Guest. It's 05:46 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Buddhism Forums jump :
  Page : of 10
  
   သင်သည် ဗုဒ္ဓကို ဘာ့ကြောင့် ဘယ်လိုနည်းဖြင့်ကိုးကွယ်ပါသနည်း....
Ko_Htoo


Platinum Member
 
06/11/2006
1941 posts
 သင်သည် ဗုဒ္ဓကို ဘာ့ကြောင့် ဘယ်လိုနည်းဖြင့်ကိုးကွယ်ပါသနည်း....  Nov 04, 2008 2:15 PM
၁) သင်သည်မည်သည့် အရှင်ကို ကိုးကွယ်ပါသနည်း (သိရမည်)

၂) ဘာ့ကြောင့် ထိုအရှင်အားကိုးကွယ်ရပါသနည်း။ (အကြောင်းရှိရမည်)

၃) ဘယ်လိုကိုးကွယ်ပါသနည်း။ ( နည်းလမ်းရှိရပါမည်)

လူအချို့ က ဘုရားကို မိဘကကိုးကွယ်လို့ ၊ သူတပါးက တွန်းအားပေးလို့၊ အမျိုးမျိုး ရှိတတ်ကြပေသည်။ သို့သော် သင်သည် ထိုကဲ့သို့မဟုတ်ပါဘဲ ခိုင်မာသော ယုံကြည်ချက် ရှိကာ အကျိုးအကြောင်းနဲ့ မိရိုးဖလာကိုးကွယ်သူမဟုတ်ပါဘဲ အမှန်အကန် ကိုးကွယ်သူဖြစ်ကြောင်း အောက်ပါ မေးခွန်းသုံးခုကို ဆွေးနွေးပေးပါလား...ပိုရှင်းလင်းဖို့ ကျွန်တော့ရဲ့ ကိုးကွယ်ယုံကြည်ရခြင်းအကြောင်းအရင်းနဲ့ ကိုးကွယ်ပုံ နမူနာလေးကိုလည်း ထည့်ပေးလိုက်ပါတယ်။

၁။ မိမိသည် မည်သည့် ဘုရားကို ကိုးကွယ်ယုံကြည်ပါသနည်း။ ( သိရမည်)
ကျွန်တော်သည် ထာဝရဘုရားကိုကိုးကွယ်ပါသည်။

၂။ မိမိသည် အဘယ်ကြောင့် ထိုအရှင်ကို မိမိရဲ့ ယခုဘ၀နှင့် နောင်ဘ၀၏ အရှင်သခင်အဖြစ် ရွေးချယ် ကိုးကွယ်ရ ပါသနည်း။ ( အကြောင်းရှိရမည်)
ကျွန်တော်သည် ပညတ်နှင့်သီလတို့ကို စံမှီအောင်ကျင့်နိုင်ခြင်းငှါမစွမ်းဆောင်နိုင်ပါ။ ထို့ကြောင့် ကျွန်တော်နှင့် ထိုက်တန်သည်မှာ ငရဲသာလျှင်ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားများစွာရှိပြီး ပေါ်ထွန်းခဲ့သော်လည်း ကယ်တင်သောဘုရားက တစ်ဆူတည်းရှိပါသည်။ ထိုအရှင်ဖြစ်သော ယေရှုဘုရားကို ကျွန်တော်ကိုးကွယ်ရခြင်းဖြစ်ပါသည်။

၃။ မိမိသည် ထိုအရှင်ထံသို့ရောက်ဖို့ မည်သည့် နည်းလမ်းဖြင့် ကိုးကွယ်ယုံကြည်ပါသနည်း။ ( နည်းလမ်းရှိရမည်)

က.ကျွန်တော်သည် အပြစ်သားဖြစ်ပြီး မိမိကိုယ်ကိုမိမိကယ်တင်ခြင်းငှါမစွမ်းဆောင်နိုင်ပါ

ခ. ယေရှုသည် အပြစ်ကင်းစင်ပြီး ကျွန်တော့အပြစ်အတွက်အသေခံကာ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ကြောင်း ကျွန်တော့ကိုယ်ပိုင် ကယ်တင်ရှင်ဘုရားအဖြစ်လက်ခံယုံကြည်ပါသည်။

ဂ. ထို့ကြောင့် ကျွန်တော်သည် ယေရှုအားဖြင့် ဘုရားရှေ့တွင် အပြစ်လွှတ်ခြင်းခံရကာ ကောင်းကင် သို့ရောက်ဖို့ကောင်းရာကိုကြိုးစားလုပ်နေသူမဟုတ် ၊ ကောင်းကင်နိုင်ငံသားဖြစ်၍ ကောင်းသော အမှု တို့ကို မလုပ်ဘဲ မနေနိုင်သူဖြစ်ပါသည်။

ကျွန်တော်သည် တမလွန်အတွက် စိတ်ချမှုရှိသူဖြစ်သည်။ အကြောင်းမှာ ကျွန်တော်ပြုသောကောင်းမှုကုသိုလ်ထက် ဘုရားက ကျွန်တော့အတွက်ပြုပေးသောကောင်းမှုကို အမှီပြု ထားလို့ဘဲဖြစ်ပါသည်။ ထိုအရှင်သည်ကျွန်တော့ကို အပယ်ငရဲမှ ကယ်တင်ပြီး သီလတို့ကိုလည်း စံနှုန်းထက်ကျော်လွန်စွာကျင့်နိုင်ရန် ၀ိညာဉ်တော်အားဖြင့် ကူမနေပါသည်။ ကျွန်တော်သည် လေကတွင် အသက်ရှင်ဖို့မကြောက်သလို တမလွန်အတွက်လည်း စိတ်ချမှုအပြည့်ရရှိနေပါသည်.....။ ထိုအရှင်က ကျွန်တော့ကို လောဘဒေါသမောဟတို့မှ ကင်းဝေးစေပြီး ငြိမ်သက်အေးချမ်း ၀မ်းမြောက်မှုကို နေ့စဉ်ပေးနေပါသည်။

လေးစားစွာဖြင့်
mokotasan
6135


Gold Member
 
20/10/2006
910 posts
 1.ကိုထူး  Nov 04, 2008 2:36 PM
ကျွန်တော်နှင့် ထိုက်တန်သည်မှာ ငရဲသာလျှင်ဖြစ်ပါသည်။
တကယ်ထိုက်တန်ပါတယ် ဒါလဲသိတာပဲ
kokokyaw
6952


Gold Member
 
15/07/2007
510 posts
 2.david copperfield  Nov 04, 2008 3:09 PM


ခ. ယေရှုသည် အပြစ်ကင်းစင်ပြီး ကျွန်တော့အပြစ်အတွက်အသေခံကာ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ကြောင်း ကျွန်တော့ကိုယ်ပိုင် ကယ်တင်ရှင်ဘုရားအဖြစ်လက်ခံယုံကြည်ပါသည်။

Ma Htoo, have u ever watched David copperfield magic show? He can do the things which are much better than your Jesus. You should pray him rather Jesus..hhhBigGrin
Ko_Htoo


Platinum Member
 
06/11/2006
1941 posts
 3.re  Nov 04, 2008 3:25 PM
ကျွန်တော်နှင့် ထိုက်တန်သည်မှာ ငရဲသာလျှင်ဖြစ်ပါသည်။
တကယ်ထိုက်တန်ပါတယ် ဒါလဲသိတာပဲ


မိမိသည် ငရဲနှင့်ထိုက်တန်သည်ကို မသိသူလည်းရှိတတ်ပေသည်။

မိမိသည် ငရဲနှင့် ထိုက်တန်လို့ ထိုက်တန်မှန်းကို သိမနေသောသူလည်းရှိပေသည်။

မိမိသည် ငရဲနှင့်သာ ထိုက်တန်ပြီး သီလတို့ကိုလည်းစံမှီအောင်ကျင့်နိုင်ခြင်းငှါလည်း မစွမ်းပါဘဲ လွတ်ရာလမ်းကိုလည်း မရှာ၊ ဖေါ်ပြသူရှိပြန်တော့လည်း ပြန်လှောင်ပြောင်ဆိုတော့

အပယ်ငရဲမှလွတ်ရာလမ်းအထိ မရောက်ပါဘဲ အပယ်ငရဲသို့ ဦးတည်နေသူလူမိုက်များက အများသား...

ဘုရားသည်တရားပါသည်။

ဒါနဲ့ ခေါင်းစဉ်က ဗုဒကို ကိုးကွယ်ရခြင်းအကြောင်းနှင့် ကိုးကွယ်ပုံပါ....
lyk
411


Planet Strong Member
 
24/10/2006
7269 posts
 4.........  Nov 04, 2008 3:31 PM
ဒီအကြောင်းအရာကိုပဲ .. တော့ပစ်တကာ လိုက်တင်နေတာ .. အံသြပါရဲ့ စိတ်လဲပျက်ပါရဲ့..WinkWink

lyk
seinkalar
3687


Silver Member
 
26/10/2006
259 posts
 5.အဟော် ဒါလား...  Nov 04, 2008 8:35 PM
နည်းနည်း ၀င်ဖောဦးမယ်နော်...

အတ္ထာဟိ အတ္ထာနော နာထော... (စာလုံးပေါင်း မှန်ချင်မှ မှန်ပါမည်.. အနီး စပ်ဆုံးရေးချင်းပါ..)
မိမိကိုယ် သာ ကိုးကွယ်ရာ၏ တဲ့...

ကောင်းတာလုပ် လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ် လျှင် မကောင်း တာဖြစ်မည်...
မကောင်းတာလုပ် လျှင် ဘုရားလည်း မကယ်နိုင်ပါ...
မိမိကိုယ် သည် သာ အဓိက ဖြစ် ၏...
whiteguy
5384


Silver Member
 
26/10/2007
325 posts
 6.ကိုထူးသို့ ...  Nov 04, 2008 9:20 PM
ကိုထူးမေးတာကိုမဖြေခင် ကျွန်တော်တစ်ခုလောက်မေးပါရစေ ...
ဖြေပေးနိုင်မလားမသိဘူးခင်ဗျ ....
ကျွန်တော့်ကိုအကြောင်းပြန်ပေးပါ ... ဖြေမယ်ဆိုရင်တော့ ကျွန်တော်တို့စလိုက်တာပေါ့ ... :)

waiting ....
whiteguy ....
whitegirl
5388


Planet Strong Member
 
05/08/2007
10668 posts
 7.Re: ........  Nov 05, 2008 7:58 AM
lyk wrote:
ဒီအကြောင်းအရာကိုပဲ .. တော့ပစ်တကာ လိုက်တင်နေတာ .. အံသြပါရဲ့ စိတ်လဲပျက်ပါရဲ့..WinkWink

lyk


ဟုတ်ပါ့...
IndifferentIndifferentIndifferent
peacelight
4185


Gold Member
 
20/10/2006
520 posts
 8.မဟုတ်ဝါကျ နဲ့ အဟုတ်ကိုဖော်ပြရရင်  Nov 05, 2008 9:47 AM
ခင်ဗျား ကိုးကွယ်တဲ့ ဘုရားလို့ .........ကြောက်လို့ . ကိုယ်တစ်ခုခု ငရဲ ရောက်မှ ကြောက်လို့ ကိုးကွယ် ခြင်း မျိုး မဟုတ်ပါ..
ဒဏ္ဍရီလာ ပုံသွားတွေ သို့မဟုတ် မမြင်နိုင်သော အရာတွေ ပေါ် ယုံကြည်ပြီးတော့ ကိုးကွယ်တာ မဟုတ်ပါ..
သူများ ကိုးကွယ်လို့ လိုက်ကိုးကွယ်ခြင်းလဲ မဟုတ်ပါ..
လူများ လို့ .. မှန်တယ် ထင်လို့ ကိုးကွယ်ခြင်းလဲ မဟုတ်ပါ..
လူနည်း လို့ ထူးခြားလို့ ကိုးကွယ်ခြင်းလဲ မဟုတ်ပါ..
လောက ထီပေါတ်သလို နောက်ဘ၀ ကျရင် ကောင်းတဲ့ဘုံ ရောက်မယ်လို့ ပြောလို့ ကိုးကွယ်ခြင်းလဲ မဟုတ်ပါ...
လောက တွင် ဒီတရား ကို လိုက်ရင် အောင်မြင်မယ် ထင်လို့ ကိုးကွယ်ခြင်း လဲ မဟုတ်ပါ..


လေးစားစွာဖြင့်
အလင်းရောင်
whiteguy
5384


Silver Member
 
26/10/2007
325 posts
 9.ကိုထူးသို့ ..  Nov 05, 2008 10:35 AM
ကိုထူးခင်ဗျား .. ဆွေးနွေးခြင်းဆိုတာ အပြန်အလှန်ဆွေးနွေးမှကောင်းပါတယ် .. ကျွန်တော်အပေါ်မှာမေးထားတာရှိပါတယ် ...
အဲဒီမေးခွန်းကလည်း ကိုထူးနဲ့ ဆွေးနွေးချင်လို့ပါ .. ဆွေးနွေးခြင်းမည်အောင် reply လေးပြန်လုပ်ပေးပါ ...

2th waiting ....
whiteguy
iamhated
6676


Gold Member
 
19/03/2008
505 posts
 10.နားလည်ပါ...  Nov 05, 2008 1:25 PM
ကျွန်တော်သည် တမလွန်အတွက် စိတ်ချမှုရှိသူဖြစ်သည်။ အကြောင်းမှာ ကျွန်တော်ပြုသောကောင်းမှုကုသိုလ်ထက် ဘုရားက ကျွန်တော့အတွက်ပြုပေးသောကောင်းမှုကို အမှီပြု ထားလို့ဘဲဖြစ်ပါသည်။ ထိုအရှင်သည်ကျွန်တော့ကို အပယ်ငရဲမှ ကယ်တင်ပြီး သီလတို့ကိုလည်း စံနှုန်းထက်ကျော်လွန်စွာကျင့်နိုင်ရန် ၀ိညာဉ်တော်အားဖြင့် ကူမနေပါသည်။
ကျွန်တော်သည် လေကတွင် အသက်ရှင်ဖို့မကြောက်သလို တမလွန်အတွက်လည်း စိတ်ချမှုအပြည့်ရရှိနေပါသည်..

သင်အရက်သောက်ရင် ဘာလို့မူးတာလဲ...?? ဘယ်သူ့ကြောင့်မူးတာလဲ... ထမင်းစားရင် ဘာလို့ဗိုက်ဝတာလဲ.. ?? ကိုယ်လုပ်တဲ့အတိုင်းပဲဖြစ်နေတာမဟုတ်ဘူးလား... accident အကြောင်းအမျိုးမျိုးကြောင့်သေသွားတဲ့လူတွေကိုတော့ ဘုရားကဘာလို့ကူမ မပေးတာလဲ..
ဘုရားကပေးတဲ့ကောင်းမှုတွေကြောင့် တမလွန်အတွက် တကယ်စိတ်ချမှုရှိရင် ကိုယ့်ကိုယ်ကို သတ်သေနေကြမှာပေါ့.. ယုံကြည်ရင်လည်း အဲလိုယုံကြည်ရမယ်လေ.... ..


ထိုအရှင်က ကျွန်တော့ကို လောဘဒေါသမောဟတို့မှ ကင်းဝေးစေပြီး ငြိမ်သက်အေးချမ်း ၀မ်းမြောက်မှုကို နေ့စဉ်ပေးနေပါသည်။
ကောင်းတယ်...လောဘ၊ ဒေါသ၊ မောဟ မပါတဲ့အလုပ်မှန်သမျှ ကုသိုလ်ပဲ..
Ko_Htoo


Platinum Member
 
06/11/2006
1941 posts
 11.re  Nov 05, 2008 6:29 PM
ကျွန်တော် ဖိုရမ်မှာ ဆွေးနွေးတာ ကြာပါပြီ

မေးထားတဲ့မေးခွန်းက ရှင်းရှင်းလေးပါ......အဖြေကမရ ........ ယခင့် ယခင်တုန်းကလည်း ဒီအတိုင်းဘဲ.... အခုလည်း ဒီအတိုင်းဘဲ...အရင်တုန်းကလူတွေလည်း ဒီအတိုင်းဘဲ.... အခုလူတွေလည်း ဒီအတိုင်းဘဲ..... နောင်လည်း... သေတဲ့အထိ...

မိမိထိုအရှင်ကို ဘာ့ကြောင့်ဘယ်လိုကိုးကွယ်တယ်ဆိုတာ မသိလို့လား>>> ဖြေဖို့ခက်နေလို့လား.............

အရင်တုန်းကမေးခွန်းတွေလိုဘဲ... ဒီတစ်ခါလည်း ရက်ပေါင်းများစွာ စောင့်နေပါ့မယ်.... အဖြေတော့ရကောင;်ပါရဲ့ ....

EnemA
7314


Silver Member
 
30/09/2008
393 posts
 12. စိတ်ညစ်တယ်  Nov 05, 2008 11:42 PM
ကိုထူး ပြောလဲခင်ဗျားနားထောင်တာမှမဟုတ်တာ။ကျနော်တို့ နွားပလာတာကျွေးရသလိုပဲ ဖြစ်နေမှာပေါ့်။

ယေရှုသည် အပြစ်ကင်းစင်ပြီး ကျွန်တော့အပြစ်အတွက်အသေခံကာ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ကြောင်း ကျွန်တော့ကိုယ်ပိုင် ကယ်တင်ရှင်ဘုရားအဖြစ်လက်ခံယုံကြည်ပါသည်။

ကိုထူးမမွေးခင်ကပေါ်တဲ့ jesus ကကိုထူးအတွက်ပါအသေခံတယ်ပေါ့။ သူ့အဖေ (Jehovah)မဖန်စင်းရသေးတဲ့လူအတွက်ပါအသေခံတွားတာပေါ့နော် ဟဲဟဲ

ကျွန်တော်သည် တမလွန်အတွက် စိတ်ချမှုရှိသူဖြစ်သည်။ အကြောင်းမှာ ကျွန်တော်ပြုသောကောင်းမှုကုသိုလ်ထက် ဘုရားက ကျွန်တော့အတွက်ပြုပေးသောကောင်းမှုကို အမှီပြု ထားလို့ဘဲဖြစ်ပါသည်။ ထိုအရှင်သည်ကျွန်တော့ကို အပယ်ငရဲမှ ကယ်တင်ပြီး သီလတို့ကိုလည်း စံနှုန်းထက်ကျော်လွန်စွာကျင့်နိုင်ရန် ၀ိညာဉ်တော်အားဖြင့် ကူမနေပါသည်။ ကျွန်တော်သည် လေကတွင် အသက်ရှင်ဖို့မကြောက်သလို တမလွန်အတွက်လည်း စိတ်ချမှုအပြည့်ရရှိနေပါသည်.....။

ဒါဆိုကိုထူး အရင် kingdom of heaven ကိုသွားတော့ဗျာ။ ပီးမှပြန်လာပီးကျနော်တို့ကိုငါတော့ဒီရောက်နေပီဟေ့လို့လာပြောheehee
RomanticBoy
3700


Platinum Member
 
30/09/2007
1466 posts
 13..... ကိုထူးအတွက်..   Nov 05, 2008 11:53 PM
ခရစ်ယာန်အသင်းပေါင်းချုပ်သည် ကိုထူးအား ဇွဲဆု ပေးထိုက်ပါသည်။ ..
heeheeheeheehee
Ko_Htoo


Platinum Member
 
06/11/2006
1941 posts
 14.......ဒီနေ့လည်း အဖြေက မရသေး....  Nov 06, 2008 11:48 AM
ူဒီနေ့လည်း အဖြေက မရသေး.....

ဗုဒကို ဘာ့ကြောင့် ဘယ်လိုနည်းနဲ့ နိဗာန်ကိုရောက်ဖို့ ကိုးကွယ်တာပါလဲ............

ဒီမေးခွန်းက အဓိပါယ်မရှိ၊ ဘာသာတရားကိုပြစ်မှားသော၊ ကဲ့ရဲ့သော မေးခွန်းဟု ယူဆနေလို့လား...........

ကျွန်တော်ဖတ်နေပါသည်။ ဝေဖန်ကဲ့ရဲ့ရန်မေးခြင်းမဟုတ်ဟုဆိုပြီး မေးထားသည့်အတွက် သင်တို့၏ အဖြေကို မတုန့်ပြန်သောအခါ မဖတ်ဟု ယူဆနေပုံရပါသည်။

မိဘကြောင့်ကိုးကွယ်တာလား..... တိုင်းပြည်ကကိုးကွယ်လို့လား.......... မိမိမအမှန်တရားဟု ယုံကြည်လို့လား.. ဒါဆို ဖေါ်ပြပေးဖို့ တောင်းဆိုချင်ပါသည်။

အားလုံးအတွက်လည်း အကျိုးရှိမည်မဟုတ်ပါလား....
mokotasan
6135


Gold Member
 
20/10/2006
910 posts
 15.မေ့နဲ့နော်  Nov 06, 2008 11:59 AM
Ko_Htoo wrote:

မိမိသည် ငရဲနှင့်ထိုက်တန်သည်ကို မသိသူလည်းရှိတတ်ပေသည်။
မိမိသည် ငရဲနှင့် ထိုက်တန်လို့ ထိုက်တန်မှန်းကို သိမနေသောသူလည်းရှိပေသည်။
မိမိသည် ငရဲနှင့်သာ ထိုက်တန်ပြီး သီလတို့ကိုလည်းစံမှီအောင်ကျင့်နိုင်ခြင်းငှါလည်း မစွမ်းပါဘဲ လွတ်ရာလမ်းကိုလည်း မရှာ၊ ဖေါ်ပြသူရှိပြန်တော့လည်း ပြန်လှောင်ပြောင်ဆိုတော့
အပယ်ငရဲမှလွတ်ရာလမ်းအထိ မရောက်ပါဘဲ အပယ်ငရဲသို့ ဦးတည်နေသူလူမိုက်များက အများသား...ဘုရားသည်တရားပါသည်။


ကိုထူးရေ...
ရုံးပိတ်ရက်တစ်ရက်မှာ ကျွန်မစာဖတ်နေတုန်း အိမ်ဘေးက ဘုစုခရုလေးတစ်ယောက် ရောက်လာပြီး ကျွန်မကိုရုတ်တရက်စကားပြောလာတယ်..."အန်တီယုံရား" တဲ့ "အေး ဘာကိုယုံရမှာလဲ" ဆိုတော့ "အန်တီကရဲ နားရွက်ထောင်ထောင်ကောင်ရေးတွေရေ"
ကျွန်မလဲအံ့သြသွားမိတယ်...."အေး...အမွှေးဖြူဖြူလေးတွေနဲ့ပေါ့ကွာ" ပြန်ပြောတော့
"ဟုတ်ဖူး ဟုတ်ဖူး အမွှေးချိမ်းချိမ်းလေးတွေအန်တီရဲ့" ယုန်စိမ်းလေးတွေပေါ့လေ ဒါနဲ့ဒီဘုစုခရုလေးကို ကျွန်မမြင်ဘူးတာ ယုန်ဖြူလေးတွေဖြစ်တဲ့အကြောင်းပြောချင်ပေမဲ့ ...ဒီကလေးကတစ်မျိုးအလိုက်သင့်မပြောရင်ငိုတော့တာ...သူကငိုနေကြ အာပြဲလေးကိုး ...အဲတော့ စကားလမ်းကြောင်းလွှဲပြီး " သားသား ဘယ်နှစ်နှစ်ရှိပြီလဲ" မေးတော့
" တုံးနှစ်ထွဲ" တတ်လိုက်တဲ့ သာလိကာလေး ..ကျွန်မကစာလဲဆက်ဖတ်ချင်တော့ မုန့်ယူကျွေးလိုက်ရတယ်...မုန့်ရရခြင်း " ဂျေးဂျူး အန်တီ" လို့ပြောရင်းပြန်သွားလေရဲ့ အိုဘယ်နှယ့် ယုံနဲ့ယုန်အကြောင်းပြောမိပြန်ပြီနော် .....ဒီလိုလေ ကိုထူးရဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်က ၀ိနယပိဋကတ်၊ စူဠ၀ါ မှာ ဒီလိုဟောထားပါတယ်။
" ပင်လယ်သမုဒ္ဒရာ၌ တစ်ခုတည်းသော ဆားအရသာရှိသကဲ့သို့ ငါဘုရားရှင်ဟောကြားသည့် ဓမ္မ၀ိနယ၌လည်း တစ်ခုတည်းသော အရသာရှိသည်။ ထိုအရသာမှာ လွတ်ငြိမ်းမှုအရသာ
(၀ိမုတ္တိရသ) သာဖြစ်၏။"

မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်များဟာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကလည်း လွတ်မြောက်နိုင်ပါတယ်။ စိုးရိမ်သောကတွေကလည်း လွတ်မြောက်နိုင်ပါတယ်။ နောက်ဆုံး ဒီသံသရာ ၀ဋ်ဆင်းရဲကြီးက အပြီးလွတ်မြောက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင် သည် ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းလွတ်မြောက်ရာသို့သာရှေ့ရှုထားလို့ဖြစ်ပါတယ်။ အဲဒီလိုလွတ်မြောက်နိုင်အောင်လည်း ယုံကြည်ဆုတောင်းနေလို့မရဘူးလေ ....ကိုယ်တိုင်ကျင့်ကြံအားထုတ်မှရမှာ ကိုထူးရဲ့ ...သြော်ဒါနဲ့ " တုံးနှစ်ထွဲ" ရင်ပြောဦးနော်

လေးစားလျက်မေ့တာဖြင့်
မိုကို
chothe`
4744


Gold Member
 
05/10/2004
838 posts
 16.ဟုတ်ကဲ့  Nov 06, 2008 12:22 PM
ကိုထူးသည် အလွန်သနားစရာကောင်းပါသည်...



ချိုသဲ
coolcross
5581


Platinum Member
 
05/12/2007
1914 posts
 17.အဟက်........  Nov 06, 2008 4:56 PM
ဒီတော့ပစ်ကို ၀င်မဖတ်ဖို့နေသေးပါသည်....

သို့ပေသိ ရီပလိုင်းလေးများကိုစိတ်ဝင်စား၍၀င်ဖတ်မိပါသည်.....

တော့ပစ်ကပိုင်ရှင်၏ စာသားများဟသမြောက်သောကြောင့် ၀င်ရောက်အားပေး

သွားပါသည်..... ရီရလို့ ကျေးဇူးတင်အထူးတင်ရှိပါသည်....... အဟက်......
arrmann
6194


Gold Member
 
25/01/2008
787 posts
 18....  Nov 06, 2008 7:07 PM
ကျွန်တော်နည်းနည်းပြောပါရစေ ..
ကျွန်တော်မိရိုးဖလာဗုဒ္ဓဘာသာက ဆင်းသက်လာတာပါ .. ငယ်ငယ်က ဘုရားဆိုတာ လက်အုပ်ချီရှိခိုးရတယ်လို့ မိဘတွေသင်ပေးလို့ ရှိခိုးခဲ့တာပါ ..
ဘာသာရေးဆိုတာ ရှိခိုးဖို့ရယ်၊ ဘုရားစာရွတ်ဖို့ရယ်က လွဲရင် လေးလေးနက်နက်မသိခဲ့ဘူး .. သြကာသလည်း သူများချပေးတာလို့ လိုက်ဆိုပြီး
ဘုရားရှိခိုးခဲ့တာပါ .. ဘုရားရှိခိုးရင် ကုသိုလ်ရတယ်ဆိုတဲ့ အတွေးကလွဲပြီး ဘာမှသေချာမစဉ်းစားမိဘူး ..
လုံးဝ မိရိုးဖလာဘာသာဝင်သက်သက်ပါ .. ဘာသာရေးရဲ့ ပန်းတိုင်ဆိုတာလည်း သေချာမသိခဲ့ဘူး ..
ကျွန်တော့်ဘ၀မှာ ဘာသာရေးဆိုတာလည်း သိပ်အရေးမပါခဲ့ဘူး .. ကျောင်းမှာ အတန်းနည်းနည်းကြီးလာတော့ ဘာသာခြားတွေနဲ့ သိလာတယ် ..
ဘာသာတွေမတူဘူးဆိုတာ သဘောပေါက်လာတယ် .. ဒါပေမယ့် သိပ်စိတ်မ၀င်စားဖြစ်သေးဘူး ..
နည်းနည်းအရွယ်ရောက်တော့မှ လူ့ဘ၀အကြောင်းကို ပိုနားလည်လာတယ် .. လူ့ဘ၀ကို သဘောပေါက်လာတယ် ..
အဲဒီမှာ ဘာသာရေးအကြောင်း သေချာလေးလေးနက်နက်စတွေးမိတယ် .. ငါရဲ့ ဖြစ်တည်မှုကဘာလဲ ဆိုတာကိုပေါ့ ..
လူ့ဘ၀က သုခထက် ဒုက္ခပိုများတယ် .. ပျော်ရွှင်နေရချိန်ထက် စိတ်ညစ်ရချိန်က ပိုများတယ် ဆိုတာ သိလာတယ် ..
အခက်အခဲတွေ အတားအဆီးတွေက အများကြီးပဲ .. ဒါတွေဘာကြောင့်ဖြစ်သလဲ .. ဒါတွေကို ဘယ်လိုဖြတ်ကျော်မလဲ ..
ဒါတွေ ဘယ်လိုချုပ်ငြိမ်းသွားမလဲ .. ငါ့ဘ၀ရဲ့ ဖြစ်တည်မှုကဘာလဲ ..
ကျွန်တော်သေချာတွေးတယ် .. အဲဒီအချိန်မှာ ကျွန်တော်က ဗုဒ္ဓဘာသာတစ်ယောက်မဟုတ်တော့ဘူး .. ဘာသာမဲ့တစ်ယောက်လို ခံစားရတယ် ..
ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ ငယ်ငယ်က ရိုက်သွင်းခံထားရတဲ့ ဘုရားဆိုရင် ရှိခိုးရတယ်၊ ဘုရားဟောကြားတော်မူတာတွေကို နားထောင်ရတယ်
ဆိုတဲ့အသိတွေမရှိတော့ဘူး .. ဗုဒ္ဓဘာသာက မိရိုးဖလာမိုလို့ ဆက်ကိုးကွယ်ရမယ်ဆိုတဲ့ အသိမရှိတော့ဘူး ..
အဲဒီအချိန်မှာ တွေးတာက ငါဘာလို့ ဒါကို ကိုးကွယ်သင့်သလဲ .. ဘာဖြစ်လို့ ယုံကြည်သင့်သလဲ ဆိုတာ လက်တွေ့အတွေးပဲရှိတော့တယ် ...
ကျွန်တော်ခရစ်ယာန်ဘာသာကို သေချာလေ့လာဖူးတယ် .. အစ္စလာမ်ဘာသာကို အထိုက်အလျောက် တီးခေါက်ဖူးတယ် ..
ဟုတ်ပြီ .. ဘာသာတွေအများကြီးရှိတယ် .. သူတို့ရဲ့ ပန်းတိုင်နဲ့ ဟောကြားချက်တွေ၊ အယူအဆတွေကို ကျွန်တော်သိတယ် ..
ဘယ်လမ်းကိုကျွန်တော်ရွေးမလဲ .. ဘာကြောင့်ရွေးမလဲ .. ဘာကြောင့် ယုံမလဲ .. ဘာကြောင့် ယုံသင့်သလဲ ...
Neutral အနေအထားသက်သက်နဲ့ ကျွန်တော်တွေးခဲ့ပါတယ် .. တတ်နိုင်သမျှ စိတ်ထဲမှာလုံးဝရှင်းအောင်ထားခဲ့တယ် ...
နောက်ဆုံး အားလုံးသေချာ နှိုင်းယှဉ်းဆုံးဖြတ်အပြီးမှာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေကိုပဲ သံသယရှင်းရှင်းနဲ့ လက်ခံယုံကြည်နိုင်ခဲ့တယ် ..
အားလုံးကိုလည်း ဖြစ်နိုင်မဖြစ်နိုင် ဟုတ်ရဲ့လားဆိုတာ လက်တွေ့ ဦးနှောက်နဲ့စဉ်းစားပြီးမှ ယုံခဲ့တာပါ ..
ကျွန်တော့်ဘ၀မှာ အများကြီးရုန်းကန်ခဲ့ရတယ် .. ဘ၀နဲ့ရင်းထားတဲ့ အသိနဲ့ အတွေ့အကြုံရော၊ ဦးနှောက်ရောက အရာအားလုံးက ဖန်ဆင်းခြင်းဆိုတဲ့
အယူအဆကို လက်မခံနိုင်ခဲ့ဘူး .. လက်ခံနိုင်အောင်လည်း ကြိုးစားလို့မရဘူး ..
ကျွန်တော်ဥပမာပြောမယ် .. ကျွန်တော်ကလေးဘ၀က သူများအသတ်သတ်ဖူးတယ် .. မသိလို့သတ်တာဆိုပေမယ့် သတ်တာက သတ်တာပဲမဟုတ်လား ..
အဲဒီအချိန်က သေစေလိုတဲ့စိတ်နဲ့သတ်ခဲ့တာပါ .. သူငယ်ချင်းနဲ့နှစ်ယောက်အတူ ယင်ကောင်တွေကို ပြိုင်ပြီး လိုက်ရိုက်ခဲ့ဖူးပါတယ် ...
အဲဒါအကုသိုလ်ပဲဆိုတာ ကြီးတော့သိလာခဲ့တယ် .. အဲဒီအချိန်က လုပ်ခဲ့တဲ့အပြစ်အတွက်လည်း ကျွန်တော်ခံရဲတယ် .. အခုချိန်မှာ ထာဝရဘုရားကို
ယုံလိုက်လို့ သူက ကျွန်တော့်အပြစ်ကိုချေပေးမယ်ဆိုတာ လက်မခံနိုင်ဘူး .. ကျွန်တော်လုပ်ခဲ့တာအတွက် ကျွန်တော်ပြန်ခံရမှာပဲလေ ..
သိပ်ကို ယုတ္တိရှိပါတယ် .. တစ်ချိန်မှာ ကုသိုလ်တွေပိုများလာခဲ့တောင် အတိတ်က အကုသိုလ်ကို ဖျောက်ပစ်လို့မရဘူးလို့ ကျွန်တော်ယုံတယ် ...
မိရိုးဖလာမိုလို့ ဘာသာရေးသိပ်မကိုင်းရှိုင်းခဲ့ပေမယ့် ဘ၀ရဲ့ သင်ခန်းစာတွေ အသိတွေက ကျွန်တော့်ကို မြတ်စွာဘုရားတဲ့ တရားတော်တွေဆီ
လမ်းပြနေတယ် ... ပလန်းနက်ကို ၀င်လာခဲ့တော့ ကိုဝင်းမြင့်၊ ကိုကယ်လ်မွန်၊ ကိုပြေဇော်၊ ကိုချိုသဲတို့ ရေးတာတွေဖတ်ရပြီး အမှန်တရားကို ပိုသိမြင်လာတယ် .. ဦးနှောက်နဲ့ ယုတ္တိသုံးပြီး ဗုဒ္ဓဘာသာကို ပိုလက်ခံလာနိုင်ခဲ့တယ် .. အမှန်ပါလားဆိုတာလည်း ပိုသိလာတယ် ...
အခုကိုထူးက ဘာကြောင့် ကိုးကွယ်သလဲမေးနေတော့ ပြောချင်ပါတယ် .. ကျွန်တော် မိရိုးဖလာမိုလို့ လက်ခံခဲ့တာမဟုတ်ဘူး ..
သေချာတွေးကြည့်ပြီး လုံးဝကိုလက်ခံနိုင်တယ်၊ ယုံကြည်ထိုက်တယ်၊ စစ်မှန်တယ်ဆိုတာ လက်တွေ့နဲု့ယှဉ်ပြီးမှ ယုံကြည်ကိုးကွယ်တာပါ .....
antminnyo


Standard Member
 
02/07/2008
4 posts
 19.ကိုထူးသို့  Nov 07, 2008 4:39 AM
၁) သင်သည်မည်သည့် အရှင်ကို ကိုးကွယ်ပါသနည်း (သိရမည်)

၂) ဘာ့ကြောင့် ထိုအရှင်အားကိုးကွယ်ရပါသနည်း။ (အကြောင်းရှိရမည်)

၃) ဘယ်လိုကိုးကွယ်ပါသနည်း။ ( နည်းလမ်းရှိရပါမည်)

ကိုးကွယ်တာကတော့ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးပါပဲ။
ဘာကြောင့်ကိုးကွယ်သလဲ။ လေးစားထိုက်လို့၊ အားကိုးထိုက်လို့ပေါ့။ လူတစ်ယောက်ကိုလေးစားတယ်ဆိုတာ ဘာကိုကြည့်သလဲ။ သူ့ရဲ့ လုပ်ဆောင်မှု ၊နေထိုင်ကျင့်ကြံမှု ၊ သူပြောတဲ့စကားတွေ ဒါတွေကိုကြည့်မှာပေါ့။ ဘုရားဘာတွေလုပ်ခဲ့သလဲပြန်ကြည့်ရင် ဘုရားကို ကြည်ညိုလာတယ်၊ လေးစားလာတယ်။ လောကစည်းစိမ်ချမ်းသာတွေကိုစွန့်ပြီး လောကရဲ့အဆုံး၊ လောကရဲ့ထွက်ရပ်လမ်း တနည်းအားဖြင့် ဒုက်ခ အလုံးစုံရဲ့ ကင်းငြိမ်းရာ ကိုရှာပြသွားခဲ့တယ်။ ကိုယ်တိုင် လူသားစင်စစ် အဖြစ်ကနေလုပ်ပြသွားခဲ့တာပါ။ လူတွေကို မင်းတို့လုပ်ချင်ရာလုပ် ငါကယ်တင်မယ်ဆိုပြီး ကယ်သွားတာမဟုတ်ပါဘူး။ မင်းတို့ငါ့လို နိဗ္ဗာန်ကိုရောက်ချင်ရင် ဘယ်လိုလုပ်ပါ၊ ဘယ်လိုကျင့်ပါဆိုပြီးတော့ လမ်းစဉ်ကိုလမ်းညွှန်သွားခဲ့တယ်။
နောက်တစ်ခုက ဘုရားက လူတွေကို ကိုယ့်အားကိုကိုးတတ်အောင် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်သင်ပေးခဲ့တယ်။ လူတိုင်းဟာမိမိရဲ့ကံကြမ္မာကို မိမိကိုယ်တိုင်ပဲဖန်တီးတယ်ဆိုတာကို ညွှန်ပြသွားခဲ့တယ်။ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်၊ ဒါပါပဲ ။ လောကရဲ့ နိယာမကလည်းဒါပါပဲ။ နောက်ပြီးတော့ လူဆိုတာဘယ်လောက်ထိမိမိ အနာဂတ်ကိုဖန်တီးနိုင်သလဲဆိုရင် လူတိုင်းဟာဘုရားဖြစ်ချင်ရင်တောင် ဘုရားဖြစ်အောင်ကျင့်လို့ရပါတယ်၊ ကျွန်တော်တို့ရဲ့ဗုဒ္ဓဟာ ထာဝရဘုရားလို့မပြောခဲ့သလို ငါသာလျှင်တစ်ယောက်တည်းဆိုပြီး တော့လည်းလက်ဝါးကြီးအုပ်မထားခဲ့ဘူး။
ဗုဒ္ဓဘုရားရှင်ပေါ်ထွန်းလာခဲ့တာဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်တင်မဟုတ်ဘူး ၊ တစ်ကမ္ဘာလုံးအတွက် လူသားအားလုံးအတွက်ပါ၊ ဘုရားက လူသားအားလုံးအတွက်တရားဟောခဲ့တာပါ။ ဘုရားက သူဟောခဲ့တာတွေကို မျက်စိမှိတ် မယုံခိုင်းခဲ့ဘူး၊ ကိုယ်ပိုင်ဥာဏ်နဲ့ အကြိုးအကြောင်းဆင်ခြင်စဉ်းစားပြီးမှလက်ခံဖို့အထိကိုပါဟောကြားခဲ့တယ်။ ဘုရားရဲ့တရားတွေဟာ အစစ်ဆေးခံနိုင်ပါတယ်။ မယုံရင်နေပါ။မယုံတဲ့အတိုင်းတော့ ရပ်မနေပါနဲ့၊ မယုံရင် သေချာလေ့လာကြည့်ပါ။ စမ်းတ၀ါးဝါးမယုံခိုင်းဘူး။
ဘယ်လိုကိုးကွယ်သလဲဆိုတာဖြေရင်တော့ ဆရာတစ်ယောက်အနေနဲ့ကိုးကွယ်တယ်လို့ဖြေရမှာပဲ။ သူ့ကိုလေးစားလို့ သူ့ရဲ့စကားတွေ ကိုနားထောင်တယ်၊ လိုက်နာကျင့်ကြံတယ်လို့ဆိုချင်ပါတယ်။
နောက်ဆုံးတစ်ခုပြောချင်တာကတော့ ခုကျွန်တော့အနေနဲ့ ဗုဒ္ဓဘာသာအကြောင်းကို အချိန်တိုလေးမှာ အပြည့်အစုံမပြောပြနိုင်ပါဘူး။
ခင်ဗျားအနေနဲ့ တကယ်အစစ်အမှန်သိချင်တယ် ဆိုရင်တော့ ဦးဆန်းလွင်ရေးခဲ့တဲ့ ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ် ယောက်အကြောင်း ဆိုတဲ့စာအုပ်ကို ဖတ်ပါလို့တိုက်တွန်းပါတယ်။ ဦးဆန်းလွင်ဆိုတာ ဘာသာကြီး ၁၁ မျိုးကို ကိုယ်တိုင်ထဲထဲဝင်ဝင် လေ့လာပြီးမှ ဗုဒ္ဓဘာသာကို ယုံကြည်လာသူဖြစ်ပါတယ်။ ပြီးတော့ ကျောက်ကွင်းအရေးတော်ပုံ ဆိုတဲ့စာအုပ်ကိုလည်းဖတ်စေချင်ပါတယ်။
ခရစ်ယန်ကျေးရွာများ ဗုဒ္ဓဘာသာကိုဘာကြောင့်ရွာလုံးကျွတ်ကူးပြောင်းသွားသလဲဆိုတာ တွေ့ရပါလိမ့်မယ်။
လိုချင်ရင် ကျွန်တော့ဆီမှာ pdf ဖိုင်တောင်းယူနိုင်ပါတယ်။
နောက်ထပ်လည်း ဆက်လက်ဆွေးနွေးချင်တယ်ဆိုရင် ဖိတ်ခေါ်ပါတယ်။






sneezy
7353


Standard Member
 
04/08/2008
100 posts
 20.မိမိကောင်းမှု၊ မကောင်းမှုသာလျှင် ကိုယ်ပိုင်ဥစ္စာတည်း  Nov 07, 2008 11:33 AM
ဘာသာတိုင်းရဲ့ အနှစ်ချုပ်ကတော့ ကောင်းမှုကိုဆောင်၊ မကောင်းမှုကိုရှောင်ရန်ပါပဲ ။

ဗုဒ္ဓဘာသာမှာတော့ “ မိမိကောင်းမှု၊ မကောင်းမှုသာလျှင် ကိုယ်ပိုင်ဥစ္စာတည်း ” တဲ့။
ကိုယ်ပြုလုပ်သမျှကောင်းမှု၊ မကောင်းမှုအပေါ်မှာ ခံကြ၊ စံကြရပါမယ်။

ကောင်းမှုကုသိုလ်ပြုလုပ်သူဟာ ကောင်းတဲ.အကျိုးဆက်ကို စံစားရပြီး၊ မကောင်းမှုအကုသိုလ်ပြုလုပ်သူကတော့ မကောင်းတဲ့အကျိုးဆက်ကို ခံစားရပါမယ်။ ဒါဟာ အင်မတန်မှ လက်တွေ့ကြပြီး မိမိကိုယ်ကို ပြန်လည်ဝေဖန်သုံးသပ်ဆင်ခြင်နိုင်စေရန် ဗုဒ္ဓဘာသာတရားရဲ့ လူတိုင်းနားလည် လက်ခံနိုင်တဲ့ လမ်းညွှန်မှုပဲဖြစ်ပါတယ်။

အားကိုးစရာ ဘုရား၊ တရား၊ သံဃာ (ရတနာသုံးပါး)
နေ.စဉ်အလုပ် ဒါန၊ သီလ၊ ဘာဝနာ
မိတ်ဆွေစစ် ကံ၊ ဥာဏ်၊ ၀ီရိယ
ရန်သူကြီး လောဘ၊ ဒေါသ၊ မောဟ
နှလုံးသွင်းစရာ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ။

“ မမေ့မလျော့ မပေါ့ဆကြနှင်. ”

1 2 3 4 5
Messages Results 1 - 20 of about 198 for seconds milliseconds. (0.328 seconds)
    All forums        Buddhism Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.