Guest. It's 12:47 PM - Myanmar time. Join or Sign In | Download Myanmar Font 
Go to Index
Hi Guest
    All forums        Buddhism Forums jump :
  Page : of 2
PKZ
6862
Gold Member
27/11/2008
728 posts
ဗုဒ္ဓ၏ ၀ိဘဇ္ဇ၀ါဒတရားတော် (ကာလာမသုတ်)
-- အို .. အချင်းကာလာမအနွယ်တို့ သင်တို့သည် အယူဝါဒတစ်ခုကို တစ်ဆင့်ကြားဖြင့်လည်း အမှန်လို့ မယူကြနဲ့၊
-- ရှေးအစဉ်အလာ စကားဖြစ်ရုံနဲ့လည်း အမှန်လို့မယူကြနဲ့၊
-- ဤသို့ဖြစ်ဖူးသတဲ့ဆိုသဖြင့်လည်း အမှန်လို့မယူကြနဲ့၊
-- ကျမ်းဂန်နှင့် ညီညွတ်သည် ဆိုရုံဖြင့်လည်း ... အမှန်လို့မယူကြနဲ့၊
-- အကြောင်းအခြင်းအရာကို ရှာကြံထောက်ပြ ညီညွတ်သည်ဆိုရုံဖြင့်လည်း ... အမှန်လို့ မယူကြနဲ့၊
-- မိမိတို့ ကြံစည်နှစ်သက်လက်ခံထားသော အယူနှင့် ကိုက်ညီသည်ဆိုရုံနှင့် အမှန်လို့မယူကြနဲ့၊
-- လက်ခံထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်ရုံဖြင့် .. အမှန်လို့ မယူကြနဲ့ ၊
-- မိမိ၏လေးစားအပ်သော ဆရာ၏စကားဖြစ်ရုံဖြင့် ... အမှန်လို့မယူကြနဲ့၊
သင်တို့သည် မိမိကိုယ်တိုင်
ဤတရားတို့သည် အကုသိုလ်တရားတို့တည်း ၊
ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း၊
ဤတရားတို့သည် ပညာရှိတို့ ကဲ့ရဲ့အပ်သောတရားတို့တည်း၊
ဤတရားတို့နှင့်ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏။
ဤတရားတို့သည် ကုသိုလ်တရားတို့တည်း ၊
ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း၊
ဤတရားတို့သည် ပညာရှိတို့ ချီးမွမ်းအပ်သောတရားတို့တည်း၊
ဤတရားတို့နှင့်ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်း၊ ချမ်းသာခြင်းငှာ ဖြစ်ကုန်၏
ဟုသိသောအခါ ထိုတရားတို့ကို ဆောက်တည်ကျင့်သုံးကြကုန်လော့ ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။
PKZ
nazy
5130
Planet Strong Member
30/07/2007
4005 posts
 1.ကို PKZ   Mar 01, 2009 11:19 AM
ိကျွန်တော် အဲ့ဒါတွေကြိုက်တယ် ဆက်ရေးပေးပါ.. ဒါမှမဟုတ် ပိဋိကတ်သုံးပုံထဲက ဘယ်အပိုင်း ဘယ်ကျမ်းမှာ ပါတယ်ဆိုတာလေ...ပြောပြပေးပါ...ကိုယ့်ဘာသာ ရှာဖတ်လိုက်မယ်...
NaziOhWell
onlinepaperboi
6626
Platinum Member
22/01/2009
1142 posts
 2.သာဓု သာဓု  Mar 02, 2009 3:17 AM
ဒီလိုအစမ်းသပ်ခံနိုင်ရမယ် တကယ့်တရားအစစ်အမှန်ဆိုရင်။ အဝိဇ္ဖာတွေတဏှာတွေဖုံးအုပ်
နေတဲ့သတ္တဝါတွေရဲ့စိတ်ထဲက စိတ်ကူးယဉ် ဒေါသအိုး ကလဲ့စားချေတတ်သော ပူဆွေးတတ်
သော အတ္တကြီးသော ဖန်ဆင်းရှင်ဘုရားသခင်ကိုယုံကြည်နေယုံမျှနှင့် ဘယ်သောအခါမှ
လောဘဒေါသအစရှိသောကိလေသာတို့မှကင်းဝေးရာ အေးချမ်းချုပ်ငြိမ်းခြင်းနိဗ္ဗာန်ကိုမျက်
မှောက်ပြုနိုင်မည်မဟုတ်။
yiyi
6401
Silver Member
02/11/2004
349 posts
 3.အကို  Mar 02, 2009 4:25 PM
သာဓု….. သာဓု…..သာဓု…..
PKZ
6862
Gold Member
27/11/2008
728 posts
 4.၀ိဘဇ္ဇ၀ါဒကို လက်ကိုင်ထားသောကြောင့်  Mar 03, 2009 1:30 PM
ထာဝရဘုရားရဲ့ ၀ါဒပဲဖြစ်ဖြစ် .... ဗုဒ္ဓ၀ါဒပဲဖြစ်ဖြစ် ... ဘယ်ဘာသာတရားရဲ့ ၀ါဒပဲဖြစ်ဖြစ်...
အဝေဖန်ခံနိုင်မှ .. အစမ်းသက်ခံနိုင်မှ .. လက်တွေ့ကျမှ ၀ါဒအစစ်ဖြစ်ပါသည်။
ဗြိတိန်နိုင်ငံမှ ယထာဘူတပညာရှင် ဘာထရန်ရပ်ဆဲလ်သည် ကမ္ဘာကျော် ကျမ်းပြုပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။
သူပြုစုသောကျမ်းများအနက် သိပ္ပံလောကအတွက် အလွန်အကျိုးပြုခဲ့သော ကျမ်းကြီးမှာ အိန်စတိန်၏နိယာမ အမြင်ဆိုင်ရာ ကကြီးခကွေးခေါ် အဏုမြူဗေဒ ခေတ်ဦးကို တံခါးဖွင့်ပေး ခဲ့သူလည်းဖြစ်၊ အဏုမြူဗေဒ ပေါ်ပေါက်လာစေရန် စတင်အုတ်မြစ်ချခဲ့သူ ပိသုကာလည်း ဖြစ်သော ကမ္ဘာကျော် သိပ္ပံပညာရှင် အိန်စတိန်၏ အဏုမြူဗေးသဘောတရားဟောကိန်း အကြောင်း ရှင်းလင်းချက်ကျမ်းကြီးဖြစ်ပါ၏။
ထိုမျှအထိ ခေတ်သိပ္ပံပညာကို ဒိုးလိုမွှေ၊ ရေလိုနှောက်နိုင်သော၊ ခေတ်သိပ္ပံဘက်မှ ကျွမ်းကျင်နှံ့စပ်သော၊ ဆရာတစ်ဆူဖြစ်သော ဘာထရန်ဆဲလ်သည် သူ့ခေတ်နှင့်သူ အလွန်ခေတ်မှီ လှစွာပင် ဘာသာရေးပိုင်း၌ ခံယူချက်ထူးဆန်းခဲ့သူဖြစ်ပါသည်။ ထိုခေတ်ထိုကာလမှာ .. 1910 ခုနှစ်ဝန်းကျင်ဖြစ်ပါသည်။
ထိုကာလတွင် ... ဘာထရန်ဆဲလ်သည် သူ၏ ဘာသာရေးပိုင်း၌ ခံယူချက်နှင့် ပတ်သက်၍ ဖွင့်ဟရေးသားခဲ့သည်။ ထိုစာအုပ်မှာ .. ကိုယ်ရေးသမိုင်းမှ ကဏ္ဍကြီးအချို့ အမည်ရှိသော စာအုပ်ဖြစ်သည်။
ထိုစာအုပ်ထဲ၌ ကျွန်ုပ်အဘယ်ကြောင့် ခရစ်ယာန်ဘာသာဝင်မဖြစ်သနည်းဆိုသော အခန်းတစ်ခုပါဝင်သည်။ ထိုအခန်းတစ်နေရာ၌ -
“ခရစ်ယာန်ဘာသာကို လက်ခံယုံကြည်နိုင်ခြင်းမရှိပါ။ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက် တစ်စုံတစ်ရာဖြစ်သော ဘာသာကို လက်ခံရန်အကြောင်းများပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့်ဘာသာမှာ ... ဗုဒ္ဓဘာသာဖြစ်သည်ဟု”
.... ထုတ်ဖော်ရေးသားခဲ့ပါသည်။
သိပ္ပံ ပညာရှင်အိန်စတိန်က ဘာသာရေးမပါသော သိပ္ပံပညာသည် အကန်းနှင့်တူသည်။ သိပ္ပံပညာမပါသော ဘာသာရေးသည် အကျိုးနှင့်တူသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။
တနည်းအားဖြင့် မျက်စိမှိတ်ယုံကြည်မှုကို လက်မခံဘဲ ကိုယ်ပိုင်ဥာဏ်ဖြင့် ခွဲခြားဝေဖန်ကျင့်သုံးပြီးမှ လက်ခံယုံကြည်ရသော .. ၀ိဘဇ္ဇ၀ါဒကို လက်ကိုင်ထားသောကြောင့်လည်း. ဗုဒ္ဓ၀ါဒကို ကမ္ဘာ့ပညာရှင်များက လက်ခံလာရခြင်းဖြစ်သည်။
PKZ
mokotasan
6135
Gold Member
20/10/2006
920 posts
 5.Re: ကို PKZ   Mar 04, 2009 1:18 PM
nazy wrote:
ိကျွန်တော် အဲ့ဒါတွေကြိုက်တယ် ဆက်ရေးပေးပါ.. ဒါမှမဟုတ် ပိဋိကတ်သုံးပုံထဲက ဘယ်အပိုင်း ဘယ်ကျမ်းမှာ ပါတယ်ဆိုတာလေ...ပြောပြပေးပါ...ကိုယ့်ဘာသာ ရှာဖတ်လိုက်မယ်...
NaziOhWell
PKZ အစားဖြေလိုက်စမ်းမယ်...
တိကအင်္ဂတ္ထိုရ်၊ ၂-မဟာဝဂ်၊ ၅-ကေသမုတ္တိသုတ်။
mokotasan
6135
Gold Member
20/10/2006
920 posts
 6.အဟဲ  Mar 04, 2009 2:17 PM
mokotasan wrote:
nazy wrote:
ိကျွန်တော် အဲ့ဒါတွေကြိုက်တယ် ဆက်ရေးပေးပါ.. ဒါမှမဟုတ် ပိဋိကတ်သုံးပုံထဲက ဘယ်အပိုင်း ဘယ်ကျမ်းမှာ ပါတယ်ဆိုတာလေ...ပြောပြပေးပါ...ကိုယ့်ဘာသာ ရှာဖတ်လိုက်မယ်...
NaziOhWell
PKZ အစားဖြေလိုက်စမ်းမယ်...
တိကအင်္ဂတ္ထိုရ်၊ ၂-မဟာဝဂ်၊ ၅-ကေသမုတ္တိသုတ်။
တစ်ချောင်းငင်ကျန်ခဲ့လို့....အဟဲ
တိကအဂုင်္တ္ထိုရ်၊ ၂-မဟာဝဂ်၊ ၅-ကေသမုတ္တိသုတ်။
PKZ
6862
Gold Member
27/11/2008
728 posts
 7.Re: ကျေးဇူးအထူးပါ အမ  Mar 04, 2009 2:48 PM
mokotasan wrote:
mokotasan wrote:
nazy wrote:
ိကျွန်တော် အဲ့ဒါတွေကြိုက်တယ် ဆက်ရေးပေးပါ.. ဒါမှမဟုတ် ပိဋိကတ်သုံးပုံထဲက ဘယ်အပိုင်း ဘယ်ကျမ်းမှာ ပါတယ်ဆိုတာလေ...ပြောပြပေးပါ...ကိုယ့်ဘာသာ ရှာဖတ်လိုက်မယ်...
NaziOhWell
PKZ အစားဖြေလိုက်စမ်းမယ်...
တိကအင်္ဂတ္ထိုရ်၊ ၂-မဟာဝဂ်၊ ၅-ကေသမုတ္တိသုတ်။
တစ်ချောင်းငင်ကျန်ခဲ့လို့....အဟဲ
တိကအဂုင်္တ္ထိုရ်၊ ၂-မဟာဝဂ်၊ ၅-ကေသမုတ္တိသုတ်။
ကျေးဇူးတင်ပါတယ် အမ ...... Tongue
PKZ
PKZ
6862
Gold Member
27/11/2008
728 posts
 8.ဓမ္မပဒ တရားတော်အစွမ်း  Mar 04, 2009 3:59 PM
ဗုဒ္ဓ၏ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သော တရားတော်တို့တွင် ဓမ္မပဒသည်ကား နိုင်ငံခြားဘာသာခြားတို့အနှစ်သက်ဆုံး တရားပါပေ။
ယခင်က ဗြဟ္မဏဘာသာဝင်ဖြစ်ခဲ့သော သီရိဓမ္မာသောက မင်းကြီးသည် နိဂြောဓသာမဏေ ဟောကြားခဲ့သော ဓမ္မပဒဂါထာ တစ်ဂါထာဖြင့် ကမ္ဘာတွင် ထင်ရှားသော သာသနာ့ဒါယကာဘုရင်ကြီးတစ်ပါးဖြစ်ခဲ့ရသည်။
ယခင်က အရည်းကြီးများကို ကိုးကွယ်ခဲ့ရသော မြန်မာနိုင်ငံ အနော်ရထာဘုရင်ကြီးသည် ရှင်အရဟံဟောကြားခဲ့သောဓမ္မပဒ တစ်ဂါထာဖြင့်ပင် ထေရဝါဒ ဗုဒ္ဓ ဘာသာအဖြစ်သို့ သက်ဝင်တော်မူခဲ့ပေသည်။
ခရစ်ယာန်ဘာသာဝင်ဖြစ်သော ဆာဗာတိုရေစီအိုဖီသည် ထို ဓမ္မပဒ ကိုဖတ်ရင်းမှ မည်သူမှ တရားမဟောဘဲ ၊ မစည်းရုံးဘဲ .. အလိုလို ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ရသည်။ (အကျယ်ကို အောက်တွင်ဖော်ပြမည်)
မျက်ရည်မကျခင်သိစေချင် - မေတ္တာရှင်(ရွှေပြည်သာ)
PKZ
6862
Gold Member
27/11/2008
728 posts
 9.ခရစ်ယာန်ဘာသာမှ အသက်ထက် ဗုဒ္ဓဘာသာကိုမြတ်နိုးသူဖြစ်လာသူ  Mar 04, 2009 4:26 PM
ခရစ်ယာန်ဘာသာဝင်ဖြစ်သော ဆာဗာတိုရေစီအိုဖီသည် ... အီတလီနိုင်ငံ၊ မီလန်မြို့ တွင်အသက်မွေးဝမ်းကြောင်းပြုနေထိုင်ခဲ့သည်။
သူသည် အမေရိကန်နိုင်ငံ၊ ကိုလံဗီယာတက္ကသိုလ်မှ ဘီအက်စ်စီ ဘွဲ့ရ ခေတ်ပညာတတ် တစ်ဦး ပင်ဖြစ်သည်။
တစ်နေ့တွင် ခရစ္စမတ်လက်ဆောင် အဖြစ် မိတ်ဆွေတစ်ယောက်က အင်္ဂလိပ်ဘာသာပြန် ဓမ္မပဒစာအုပ်လေး တစ်အုပ်ကို ပေးလိုက်သည်။
ထို ဓမ္မပဒ ကိုဖတ်ရင်းမှ မည်သူမှ တရားမဟောဘဲ ၊ မစည်းရုံးဘဲ .. အလိုလို ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့ရသည်။
(ဗုဒ္ဓ၏ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သော တရားတော်တို့တွင် ဓမ္မပဒသည်ကား နိုင်ငံခြားဘာသာခြားတို့အနှစ်သက်ဆုံး တရားပါပေ။)
ဘာသာခြားများပင် ထိုမျှလောက် ကြည်ညိုလေးစားရသော ဓမ္မပဒ တရားတော်ဂါထာတစ်ပုဒ် ကို ကြည်ညိုသဒ္ဓါပွားနိုင်ရန် တင်ပြအပ်ပါသည်။
မဏိံမိဂေါပဿန္တောပိ၊ တိဏံခါဒံဝ ဂစ္ဆတိ။
လဒ္ဓကာလော ဒုပ္ပညောပိ၊ ကာမံဘုဉ္ဖံဝ ဂစ္ဆတိ။
သမင်သည် ပြည်တန်ပတ္တမြားကို တွေ့မြင်သော်လည်း တန်ဖိုးမသိသည့်အတွက် မြက်ကိုသာစားပြီး တောတွင်းဝင်သွားသကဲ့သို့
ပညာမဲ့သောလူမိုက်တို့သည် လူ့ဘဝအခွင်းကာလကောင်းကိုရနေပါသော်လည်း တန်ဖိုးမသိသည့်အတွက် အာရုံငါးပါးကာမဂုဏ် တရားကိုခံစားပြီး
အပါယ်လေးပါးသို့ သွားသည်။
ဤကဲ့သို့ အနှစ်သာရပြည့်ဝသော ဓမ္မများစွာကိုဖော်ပြထားသော ထို ဓမ္မပဒ ကျမ်းစာအုပ်လေးဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်လာသော ဆာဗာတိုရေစီအိုဖီသည် အသက်ထက်ဆုံး ဗုဒ္ဓဘာသာ ရဟန်းတော်အဖြစ်ကို ခံယူလိုက်ပါသည်။
မြန်မာနိုင်ငံကို အမြဲနေရာဌာနအဖြစ်ထားကာ ကမ္ဘာကို သုံးပတ် ပတ်မိသည်အထိ သာသနာပြုခြင်းမှာ ဘာသာခြားအဖြစ်နှင့် ကွယ်လွန်ခဲ့သော မိဘနှစ်ပါးသည် ဖြစ်ရာ ဘဝ၊ ဖြစ်ရာ ဒေသမှ သူ့တရားကို နာယူကာ ဗုဒ္ဓဘာသာဖြစ်စေချင်သောကြောင့်ဟု ပါ၏။
တစ်ခါကလည်း ဝမ်းဗိုက်မှာဖြစ်သာ ရောဂါတစ်ခုကြောင့်ခွဲစိတ်ကုသရန် အီတလီသို့ ခေတ္တပြန်ကြွရသည်။ ရောဂါပျောက်၍ ပြန်မည်အပြုတွင် ...
ဘာသာခြားဖြစ်သော ဦးလေးနှင့်ဆွေမျိုးတစ်စုက သူတို့ဘာသာကို စွန့်ပစ်သည့်အပြင် တခြားဘာသာ၏ ရဟန်းအဖြစ်သို့ပင် တက်ရောက်ခြင်းကို မကျေနပ်သဖြင့် ဗုဒ္ဓဘာသာနိုင်ငံများသို့ ပြန်သွားခွင့်မပြုနိုင် ၊ အီတလီမှာပင် နေရမည် ဟု အကျပ်ကိုင်ကြလေသည်။
ထိုအခါက ရှင်လောကနာထ တစ်ဖြစ်လဲ ဘုန်းကြီးလေးက ဗုဒ္ဓဘာသာရဟန်းအဖြစ်နှင့် သာသနာမပြုရလျှင် သေခြင်းကမှ မြတ်သေးသည်ဟု အဓိဋ္ဌာန်ပြုကာ အစားအစာများ လုံးလုံးမစားတော့ခြင်းဖြင့် ဆွေမျိုးများကို အနုနည်းဖြင့် တုန့်ပြန်လိုက်ပါသည်။
လေးငါးရက်ရှိ၍ လူလည်း မျော့မျော့ကျန်သော အခါမှ ဆွေမျိုးများလည်း အလျော့ပေးပြီး ပြန်ခွင့်ပေးရပါတော့သည်။ ထိုသို့ပြန်ခွင့်ပေးသော်လည်း လမ်းစရိတ် မပေးသဖြင့် - - -
အီတလီ ၊ ပြင်သစ် ၊ ဆွစ်ဇာလန် ၊ သြစတြေးလျ ၊ ယူဂိုစလားဗီးယား ၊ ဘူလ်ဂေးရီးယား ၊ တူရကီ ၊ ဆီးရီးယား ၊ ပါလက်စတိုင်း ၊ အိန္ဒိယ
ဟူသော နိုင်ငံဆယ်နိုင်ငံ ကို ရှစ်လ ကျော်ကြာခြေလျင်ဖြတ်သန်း၍ မြန်မာနိုင်ငံသို့ အရောက်ပြန်ခဲ့ရပါသည်။
ဓူတင် ၁၃ ပါးကိုလည်း အမြဲဆောင်ကာ ဘယ်သော အခါမှ ဖိနပ်မစီး ၊ ထီးမဆောင်းပါပေ။
အသားငါးကိုလည်း အသက်ထက်ဆုံးရှောင်ကြဉ်၍ သဗ္ဗတ္ထကမ္မဋ္ဌာန်း ခေါ် မေတ္တာဘာဝနာကို အထူးတလည်ပွားများတော်မူပါသည်။
ဆရာတော်၏ မေတ္တာဦးစီးသော အဆုံးအမကြောင့် ဗုဒ္ဓဘာသာဖြစ်ခဲ့ကြသော ဘာသာခြားများမှ မနည်းလှပေ။
အီတလီ ဘုန်းတော်ကြီး ဆရာတော် ဦးလောကနာထသည် ဗုဒ္ဓသာသနာ ကမ္ဘာအနှံ့ပြန့်ပွားအောင် မနေမနား၊ သာသနာပြုရင်း ပြင်ဦးလွင်မြို့တွင် ပျံလွန်တော်မူခဲ့ပါသည်။
မျက်ရည်မကျခင်သိစေချင် - မေတ္တာရှင်(ရွှေပြည်သာ)
အထက်ပါ အကြောင်းအရာတို့ကို ဖတ်ရှုနေရင်းနှင့် ဖတ်ရှုပြီးသည့်အချိန်များတွင် ... ကြက်သီးထ ရလောက်အောင် .. ဆရာတော်ကို အထူးကြည်ညိုမိပါသည်။
အီတလီနိုင်ငံ မှ မြန်မာနိုင်ငံ ကို ခြေလျှင်ခရီးဖြင့် ကြွရဲသော သတ္တိ၊ ဇွဲ လုံ့လ မှာ ချီးကျူးစရာ အလွန်ကောင်းလှပါသည်။
တောလမ်းခရီးမှာလည်း ဓါးပြ၊ သားရဲ အန္တရာယ် အမျိုးမျိုး ကြားမှ ... ဗုဒ္ဓဘာသာ မြန်မာနိုင်ငံကို အရောက်လှမ်းခဲ့သည်မှာ မကြည်ညိုဘဲ ကို မနေနိုင်ဖြစ်မိပါ သဖြင့် .. ဤ ပို့စ် ဖြင့် အီတလီ ဆရာတော် ဦးလောကနာထ အား .. ပူဇော်လိုက်ရပါသည်။
PKZ
PKZ
6862
Gold Member
27/11/2008
728 posts
 10.ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာဖြစ်လာသူ ဂျိမ်းစ်လှကျော်  Mar 05, 2009 3:54 PM
မြန်မာ ကာလပေါ် ဝတ္ထုကို စတင်သူ ဂျိမ်းစ်လှကျော်
မြန်မာ စာပေလောကတွင် ဂျိမ်းစ်လှကျော် ကို ပထမဆုံးကာလပေါ်ဝတ္ထုရေးသူအဖြစ် အသိအမှတ်ပြုကြသည်။ ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင် မမယ်မ ဝတ္ထုမှာ
ပြင်သစ်စာရေး ဆရာကြီး အလက်ဇန်းဒါးဒူးမား (Alexander Dumas) ၏ The Count of Monte Christo ဝတ္ထုကို မှီငြမ်းရေးသားခဲ့သော်လည်း မြန်မာမှုပြုရာတွင် လက်ရာမြောက်လှ သဖြင့် မြန်မာ စာဖတ်ပရိတ်သတ်တို့ အလွန်နှစ်သက်ကြ၏။
ဂျိမ်းစ်လှကျော် ဖြစ်လာမည့် မောင်လှကျော်ကို (၂၁) ဇွန်လ (၁၈၆၆)ခုနှစ် တွင် ဦးစွပ်၊ ဒေါ်ဆိုင်းတို့က ရွှေကျင်မြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ သူ ငယ်စဉ်ကပင် ကွယ်လွန်သွားရာ အဒေါ်ဖြစ်သူ ဒေါ်မျှင် နှင့် ခင်ပွန်းသည် စစ်ကဲကြီး ဦးညိုတို့၏ အစောင့်အရှောက်ဖြင့် ကြီးပြင်းလာခဲ့ရသည်။
စစ်ကဲကြီး ဦးညိုသည် ခရစ်ယာန်ဘာသာဝင်တစ်ဥိးဖြစ်သည်။ မောင်လှကျော်အား ဂျိမ်းစ်လှကျော် အမည်ဖြင့် နှစ်ခြင်း မင်္ဂလာပြုပေးခဲ့သည်။ ဂျိမ်းစ်လှကျော် သည် ရန်ကုန်ဟိုက်စကူး ကျောင်း၌ ဘင်္ဂလားစာမေးပွဲအောင်မြင့်ခဲ့သည်။
မောင်ရင်မောင် မမယ်မ ဝတ္ထုဖြင့် နာမည်ကြီးလှသော ဂျိမ်းစ်လှကျော်သည် ယင်းဝတ္ထုထက် ၁ဝ နှစ်ထက်စော၍ ၁၈၉၄ ခုနှစ်ကပင် ဥပဒေစာအုပ်ဖြစ်သော ဖြတ်ထုံးကြီးပြန်ချက် စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထို့ပြင် ၁၉၁၂ ခုနှစ်တွင် .. “ရှေ့နေလိုက်လဲမှု နျူပဒေသကျမ်း” စာအုပ်ကိုလည်းရေးခဲ့သည်။
အင်မတန်နာမည်ကြီးသော “မြန်မာ ကာလပေါ် ဝတ္ထုကို စတင်သူ ဂျိမ်းစ်လှကျော်” ပင်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာသို့ကူးပြောင်းခြင်း
ဂျိမ်းစ်လှကျော် သည် ရွှေဘိုတွင် နေထိုင်စဉ်က မြို့ရိုးနံဘေးသို့ လမ်းလျှောက်လေ့ရှိ၏ ။ တစ်နေ့တွင်မြို့ရိုးစနေထောင့်၌ ဘုရားပျက်တစ်ဆူ ချုံနွယ်များ ဖုံးလွှမ်းနေသည်ကို တွေ့မြင်ရ၍ ရှင်းလင်းခုတ်ထွင်ခဲ့သည်။
ထိုသို့ ရှင်းလင်းစဉ် “အောင်ဇေယျဇနီးမောင်နှံကောင်းမှု” ကမ္ဗည်းကျောက်ပြားကို တွေ့ရှိခဲ့ရာ အလောင်းမင်းတရားကြီး၏ ကုသိုလ်တော်ဟု ယူဆခဲ့သည်။
ဂျိမ်းစ်လှကျော် သည် ငယ်စဉ်ကာလ မိဘများကွယ်လွန်စဉ်ကပင် ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ရာ .. ၁၉၁၉ ခုနှစ်၌ မြသိန်းတန်ဘုရားခေါ် ယင်းစေတီပျက်အား ပြုပြင်မွမ်းမံပေးခဲ့ရာမှ မွန်မြတ်လှသော ဗုဒ္ဓဘာသာ အဖြစ်ကူးပြောင်းခံယူခဲ့ပါသည်။
သူက “ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်း” အမည်ဖြင့် စာအုပ်ကိုပင် ရေးသားထုတ်ဝေခဲ့ပါသည်။
တစ်သက်တာလုံး ခရစ်ဘာသာဝင်အဖြစ်မှ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်လာသော “မြန်မာ ကာလပေါ် ဝတ္ထုကို စတင်သူ ဂျိမ်းစ်လှကျော်” သည် ၁၇ ရက်နေ့ နိုဝင်ဘာလ ၁၉၁၉ ခုနှစ်တွင် အဖျားရောဂါဖြင့် ၊ ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ပါသည်။ ထိုစဉ်က အသက်မှာ ၅၃ နှစ်ဖြစ်ပါသည်။
မသေခင် နောက်ဆုံးနှစ် (၁၉၁၉) တွင် မွန်မြတ်လှစွာသော ဗုဒ္ဓဘာသာဝင်ဖြစ်သွားသော ... ဂျိမ်းစ်လှကျော် အား .... ကျွန်တော် PKZ မှ ကောင်းရာ သုဂတိသို့ ရောက်ရှိပါစေသားလို့ ဆုတောင်း မေတ္တာ ပို့သကာ ဤ ပို့စ်ဖြင့် ဂုဏ်ပြုလိုက်ရပါသည်။
PKZ
ကျမ်းကိုး
၁။ စာဆိုနှင့် သုတေသီ (တိုက်စိုးနှင့် မင်းသုဝဏ်)
၂။ ပထမမြန်မာများ (မင်းယုဝေ)
၃။ ဂျိမ်းစ်လှကျော်၏ မြေးဒေါ်ခင်ထားဦးနှင့် တွေ့ဆုံးမေးမြန်းချက်မှတ်တမ်း (၁၆. ၂. ၂၀၀၉)
၎။ Weekly Eleven News Journal
PKZ
6862
Gold Member
27/11/2008
728 posts
 11.စည်းရုံး စရာမလို ...   Mar 12, 2009 1:59 PM
ဗုဒ္ဓဝါဒ သည် တစ်နည်းအားဖြင့် မျက်စိမှိတ်ယုံကြည်မှုကို လက်မခံဘဲ ကိုယ်ပိုင်ဥာဏ်ဖြင့် ခွဲခြားဝေဖန်ကျင့်သုံးပြီးမှ လက်ခံယုံကြည်ရသော
ဝိဘဇ္ဇဝါဒကို လက်ကိုင်ထားသောကြောင့်လည်း ဗုဒ္ဓဝါဒ ကို ကမ္ဘာ့ပညာရှင်များက လက်ခံလာရခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုမှ ကက်နက်ဗင်ကာဝါဆာကီ နှင့် ခရစ္စတစ်ဒက်ကာ အမည်ရှိသော ဇနီးမောင်နှံနှစ်ယောက်သည် ဒဿနကဘာသာ
ရပ်ဖြင့် ဒေါက်တာဘွဲ့ယူရန် ဗုဒ္ဓ၏ဒဿနများကို လေ့လာကြရာမှ အင်္ဂတ္ထုရ်ပါဠိတော် ၊ တိကနိပါတ်၊ ကေသမုတ္တိသုတ် ခေါ် ကာလာမသုတ်
ကိုလေ့လာအပြီးတွင် မည်သူမှ တရားမဟော ၊ မစည်းရုံးရဘဲ ဇနီးမောင်နှံနှစ်ယောက်စလုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်သွားကြသည်။
သူတို့သည် အရင်က ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပါသည်။ .. ကာလာမသုတ်ကို လေ့လာဖတ်ရှုပြီး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော
ဘာသာခြားများကား အင်မတန်မှ များပြားလှပါသည်။
PKZ
PKZ
6862
Gold Member
27/11/2008
728 posts
 12.ဆင်ခြင်ပါ။  Mar 12, 2009 2:14 PM
PKZ wrote:
မိုးကုတ်ဆရာတော်ဘုရားကြီး၏တစ်ဘ၀သာသနာကျမ်း (စာမျက်နှာ ၃၉၂ ၊ ၃၉၃ ။)
မျက်စိမှိတ် စွတ်မှိတ် ကာ .. အကန်း နှင့် တူသော ဝါဒ .... ကို လက်ကိုင်ထားသော သူများသည် .... ဥာဏ်မျက်စိကွယ်နေကြသော သူများဖြစ်သည်။
သူများ ပါးစပ် (ထာဝရဘုရားပါးစပ်) တွင်သာ လမ်းဆုံးနေကြသော သူများဖြစ်ကြ၍ .. ကိုယ်ပိုင်ဥာဏ် တစ်ခုမှ မပါပေ ။
လက်တွေ့ကြကြ .. စမ်းသပ်စရာလည်း တစ်ခုမှ မရှိပေ ။ အစမ်းသပ်လည်း မခံနိုင်ကြပေ။ သက်သေ သာဓကများလည်း .. မရှိကြပေ။
အထက်ပါအကြောင်းအရာတို့ ကို ... တွေ့ရှိ၊ သုံးသပ်မိ ၊ လေ့လာမိ ၊ စမ်းသပ်မိ .. သော .. အချို့သော .. ပညာရှိ ၊ အသိဥာဏ်ရှိသူတို့သာ .... သူတို့၏ လွှဲမှားသော ..
အယူဝါဒ ကို .. အပြီးတိုင် .. စွန့်လွှတ် ကာ .... စစ်မှန်သော .... ဗုဒ္ဓဘာသာ အဖြစ်သို့ ..... ပြတ်သားစွာ ၊ ရဲ့ဝံ့စွာ .. ဝင်ရောက် လာခဲ့ကြပေသည်။
အချို့သော သူများမှာ .. အထက်ပါအတိုင်း ... ဥာဏ်မျက်စိ မှာ ကန်း လွန်းသမျှ စုံလုံး ကန်း .. ဖြစ်နေသောကြောင့် ၊
သူများ ပါးစပ်ဖျား လမ်းဆုံးနေကြသောကြောင့် ... အသိဥာဏ်ပညာ နည်းပါးသောကြောင့် .. အဝိဇ္ဇာ အမှောင်ဖုံးနေသောကြောင့် ... ကိုယ်ကျိုးနည်းနေကြရသည်။
ကိုယ်ကျိုးလည်း နည်းဦးမည် ။ ... အခု ကိုယ်ကျိုးမနည်းရင် ... သေခါနည်း .. သေချာပေါက် ကိုယ်ကျိုးနည်းရလိမ့်မယ်။ အကြောဆွဲ ရလိမ့်မယ်။ မျက်ရည်ကျရလိမ့်မယ် .. လို့ မိုးကုတ်ဆရာတော် ဘုရားကြီး က .. မိန့်တော်မူခဲ့ခြင်းဖြစ်ပါသည်။
PKZ
mayangle08
5892
Platinum Member
15/10/2007
2156 posts
 13.........  Mar 30, 2009 2:20 PM
ဒါလေး...ဆက်တင်ပေးပါဦးလား....
ကြက်သီးထရလောက်အောင်...၀မ်းမြောက်မိတယ်...
ကြည်ညိုလေးစားမိပါတယ်.....
မေအိန်ဂျယ်...
PKZ
6862
Gold Member
27/11/2008
728 posts
 14.Re: ........  Mar 30, 2009 4:56 PM
mayangle08 wrote:
ဒါလေး...ဆက်တင်ပေးပါဦးလား....
ကြက်သီးထရလောက်အောင်...၀မ်းမြောက်မိတယ်...
ကြည်ညိုလေးစားမိပါတယ်.....
မေအိန်ဂျယ်...
ဆက်လက်ကြိုးစားနေပါတယ် .. နှမ
PKZ
challenger220
6466
Standard Member
28/03/2009
14 posts
 15.I Like it.  Mar 31, 2009 3:24 PM
I like it, friend. I'm "Buddhist".BigGrin
PKZ
6862
Gold Member
27/11/2008
728 posts
 16.Re: I Like it.  Apr 01, 2009 6:27 PM
challenger220 wrote:
I like it, friend. I'm "Buddhist".BigGrin
ကြိုဆိုပါတယ် ... ခင်ဗျာ ... ဗုဒ္ဓဘာသာ ဖိုရမ်ထဲကို ဗုဒ္ဓဘာသာ ယူဇာ အသစ်တွေ ဝင်လာတာ ... သာသနာတော်အတွက် အင်မတန် ... အားရစရာပါ ။
လေးစားလျှက်
nazy
5130
Planet Strong Member
30/07/2007
4005 posts
 17.Re: ကျေးဇူးအထူးပါ အမ  Apr 03, 2009 1:36 PM
PKZ wrote:
mokotasan wrote:
mokotasan wrote:
nazy wrote:
ိကျွန်တော် အဲ့ဒါတွေကြိုက်တယ် ဆက်ရေးပေးပါ.. ဒါမှမဟုတ် ပိဋိကတ်သုံးပုံထဲက ဘယ်အပိုင်း ဘယ်ကျမ်းမှာ ပါတယ်ဆိုတာလေ...ပြောပြပေးပါ...ကိုယ့်ဘာသာ ရှာဖတ်လိုက်မယ်...
NaziOhWell
PKZ အစားဖြေလိုက်စမ်းမယ်...
တိကအင်္ဂတ္ထိုရ်၊ ၂-မဟာဝဂ်၊ ၅-ကေသမုတ္တိသုတ်။
တစ်ချောင်းငင်ကျန်ခဲ့လို့....အဟဲ
တိကအဂုင်္တ္ထိုရ်၊ ၂-မဟာဝဂ်၊ ၅-ကေသမုတ္တိသုတ်။
ကျေးဇူးတင်ပါတယ် အမ ...... Tongue
PKZ
နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ် အစ်ကိုတို့ အမတို့ရေ ကျွန်တော်က မျိုးရိုးက ဆင်းသက်လို့ဖြစ်ရတဲ့ ဗုဒ္ဓဘာသာဝင် အဖြစ်က တဆင့်တက်ဖို့ မနည်းကြိုးစားနေရတဲ့လူပါ... ပိဋိကတ်သုံးပုံစလုံး ebookယူထားပေမယ့် ကိုယ်စိတ်ဝင်စားတဲ့ အပိုင်း ဘယ်နားသွားရှာရမလဲ မသိဘူးဖြစ်နေလို့ပါ... ကျေးဇူးပါ
နာဇီSmile
onlinepaperboi
6626
Platinum Member
22/01/2009
1142 posts
 18.Re: ကျေးဇူးအထူးပါ အမ  Apr 04, 2009 2:09 AM
nazy wrote:
PKZ wrote:
mokotasan wrote:
mokotasan wrote:
nazy wrote:
ိကျွန်တော် အဲ့ဒါတွေကြိုက်တယ် ဆက်ရေးပေးပါ.. ဒါမှမဟုတ် ပိဋိကတ်သုံးပုံထဲက ဘယ်အပိုင်း ဘယ်ကျမ်းမှာ ပါတယ်ဆိုတာလေ...ပြောပြပေးပါ...ကိုယ့်ဘာသာ ရှာဖတ်လိုက်မယ်...
NaziOhWell
PKZ အစားဖြေလိုက်စမ်းမယ်...
တိကအင်္ဂတ္ထိုရ်၊ ၂-မဟာဝဂ်၊ ၅-ကေသမုတ္တိသုတ်။
တစ်ချောင်းငင်ကျန်ခဲ့လို့....အဟဲ
တိကအဂုင်္တ္ထိုရ်၊ ၂-မဟာဝဂ်၊ ၅-ကေသမုတ္တိသုတ်။
ကျေးဇူးတင်ပါတယ် အမ ...... Tongue
PKZ
နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ် အစ်ကိုတို့ အမတို့ရေ ကျွန်တော်က မျိုးရိုးက ဆင်းသက်လို့ဖြစ်ရတဲ့ ဗုဒ္ဓဘာသာဝင် အဖြစ်က တဆင့်တက်ဖို့ မနည်းကြိုးစားနေရတဲ့လူပါ... ပိဋိကတ်သုံးပုံစလုံး ebookယူထားပေမယ့် ကိုယ်စိတ်ဝင်စားတဲ့ အပိုင်း ဘယ်နားသွားရှာရမလဲ မသိဘူးဖြစ်နေလို့ပါ... ကျေးဇူးပါ
နာဇီSmile
ကိုနာဇီရေ ပိဋကတ်တော်အစုံအလင် ebookရှိရင်ကျွန်တော့်ကိုဒေါင်းလုပ်ဒ်လင့်လေးပေးပါလား။ ကျွန်တော်အင်တာနက်ကဖတ်တာမစုံဘူးဖြစ်နေတယ် အင်္ဂလိပ်လိုပိဋကတ်ကလည်းတစ်ချို့အပိုင်းတွေမပါလို့ပါ ကူညီပါ။
challenger220
6466
Standard Member
28/03/2009
14 posts
 19.Re: I Like it.  Apr 07, 2009 6:02 PM
PKZ wrote:
challenger220 wrote:
I like it, friend. I'm "Buddhist".BigGrin
ကြိုဆိုပါတယ် ... ခင်ဗျာ ... ဗုဒ္ဓဘာသာ ဖိုရမ်ထဲကို ဗုဒ္ဓဘာသာ ယူဇာ အသစ်တွေ ဝင်လာတာ ... သာသနာတော်အတွက် အင်မတန် ... အားရစရာပါ ။
လေးစားလျှက်
ကျေးဇူးတင်ပါတယ် Ko PKZ
ညီအစ်ကိုမောင်နှမများ ကို အစဉ်လေးစားလျှက်ပါ
challenger220
challenger220
6466
Standard Member
28/03/2009
14 posts
 20.ညီအစ်ကိုမောင်နှမများသို့  Apr 07, 2009 6:14 PM
ကျွန်တော်ဟာ ဒီ Fourm ကိုဖတ်မှ ငါမသိသေးတာတွေအတော်များပါလားဆိုပြီး သိလိုက်ရပါတယ်။
ဒီလိုမျိုးမသိတာတွေသိအောင် ရေးခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမအားလုံး အထူးပင် ကျေးဇူးတင်အပ်ပါသည်။
လေးစားလျှက်ပါ.....
challenger220
1 2
Messages Results 1 - 20 of about 21 for seconds milliseconds. (0.081 seconds)
    All forums        Buddhism Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info
Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.