Guest. It's 05:34 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Buddhism Forums jump :
  
   ဝေဘန်ဆန်းစစ်စရာလေးတွေ........
koyenyuntoo


Standard Member
 
26/04/2009
13 posts
 ဝေဘန်ဆန်းစစ်စရာလေးတွေ........  Dec 17, 2009 8:43 PM
Glassesဘာသာရေးနဲ့ ပတ်သက်လို့ သက်ဝင်ယုံကြည်မှုလေးတွေကို ကိုယ့်ခံစားချက်လေးတွေကို ဖေါ်ပြပေးကြပါလို့ ဖိတ်ခေါ်ပါရစေ။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိမိကိုယ်သာကိုးကွယ်ပါလို့ ဟောတော်မူခဲ့ပါတယ်။
လောကမှာ ဖန်ဆင်းရှင်တို့ရှိတယ်ဆိုတာ ကျွန်တော်တော့ လက်မခံနိုင်ဘူး။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ်။
ကိုယ်ပြုတဲ့ကံသာ ကိုယ်ကိုဖန်ဆင်းနိုင်မယ်လို့ဘဲ ကျွန်တော်ခံယူထားတယ်။
ကံကိုယုံကြည် အေးလိမ့်မည်။ ဥာဏ်ကိုယုံကြည် ဖြူရမည်။ ၀ီရိယ ယုံကြည်ဖြောင့်ရ မည်ဆိုတဲ့ ဆောင်ပုဒ်လေးကိုဘဲ လက်ကိုင်ထားပါတယ်။ ကျွန်တော့ အယူအဆ မှားလားမှန်လားဆိုတာကို ဝေဘန်ပေးကြပါလို့ လိုအပ်တာလေးတွေလေးကို ဖြည့်ပေး ကြပါလို့ ဖိတ်ခေါ်ပါရစေ။.......။


အားလုံးကို ခင်မင်လေးစား ပါတယ်ခင်ဗျား။BigGrin
kyaw374
7216


Silver Member
 
28/09/2009
285 posts
 1.ကြိုက်ပါတယ်  Jan 07, 2010 8:54 AM
တော့ပစ် ခေါင်းစဉ်လေး ကြိုက်တာနဲ့ ၀င်ကြည့်တာပါ။ နောင်ဆွေးနွေးပါမည် ။နွေးနွေးထွေးထွေးပေါ့ မေတ္တာဖြင့် ကျော်
RainLaw
7051


Standard Member
 
23/09/2009
30 posts
 2.2.ဘာသာရေးနဲ့ ပက်သက်ပြီး  Feb 10, 2010 4:46 PM
koyenyuntoo ရဲ့ အယူအစ မှန်တယ်လို့ ထောက်ခံပါရစေ ................ ။
ဒါပေမယ့် ............. ဖန်ဆင်းရှင် တို့မရှိဘူးဆိုတာကိုတော့...မပြောစေလိုပါဘူး။
ဒီလိုပြောရတာ...........ကျွန်တော်က ဖန်ဆင်းရှင်တွေကို ရှိတယ်လို့ပြောချင်တာမဟုတ်ပါဘူး။
ဖန်ဆင်းရှင်တွေကို ယုံကြည်တဲ့ အခြားသော လူတွေအနေနဲ့ကြတော့ ကောင်းဘူးလေ ............. ။
ကံ၊ ဥာဏ်၊ ၀ီရိယ ဆိုတာ ဗုဒ/ဓ ဘာသာဝင်တွေသာမက အခြားသော ဘာသာဝင်တွေ အတွက်ပါလိုအပ်တယ်လေ ...............။

နောက်မှ များများဆွေးနွေးပါရစေ..............။

တောင်ပေါ်မြေမှ Rain Law
armotedios


Standard Member
 
25/02/2010
26 posts
 3.@ koyenyuntoo  Feb 26, 2010 3:24 PM
လောကမှာ ဖန်ဆင်းရှင်တို့ရှိတယ်ဆိုတာ ကျွန်တော်တော့ လက်မခံနိုင်ဘူး။
Dear Brother or sister
Can you tell me more about why we can assume as there is no GOD in WORLD?

Have a nice day
mixolydian


Standard Member
 
29/12/2009
8 posts
 4.၃၁ဘုံ  Mar 03, 2010 12:23 PM
ဘီလူး နှင့်တကွ ရုက္ခစိုး စသောသူ အပေါင်းသည် မည်သည့် ဘုံ ဖြစ်ပါသလဲ သိရင်ဖြေပေးပါ ခင်ဗျာ
phonelay
7239


Standard Member
 
14/01/2010
56 posts
 5.ဗုဒ္ဓဝါဒ  Mar 04, 2010 8:27 AM
( ကျင့်သုံးမှုနှင့် သတိတရား )

ကိုးကွယ်ရာအမှန်ကား အကျင့်တရား။(စရဏ) ပင် ဖြစ်၏။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏။
ဟိုဘက်ကမ်း ရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏။
အနာရောဂါ ပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏။
ထိုနည်းတူစွာ ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်။ ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည် ဖြစ်၏။ မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ ထင်ရှားပါသည်။

ဒုစရိုက်ဟူသည် အပြစ်လည်း သင့်၏။ ဒုက္ခလည်း ပေးတတ်သည်။ သုစရိုက်ဟူသည် အပြစ်လည်း ကင်း၏။ သုခကိုလည်း ပေးတတ်သည်။ သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏။ ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို ရှောင်ရှားရုံသာ ဖြစ်၏။
တရားကျင့်သူကို တရားက ပြန်၍ စောင့်ရှောက်ပါသည်။ (ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ )
ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏။ ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ) ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။
ဤကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်းအကြောင်းရင်းကိုလည်း သိရမည်။ သုခနှင့် သုခ၏ အကြောင်းရင်းကိုလည်း သိရမည်။

( ကျင့်ကြံမှုနှင့် အမှန်တရား )

ဤအမှန်တရား လေးပါးကို သိစေသော အကျင့်မျိုးကို ဗုဒ္ဓ၀ါဒ ခေါ်သည်။
ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော (Religion) မျိုးလည်း မဟုတ်။ အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy) မျိုးလည်း မဟုတ်ပေ။ စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့ Religion နှင့် Philosophy နှစ်မျိုးစလုံးမှာ မရှိပေ။ ဗုဒ္ဓ၀ါဒမှာ စရဏ (အကျင့်) က ပဓာန ဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒဖြစ်၏။
လူဖြစ်ဖို့ ခက်၏။ သဒ္ဓါနှင့် ပညာ ပြည့်စုံသော လူ ဖြစ်ဖို့ ပို၍ခက်၏။ ထိုထက် ပို၍ ခက်သည်ကား စရဏ (အကျင့်) ဖြစ်၏။ သစ္စာသိဖို့ကား အခက်ဆုံးဖြစ်၏။ သစ္စာမသိသောကြောင့် ချမ်းသာမရ၊ ဆင်းရဲနေကြရ၏
rakhaine lay
7430


Platinum Member
 
20/10/2006
1030 posts
 6.Re: ဗုဒ္ဓဝါဒ  Mar 06, 2010 5:23 PM
phonelay wrote:
( ကျင့်သုံးမှုနှင့် သတိတရား )

ကိုးကွယ်ရာအမှန်ကား အကျင့်တရား။(စရဏ) ပင် ဖြစ်၏။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏။
ဟိုဘက်ကမ်း ရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏။
အနာရောဂါ ပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏။
ထိုနည်းတူစွာ ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်။ ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည် ဖြစ်၏။ မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ ထင်ရှားပါသည်။




ကောင်းတယ်ဗျာ မှန်တယ် ကျွန်တော်တို့ကတော့ ကိုယ့်အားကိုယ်ကိုးပဲ
EasternStar
7225


Gold Member
 
04/03/2008
675 posts
 7.Re: ဗုဒ္ဓဝါဒ  Mar 09, 2010 9:40 AM
phonelay wrote:


( ကျင့်ကြံမှုနှင့် အမှန်တရား )

ဤအမှန်တရား လေးပါးကို သိစေသော အကျင့်မျိုးကို ဗုဒ္ဓ၀ါဒ ခေါ်သည်။
ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော (Religion) မျိုးလည်း မဟုတ်။ အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy) မျိုးလည်း မဟုတ်ပေ။ စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့ Religion နှင့် Philosophy နှစ်မျိုးစလုံးမှာ မရှိပေ။ ဗုဒ္ဓ၀ါဒမှာ စရဏ (အကျင့်) က ပဓာန ဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒဖြစ်၏။

လူဖြစ်ဖို့ ခက်၏။ သဒ္ဓါနှင့် ပညာ ပြည့်စုံသော လူ ဖြစ်ဖို့ ပို၍ခက်၏။ ထိုထက် ပို၍ ခက်သည်ကား စရဏ (အကျင့်) ဖြစ်၏။ သစ္စာသိဖို့ကား အခက်ဆုံးဖြစ်၏။ သစ္စာမသိသောကြောင့် ချမ်းသာမရ၊ ဆင်းရဲနေကြရ၏


တစ်စုံတစ်ခုကိုနားလည်နိုင်ဖို့ဆိုရင် သဒ္ဒါ နဲ့ ပညာ အနည်းဆုံးလိုအပ်ပါတယ်။
အဲဒီ နှစ်မျိုး မှာ တစ်ခုခု ချို့တဲ့ရင်လည်း အမှန်ကို အမှန်အတိုင်းမသိနိုင်တော့ဘူး။ နှစ်ခုလုံး ညီမျှနေမှသာ ဖြစ်နိုင်မယ်ထင်ပါတယ်။
phonelay
7239


Standard Member
 
14/01/2010
56 posts
 8.ဗုဒ္ဓ၀ါဒသည် ဘာကို အခြေခံသလဲ  Mar 12, 2010 9:29 AM


ယနေ့ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်း သုံးစွဲပြောဆိုနေကြပါတယ်။ သူတို့ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရားအားလုံး Religion လို့ ဆိုနေကြတာပါပဲ။ အများပြောကြတဲ့အတိုင်းဆိုရင် ဗုဒ္ဓ၀ါဒလည်း Religion အထဲ ပါဝင်နေပါလိမ့်မယ်။ ဗုဒ္ဓ၀ါဒကို Religion မဟုတ်ဘူးလို့ဆိုချင်ပါတယ်။ ပြီးတော့ ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ဗုဒ္ဓ၀ါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ၀ါဒမျိုး မဟုတ်ပါဘူး။

အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ) မျိုးကို ဗုဒ္ဓ၀ါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ) ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။ အသိဉာဏ်ပေါ်မှာ အခြခံမှ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရား ပါတယ်။ အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ရနိုင်ပါတယ်။
ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ၀က္ကလိ ရဟန်းတော်ကို ဗုဒ္ဓက-
အို-၀က္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ကိုယ်ကြီး) ကို ကြည်ညို၍နေခြင်းဟာ ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့၊-ဟု နှင်ထုတ်ခဲ့ထူးပါတယ်။ ၀က္ကလိ ရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။
1
Messages Results 1 - 8 of about 8 for seconds milliseconds. (0.188 seconds)
    All forums        Buddhism Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.