Guest. It's 05:39 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Buddhism Forums jump :
  Page : of 15
  
   Who are you?
Ko_Htoo

Platinum Member
 
06/11/2006
1941 posts
 Who are you?  May 28, 2009 2:28 PM
လူ့ဘ၀သည် အလွန်တိုတောင်းလှသော်လည်း အဓိပါယ်ရှိစွာ အသက်ရှင်နိုင်ဖို့ရန်အတွက်...

လူသည်........

၁) ဘယ်ကနေဆင်းသက်လာပြီး
၂) ဘာအတွက်လောကတွင် အသက်ရှင်ကာ
၃) ဘယ်ကို ပြန်သွားရမှာပါလဲ...

ဗုဒ၏ တရားသဘောအရ သိလိုပါသည်။ ဆွေးနွေးခဲ့သည့်အကြောင်းအရာများစွာထဲမှ အရေးကြီးဆုံးသော လူ့ဘ၀အတွက် မေးခွန်းများဟုလည်း ကျွန်တော် ယုံကြည်ပါသည်။

ထို့ကြောင့် ဘ၀အဓိပါယ်ရှိစွာအသက်ရှင်နိုင်ဖို့ အထက်ပါမေးခွန်းတို့ကို အကြောင်းအကျိုးနဲ့ သိရှိလိုပါသည်ခင်ဗျား...
ngapyinn
6801

Platinum Member
 
20/10/2006
1315 posts
 1.ကိုထူးအတွက်  May 29, 2009 10:20 AM
ကိုထူး..ခင်ဗျားကို ဖြေပြီးသားတွေ ထပ်ခါထပ်ခါမေးနေတဲ့အတွက် ကြာရင် စိတ်ပျက်ပြီး
ဖြေမှာမဟုတ်တော့ဘူး..အဲဒါဆို ငါလိုချင်တာရပြီလို့ ခင်ဗျားထင်မနေနဲ့
စိတ်ချနေ..ကျနော်ဖြေလို့ရတဲ့အခြေအနေပေးနေသ၍ ခင်ဗျားကော်ပီဆို..ကျနော်လည်း ကော်ပီလုပ်ပြီး
ပြန်တင်ပေးမယ်..ခုလည်း ဖြေပေးဦးမှာပဲ..
ngapyinn
6801

Platinum Member
 
20/10/2006
1315 posts
 2.ဤနေရာ ဤပို့စ်တွင်သာမေးမြန်းပါ။  May 29, 2009 11:07 AM
ဘယ်ကနေဆင်းသက်လာသလဲ.
သံသရာရဲ့အစကို ပုဂ္ဂိုလ်တစ်ဦးက ဗုဒ္ဓမြတ်စွာကိုမေးလျှောက်ဖူးပါတယ်..
အဲဒီအခါ ဗုဒ္ဓမြတ်စွာက သံသရာမှ လွတ်မြောက်ကြောင်းတရားအတွက် တစ်စုံတစ်ရာမျှ
အကျိုးမရှိ လို့ မိန့်ပြီး မေးခွန်းကို ပယ်တော်မူပါတယ်.. အဲဒီနောက်မှ ကျနော်အောက်မှာရေးပြတဲ့
လူ့ဘ၀ဟာ ဘယ်ကစဖြစ်သလဲဆိုတဲ့ တရားတော်ကို ဟောပါတယ်...ကိုထူးအနေနဲ့ ဗုဒ္ဓရဲ့ အဖြေကို
ကျေနပ်သည်ဖြစ်စေ..မကျေနပ်သည်ဖြစ်စေ ကျွန်တော့်အနေနဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့
အဖြေပေးဖို့တာဝန်ရှိတယ်လို့ထင်လို့ ဖြေပေးလိုက်ပါတယ်.. ကိုထူးအနေနဲ့လည်း.. နောက်ထပ်တစ်ခါ..
မမေးဖို့ ပို့စ်တွေဖောင်းပွအောင်မလုပ်ဖို့ ကြိုပြီး တောင်းဆိုပါတယ်။

၁။ လူများဘာဖြစ်လို့သေရတာလဲ။
နာလို့သေရတယ်။ (ရောဂါဝေဒနာ၊ မတော်တဆထိခိုက်မှု)ကြောင့်သေရတယ်.
၂။ ဘာဖြစ်လို့နာရတာလဲ။
အိုလို့နာရတယ်။ ခန္ဓာကိုယ်ရဲ့ မမြဲခြင်းတရားကြောင့် နာရတယ်။
၃။ ဘာဖြစ်လို့အိုရတာလဲ။
ဇာတိ (၀ါ) ပဋိသန္ဓေနေလို့အိုရတယ်။ (မွေးခြင်းရှိလို့၊ သေခြင်းရှိသည့်သဘော)
၎။ ဘာဖြစ်လို့ ပဋိသန္ဓေနေရတာလဲ။ (ဘာဖြစ်လို့ ဘ၀ရှိတာလဲ)
(ကိုထူး၏ လူသည်ဘယ်ကနေဆင်းသက်လာသလဲဆိုသည့်မေးခွန်း)
ဘ၀ ရလို့ ပဋိသန္ဓေနေရတယ်။
၅။ ဘာဖြစ်လို့ဘ၀ရတာလဲ။
စွဲလမ်းမှုကြောင့်ဘ၀ရတယ်။ (သမုဒယသစ္စာ ဆိုသည်မှာ ထိုအကြောင်းအရာပင်ဖြစ်သည်)
၆။ ဘာဖြစ်လို့ စွဲလမ်းမှုဖြစ်ရတာလဲ။
လိုချင်တက်မက်မှုကြောင့် စွဲလမ်းမှုဖြစ်ရတယ်။
၇။ ဘာဖြစ်လို့ လိုချင်တက်မက်မှုဖြစ်ရတာလဲ။
ခံစားမှုကြောင့် လိုချင်တက်မက်မှုဖြစ်ရတယ်။
(ကောင်းလိုက်တာ၊ ဆိုးလိုက်တာ၊ ချောလိုက်တာ၊ အရသာရှိလိုက်တာ)ဆိုသော ခံစားမှု။
၈။ ဘာဖြစ်လို့ ခံစားမှုဖြစ်သလဲ။
တွေ့ထိမှုကြောင့် ခံစားမှုဖြစ်တယ်။ (ခံစားမှု။အဆင်း၊ အနံ့၊ အရသာ၊ အသံ၊ အထိအတွေ့)
၉။ ဘာဖြစ်လို့ထိတွေ့မှုဖြစ်သလဲ။
အာရုံခြောက်ပါးတည်ရာကြောင့် ထိတွေ့မှုဖြစ်ပါတယ်။ (မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်)
၁၀။ အာဖြစ်လို့ အာရုံခြောက်ပါးတည်ရာဖြစ်သလဲ။
ရုပ်၊ နာမ်ရလို့ အာရုံခြောက်ပါးတည်ရာရပါတယ်။
၁၁။ ဘာဖြစ်လို့ ရုပ်-နာမ်ရသလဲ။
သိမှု (၀ိညာဏ်) ရလို့ ရုပ်-နာမ်ရပါတယ်။ (ထိခြင်းကိုသိမှု၊ မွှေးခြင်းကိုသိမှု စသည့်အသိ)
၁၂။ ဘာဖြစ်လို့ သိမှုရပါသလဲ။
ပြုပြင်လို့ဝိညာဏ်ရပါတယ်
၁၃။ ဘာက ပြုပြင်တာလဲ။
အမှန်ကိုမမြင်နိုင်မှု (အ၀ိဇ္ဇာ) ကြောင့် ပြုပြင်မှုဖြစ်ပါတယ်။
အဲဒါက လူက ဘယ်ကစဖြစ်သလဲဆိုတဲ့အဖြေပါ။
xxxxxxxxxxxxxxxxxxxxxx
နောက်တစ်ခုလူက ဘာအတွက်အသက်ရှင်သလဲဆိုတဲ့မေးခွန်း..။
ဘာအတွက်အသက်ရှင်သလဲဆိုတဲ့မေးခွန်းက ကျောင်းက ကလေးတွေ..မင်းဘာလို့ ကျောင်းတက်တာလဲ
လို့ သွားမေးတဲ့မေးခွန်းနဲ့တူပါတယ်။ ပညာတတ်ကြီးဖြစ်ချင်လို့၊ ဆရာဝန်ကြီးလုပ်မလို့၊
ပိုက်ဆံရှိချင်လို့ စသဖြင့် လူတစ်ကိုယ် စိတ်တစ်မျိုး..အဖြေအမျိုးမျိုးပေးကြပါလိမ့်မယ်.။
အဲဒီတော့ ကိုထူးဆိုလိုတဲ့ လူ့ဘ၀ရဲ့အဓိပ္ပါယ်က လူတစ်ဦးတစ်ယောက်စီရဲ့ ခံယူထားတဲ့..ဘ၀အမြင်ပေါ်မှာ
မူတည်ပါလိမ့်မယ်။ ကိုထူးဟာ ဘုရားသခင်အတွက်အသက်ရှင်တယ်ဆိုတဲ့အဖြေနဲ့ ကျေနပ်နေသလို.
လောကမှာရှိသမျှလူတိုင်းဟာ ကိုယ်ခံယူထားတဲ့ဘ၀အဓိပ္ပါယ်နဲ့ ကျေနပ်နေကြသူတွေပါ။
မြတ်ဗုဒ္ဓကတော့ လူ့ဘ၀ဆိုတာ ဒုက္ဓဘုံကြီးပါပဲတဲ့။ ဆိုလိုတာက ဘယ်လိုပဲ ဘ၀အဓိပ္ပါယ်ကို ဖွင့်ဆိုသည်
ဖြစ်စေ ဒုက္ဓတရားကို တောင့်တနေတာနဲ့ တူပါတယ်လို့ ဆိုလိုတာပါ။
ဥပမာ.. တိုက်တစ်လုံး၊ ကားတစ်စီး နဲ့ နေရရင် ငါ့ဘ၀သေပျော်ပြီ ဆိုပြီးခံယူထားတဲ့ဘ၀အဓိပ္ပါယ်
သူရဲ့ တိုက်နဲ့၊ ကားနဲ့ နေချင်တဲ့စိတ်ဟာ.. သူများတစ်ကာ နေတာကို မြင်ရ၊ ကြားရ တဲ့ (အာရုံခြောက်ပါး)
က အစပြုမယ်၊ အဲပြီးတော့ သူကြိုးစားရတော့မယ်.၊ မအိပ်မနေလုပ်ရတော့မယ်၊ ပင်ပန်းမယ်..ဒါပေမယ့်
ပင်ပန်းလို့ပင်ပန်းမှန်းမသိဘူး (အဲဒါက အမှန်ကိုမမြင်နိုင်တဲ့အ၀ိဇ္ဇာ)၊ အဲဒီလိုနဲ့ ဘ၀တလျှောက်လုံး
ကြိုးစားလာလိုက်တာ..တိုက်တစ်လုံး၊ ကားတစ်စီးရပြီဆိုတဲ့အခါ စိတ်က ကျေနပ်ဦးမှာမဟုတ်ဘူး
သူ့ထက်မြင့်တဲ့နေရာတစ်ခုကို ထပ်ပြီးလိုချင်မယ်၊ (ဥပမာ- မိန်းမတစ်ယောက်နဲ့ တစ်ညအိပ်လိုက်ရုံနဲ့
ငါတစ်သက်လုံးကျေနပ်သွားပြီ နောက်တစ်ခါအိပ်ချင်တော့မှာမဟုတ်ဘူး) ဆိုတဲ့လူ လောကမှာမရှိပါဘူး..။
ထပ်ခါထပ်ခါ လိုချင် တဲ့သဘောရှိပါတယ်။ အဲဒီလိုမျိုးကြောင့် ကျနော်တို့ဟာ လောကမှာ
ဘာအတွက်အသက်ရှင်နေတယ်ပဲပြောပြော ခြုံငုံပြီး ဒုက္ဓသစ္စာလို့ ဆိုရတာဖြစ်ပါတယ်။
ဘာအတွက်ပဲအသက်ရှင်ရှင် ဒုက္ဓသစ္စာပါပဲ။
xxxxxxxxxxxxxxxxxxxxxxxxxxx
ဘယ်ကိုပြန်သွားရမှာလည်း.
ကိုထူးတို့နဲ့အမြင်ခြင်းမတူပါဘူး။ ကိုထူးအနေနဲ့ ဗုဒ္ဓဘာသာရဲ့ အတွေးအမြင်ကို အခြေခံအားဖြင့်
သဘောပေါက်မှာသာ ကိုထူးလက်ခံနိုင်ပါလိမ့်မယ်။ ကျနော့်အနေနဲ့ တတ်နိုင်သလောက် နှိုင်းယှဉ်
ဆွေးနွေးပါ့မယ်..
ခရစ်ယာန်အယူ- မှာ အစ-ဖန်ဆင်းခြင်း ၊ အဆုံး- ငရဲ၊ ကောင်းကင်ဘုံ
(ကိုယ်ဘယ်လောက်ပဲကျင့်ကျင့်အပြစ်ကျန်ရှိနေ၊ ဘုရားကယ်မှကောင်းကင်ဘုံရောက်နိုင်)
ဗုဒ္ဓဘာသာအယူ-
(အစ-အစွန်းမထင်၊ ၀ိပ္ပသနာတရားဖြင့် စိတ်အလေ့အကျင့်ဖြင့်သိနိုင်၊ မလိုချင်သောစိတ်ဖြစ်လျင်၊
ခံစားမှုမရှိ၊ ခံစာမှုမရှိလျင်၊ သံသရာမှလွတ်မြောက်မည့် မဂ်စိတ်ရ)
အဲဒါက အခြေခံသဘောတရားပါ။
အဲဒါကို အကျယ်ချဲ့ရင် စာအုပ်တွေအများကြီးထွက်မှာပါ.
အဓိကမတူတဲ့အချက်က ကျနော်တို့ ဗုဒ္ဓဘာသာမှာ ဘ၀ပေါင်းမြောက်များစွာနဲ့ ကျဉ်လည်နေရတဲ့
သံသရာလည်တဲ့အယူအဆကို လက်ခံထားပါတယ်။ လည်တယ်ဆိုတာ.. စက်ဝိုင်းလိုလည်တာပါ
တစ်ခုရဲ့အဆုံး နောက်တစ်ခုရဲ့အစ၊ အဲဒီတော့ အဆုံးနဲ့အစ ဘယ်ဟာကစတယ်ဆိုတာ
ပြောဖို့ခက်ပါတယ်။ အဲဒီလိုလည်ပတ်နေတဲ့ သံသရာထဲကနေ လွတ်မြောက်ဖို့လမ်းစဉ်က ဓမ္မပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စာကြွင်း-
သဘောမတွေ့သည်များရှိက တခြားသူများကို လေးစားသမှုထားသောအားဖြင့်
ဤနေရာ ဤပို့စ်တွင်သာမေးမြန်းပါ။
onlinepaperboi
6626

Platinum Member
 
22/01/2009
1111 posts
 3.အင်း  May 29, 2009 3:04 PM
ကိုငပျင်းရေ ကိုထူးကအဲဒီလောက်တွေနားလည်မှာမဟုတ်ဘူးဗျhee
Ko_Htoo

Platinum Member
 
06/11/2006
1941 posts
 4.May I Know? Thanks...  May 29, 2009 4:01 PM
၁။ လူများဘာဖြစ်လို့သေရတာလဲ။
နာလို့သေရတယ်။ (ရောဂါဝေဒနာ၊ မတော်တဆထိခိုက်မှု)ကြောင့်သေရတယ်.
၂။ ဘာဖြစ်လို့နာရတာလဲ။

ကျွန်တောအဖြေမရသေးတဲ့ မေးခွန်းတစ်ခုက လူသည် ဘယ်ကနေဆင်းသက်လာပါသလဲ... မိနဲ့ ဘဟုသာ အဖြေရပြီး အဲဒီမိနဲ့ ဘကကော ဘယ်ကနေဖြစ်လာတာပါလဲ... ဒါပြီးမှ ကျန် အိုနာသေခြင်း ကိုဆက်ရမည်မဟုတ်ပါလား..

ခရစ်ယာန်အယူ- မှာ အစ-ဖန်ဆင်းခြင်း ၊ အဆုံး- ငရဲ၊ ကောင်းကင်ဘုံ
(ကိုယ်ဘယ်လောက်ပဲကျင့်ကျင့်အပြစ်ကျန်ရှိနေ၊ ဘုရားကယ်မှကောင်းကင်ဘုံရောက်နိုင်)

ဒါဆို ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဆိုတဲ့ အဆိုက မှားတာပေါ့နော်..

အဓိကမတူတဲ့အချက်က ကျနော်တို့ ဗုဒ္ဓဘာသာမှာ ဘ၀ပေါင်းမြောက်များစွာနဲ့ ကျဉ်လည်နေရတဲ့
သံသရာလည်တဲ့အယူအဆကို လက်ခံထားပါတယ်။ လည်တယ်ဆိုတာ.. စက်ဝိုင်းလိုလည်တာပါ
တစ်ခုရဲ့အဆုံး နောက်တစ်ခုရဲ့အစ၊ အဲဒီတော့ အဆုံးနဲ့အစ ဘယ်ဟာကစတယ်ဆိုတာ
ပြောဖို့ခက်ပါတယ်။ အဲဒီလိုလည်ပတ်နေတဲ့ သံသရာထဲကနေ လွတ်မြောက်ဖို့လမ်းစဉ်က ဓမ္မပါ။

ထိုလွတ်မြောက်ရာလမ်းက စိတ်အထင်လား လက်တွေ့ကျသော လမ်းလားဆိုတာ အကြောင်းအကျိုးနဲ့ သိလိုပါသည်။

ကျွန်တော် မသိသည်များကိုဆွေးနွေးပေးလို့ကျေးဇူးတင်ပါသည်။

mokotasan
6135

Gold Member
 
20/10/2006
910 posts
 5.Who are you?  May 29, 2009 4:19 PM
Who am I?hee
S0ME1d3ViL
6649

Silver Member
 
29/05/2009
365 posts
 6.*  May 29, 2009 6:29 PM
My name is S0ME1d3ViL.
I come from a country called "Myanmar".
I live my life for my life.
Don't be too nosy.
And I will come back to "Myanmar" oneday.

If you wanna live your life usefully, it's very simple.

Just Value it!!!
ngapyinn
6801

Platinum Member
 
20/10/2006
1315 posts
 7.Re: May I Know? Thanks...  May 30, 2009 10:24 AM
Ko_Htoo wrote:
၁။ လူများဘာဖြစ်လို့သေရတာလဲ။
နာလို့သေရတယ်။ (ရောဂါဝေဒနာ၊ မတော်တဆထိခိုက်မှု)ကြောင့်သေရတယ်.
၂။ ဘာဖြစ်လို့နာရတာလဲ။

ဘယ်ကနေဆင်းသက်လာသလဲ... ဘယ်လိုစဖြစ်လာသလဲဆိုတာ..
ကျနော်တို့ဘာသာရဲ့ ဘုရားဟောထဲမှာမပါပါဘူး..
ကျွန်တော်ပထမပို့စ်မှာပြောခဲ့သလို မြတ်စွာဘုရားက.. သံသရာမှ လွတ်မြောက်ခြင်းအတွက်
တစ်စုံတစ်ရာမျှအကျိုးမရှိ ဟုဆိုပြီး ပယ်ခဲ့သည်ဟု ကျွန်တော်ပြောခဲ့ပါသည်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် သံသရာလည်ခြင်း (ဘ၀ပေါင်းမြောက်များစွာ) ဖြင့်
အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်းအယူအဆကို လက်ခံထားသူများဖြစ်ကြသည်။ ထို့ကြောင့်
သံသရာ““လည်”” ခြင်း၏ အစကို မေးမြန်းပါက..အဖြေသည် စက်ဝိုင်းသဏ္ဍာန်ဖြစ်သည့်အတွက်
မည်သည်မှာအစ မည်သည်မှာအဆုံး စသဖြင့်ပြောရခက်ပါသည်။ တစ်စုံတစ်ခု၏အစသည်
တစ်စုံတစ်ခု၏ အဆုံးသတ်ခြင်းပင်ဖြစ်သည်
ဥပမာ-ရေသည် ရေငွေ့ပျံခြင်းဖြင့်အဆုံးသတ်သည်၊ ထို့ကြောင့် ရေ၏အဆုံးသည် ရေငွေ့၏ အစလည်း
ဖြစ်သည်။ ရေငွေ့သည် ငွေ့ရည်ဖွဲကာ တစ်ဖန် ရေအဖြစ်သို့ရောက်ရှိခြင်းဖြင့်အဆုံးသတ်သည်)။
လူသား၏ အစ (ဘယ်ကနေဆင်းသက်လာသနည်း ဟူသော မေးခွန်းသည်လည်း ဤသဘောတရားပင်ဖြစ်သည်)
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များသည် ဒါဝင်၏အယူကိုလည်းကောင်း၊ စကြ်ာဝဠာတည်မြဲခြင်းနိယာမကိုလည်းကောင်း၊
စကြ်ာဝဠာပေါက်ကွဲပြန့်ကားခြင်းနိယာမကိုလည်းကောင်း လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ။
သံသရာမှလွတ်မြောက်ခြင်းအတွက် မည်သို့မျှအကျိုးကျေးဇူးမရှိသည့်အတွက် အလေးမထားကြခြင်းဖြစ်သည်။
ထို့ကြောင့် တစ်စုံတစ်ခုတွင် အစရှိသည်ဟု ထင်မြင်ယူဆခြင်းသည် ကျွန်တော်တို့၏ တရားသေ မှတ်ယူသော
ဥာဏ်ရည်ထုံထိုင်းခြင်းဟု ကျွန်တော်ယူဆပါသည်။ ထို့ကြောင့် မည်သည့် လူ၊ သတ္တ၀ါ၊ အရာဝတ္တု
မည်သည့်အရာမျှ အဆုံးလည်းမရှိ၊ အစလည်းမရှိပါ။ ထိုကဲ့သို့ အဖန်တလဲလဲဖြစ်ပျက်နေခြင်းကို..
သံသရာဟုခေါ်ခြင်းဖြစ်သည်။ သံသရာ ဟုဆိုလိုက်သည်နှင့် အဆုံး နှင့် အစ မရှိဟု မှတ်ယူရပါမည်။
(ဤအဖြေသည် ဗုဒ္ဓ၏အတွေးအမြင် ဖြစ်သောကြောင့် ကိုထူးအနေဖြင့် လက်ခံရမည်ဟု မဆိုလိုပါ၊
မရှင်းလင်းသည်ကိုတော့ ဖြေဆိုပေးပါမည်)
xxxxxxxxx
ကုသိုလ်တပဲ၊ ငရဲ တစ်ပိဿာဆိုတာ ဆိုရိုးစကားပါ။ ဘုရားဟောမဟုတ်ပါဘူး..။
ဘယ်လိုအဓိပ္ပါယ်လဲဆိုတော့
ဥပမာ- လူတစ်ယောက်သည် အလှူလုပ်လိုသောကြောင့် ဓါးပြတိုက်သည်။
အလှူလုပ်ချင်တဲ့စိတ်က နည်းနည်း၊ သူတစ်ပါးပစ္စည်းကိုလိုချင်သော အကုသိုလ်စိတ်ကများများ
အဲဒါကိုဆိုလိုတာပါ။

ငပျင်း
ngapyinn
6801

Platinum Member
 
20/10/2006
1315 posts
 8.Re: May I Know? Thanks...  May 31, 2009 9:30 AM

ထိုလွတ်မြောက်ရာလမ်းက စိတ်အထင်လား လက်တွေ့ကျသော လမ်းလားဆိုတာ အကြောင်းအကျိုးနဲ့ သိလိုပါသည်။

ကျွန်တော် မသိသည်များကိုဆွေးနွေးပေးလို့ကျေးဇူးတင်ပါသည်။

လက်တွေ့ကျသောလမ်းလား၊ စိတ်ကူးထဲကလမ်းလားဆိုသည်မှာ..
မိမိမကြုံဖူးသော တစ်စုံတစ်ရာကို ကျနော်ပြောပြရုံမျှဖြင့် ကိုထူးလက်ခံနိုင်မည်မဟုတ်ပါ။
ဥပမာအားဖြင့် - အာဖရိကတောထဲက လူရိုင်းကို ရေခဲတောင်တွေအကြောင်းပြောသသလိုပင်ဖြစ်သည်။
ထိုလူရိုင်းကို မြောက်ဝင်ရိုးစွန်းကို ကိုယ်တိုင်ခေါ်သွားပါမှ.. သူသည် ရေခဲတောင်ဆိုသည်မှာ
အထိအတွေ့အားဖြင့် ဘယ်လိုဘယ်ပုံ၊ အမြင်အားဖြင့် ဘယ်လိုဘယ်ပုံ သိရှိမည်ဖြစ်သည်။
ထိုနည်းတူစွာ..ကျွန်တော်တို့ ဗုဒ္ဓဘာသာသည် လက်တွေ့ကျင့်ကြံပါ၊ စမ်းကြည့်လှည့်ပါ၊
ပြီးမှ (ကိုယ်တိုင်သိမှ) လက်ခံပါဟူသော လွတ်လတ်စွာရွေးချယ်ပိုင်ခွင့် ပေးထားသော အယူဝါဒဖြစ်ပါသည်။
အမှန်တကယ်သိလိုပါက ..အမှန်တကယ်စမ်းကြည့်စေချင်သည်။ အကျိုးမရှိဘူးမြင်ပါကလည်း..
အကျိုးမရှိသောဘာသာအဖြစ်မှတ်ယူနိုင်သည်.. အကျိုးရှိသည်ဟုထင်ပါကလည်း.. လက်ခံကျင့်သုံးနိုင်သည်။
နောက်တစ်ခုက.. ဘယ်မှာသွားပြီးလေ့လာကျင့်ကြံရမလဲဆိုတာပါ..
တရားစခန်းဆိုတာ ကိုထူးကြားဖူးမယ်ထင်ပါတယ်.. ရွှေတိဂုံဘုရားမြောက်ဘက်မုခ်နားမှာ
တရားစခန်းတစ်ခုရှိပါတယ်.. အဲဒီက ဆရာတော်ဘုရားကြီးတွေက..ဘာသာခြားတွေလေ့လာသမျှကိုလည်း
စိတ်ရှည်လက်ရှည်ဖြေကြားပေးကြပါတယ်.. နောက်တစ်ခုက စမ်းကြည့်ချင်တယ်ဆိုရင်လည်း..
လက်တွေ့နည်းနာ နည်းသရတွေကို သင်ကြားပြသပေးကြပါတယ်.. အဲဒါက အကောင်းဆုံး..
လက်တွေ့အကျဆုံးအဖြေဖြစ်ပါလိမ့်မယ်..။

nazy
5130

Planet Strong Member
 
30/07/2007
3871 posts
 9.Re: May I Know? Thanks...  May 31, 2009 11:37 AM
Ko_Htoo wrote:
၁။ လူများဘာဖြစ်လို့သေရတာလဲ။
နာလို့သေရတယ်။ (ရောဂါဝေဒနာ၊ မတော်တဆထိခိုက်မှု)ကြောင့်သေရတယ်.
၂။ ဘာဖြစ်လို့နာရတာလဲ။

ကျွန်တောအဖြေမရသေးတဲ့ မေးခွန်းတစ်ခုက လူသည် ဘယ်ကနေဆင်းသက်လာပါသလဲ... မိနဲ့ ဘဟုသာ အဖြေရပြီး အဲဒီမိနဲ့ ဘကကော ဘယ်ကနေဖြစ်လာတာပါလဲ... ဒါပြီးမှ ကျန် အိုနာသေခြင်း ကိုဆက်ရမည်မဟုတ်ပါလား..

ခရစ်ယာန်အယူ- မှာ အစ-ဖန်ဆင်းခြင်း ၊ အဆုံး- ငရဲ၊ ကောင်းကင်ဘုံ
(ကိုယ်ဘယ်လောက်ပဲကျင့်ကျင့်အပြစ်ကျန်ရှိနေ၊ ဘုရားကယ်မှကောင်းကင်ဘုံရောက်နိုင်)

ဒါဆို ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဆိုတဲ့ အဆိုက မှားတာပေါ့နော်..

အဓိကမတူတဲ့အချက်က ကျနော်တို့ ဗုဒ္ဓဘာသာမှာ ဘ၀ပေါင်းမြောက်များစွာနဲ့ ကျဉ်လည်နေရတဲ့
သံသရာလည်တဲ့အယူအဆကို လက်ခံထားပါတယ်။ လည်တယ်ဆိုတာ.. စက်ဝိုင်းလိုလည်တာပါ
တစ်ခုရဲ့အဆုံး နောက်တစ်ခုရဲ့အစ၊ အဲဒီတော့ အဆုံးနဲ့အစ ဘယ်ဟာကစတယ်ဆိုတာ
ပြောဖို့ခက်ပါတယ်။ အဲဒီလိုလည်ပတ်နေတဲ့ သံသရာထဲကနေ လွတ်မြောက်ဖို့လမ်းစဉ်က ဓမ္မပါ။

ထိုလွတ်မြောက်ရာလမ်းက စိတ်အထင်လား လက်တွေ့ကျသော လမ်းလားဆိုတာ အကြောင်းအကျိုးနဲ့ သိလိုပါသည်။

ကျွန်တော် မသိသည်များကိုဆွေးနွေးပေးလို့ကျေးဇူးတင်ပါသည်။

ခင်များက မေးတာပဲရှိတယ် လက်တွေ့ကျတဲ့ ကျင့်ကြံအားထုတ်မူ တစ်ခုမှ မလုပ်ပဲနဲ့တော့..

ဗုဒ္ဓဘာသာ အယူအဆကို ခင်များဦးနှောက်က လိုက်မှီမှာလည်းမဟုတ်ဘူး.... ခင်များ အကြံအစည် အတွေးအခေါ်တွေက

တဆင့်နှိမ့်နေတယ်.. ဆွေးနွေးလို့မကောင်းဘူး.. ..ကပ်သီးကပ်သပ်လေး မေးလိုက်အုံးမယ်ဗျ ခင်များက

ကောင်းကင်နိုင်ငံဝင်ခွင့်အတွက် အာမခံချက် ရပီးသားဆိုတော့လေ....

ခင်များတို့ပြောသလို တရားစီရင်တဲ့နေ့ကြီးကို ရောက်လာပါပြီ... အဲ့ဒီအချိန်မှာ

1/ ခုတင်မွှေး ခုတင် သေသွားတဲ့ ကလေး တစ်ယောက်ကို.. ဘယ် law နဲ့ ငရဲပို့မယ်... ဘယ် law နဲ့ ကောင်းကင် နိုင်ငံ

ပို့မလဲ

2/ သူ့ရဲ့ Physical ပိုင်းက စက္ကန့်ပိုင်းကလေးတင်ဆိုတော့ လမ်းတောင်မလျှောက်တတ်သေးတဲ့ ကို့ရိုးကားယား လေးပါ

အဲ့ချာတိတ်က ငရဲမရောက်ပဲ ထာဝရအသက်ရှင်ပြီး ခင်များတို့ပြောတဲ့ ကောင်းကင်နိုင်ငံကြီး ရောက်ပြီဆိုပါတော့

သူက ဘယ်အသက်အရွယ် အပိုင်းအချားနဲ့ နေရမှာလည်း.. အဲ့ဒီ လမ်းမလျှောက်တတ်သေးတဲ့ ပေါက်စ

ကလေးအနေနဲ့ပဲ နေရမှာလား.... စကားတောင်မပြောတတ်သေးပဲ ဘာသာတရားဆိုတာ ဝေလားဝေမို့ ယေရူကို

မသိမူအတွက် ငရဲရောက်မှာလား

3/ ခရစ်ယာန် မသာတွေကလည်း သေတာခြင်းမတူကြပါဘူး တစ်ချို့ကလည်း အသက် ၈၀ တစ်ချို့ကလည်း ၂၀ လောက်နဲ့တင် သေကြတော့. မြေကြီးထဲကနေ ပက်လက်လန်ပြီး ယေရူကို စောင့်နေကြပါတယ်.. တရားစီရင်ခံဖို့..
ဟုတ်ပီ သူတို့ကရော.. ငရဲရောက်ကောင်းကင်နိုင်ငံရောက်တဲ့အချိန်မှာ အဲဒီအသက်အရွယ် နဲ့ပဲလား...
၈၀မှာသေရင် ကောင်းကင်နိုင်ငံမှာလည်း အသက် ၈၀ အရွယ်ဘိုးတော်ကြီးပဲဖြစ်မလား... လုပ်ပါအုံး...
Dwaine
6900

Platinum Member
 
26/10/2006
1436 posts
 10.Re: Who are you?  May 31, 2009 3:18 PM
mokotasan wrote:
Who am I?hee

Homo sapiens heeheehee
PKZ
6862

Gold Member
 
27/11/2008
690 posts
 11.မတူသောကြောင့်  May 31, 2009 6:12 PM
Ko_Htoo wrote:
၁။ လူများဘာဖြစ်လို့သေရတာလဲ။
နာလို့သေရတယ်။ (ရောဂါဝေဒနာ၊ မတော်တဆထိခိုက်မှု)ကြောင့်သေရတယ်.
၂။ ဘာဖြစ်လို့နာရတာလဲ။

ကျွန်တောအဖြေမရသေးတဲ့ မေးခွန်းတစ်ခုက လူသည် ဘယ်ကနေဆင်းသက်လာပါသလဲ... မိနဲ့ ဘဟုသာ အဖြေရပြီး အဲဒီမိနဲ့ ဘကကော ဘယ်ကနေဖြစ်လာတာပါလဲ... ဒါပြီးမှ ကျန် အိုနာသေခြင်း ကိုဆက်ရမည်မဟုတ်ပါလား..

ခရစ်ယာန်အယူ- မှာ အစ-ဖန်ဆင်းခြင်း ၊ အဆုံး- ငရဲ၊ ကောင်းကင်ဘုံ
(ကိုယ်ဘယ်လောက်ပဲကျင့်ကျင့်အပြစ်ကျန်ရှိနေ၊ ဘုရားကယ်မှကောင်းကင်ဘုံရောက်နိုင်)

ဒါဆို ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဆိုတဲ့ အဆိုက မှားတာပေါ့နော်..

အဓိကမတူတဲ့အချက်က ကျနော်တို့ ဗုဒ္ဓဘာသာမှာ ဘ၀ပေါင်းမြောက်များစွာနဲ့ ကျဉ်လည်နေရတဲ့
သံသရာလည်တဲ့အယူအဆကို လက်ခံထားပါတယ်။ လည်တယ်ဆိုတာ.. စက်ဝိုင်းလိုလည်တာပါ
တစ်ခုရဲ့အဆုံး နောက်တစ်ခုရဲ့အစ၊ အဲဒီတော့ အဆုံးနဲ့အစ ဘယ်ဟာကစတယ်ဆိုတာ
ပြောဖို့ခက်ပါတယ်။ အဲဒီလိုလည်ပတ်နေတဲ့ သံသရာထဲကနေ လွတ်မြောက်ဖို့လမ်းစဉ်က ဓမ္မပါ။

ထိုလွတ်မြောက်ရာလမ်းက စိတ်အထင်လား လက်တွေ့ကျသော လမ်းလားဆိုတာ အကြောင်းအကျိုးနဲ့ သိလိုပါသည်။

ကျွန်တော် မသိသည်များကိုဆွေးနွေးပေးလို့ကျေးဇူးတင်ပါသည်။

ကို ငပျင်း ဖြေဆိုထားတာ အင်မတန် ပြည့်စုံပါတယ် .ကိုထူး ... ခင်ဗျား .. ။

သေချာဖတ်ပြီး ... ကိုယ်တိုင် သိအောင် လုပ်ပါ ။ ဘာသာခြင်း မတူတဲ့ အတွက် .. ကွဲလွဲ တဲ့ အယူတွေကို ခဏမေ့ထားပြီး .. သေချာ ဖတ်လိုက်ပါဦး။

ကိုထူး မသိသည်များကို ... ဆွေးနွေးပေးနေကြတာ ... ကာလ အတော်ကြာခဲ့ပါပြီ။ ... အခုထိ မသိနိုင်သေးလို့များ .. မေးခွန်းဟောင်းကို ပြန်မေးတာပါလား။

ဒါတွေ အရင်က ကျွန်တော်လည်း ဖြေခဲ့ပြီးသားပါ။ .... မသိတာတွေကို ဆွေးနွေးပေးလို့ ကိုထူးသာ အမှန် ကျေးဇူးတင်မယ်ဆိုရင် ... ဒီဖိုရမ်ထဲက လူတွေ ထဲမှာ .. မိတ်ဆွေ ရဲ့ ကျေးဇူးရှင်တွေ နည်းမှာ မဟုတ်ဘူးဗျ .. ။

မင်း ဘယ်သူလဲ ... ဆိုတာ ... ကိုယ်တိုင် ပြန်မေးပြီး .. မင်းဘာလုပ်သင့်လဲ ဆိုတာ ကိုပါ ထပ်မေးပါ။

ငါဘယ်သူလဲ သိပြီ .... ငါဘာလုပ်ရမယ်ဆိုတာကိုလဲ သိပြီဆိုရင်လည်း .... အဲ့ဒါကို .. ကိုယ်တိုင်သာ အားထုတ်လိုက်ပါတော့ ။ ကိုယ်တိုင်သာ လုပ်လိုက်ပါတော့ .. ။
ကိုယ်ယုံကြည်ရာ ကိုပေါ့ ။

ဒီတော့ ... တကယ် ... သိချင်တယ်ဆိုရင် ..လေးလေးစားစား ဖြေပေးခဲ့တဲသူတွေလဲ .. အခုမျက်မြင်ပဲ ။ အရင်ကလဲ ရှိခဲ့ပါတယ်။
နောက်လည်း .. ရှိဦးမှာပါ ။ .........

ကျွန်တောအဖြေမရသေးတဲ့ မေးခွန်းတစ်ခုက လူသည် ဘယ်ကနေဆင်းသက်လာပါသလဲ... မိနဲ့ ဘဟုသာ အဖြေရပြီး အဲဒီမိနဲ့ ဘကကော ဘယ်ကနေဖြစ်လာတာပါလဲ... ဒါပြီးမှ ကျန် အိုနာသေခြင်း ကိုဆက်ရမည်မဟုတ်ပါလား..

အယူဝါဒ ခြင်းမတူတဲ့အတွက်... .အငြင်းမသန်ပါနဲ့ .. .. ကိုယ်သိခြင်တာကို မေးလိုက်တဲ့ အခါ .....
ကျွန်တော်တို့ ဗုဒ္ဓဘာသာ တွေကတော့ .. ဗုဒ္ဓရဲ့ လမ်းစဉ်အတိုင်းပြန်လည် ဖြေဆိုပေးကြမှာပါပဲ ။ .... ဒါကို သိချင်တာမလား ။ သိရင်တော်ပြီပေါ့ ။
ဗုဒ္ဓဘာသာက လက်မခံတာတွေ .. ကို ... တော့ ..... ဆက်အငြင်းလိုက်ပွားနေမယ်ဆိုရင်တော
့ .... အားလုံးအတွက် မကောင်းတော့ဘူးလေ။

မိတ်ဆွေ တို့ကို ... မပြောချင်လို့ကို .. မပြောတော့တာပါ။ ဒီလို ကိစ္စတွေကြောင့်ပါ.။ ဒါပေမယ့်... မေးမယ်ဆိုလဲ ... တလေးတစားဖြေပေးမှာပါ။
ဒီလို အထက်ပါ ကိစ္စတွေမျိုး မလုပ်ရင်ပေါ့ ။

ခရစ်ယာန်အယူ- မှာ အစ-ဖန်ဆင်းခြင်း ၊ အဆုံး- ငရဲ၊ ကောင်းကင်ဘုံ
(ကိုယ်ဘယ်လောက်ပဲကျင့်ကျင့်အပြစ်ကျန်ရှိနေ၊ ဘုရားကယ်မှကောင်းကင်ဘုံရောက်နိုင်)

ဒါဆို ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဆိုတဲ့ အဆိုက မှားတာပေါ့နော်..

ဒီစကား ကတော့ .. ဘာဆိုင်လို့ပါသလဲ .... ။ မရှင်းလို့ပါ ။ ထင်တာတော့ .. ဘာမှ မဆိုင်ဘူး ထင်လို့ပါ။

PKZ
cyang
5832

Gold Member
 
20/10/2006
593 posts
 12.answer  May 31, 2009 10:59 PM
လူ့ဘ၀သည် အလွန်တိုတောင်းလှသော်လည်း အဓိပါယ်ရှိစွာ အသက်ရှင်နိုင်ဖို့ရန်အတွက်...
လူသည်........

၁) ဘယ်ကနေဆင်းသက်လာပြီး

ဟဲလိုကိုထူး ... မတွေ.တာကြာဘီ ..အနော်လည်း ပျင်းနေတာ ကိုထူးဖိုရမ်ကို ၀င်ဖတ်လိုက်ရင်း ... ဒီမေးခွန်းကို စမြင်တော့
ပြောချင်တာ ဆွေးနွေးချင်တာတွေရှိလာဘီ ။ နံပတ်တစ်မေးခွန်း ကို ကျနော်ပယ်ပါတယ် ဘာဖြစ်လို.လဲဆိုတော့ ဒီကမ္ဘာမှာ ဒီမေးခွန်းကို အတိကျဆုံး မှန်အောင် ဖြေနိင်မယ့်သူ မရှိဘူးလို ထင်လို.ပါ ။ ကျွန်တော်တို.စဉ်းစားကြည့်ရအောင်
လူကဘယ်ကနေဖြစ်လာလဲ ...အိုကေ... ဖန်ဆင်းရှင်က ဖန်ဆင်းတယ်ပဲထားပါဦး ... ဖန်ဆင်းရှင် ကိုရောဘယ်သူဖန်ဆင်းလဲ..
ထားပါဦး ဖန်ဆင်းရှင်က ရှိတယ်ပဲထားပါဦး .... ဖန်ဆင်းရှင်ကိုယ်တိုင်ရော အကုန်လုပ်နိင်မလား ...သူမဖန်ဆင်းနိင်တဲ့ အရာကိုရော ဖန်ဆင်းနိင်လား ။

၂) ဘာအတွက်လောကတွင် အသက်ရှင်ကာ

အနော်ကတော့ ကိုယ့်ကို ကိုယ် စွမ်းအင် တွေအသုံးချဖို.အတွက်ပဲအသက်ရှင်နေတာလို.ထင်တယ် ။ ကျနော်ကတော့ စွမ်းအင်တွေကို အစာချက်လုပ်ခြင်းနည်းနဲ.အများဆုံး ရတယ်ဗျ ။ ပြီတော့ စွမ်းအင်တွေကို အလုပ်လုပ်ပီး အသုံးချဖြစ်တယ်ဗျ ။ ကိုယ့် ပတ်ဝန်းကျင်အတွက် လဲပါတာပေါ့ ။ စွမ်းအင်တည်မြဲမှုနိယာမအရ ကျနော် energy တွေ တစ်နေရာရာ ကိုတော့ ရောက်သွားမှာသေချာတယ်လို. ယူဆရတယ် ကိုထူးရေ...

၃) ဘယ်ကို ပြန်သွားရမှာပါလဲ...

အတိတ်ရဲ့အကျိုးဆက်၊ အနာဂတ်အတွက်ရင်းမြစ်ဖြစ်တဲ့ ကျနော်ကိုယ်ကျနော်သာသိပါသည် ။ အကယ်၍သာ သတ်မှတ်ကာလတစ်ခုအတွင်း စကြာဝဠာထဲကရှိရှိသမျှ အား Forces တွေ၊ ရွေ့ လျားမှုသဘာဝတွေ Nature of motion ကိုသိတဲ့၊ ပြီးတော့ ၄င်းအရာတွေအားလုံးတို့ရဲ့အနေအထား Positions တွေကိုသတ်မှတ်သိရှိနိုင်တဲ့၊ ပြီးရင် ယင်းအချက်အလက်တွေအားလုံးပါဝင်ပြီး စကြဝဠာရဲ့အကြီးမားဆုံးကနေ အသေးငယ်ဆုံးသောအရာဝတ္တုတွေအားလုံးတို့ရဲ့ ရွေ့လျားမှုတို့ကို ပုံစံပြု ဖော်မြူလာတစ်ခုကိုသာ တီထွင်ဖော်ထုတ်နိုင်တဲ့ ဦးနှောက်ဥာဏ်ရည်မျိုးသာရှိခဲ့ရင်၊ ထိုဦးနှောက်အတွက် မတိကျမှု၊ ကစဥ့်ကလျားဖြစ်မှုတို့မှာ လုံးဝရှိတော့မှာ မဟုတ်ဘဲ ယခင်က မမြင်တွေ့နိုင်တဲ့ အတိတ်နဲ့ချွတ်စွပ်တူ အနာဂတ်သစ်တစ်ခု ဖြစ်လာမယ် ။ ref : Laplace’s demon
ngapyinn
6801

Platinum Member
 
20/10/2006
1315 posts
 13.ဒီလိုပဲသံသရာလည်ဦးမယ်..  Jun 05, 2009 5:59 PM
ဒီလိုနဲ့ပဲ..ကျနော်တို့ ထပ်ငြင်း..ထပ်ရန်ဖြစ်...ဖြစ်ကြဦးမယ်... သင့်သင့်မြတ်မြတ်ပေါ့..
ဟုတ်ဖူးလား.. ရန်ဖြစ်ဖော်..ရန်ဖြစ်ဖက်တွေဘဲ... နောင်လဲ..ငြင်းရဦးမှာပဲheehee
Ko_Htoo

Platinum Member
 
06/11/2006
1941 posts
 14.for cyan...& all  Jun 10, 2009 1:20 PM
ဖြေပေးလို့ကျေးဇူးတင်ပါတယ်...

အဖြေမှာ ဘာမှလည်း တိကျတဲ့ အဖြေမရှိပါလားနော်.... လောကကြီးဟာ အဲဒီ အဖြေမရှိတဲ့ လောကကြီးလို့ သင်ထင်ပါ သလား... အကြံအဖန်တွေကြား အမှန်အကန်ဆိုတာ လုံးဝမရှိနိုင်တော့ဘူးလား....

လူမိနဲ့ဘ ဘယ်က ဆင်းသက်လာပါသလဲ....

ဒါမှမဟုတ် အစဆိုတာသိဖို့မလိုတဲ့... ၀ါဒတစ်ခုလား... အမှန်တရားကို ဒီလို ရှာလို့ ရပါသလား...

စိတ်အထင်များနဲ့ တိကျမှုမရှိသော... ၀ါ ဒ တစ်ခု လား... လား..လား
ngapyinn
6801

Platinum Member
 
20/10/2006
1315 posts
 15.Re: for cyan...& all  Jun 11, 2009 10:18 AM
Ko_Htoo wrote:
ဖြေပေးလို့ကျေးဇူးတင်ပါတယ်...

အဖြေမှာ ဘာမှလည်း တိကျတဲ့ အဖြေမရှိပါလားနော်.... လောကကြီးဟာ အဲဒီ အဖြေမရှိတဲ့ လောကကြီးလို့ သင်ထင်ပါ သလား... အကြံအဖန်တွေကြား အမှန်အကန်ဆိုတာ လုံးဝမရှိနိုင်တော့ဘူးလား....

လူမိနဲ့ဘ ဘယ်က ဆင်းသက်လာပါသလဲ....

ဒါမှမဟုတ် အစဆိုတာသိဖို့မလိုတဲ့... ၀ါဒတစ်ခုလား... အမှန်တရားကို ဒီလို ရှာလို့ ရပါသလား...

စိတ်အထင်များနဲ့ တိကျမှုမရှိသော... ၀ါ ဒ တစ်ခု လား... လား..လား

ကိုထူးရေ..ခင်ဗျားကို နားလည်အောင် ကျွန်တော်ပြောမပြတတ်တာ..ကျွန်တော့ ချို့ယွင်းချက်ပါဗျာ..
ဟုတ်ပါပြီ... နောက်တစ်မျိုးကျွန်တော်ပြောအုံးမယ်..
အရာရာတိုင်းမှာ အဆုံးသတ်တန်ဖိုး (ကန့်သတ်ချက်)ဆိုတာရှိပါတယ်...
အဲဒီကန့်သတ်ချက်တွေ..သဘာဝကပေးထားတဲ့စွမ်းအားတွေမှာ လူသားတွေဟာ ဥာဏ်ပညာကလွဲလို့
ကျန်တဲ့အရာတွေမှာ ညံ့ဖျင်းကြပါတယ်.. ဥပမာအားဖြင့် ကျွန်တော်တို့ မျက်စေ့ဟာ တရစ္ဆာန်တွေလောက်..
အမြင်အာရုံမကောင်းပါဘူး.. အတိုင်းအတာတစ်ခုအထိပဲရှိပါတယ်.. အကြားအာရုံ ခွေးတွေ ကြောင်တွေလောက်
မကောင်းပြန်ပါဘူး...။ အနံ့ခံအာရုံလည်းဒီအတိုင်းပဲ..။ အဲဒီလို အကန့်အသတ်နဲ့ရှိနေကြတဲ့.. လစ်မစ်တွေထဲမှာ
ကျွန်တော်တို့ရဲ့ ဥာဏ် (ဦးဏှောက်) လဲပါပါတယ်..။ အဲဒီလိုအတိုင်းအတာနဲ့သာရှိနေတဲ့ ဦးဏှောက်နဲ့..
အရာအားလုံးရဲ့ အစဆိုတာ ရှိကို ရှိရမယ်လို.စဉ်းစားခြင်းဟာ မမှန်နိုင်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်..။
အရာအားလုံးရဲ့ အစဟာ ကြက်ဥနဲ့ ကြက်မ ဘယ်ဟာကအရင်စဖြစ်သလဲဆိုတဲ့အမေးလိုပဲ..။ အစမရှိတဲ့အရာ ရဲ့ အစကို
ရှာနေသလိုပါပဲ။ အစကို သိချင်ရင်.. ဖြစ်စဉ်တစ်ခုလုံးကို အမှန်အတိုင်းဆင်ခြင်နိုင်မှ အစကို သိမှာပါ..။
ပုစ္ဆာတစ်ပုဒ်ကို အမှန်ကန်ဆုံးတွက်ချင်ရင် ပုစ္ဆာမှာပါတဲ့.အချက်အလက်တွေကို ကိုထူးအနေနဲ့ သဘောပေါက်ရမှာပါ။
အဲဒါမှ တွက်လို့ရမယ်..။ အဲဒီလိုပဲ.. ကျွန်တော်တို့ အဖြေရှာနေတဲ့ လူသားတွေရဲ့အစ၊ စကြ်ာဝဠာကြီးရဲ့ အစကို
သိချင်ရင်.. ကျွန်တော်တို့ရဲ့ စိတ်ဝိဥာဉ်ကို စင်ကြယ်အောင် (လေ့ကျင့်) ယူရပါမယ်.။ ပုစ္ဆာရဲ့ အချက်အလက်တွေဖြစ်တဲ့.
လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေကို အမှန်ကိုအမှန်အတိုင်းသိမြင်နိုင်အောင် ၀ိပဿနာတရားနဲ့
အားထုတ်လေ့ကျင့်ရပါမယ်..။ အားကစားပြိုင်ပွဲတစ်ခုမှာ မိမိရဲ့ ခန္ဓာကိုယ်စွမ်းဆောင်မှုကို.. လေ့ကျင့်အားထုတ်မှုနဲ့
တိုးမြှင့်နေတဲ့ အားကစားသမားလိုပါပဲ။ ကျွန်တော်တို့ ကြိုးစားအားထုတ်ရပါမယ်။ အဲဒီလိုပဲ မိမိစိတ်က အရာအားလုံးကို
အမှန်အတိုင်းသိမြင်နိုင်အောင် အားထုတ်ခြင်းအားဖြင့်.. ကျွန်တော်တို့ပြောနေကြတဲ့ မဂ် ဆိုက်တယ်ဆိုတဲ့စိတ်အစဉ်
လွတ်မြောက်ခြင်း၊ သိမြင်ခြင်းစိတ်အစဉ်ကိုရပါလိမ့်မယ်..။

နောက်တစ်ခုက အရာရာမှာအစရှိတယ်ဆိုတဲ့အယူအဆ ကို ကျွန်တော်ပြောမယ်..။
အဲဒီအရာကို လူတွေရဲ့သမိုင်းတလျှောက်လုံးဖော်ထုတ်နေခဲ့ကြတာ..ခုထိမပြေလည်ကြသေးဘူး..။
အဲဒီတော့ ကိုထူးအနေနဲ့ ငါတို့ ကျမ်းစာမှာပါပြီးသားပဲ ဆိုပြီးပြောချင်လိမ့်မယ်..။ ကိုပါးနိကပ်စ်ရဲ့ သီအိုရီအရ..
ကမ္ဘာကို ဗဟိုပြုပြီး နေလတွေလှည့်ပတ်နေတယ်ဆိုတဲ့ ရှေးဟောင်း ခရစ်ယာန်အယူအဆနဲ့ ဆန့်ကျင်နေပြန်ရော။
အဲဒီတော့ လူတွေက... သိချင်ကြပြန်တယ်။ ထပ်စူးစမ်းပြန်တယ်..။ တစ်ခုကိုအစလိုထင်လိုက် အဲဒီမှာရပ်ပြီးကြည့်လိုက်ရင်..
သူ့ရဲ့ အစတစ်ခုတွေ့လိုက်။ ထပ်စူးစမ်းလိုက်နဲ့ ခုထိကိုမဆုံးနိုင်သေးဘူး။
အဲဒီတော့ အရာရာရဲ့ အစက ဘာလဲ? ကိုထူးစဉ်းစားကြည့်ပါ။ မရှိဘူး။
အဲ ဗုဒ္ဓဘာသာရဲ့ အဖြေက တမူထူးခြားနေတယ်..
``စက်ဝိုင်းပုံ´´
စက်ဝိုင်းတစ်ခုရဲ့ အဆုံးလို့ ကိုထူးထောက်ပြလိုက်တဲ့ အမှတ်တစ်ခုဟာ.. နောက်တစ်ခုရဲ့ အစဖြစ်နေတယ်..။
အဲဒီအစဟာရဲ့ အရင်တစ်ခုရဲ့ အဆုံးဖြစ်နေပြန်တယ်..။ အဲဒီလိုလည်ပတ်ခြင်းနဲ့ သံသရာဆိုတဲ့ စက်ဝိုင်းမှာ
ကျွန်တော်တို့ ကျဉ်လည်နေရတယ်လို့.. ကျွန်တော်တို့ တွေယူဆကြတယ်..။
အဲဒါကိုပဲ ကျွန်တော်ဖြေခဲ့တာပါ။ အဲဒီအဖြေကို ကိုထူးအနေနဲ့ အဖြေလို့ ဘာလို့ မယူဆပါသလဲ။
ကျွန်တော်နဲ့ တကွ ဗုဒ္ဓဘာသာဝင်များသည် အဲဒီလို ယူဆထားတယ်။ အဆုံး၊ အစ၊ (အတူတူ) တစ်နည်းအားဖြင့်
အဆုံး၊ အစ (မရှိ)။

ကျေးဇူး

ငပျင်း
PKZ
6862

Gold Member
 
27/11/2008
690 posts
 16.သံသရာ စက်ဝိုင်း  Jun 11, 2009 2:08 PM
ဗုဒ္ဓဘာသာရဲ့ အဖြေက တမူထူးခြားနေတယ်..
``စက်ဝိုင်းပုံ´´
စက်ဝိုင်းတစ်ခုရဲ့ အဆုံးလို့ ကိုထူးထောက်ပြလိုက်တဲ့ အမှတ်တစ်ခုဟာ.. နောက်တစ်ခုရဲ့ အစဖြစ်နေတယ်..။
အဲဒီအစဟာရဲ့ အရင်တစ်ခုရဲ့ အဆုံးဖြစ်နေပြန်တယ်..။ အဲဒီလိုလည်ပတ်ခြင်းနဲ့ သံသရာဆိုတဲ့ စက်ဝိုင်းမှာ
ကျွန်တော်တို့ ကျဉ်လည်နေရတယ်လို့.. ကျွန်တော်တို့ တွေယူဆကြတယ်..။

သိပ်ကောင်းပါတယ် ကိုငပျင်းရေ ....

လောကကြီးဟာ အဲဒီ အဖြေမရှိတဲ့ လောကကြီးလို့ သင်ထင်ပါ သလား... အကြံအဖန်တွေကြား အမှန်အကန်ဆိုတာ လုံးဝမရှိနိုင်တော့ဘူးလား

ဒါကိုထူး မေးထားတာလေးပါ။ ဟုတ်ပါပြီ။ ... လောကကြီးမှာ အဖြေရှိတယ်ဆို ဆိုချင်ပုံရပါတယ်။ ဒါဆို ရှိပါတယ်။

လူမိနဲ့ဘ ဘယ်က ဆင်းသက်လာပါသလဲ....
ကိုထူးကတော့ .. ဘုရားသခင်ဆီက ဆင်းသက်လာတယ်လို့ ဖြေချင်၊ ပြောချင်၊ ယူဆချင်ပုံပါပဲ။

ဒါဆို ကိုထူးရေ ... ဒါက အစစ်အမှန် အစ ပထမ ဆိုပြီး ... ယူဆလို့ မရသေးဘူးဗျ။
ဘာလို့လဲဆိုတော့ ... ဘုရားဆီက ဆင်းသက်လာတယ် ဆိုကတည်းက .. အစ မဟုတ်သေး .. အမှန်အစက ဘုရားပေါ့ဗျာ ...
ဆင်းသက်လာတယ်ဆိုတာ ... ဒုတိယ အဆင့်ပါ။
အဲ့ဒိ လူတွေ ဆင်းသက်လာတယ်လို့ ကိုထူး ယူဆ ထားတဲ့ ဘုရားရဲ့ အစ ကရော .... ဘယ်ကစ ....
ဒါကို ကိုထူးသိပါသလား။ .....
အရာ အားလုံးမှာ အစ ရှိရမယ်လို့လဲ ယူဆထားတယ်မလား။ ဖန်ဆင်းရှင်နဲ့ကင်းသောအရာ မရှိဘူးလို့ ယူဆထားတယ်မလား။
ဒါမှမဟုတ် အစဆိုတာသိဖို့မလိုတဲ့... ၀ါဒတစ်ခုလား... အမှန်တရားကို ဒီလို ရှာလို့ ရပါသလား...

စိတ်အထင်များနဲ့ တိကျမှုမရှိသော... ၀ါ ဒ တစ်ခု လား... လား..လား

ကဲ ကိုထူးရေ ... ကိုယ့်မေးခွန်းနဲ့ကို ပြန်ပတ်ပေတော့

သင်တို့ဝါဒ ..၊ သတ္တဝါအစ
ဘုရား ဖန်ဆင်းရှင် ဆီက
ဘုရား (ဖန်ဆင်းရှင်) ဘယ်ကစ
ဒါတော့ ကျုပ်လည်း မသိရ
ကိုထူးတို့ ဝါဒ ။ ။

ကျွန်ုပ်တို့ဝါဒ ၊ သဘာဝ
သံသရာကြီး ဘယ်ကစ ၊
မသိမှုကစ။ (အဝိဇ္ဇာ)
သံသရာကြီး ဘယ်တော့ဆုံး၊
သိမှုမှာဆုံး။

PKZ
MonsterOfRock
6396

Platinum Member
 
20/10/2006
1423 posts
 17.Re: for cyan...& all  Jun 12, 2009 2:47 PM
Ko_Htoo wrote:
ဖြေပေးလို့ကျေးဇူးတင်ပါတယ်...

အဖြေမှာ ဘာမှလည်း တိကျတဲ့ အဖြေမရှိပါလားနော်.... လောကကြီးဟာ အဲဒီ အဖြေမရှိတဲ့ လောကကြီးလို့ သင်ထင်ပါ သလား... အကြံအဖန်တွေကြား အမှန်အကန်ဆိုတာ လုံးဝမရှိနိုင်တော့ဘူးလား....
လူမိနဲ့ဘ ဘယ်က ဆင်းသက်လာပါသလဲ....

ဒါမှမဟုတ် အစဆိုတာသိဖို့မလိုတဲ့... ၀ါဒတစ်ခုလား... အမှန်တရားကို ဒီလို ရှာလို့ ရပါသလား...

စိတ်အထင်များနဲ့ တိကျမှုမရှိသော... ၀ါ ဒ တစ်ခု လား... လား..လား

မောင်ထူး..

ဒိုင်နိုဆော တွေ ဘယ်က ဆင်းသက်လာပါသလဲ?။ ဒိုင်နိုဆောတွေ ကမ္ဘာမှာ မရှိဘူးလို့ မပြောနဲ့နော်။ မမြင်ဖူးရင်လဲ ထပ်ပြောဦး။ ဓာတ်ပုံလေးတွေ တင်ပေးမယ်။ ဒိုင်နိုဆောတွေက ဒီကမ္ဘာမှာ ရှိတယ်။ ဒီတော့ ဒိုင်နိုဆောရဲ့ အစဟာ ဘယ်ကလဲ။ ဘယ်အချိန်တုန်းက အသက်ရှင်ခဲ့တာလဲ။ ဒိုင်နိုဆော ကို ဘုရားသခင် ဖန်ဆင်းတယ်လို့လဲ မပြောနဲ့ဦးနော်။ ဒိုင်နိုဆော ကို ဘုရားသခင် ဖန်ဆင်းတဲ့အကြောင်းကို ဘိုင်ဘယ်လ်မှာ မရေးထားဘူး။ ယောင်ဝါးလဲ ရောမချနဲ့ တိတိကျကျဖြေ။

MonsterOfRock
mogula
923

Silver Member
 
26/10/2006
354 posts
 18.Re: for cyan...& all  Jun 13, 2009 12:21 AM
MonsterOfRock wrote:

ကိုမွန်းရေ ကျွန်တော်သိသလောက် ပြောပြပါရစေ။
ကျွန်တော်တို့ သမ္မာကျမ်းစာထဲမှာ ဒိုင်နိုဆောနဲ့အလားသတန် ( စာလုံးပေါင်း ရှာမရဘူး) တူညီတဲ့ သတ္တ၀ါနှစ်ကောင်အကြောင်းကို ဖော်ပြ ရေးသားထားတာ ရှိပါတယ်။ ဗေဟမုတ်မြင်း နဲ့ လ၀ိသန် ဆိုတဲ့ သတ္တ၀ါတွေ ဖြစ်ပါတယ်။ ဗေဟမုတ်ရဲ့ အမြီးဟာ အာရဇ်ပင်နီးပါး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ( ယောဘ ၄၀း၁၅-၁၉) ထဲမှာ အသေးစိတ် ဖတ်ကြည့်လို့ရပါတယ်။

ဒိုင်နိုဆောတွေကို အခု ကမ္ဘာပေါ်မှာ မတွေ့ရတော့တာကို စဉ်းစားရင် ခရစ်တော် မပေါ်မှီ နှစ်ပေါင်း ၂၃၀၀-၂၄၀၀ ကျော် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်မှာ ဖြစ်ပျက်ခဲ့တဲ့ ရေလွှမ်းခြင်းကို သတိရဖို့လိုအပ်ပါတယ်။ နောဧ သဘောင်္အားဖြင့် လွတ်မြောက်သွားတဲ့ ဒိုင်နိုဆော အထီးအမ နှစ်ကောင်ရဲ့ မျိုးပွားခြင်း ကိစ္စကျွန်တော်တို့ အတိအကျ မသိနိုင်ပါဘူး။ သန်းပေါင်းများစွာသော သတ္တ၀ါများ ( ဒိုင်နိုဆော အပါအ၀င်) ရဲ့ ရုပ်ကြွင်းများ ပင်လယ်ရေအောက်မှာရှိတဲ့ အနယ်ကျ ကျောက်လွှာများထဲမှာ တွေ့ရတာဟာလည်း အလွန်အံ့သြစရာ ဖြစ်သလို ရေလွှမ်းမိုးခြင်းကာလ အမှန်တကယ် ဖြစ်ပျက်ခဲ့တယ်ဆိုတာကို သက်သေထူလျှက် ရှိပါတယ်။

တဆက်တည်း ကိုထူး ကိုလည်း တစ်ခုလောက် မေးချင်ပါတယ်။

သင်၏ ယုံကြည်ခြင်းကို အခြား တစ်ဦးတစ်ယောက်အား အတင်း အဓမ္မ ယုံကြည်စေမည်ဆိုလျှင် သင့်အနေဖြင့် မှန်ကန်သည်ဟု ယူဆပါသလား ?

ကျွန်တော့်အနေနဲ့ကတော့ မမှန်ဘူးလို့ ဆိုရမှာပါဘဲ။ ခရစ်ဝင်ကျမ်းတွေထဲမှာ သခင်ခရစ်တော်က သူ့ကို ယုံကြည်ဖို့ အတင်းအဓမ္မ တိုက်တွန်းခြင်းမျိုး လုံးဝ မတွေ့ရပါဘူး။ ဓမ္မသစ်ကျမ်းကို ကြည့်ခြင်းအားဖြင့် "သခင်ခရစ်တော်သည် မြို့တိုင်း၊ ရွာတိုင်းသို့ လှည့်လည်သွားလာ၏။ ကောင်းကင်နိုင်ငံ အကြောင်းကိုသာ ၀မ်းမြောက်စွာ ဟောပြော သွန်သင်သည်" ဆိုတဲ့ အချက်တွေကို သိခဲ့ရပါတယ်။ ( လု ၈း၁ ) သခင်ခရစ်တော်သည် ဧ၀ံဂေလိ သတင်းကောင်းကို ရိုးရှင်းစွာ ဟောပြောသွန်သင်သည်။ သူ၏ တပည့်များကိုလည်း ဧ၀ံဂေလိ ဟောကြား၇န် စေလွှတ်ခဲ့သည်။ ( လု ၉း၂) သခင်ယေရှုသည် တံခါးကို ကန်ဖွင့်ပြီး တစ်ပါးသူ၏ ဘ၀ကို ထိန်းချူပ်သူလည်း မဟုတ်ပါဘူး။ ( ဗျာ ၂း၂၀) လက်ခံရန် သူစောင့်ကြိုခဲ့သည်။ ( ယော ၁း၁၂) လူသားတို့အား လွတ်လပ်စွာ ( ယော ၅း၃-၄၀၊ မသဲ ၂၂း၃) ကိုယ်လျှောက်ရမည့်လမ်းကို ရွေးချယ်ခွင့် ပေးထားပါတယ်။ ( ယောရှု ၂၄း၁၅၊ မသဲ ၂၃း၃၇)

အဲဒါကြောင့် ကျွန်တော်တို့ ခရစ်ယာန်တွေရဲ့ ယုံကြည်ခြင်းကို အတင်းအဓမ္မယုံကြည်စေခြင်းမျိုးအတွက် အခွင့်အရေး ရှိဦးမလား.။ လုံးဝ အခွင့်အရေး မရှိပါဘူး။ ဘုရားသခင်ရဲ့ နည်းလမ်းအတိုင်း လူသားတိုင်းအား နှိမ့်ချစွာ ( နိမ့်ကျစွာ မဟုတ်ပါဘူး) ကျိုးနွံစွာ၊ လေးစားစွာ ဧ၀ံဂေလိ သတင်းကောင်းကို ဝေမျှ သက်သေခံဖို့ဘဲ လိုအပ်ပါတယ်။ အဲဒီလို သက်သေခံပြီးနောက်ပိုင်းမှာ သူတို့ဘာသာ သူတို့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

အခု ကိုထူးရဲ့ ပုံစံက အတင်းအဓမ္မကြီး လိုက်ပြီး ယုံကြည်ခိုင်းနေသလိုမျိုး ၊ ပြီးတော့ လိုက်ပြီး နှိုင်းယှဉ်တဲ့ပုံစံ ပေါက်နေပါတယ်။ ဘယ်သူဘဲ ဖြစ်ဖြစ် ကိုယ့်ဘာသာကို လာပြီး တိုက်ခိုက်တယ်လို့ ယူဆရင် ပြန်ပြီးတော့ ပြောဆိုကြမှာပါဘဲ။ ကျွန်တော့်အနေနဲ့ ပြောသင့်သလောက်လည်း ပြောခဲ့ပြီးပါပြီ။
အပေါ်က ကျွန်တော့်စာကို သေချာ နားလည်အောင် ဖတ်ပေးပါ။ ဆရာဦးဇော်ဝင်း ပြောဖူးတာ ရှိတယ်။ အခုခေတ် တရားဟော ဆရာတွေက တောချောက်တဲ့ လူတွေနဲ့ တူတယ်တဲ့။ မချောက်တတ်ဘဲနဲ့ ချောက်တော့ ၊ တကယ်ဖမ်းမဲ့ မုဆိုးတွေသွားတဲ့အခါ အလုပ်မဖြစ်တော့ဘူးလို့ ပြောတာ ကြားဖူးပါတယ်။ အစ်ကိုလည်း ဒီလောက်ဆို သဘောပေါက်မှာပါ။

ဧ၀ံဂေလိ လုပ်နေတာကို မင်းက ဘာတွေ လာပြောနေတာလည်း ဆိုပြီး အစ်ကို့ဘက်က မေးလာရင်တော့ ဧ၀ံဂေလိလုပ်တာလည်း သူ့နည်း ၊ သူ့ဟန် နဲ့ လမ်းမှန် ကမ်းမှန်လေး လုပ်ရပါတယ်လို့ ကျွန်တော် ဖြေရမှာပါဘဲ။

ကျွန်တော် ထပ်ပြောချင်ပါတယ်။ ကျွန်တော် ရေးတဲ့စာကို သေချာလည်း ဖတ်ပေးပါလို့ ။

မော်ဂူလာ
shinnaywon
6934

Silver Member
 
02/11/2006
230 posts
 19.Re: for cyan...& all  Jun 15, 2009 5:34 PM
mogula wrote:

စာအရေးအသားအလွန်ကောင်းပါတယ်မိတ်ဆွေ
သင့်စိတ်ဓတ်ကို အရမ်းကြိုက်ပါတယ်
ကျွန်တော်လဲ ကိုထူး ကိုမေးချင်နေတာပါ
ဘာအတွက်နဲ့ ဘာအကြောင်းကြောင့် ဒီဖိုရမ်ကိုလာတာလဲ
မေးချင်တာလေးပါ
ဆွေးနွေးချင်တာလား
မေးမြန်းချင်လို့လာတာလား
ဘာအတွက်လာတာလဲ
လူသားတွေကိုကယ်တင်ဖို့လား
ကိုထူးရေ
ကျွန်တော်တစ်ခုတော့
ပြောပါရစေ
ဘာသာ တစ်ခုနဲ့တစ်ခုဆိုတာ
ဆွေးနွေးလိုရနေမယ်ဆိုရင်
ဘာသာေ၇းစစ်ပွဲဆိုတာတွေရှိလာမှာမဟုတ်ပါဘူး
ပြီးတော့အင်တာနက်ပေါ်မှာပြောတယ်ဆိုတာ
ဘယ်လိုမှအရာထင်မှာမဟုတ်ပါဘူး
တကယ်လို့များ
ကိုထူးက စိတ်ဝင်စားလို့ ၀င်ရောက်နေတာဆိုရင်တော့ ၀ဲကမ်းပါ
မေးလို့ ရပါတယ်
ကျွန်တော့်တို့မှာ ဖြေပေးမဲ့သူတွေတစ်ပုံကြီးရှိပါတယ်
ဒါပေမဲ့
ပုတ်ခတ်ဖို့ တော့မလုပ်စေချင်ပါ
ဒီင်္လိုပြောနေရုံနဲ့
ခရစ်ယာန်ဘာသာကိုပြောင်းသွားတာ
ဒီတော့ပစ်မှာဘယ်နှစ်ယောက်တောင်မြင်ဖူးလို့လဲ
မြင်းမိုရ်တောင်ကိုဇီးစေ့နဲ့ပေါက်တာတောင်
ဖြစ်ချင်ဖြစ်နိုင်ပါတယ်
ဒါတော့မဖြစ်နိုင်ဘူးလို့ပြောချင်ပါတယ်
ဒီတော့...
Ko_Htoo

Platinum Member
 
06/11/2006
1941 posts
 20.ဘာအတွက်လောကကြီးတွင် အသက်ရှင်နေပါသလဲ...  Jun 16, 2009 9:23 AM
ပုတ်ခတ်ဖို့ တော့မလုပ်စေချင်ပါ
ဒီင်္လိုပြောနေရုံနဲ့
ခရစ်ယာန်ဘာသာကိုပြောင်းသွားတာ
ဒီတော့ပစ်မှာဘယ်နှစ်ယောက်တောင်မြင်ဖူးလို့လဲ
မြင်းမိုရ်တောင်ကိုဇီးစေ့နဲ့ပေါက်တာတောင်
ဖြစ်ချင်ဖြစ်နိုင်ပါတယ်
ဒါတော့မဖြစ်နိုင်ဘူးလို့ပြောချင်ပါတယ်
ဒီတော့...

ကျွန်တော် ပုတ်ခတ်ပြောဆိုတယ်ဆိုတာထက် ကျွန်တော့ကို ရစရာမရှိအောင် ပုတ်ခတ်ပြောဆိုတိုက်ခိုက်နေကြတဲ့ ကြားထဲ ဘာ့ကြောင့် ဆက်ဆွေးနွေးနေနိုင်တာလဲလို့ မေးရင် မှန်ကန်စွာမေးတတ်သူဟု သတ်မှတ်လို့ရပေမည်... အခုက... ထိုကဲ့သို့ ဆိုတိုင်း ကျွန်တော်သည် သူတစ်ပါးကို ထိခိုက်ပုတ်ခတ်သော အရေးအသားရှိက ဖေါ်ပြပေးပါဆိုပြန်တော့လည်း တစ်ခါမှ ပြန်လည် ဖေါ်ပြပေးနိုင်ခြင်းမရှိခဲ့...

ကျွန်တော် ပြောပြခဲ့တဲ့ သတင်းကောင်းကို လက်ခံလာတဲ့သူ တစ်ယောက်မျှမရှိဘူးဟု သင်အတတ်ပြောရဲလား... မရှိဘူးဟု ထင်ပါသလား... အခု ကျွန်တော့ဘက်မှ တစ်ခါတစ်ခါဝင်ဆွေးနွေးပြီး ထောက်ခံသူနှစ်ဦးဟာ အရင်က သူတို့ ကျွန်တော်ပြော ခဲ့တဲ့ သတင်းကောင်းကို လက်ခံခဲ့သူတွေ မဟုတ်ခဲ့ကြပါဘူး... လူဟာ စကြာဝဌာထက်မကတန်ဘိုးရှိပါတယ်.... ကိုထူး အချည်းနှီးအချိန်ကုန်ခံနေတာ မဟုတ်ပါဘူး...

ကိုထူးအတင်းအဓမ ဘာသာစွယ်သူဟု မြင်ကြပေမည့် ... ကိုထူးရဲ့ ဆွေးနွေးဖေါ်ပြပြီးတိုင်း သင်...လွတ်လပ်စွာရွေးချယ်နိုင် ပါသည်ဆိုတဲ့စကားလုံးရဲ့အဓိပါယ်ကို ဘယ်လိုမြင်ပါသလဲ...

ဒိုင်နိုဆော ရုပ်ကြွင်းများကို တွက်ကြည့်ပါ...
သမာကျမ်းတွင် မူလ ကဘာ၊ စာတန်ကြောင့် ပျက်စီးသွားသောကဘာနှင့် ပြန်လည်ပြုပြင်ထားသော ကဘာဆိုပြီး သုံးပိုင်း ရှိပါသည်... မူလကဘာတွင် ကျောက်ခောတ်လူသားတို့ ( တိရိစာန်များနှင့် တိရိစာပုံနှင့်ဆင်တူသော ကျောက်ခောတ်လူသားတို့ရှိခဲ့ပြီး) အားလုံးပျက်စီးသွားခဲ့ကာ... ယခုကဘာကြီးကိုလည်း ဘီစီ 2500 လောက်က တစ်ကြိမ် ရေလွှမ်းခဲ့ပါသည်... ထိုစဉ် နောဧသဘောင်္တွင်းသို့ ရှိသမျှ တိရိစာန်အထီအမတစ်စုံစီတို့ကို ယူစေခဲ့ပါသည်။ ဒိုနိုင်စောကိုချန်ခဲ့သည် ဟုမပါသောကြောင့် ထိုသတ်တ၀ါကို မူလကဘာမှ သတ်တ၀ါဟု ဆိုနိုင်ပါသည်။

၁) ဘယ်ကနေဆင်းသက်လာပြီး
၂) ဘာအတွက်လောကတွင် အသက်ရှင်ကာ
၃) ဘယ်ကို ပြန်သွားရမှာပါလဲ...

ကိုထူးသည် နိုင်ငံနှစ်နိုင်ငံ၏ နိုင်ငံသားဖြစ်ပါသည်... ထိုနိုင်ငံနှစ်ခုမှာ ကောင်းကင်နိုင်ငံတော်နှင့် ယခု လောကီနိုင်ငံဖြစ်ပါသည်။ ကိုထူးကို ဘုရားက ဖန်ဆင်းသည်ဟု ယုံကြည်ပြီး ထိုဘုရားသည် မတော်တဆ ကျွန်တော့ကို လောကသို့ စေလွှတ်ထားခြင်းမဟုတ်ဟုလည်း ယုံကြည်ပါသည်။ ထို့ကြောင့် ကိုထူးသည် ဘုရားထံမှ လာသော ကောင်းကင်နိုင်ငံသားဖြစ်ပါသည်။ ကိုထူးသည် ယခု လောကီနိုင်ငံတွင်နေထိုင်နေသော်လည်း ဒီနိုင်ငံသားမဟုတ်.. ကောင်းကင်နိုင်ငံ တော်မှ ဘုရားစေလွှတ်သော သံတမန်ဖြစ်ပါသည်။ ထို့ကြောင့် လောကီအလိုကို မဆောင်ဘဲ ဘုရားအလိုအတိုင်း ဒီနိုင်ငံမှာ နေပါသည်။ ထို့ကြောင့် ကိုထူးတွင် လောကီနိုင်ငံသား၏ လက်ခဏာများဖြစ်သော သောက်စား ပျော်ပါး လောင်းကစားခြင်း မတွေ့ရ... ထိုအသိုင်းအ၀ိုင်းအတွင်းမှာပင် နေနေပြီး သူတို့၏ ထုံးတမ်းစဉ်လာများနှင့် ကင်းဝေးကာ ဘုရား၏ အလင်းအဖြစ် အသက်ရှင်နေပါသည်... ရန်သူ မိတ်ဆွေမခွဲခြားဘဲ မစ်တာပြမည် ဘုရား၏ သတင်းကောင်းကို ပြောမည်။ လူကိုဖန်ဆင်းပြီးလောကကြီးကို ထိန်းသိမ်းစောင့်ေ၇ှာက်ဖို့ တာဝန်ပေးထားသည့်အတိုင်း သဘာဝ ၀န်းကျင်နှင့် သတ်တ၀ါအားလုံးကို ထိန်းသိမ်းစောင့်ရှောက်မည်။ ထိုတာဝန်များပြီးဆုံးသည့်နောက် ကောင်းကင်နိုင်ငံတော်သို့ပြန်သွားမည်ဖြစ်ပါသည်....

ကျွန်တော့အေ၇းအသားကို ဖတ်ရတာ ငါတို့နဲ့လည်းမတူဘူးဟု ဆိုချင်ပါသလား... ဘယ်တူပါ့မလဲ... ခံယူယုံကြည်ချက်ခြင်း မှလုံးဝမတူတာ... ဒါပေမည့် အထက်က ကျွန်တော့ယုံကြည်ချက်ကို အဓိပါယ်ရှိသောအသက်တာဟု လက်ခံပါက သင်နှင့် ကျွန်ုပ် တူသွားပြီးအရာရာ....

သင်လောကတွင် ဘာအတွက် အသက်ရှင်နေပါသလဲ...
1 2 3 4 5 ... 15
Messages Results 1 - 20 of about 282 for seconds milliseconds. (0.203 seconds)
    All forums        Buddhism Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.