိမ်နေတဲ့ ”အိုင်“ ပါ

ခြေဆေးချင်ယုံသက်သက်နဲ့တော့
ငါ့နှလုံးသားထဲကို ခြေချ
ငါ့ဘ၀တစ်ခုလုံး လှုပ်ခတ်သွားအောင်တော့
မင်းမလုပ်သင့်ပါဘူး.. ...

ထားပါတော့လေ ပြီးခဲ့တာတွေ ပြီးသွားပြီပဲ.. ..
အငြိုးအတေးတွေ ငါမထားပဲ
ဝဋ်ဆိုတာလည်တတ်တဲ့ အကြောင်း
မင်းကိုငါပြောခဲ့ပေမဲ့
“ကောင်မလေး“ ရေ.. ..
မင်းကတော့ ခုထိ
အိုင်တွေ့တိုင်း ခြေဆေးတုန်း.. ..

ဇွန်လှိုင်း
၇.၁၀.၂၀၀၃
thetmon
7443

Planet Strong Member
 
29/06/2007
6075 posts
 8.Re: .....  Jul 09, 2009 4:02 PM
kokayin wrote:
အချစ်သိလား

မောင့်အသွေးအသားတွေ

မင်းအတွက်ပဲဖြစ်စေရမယ်

သို့ဂလိုပဲ

အချစ်သိလား

မောင့်အကြွေးဇယားတွေ

မင်းအတွက်ပဲဖြစ်စေမယ်(ဟဲဟဲ)။

နာ့အကိုကတော့လုပ်ချလိုက်ပြန်ပြီ.....
သက်မွန်
dionys
5391

Standard Member
 
25/02/2007
80 posts
 9.Re: .....  Jul 09, 2009 5:00 PM
ရေးချင်တာက ကဗျာရှည်
ဖြစ်လာတာက သုံးကြောင်း
ဘေးမှာက အမှိုက်တစ်တောင်း

ဖတ်ဖူးတဲ့ ကဗျာလေးပါ
ကြိုက်မယ်ထင်ပါတယ်
mental
4670

Silver Member
 
18/02/2008
357 posts
 10.Re: .....  Jul 18, 2009 3:45 PM
kokayin wrote:
အချစ်သိလား

မောင့်အသွေးအသားတွေ

မင်းအတွက်ပဲဖြစ်စေရမယ်

သို့ဂလိုပဲ

အချစ်သိလား

မောင့်အကြွေးဇယားတွေ

မင်းအတွက်ပဲဖြစ်စေမယ်(ဟဲဟဲ)။

ဂွတ်လဒယ်နော်... ကောင်းလိုက်တဲ့ ကဗျာလေး....SmileSmileSmile
MoeKyar
6601

Silver Member
 
20/06/2007
266 posts
 11.အဝေးသင်  Jul 21, 2009 12:19 PM
ကျန်းမာစေကြောင်း

သမီးဆုတောင်း

၃ သောင်းပို့ဦး အမေရယ်.. ။

ငယ်ငယ်က သောကြာစာစောင်ထဲမှာ ဖတ်ရတဲ့ ကဗျာလေးပါ..အိမ်နဲ့အဝေးမှာ ကျောင်းတတ်နေတုန်း ဒီကဗျာလေးကိုတွေ့တော့ မပြုံးမိဘဲ မနေနိုင်ဘူး.. ခုထိလည်း မမေ့နိုင်ဘူး.. တကယ်ကို အဝေးမှာ ပညာသင်နေရတဲ့ ကလေးတွေရဲ့ အိမ်ကို ပိုက်ဆံလှမ်းတောင်းရလည်း အခက် မတောင်းရလည်းအခက် ဒုက္ခလေးကို ထင်ဟပ်စေလို့ အရမ်းကြိုက်ပါတယ်..
happyboylay
7022

Planet Strong Member
 
30/12/2008
3695 posts
 12.Re: အဝေးသင်  Jul 21, 2009 12:26 PM
MoeKyar wrote:
ကျန်းမာစေကြောင်း

သမီးဆုတောင်း

၃ သောင်းပို့ဦး အမေရယ်.. ။

ငယ်ငယ်က သောကြာစာစောင်ထဲမှာ ဖတ်ရတဲ့ ကဗျာလေးပါ..အိမ်နဲ့အဝေးမှာ ကျောင်းတတ်နေတုန်း ဒီကဗျာလေးကိုတွေ့တော့ မပြုံးမိဘဲ မနေနိုင်ဘူး.. ခုထိလည်း မမေ့နိုင်ဘူး.. တကယ်ကို အဝေးမှာ ပညာသင်နေရတဲ့ ကလေးတွေရဲ့ အိမ်ကို ပိုက်ဆံလှမ်းတောင်းရလည်း အခက် မတောင်းရလည်းအခက် ဒုက္ခလေးကို ထင်ဟပ်စေလို့ အရမ်းကြိုက်ပါတယ်..

ခင်ဗျားလိုနေမှာပေါ့.............hee
MoeKyar
6601

Silver Member
 
20/06/2007
266 posts
 13.Re: အဝေးသင်  Jul 21, 2009 3:58 PM
happyboylay wrote:

ခင်များရော အဲလိုမလုပ်ခဲ့ဘူးလား... တကယ်လို့ မလုပ်ခဲ့ဘူးဆိုရင်တောင် သူများကို အပြစ်မပြောနဲ့.. ခင်များ သားသမီးတွေ ကလှည့်ကျမှ ခင်များ ၀ဋ်လိုက်နေမယ်.. TongueTongue
happyboylay
7022

Planet Strong Member
 
30/12/2008
3695 posts
 14.Re: အဝေးသင်  Jul 21, 2009 4:19 PM

မလုပ်ဘူးဗျ.... ဘယ်တော့မှအဲလိုလုပ်ဘူး.... ရသမျှ အကုန်ပေးပီး လိုသလောက်ပြန်တောင်းတာ......hee
MoeKyar
6601

Silver Member
 
20/06/2007
266 posts
 15.Re: အဝေးသင်  Jul 21, 2009 4:57 PM

ဘယ်လောက်အပ်ပီး ဘယ်လောက်ပြန်တောင်းတာလဲ.. နာကြောလိုက်ချင်ဘူး..
heehee
happyboylay
7022

Planet Strong Member
 
30/12/2008
3695 posts
 16.Re: အဝေးသင်  Jul 21, 2009 5:00 PM
MoeKyar wrote:
happyboylay wrote:
MoeKyar wrote:
happyboylay wrote:
MoeKyar wrote:
ကျန်းမာစေကြောင်း

သမီးဆုတောင်း

၃ သောင်းပို့ဦး အမေရယ်.. ။

ငယ်ငယ်က သောကြာစာစောင်ထဲမှာ ဖတ်ရတဲ့ ကဗျာလေးပါ..အိမ်နဲ့အဝေးမှာ ကျောင်းတတ်နေတုန်း ဒီကဗျာလေးကိုတွေ့တော့ မပြုံးမိဘဲ မနေနိုင်ဘူး.. ခုထိလည်း မမေ့နိုင်ဘူး.. တကယ်ကို အဝေးမှာ ပညာသင်နေရတဲ့ ကလေးတွေရဲ့ အိမ်ကို ပိုက်ဆံလှမ်းတောင်းရလည်း အခက် မတောင်းရလည်းအခက် ဒုက္ခလေးကို ထင်ဟပ်စေလို့ အရမ်းကြိုက်ပါတယ်..

ခင်ဗျားလိုနေမှာပေါ့.............hee

ခင်များရော အဲလိုမလုပ်ခဲ့ဘူးလား... တကယ်လို့ မလုပ်ခဲ့ဘူးဆိုရင်တောင် သူများကို အပြစ်မပြောနဲ့.. ခင်များ သားသမီးတွေ ကလှည့်ကျမှ ခင်များ ၀ဋ်လိုက်နေမယ်.. TongueTongue

မလုပ်ဘူးဗျ.... ဘယ်တော့မှအဲလိုလုပ်ဘူး.... ရသမျှ အကုန်ပေးပီး လိုသလောက်ပြန်တောင်းတာ......hee

ဘယ်လောက်အပ်ပီး ဘယ်လောက်ပြန်တောင်းတာလဲ.. နာကြောလိုက်ချင်ဘူး..
heehee

အဲဒါပြောရဘူးလေ.... ဘယ်လောက်တောင်းတောင်းပေါ့..... ဖေမေ ပိုက်ပိုက် နာ့ပိုက်ပိုက်ပဲကို.......hee
moegokethar
6953

Silver Member
 
04/09/2009
152 posts
 17.ဘယ်လိုလေးတွေတုန်း  Sep 10, 2009 4:59 AM
ကဗျာလေးတွေကဘယ်လိုလေးတွေမှန်းမသိဝူး
တမျိုးလေးတွေကော ချစ်စရာကောင်းတယ်ဂျ
1
Messages Results 1 - 17 of about 17 for seconds milliseconds. (0.282 seconds)
    All forums        Books Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.