Guest. It's 12:11 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Beauty & Fashion Forums jump :
  Page : of 2
  
   H1N1 is found there.
Z:
6184


Planet Strong Member
 
18/04/2005
2801 posts
 H1N1 is found there.  Jun 28, 2009 11:29 AM
H1N1 ကတော့ ဒီမှာ ရောက်နေပြီ။ ဘယ်လို ကျွန်တော်တို့ ကာကွယ်ကြမလဲ။
haze1990


Standard Member
 
09/06/2009
10 posts
 1.where?  Jun 28, 2009 1:37 PM
Hi! friend,
ဘယ်နေရာမှာရောက်နေတာလဲ?IdeaIdeaIdea
dionys
5391


Standard Member
 
25/02/2007
80 posts
 2.place  Jun 28, 2009 2:01 PM
ရန်ကုန်မှာ ၁ ယောက်ရောက်နေပြီကြားတယ်
Nyo Gyi
6445


Silver Member
 
12/07/2007
366 posts
 3.အရှုပ်  Jun 28, 2009 2:14 PM
နဂိုရှိပြီးသား ရောဂါတွေတောင် ရှင်းမနိုင်သေး/ဖုံးဖိမနိုင်သေးတာ A1/H1N1 တစ်ခုတိုးလာတော့ ပိုရှုပ်ကုန်တာပေါ့ဗျာ။
Z:
6184


Planet Strong Member
 
18/04/2005
2801 posts
 4.ဒီမှာကတော့  Jun 29, 2009 8:19 AM
ဒီမှာကတော့ လူနေမှု သိပ်သည်းတော့ ကူးစက်တာပိုလွယ်မယ် ထင်တယ်။ လိုင်းကားပေါ်မှာ တစ်ယောက် ပါတာနဲ့ အကုန်ကူးပြီ။

mask ဆောင်ထားဖို့တော့ လိုတော့မယ်။ Idea
S0ME1d3ViL
6649


Silver Member
 
29/05/2009
365 posts
 5.*  Jun 29, 2009 7:16 PM

ကျနော်တို့မြန်မာလူမျိုးတွေက ကျန်းမာရေးအသိနဲ့ လိုက်နာမှုလည်း နည်းပါးပါတယ်။
နောက်ပြီးတော့ မဖြစ်လောက်ပါဘူးလေဆိုပြီးတော့ ဆေးမြီးတိုနဲ့ထိုင်ကုနေရင်လည်း အခြေအနေဆိုးနိုင်ပါတယ်။
နေမကောင်းရင် ဆေးရုံ ဆေးပေးခန်းသွားတဲ့ လူက ဘယ်လောက်ရာခိုင်နှုန်းပဲ ရှိသလဲဆိုတာကတော့ လူခံတွေ သိပါတယ်။
ဆေးရုံတွေကသာ ဒါကသာမာန်လား၊ ဝက်တုတ်ကွေးလို့ လူသိများတဲ့ H1N1 လားဆိုတာ ခွဲခြားပေးနိုင်မှာပါ။
သာမာန်ရာသီတုတ်ကွေးနဲ့ မှားပြီးတော့ ပေါ့မှာကိုပဲ စိုးရိမ်မိပါကြောင်း။

ကျနော်ထင်ပါတယ်။
ဘာမဆိုင် ညာမဆိုင် နောက်ရက်များအတွင်း ဝက်သားဈေးတော့ ထိုးကျသွားနိုင်ပါကြောင်း။ hee
phokwarsi
5994


Standard Member
 
24/10/2004
34 posts
 6.Re: place  Jun 30, 2009 1:41 PM
dionys wrote:
ရန်ကုန်မှာ ၁ ယောက်ရောက်နေပြီကြားတယ်




အဲဒီတစ်ယောက်ကဆုံးသွားပြီလို့ကြားပါတယ်

shwesin6443


Standard Member
 
19/03/2008
18 posts
 7.Re: place  Jun 30, 2009 2:01 PM
phokwarsi wrote:
dionys wrote:
ရန်ကုန်မှာ ၁ ယောက်ရောက်နေပြီကြားတယ်




အဲဒီတစ်ယောက်ကဆုံးသွားပြီလို့ကြားပါတယ်

မဆုံးပါဘူး။အဖျားတောင်ကျသွားပြီပြောတယ်။
ယူတို့တွေအပြင်သွားရင်maskတပ်ကြပါနော်...
Z:
6184


Planet Strong Member
 
18/04/2005
2801 posts
 8.mask  Jun 30, 2009 3:04 PM
ဟုတ်တယ်။ ဘယ်သူတွေ ဘယ်လိုပဲ ကြည့်ကြည့် ကားစီးရင်ပဲ ဖြစ်ဖြစ်၊ ဘယ်သွားသွား ဘယ်လာလာ mask တပ်ဖို့လိုပြီ။
s@n8
3928


Gold Member
 
09/12/2006
518 posts
 9.....................  Jun 30, 2009 3:33 PM
ဟုတ်တယ် လိုင်းကားစီးရင်ပိုတောင် mask တပ်သင့်ပါတယ်
ကာကွယ်ခြင်းကတော့အကောင်းဆုံးပါပဲ
lyn lyn
1373


Silver Member
 
04/03/2005
450 posts
 10.အားလုံးသတိ  Jul 01, 2009 12:58 PM
လူစည်ကားတဲ့နေရာတွေသွားတိုင်း mask တွေတပ်ထားသင့်ပါတယ်။ မိမိရဲ့နီးစပ်ရာ အပေါင်းအသင်း ဆွေမျိုးသားချင်းများကို Mask အသုံးပြုဖို့တိုက်တွန်းပါ။
anthea


Standard Member
 
07/04/2009
2 posts
 11.Re: အားလုံးသတိ  Jul 01, 2009 3:16 PM
lyn lyn wrote:
လူစည်ကားတဲ့နေရာတွေသွားတိုင်း mask တွေတပ်ထားသင့်ပါတယ်။ မိမိရဲ့နီးစပ်ရာ အပေါင်းအသင်း ဆွေမျိုးသားချင်းများကို Mask အသုံးပြုဖို့တိုက်တွန်းပါ။


ကျောင်းမှာတော့  နဲနဲတပ်နေကြပြီ
anthea


Standard Member
 
07/04/2009
2 posts
 12..............  Jul 01, 2009 3:19 PM
ဒီထက်သတင်းတိတိကျကျရရင်ကောင်းမယ်နော်
moekyiphyu
3874


Platinum Member
 
27/10/2006
1412 posts
 13.*  Jul 01, 2009 3:59 PM
စိတ်ညစ်စရာကောင်းတယ်နော်...

ဘယ်လိုလုပ်ကြမလဲ...

ဝက်သားစားရင်ရောဖြစ်လား...

ဝက်သားတွေကိုပိတ်ထားရင်ကောင်းမှာလား...
mashwehtar
7321


Platinum Member
 
26/11/2008
2371 posts
 14.Re: *  Jul 01, 2009 5:12 PM
moekyiphyu wrote:
စိတ်ညစ်စရာကောင်းတယ်နော်...

ဘယ်လိုလုပ်ကြမလဲ...

ဝက်သားစားရင်ရောဖြစ်လား...

ဝက်သားတွေကိုပိတ်ထားရင်ကောင်းမှာလား...


ဝက်သားစားလို့ မကူးပါဘူး... အခုဟာက လူလူချင်း ကူးစက်နေတာမို့ ရောဂါကူးစက်နှုန်း အရမ်းမြန်ပါတယ်
ရွှေထားသိထားသလောက်ဆိုရင် အဲဒီ H1N1 ရောဂါပိုးရှိသူလူတစ်ယောက်က ချောင်းဆိုးလိုက်ပြီဆိုရင် သူ့ ၃ ပေပတ်လည် လေထဲမှာ ရောဂါပိုးတွေ ပျံ့ထွက်သွားပါတယ်.. အဲဒီလေထဲရောက်သွားတဲ့ ပိုးဟာ နောက်ထပ် ၆ နာရီမှ ၉ နာရီအတွင်း ရှင်သန်နိုင်ပါတယ်တဲ့... ဒါကြောင့် အဲဒီaera အတွင်းရောက်လာတဲ့ လူတွေဟာ ကူးစက်ခံရပါတယ်.. ဒီလိုအချိန်ကြာကြာရှင်သန်နိုင်ပြီး လေထုထဲက ကူးတာမို့ ကူးစက်နှုန်းက ကြောက်ဖို့ကောင်းလောက်အောင် မြန်ဆန်တာပါတဲ့..
phopyoecho
6120


Planet Strong Member
 
20/12/2008
3591 posts
 15.Re: .............  Jul 02, 2009 1:46 AM
anthea wrote:
ဒီထက်သတင်းတိတိကျကျရရင်ကောင်းမယ်နော်

သေချာတာကတော့အဲ့ဒီကောင်မလေးကတကယ်ဆုံးသွားပါပြီတဲ့..ခိုင်လုံတဲ့ရပ်ကွက်ပေါ့ဗျာ...စိတ်မကောင်းလိုက်တာcrycrycry
lyn lyn
1373


Silver Member
 
04/03/2005
450 posts
 16.Re: .............  Jul 02, 2009 7:33 AM
phopyoecho wrote:
anthea wrote:
ဒီထက်သတင်းတိတိကျကျရရင်ကောင်းမယ်နော်

သေချာတာကတော့အဲ့ဒီကောင်မလေးကတကယ်ဆုံးသွားပါပြီတဲ့..ခိုင်လုံတဲ့ရပ်ကွက်ပေါ့ဗျာ...စိတ်မကောင်းလိုက်တာcrycrycry


ဟုတ်လားဗျာ...စိတ်မကောင်းလိုက်တာ... Oh
Z:
6184


Planet Strong Member
 
18/04/2005
2801 posts
 17.Re: .............  Jul 02, 2009 4:34 PM
phopyoecho wrote:
anthea wrote:
ဒီထက်သတင်းတိတိကျကျရရင်ကောင်းမယ်နော်

သေချာတာကတော့အဲ့ဒီကောင်မလေးကတကယ်ဆုံးသွားပါပြီတဲ့..ခိုင်လုံတဲ့ရပ်ကွက်ပေါ့ဗျာ...စိတ်မကောင်းလိုက်တာcrycrycry


မသေသေးပါဘူးဗျာ။
Z:
6184


Planet Strong Member
 
18/04/2005
2801 posts
 18.How to prevent?  Jul 02, 2009 4:39 PM
Cevit လည်း သောက်ထားသင့်တယ်။ ပြီးရင် မိမိအသုံးအဆောင် ပစ္စည်းတွေကို ဒက်တော (Detol) တွေနဲ့ ဆေးသင့်ပါတယ်။
Z:
6184


Planet Strong Member
 
18/04/2005
2801 posts
 19.How to Wear a Surgical Mask?   Jul 02, 2009 4:40 PM
(၁) လက်နှစ်ဖက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပြီးမှသာ မျက်နှာဖုံး(Mask)ကို ကိုင်တွယ်ပါ။

(၂) မျက်နှာဖုံး(Mask)များတွင် တံဆိပ်အမျိုးမျိုး ရှိတတ်ပါတယ်။ တံဆိပ်အမျိုးအစားအလိုက် ညွှန်ကြားချက်များကို လိုက်နာပါ။ ဝတ်ဆင်ပြီးသား (သို့မဟုတ်) ပါကင်အိတ်ထဲမှ ထုတ်ထားပြီးသား မျက်နှာဖုံး(Mask)ကို မဝတ်ဆင်သင့်ပါ။ အသစ်ကိုသာ ဝတ်ဆင်သင့်ပါတယ်။

(၃) မျက်နှာဖုံး(Mask)ကို သန့်စင်ပြီးသား လက်ဖြင့် ကိုင်တွယ်၍ မျက်နှာတွင် တပ်ဆင်ပါ။ မျက်နှာဖုံး(Mask)မှာရှိတဲ့ သတ္တုချောင်းလေး ပါဝင်တဲ့အပိုင်းကို နှာခေါင်းပေါ်မှာ ထားရပါမယ်။ ထို့သတ္တုချောင်းလေးကို နှာခေါင်းနှင့် အလိုက်သင့်ဖြစ်သွားအောင် အနည်းငယ်ဖိကွေးပေးလိုက်ပါ။ သတ္တုချောင်းပါတဲ့ အပိုင်းကို နှာခေါင်းပေါ်မှာထားပြီး တပ်ဆင်ဖို့ အရေးကြီးပါတယ်။ ထိုသို့မဟုတ်ပါက နှာခေါင်းအပေါ်ဘက်ပိုင်းမှာ လေဝင်ပေါက်ထားသလို ဖြစ်နေပြီး ကာကွယ်မှု မထိရောက်နိုင်ပါဘူး။

(၄) မျက်နှာဖုံး(Mask)မှာပါတဲ့ သရေကွင်းကြိုးကိုသုံးပြီး မျက်နှာဖုံး(Mask)ကို မျက်နှာပေါ်မှာ မြဲအောင်ပြုလုပ်ပါ။ သရေးကွင်းကြိုးကို မတင်းမလျော့ အနေအထားဖြင့် တပ်ဆင်ပါ။ သရေးကွင်းကြိုး တပ်ဆင်ပြီးချိန်တွင် သင့်ရဲ့ ပါးစပ်၊ နှာခေါင်း အပါအဝင် မေးစေ့ကိုပါ မျက်နှာဖုံး(Mask)ဖြင့် ဖုံးအုပ်ထားပြီး ဖြစ်ရပါမယ်။

(၅) တကယ်လို့ မျက်နှာဖုံး(Mask)ကို အနေအထား ပြင်ချင်မယ်ဆိုရင် လက်ကို စင်ကြယ်အောင် အရင်ဆေးကြောပါ။ မျက်နှာဖုံး(Mask)ကို တပ်ဆင်ထားပြီသည်နှင့် မချွတ်မချင်း လက်ဖြင့် ထိတွေ့ကိုင်တွယ်မှု မပြုပါနဲ့။ အကြောင်းတစ်ခုခုကြောင့် မျက်နှာဖုံး(Mask)ကို ချွတ်ရမယ်၊ ကိုင်တွယ်ရမယ်ဆိုရင် လက်ကို စင်ကြယ်စွာ အရင်ဆေးကြောဖို့ လိုပါတယ်။ မျက်နှာဖုံး(Mask)ကို ချွတ်မယ်ဆိုရင် မျက်နှာဖုံး(Mask)ရဲ့ အပြင်ဘက်ကနေ ကိုင်တွယ်ခြင်း မပြုရပါ။ အတွင်းဘက်ပိုင်းကနေသာ သရေးကွင်းကြိုးကို အသုံးပြုပြီး ချွတ်ယူပါ။ မျက်နှာဖုံး(Mask) ချွတ်ပြီးသည်နှင့် လက်ကို စင်ကြယ်စွာ ဆေးကြောပါ။

(၆) အသုံးပြုပြီးတဲ့ မျက်နှာဖုံး(Mask)ကို ပလတ်စတစ်အိတ်တွင်းထည့်ပြီး သေချာစွာချည် လုံအောင်ပိတ်၍ စွန့်ပစ်ပါ။ ထို့နောက် လက်ကို စင်ကြယ်စွာဆေးကြာပါ။
ammenator
3153


Planet Strong Member
 
11/11/2006
5685 posts
 20.Re: .............  Jul 02, 2009 4:43 PM
Z: wrote:
phopyoecho wrote:
anthea wrote:
ဒီထက်သတင်းတိတိကျကျရရင်ကောင်းမယ်နော်

သေချာတာကတော့အဲ့ဒီကောင်မလေးကတကယ်ဆုံးသွားပါပြီတဲ့..ခိုင်လုံတဲ့ရပ်ကွက်ပေါ့ဗျာ...စိတ်မကောင်းလိုက်တာcrycrycry


မသေသေးပါဘူးဗျာ။


အဲ့ဒီကောင်မလေးက ... မသေပါဘူးဗျာ ... ( အဲ ) ... အဲ့ ကောင်မလေးကို ဓါတ်ပုံရိုက်ချင်လို့ ... ၀င်လာတဲ့ ... သတင်းထောက် ကတော့

ကွိုင်တက်နေရှာတယ်ဗျို့ ...
1 2
Messages Results 1 - 20 of about 32 for seconds milliseconds. (0.172 seconds)
    All forums        Beauty & Fashion Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.