Guest. It's 05:42 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Buddhism Forums jump :
  Page : of 6
  
   ဘာသာကြီးလေးခု နှိုင်းယှဉ်ချက်
Ko_Htoo

Platinum Member
 
06/11/2006
1941 posts
 41.စာကြွင်း  Jun 20, 2009 11:46 AM
ဝိဥာဉ် နဲ့ ၀ိဥာည် ဆိုတာ ဘာကွာလဲ ဆိုတာရှင်းပြပေးပါ
ပြီးတော့ ရှေ့က အစ်ကိုက ပြောထားတဲ့ ပုံစံမှာဆိုရင်
ဗုဒဘာသာမှာ ၀ိညာဉ် မရှိဘူးလို့ ပြောတာလား
ဘာကိုဆိုလိုတာလဲ
ကျွန်တော် လည်နေပါပြီခင်ဗျား

ဝိညာဉ်ဆိုသည်မှာ ၀ိ = အထူး ဖြစ်ပြီး ဥာဉ် = သိခြင်း ဆိုသည့် အဓိပါယ်ရှိပါသည်။ ထိုအထူးသိခြင်းက ဘာလဲ... ဘုရားကို ကိုးကွယ်လိုခြင်း၊ ဘုရားကို ရှာလိုခြင်း၊ ဘုရားအကြိုက် လုပ်လိုခြင်း၊ ဘုရားကိုလွမ်းခြင်း... တို့ဖြစ်သည်။

ဝိညာဉ်၏ အစ၊ ထာဝရဘုရားသည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ထို့ကြောင့် ၀ိညာဉ်သည် ဘုရားထံမှ စသည်။

ဝိညာဉ်ဘယ်နှစ်မျိုးရှိသနည်း။ ဘုရား၏ ၀ိညာဉ်၊ ကောင်းကင်တမန်၏ ၀ိညာဉ်နှင့်( မှတ်ချက် ကောင်းကင်တမန်လူစီဖါသည် ဘုရား၏ နေရာကို လုယူ ဖို့ကြံစည်သည့်အတွက် ကောင်းကင်ဘုံမှ နှင်ချခံရပြီး ကောင်းကင်တမန်သုံးစုတစ်စုကိုလည်း စည်းရုံးခေါ်ဆောင်သွားကာ လူများကိုးကွယ်မှုမှလွဲရန် အလုပ်လုပ်နေသော မုသာ၏ အဖလည်းဖြစ်သည်) လူတို့၏ ၀ိညာဉ်တို့ဖြစ်သည် ။

လူကို ဘုရားက ခန်ဒါ စိတ် ၀ိညာဉ်ဆိုပြီး အပိုင်းသုံးပိုင်းဖြင့် ဖန်ဆင်းထားပါသည်။ ထိုအပိုင်းသုံးပိုင်းတွင် ၀ိညာဉ်အားဖြင့်သာ ဘုရားကိုကိုးကွယ်နိုင်ပြီး ထိုဘုရားထံမှ လာသော ၀ိညာဉ် လူတို့တွင်ရှိခြင်းကြောင့် လူတိုင်း ကိုးကွယ်ရာကို ရှာကြသည် ။ စစ်မှန်သောဘုရားကို ကိုးကွယ်သူနှင့် လွဲမှားသော ကိုးကွယ်မှုသာ ကွာပါသည်။

လူနှင့် ဘုရား ဖန်ဆင်းစက အတူနေနိုင်သော်လည်း လူသည်ဘုရားတားမြစ်ချက်ကိုကျူးလွန်ပြီး အပြစ်တရားဝင်လာကာ သန့်ရှင်းသောဘုရားနှင့်လူအဆက်ပြတ်ခဲ့ကြသည်။ ထိုလူသား နှစ်ဦးမှ ဆင်းသက်လာသောလူသားတိုင်းလည်း ဘုရားနှင့် အဆက်ပြတ်ခဲ့ပေမည့် ကိုးကွယ်စိတ်တော့ရှိကြသည်မဟုတ်ပါလား... ထိုအချိန်မှ အပြစ်တရားနှင့်အတူ အိုနာသေခြင်းလည်းဝင်လာပါသည်။ သို့သော်...

လူ့ခန်ဒါသည် မြေကြီးဖြင့် ဖန်ဆင်းထားသည့်အတွက် တစ်နေ့မြေကြီးထဲသို့ ပြန်သွားရမည်ဖြစ်သော်လည် လူ့ဝိညာဉ်ကတော့ ထာဝရဘုရားထံမှလာသည့်အတွက် ထာဝရ တည်မြဲပါသည်။ ၀ိညာဉ်ထွက်သွားသောခန်ဒါသည် တိရိစာန်လောက်မျှပင် တန်ဘိုးမရှိတော့ပါ။

အသက်ရှုရပ်သွားသော လူနှစ်ရာကို သုတေသနပြုကြည့်ရာ သူတို့ အသက်ရှုရပ်သွားပြီး ၄င်းတို့ခန်ဒါထဲမှ နောက်ခန်ဒါတစ်ခု ထွက်လာပြီး... အလင်းသို့ အချို့... အမှောင်သို့ အချို့ကို မတူညီသော နေရာ သို့ အသီးသီးခေါ်ဆောင် သွားခြင်းခံရကြောင်း သက်သေခံကြပါသည်။

အလင်းသို့ရောက်ရှိသွားသူများက နှုတ်နှင့် ပြောမရလောက်အောင် သာယာ နေချင်စဖွယ်ဟု ဆိုကြပြီး အမှောင်သို့ရောက်သွားသူတို့ကတော့ သေမှာကို အလွန်ကြောက်နေကြ ကြောင်းပါ.... သူတို့၏ ၀ိညာဉ်ခန်ဒါသည်လည်း ယခုလူ့ခန်ဒါကဲ့သို့ပင် အာရုံငါးပါးဖြင့်ခံစားတတ်ကြကြောင်း ဆိုပါသည်။

လူသည် တစ်ခါတည်းသေရွှေ့ စီရင်ခြင်းကိုခံရမည်...

စာကြွင်းအနေဖြင့် အသက်ရှုရပ်သွားသောသူတို့သည် မည်သည့်ဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ပါလေစေ တူညီသောအချက်က သုခဘုံနဲ့ ငရဲဘုံကို တန်းပြီး ခေါ်ဆောင် သွားခြင်းခံရသည်ဟူသော အချက်ပင်ဖြစ်ပါသည်။

လူသည် နက်ဖန်နေ့ကို အမှီပြုပြီး မ၀ါကြွားရ ၊ ယနေ့ပင် အဘယ်ကဲ့သို့ဖြစ်မည်ကို မသိနိုင်..
shinnaywon
6934

Silver Member
 
02/11/2006
230 posts
 42.Re: အလင်းနှင့် အမှောင်...  Jun 20, 2009 4:17 PM
Ko_Htoo wrote:
ဝိဥာဉ် နဲ့ ၀ိဥာည် ဆိုတာ ဘာကွာလဲ ဆိုတာရှင်းပြပေးပါ
ပြီးတော့ ရှေ့က အစ်ကိုက ပြောထားတဲ့ ပုံစံမှာဆိုရင်
ဗုဒဘာသာမှာ ၀ိညာဉ် မရှိဘူးလို့ ပြောတာလား
ဘာကိုဆိုလိုတာလဲ
ကျွန်တော် လည်နေပါပြီခင်ဗျား

ဝိညာဉ်ဆိုသည်မှာ ၀ိ = အထူး ဖြစ်ပြီး ဥာဉ် = သိခြင်း ဆိုသည့် အဓိပါယ်ရှိပါသည်။ ထိုအထူးသိခြင်းက ဘာလဲ... ဘုရားကို ကိုးကွယ်လိုခြင်း၊ ဘုရားကို ရှာလိုခြင်း၊ ဘုရားအကြိုက် လုပ်လိုခြင်း၊ ဘုရားကိုလွမ်းခြင်း... တို့ဖြစ်သည်။

ဝိညာဉ်၏ အစ၊ ထာဝရဘုရားသည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ထို့ကြောင့် ၀ိညာဉ်သည် ဘုရားထံမှ စသည်။

ဝိညာဉ်ဘယ်နှစ်မျိုးရှိသနည်း။ ဘုရား၏ ၀ိညာဉ်၊ ကောင်းကင်တမန်၏ ၀ိညာဉ်နှင့်( မှတ်ချက် ကောင်းကင်တမန်လူစီဖါသည် ဘုရား၏ နေရာကို လုယူ ဖို့ကြံစည်သည့်အတွက် ကောင်းကင်ဘုံမှ နှင်ချခံရပြီး ကောင်းကင်တမန်သုံးစုတစ်စုကိုလည်း စည်းရုံးခေါ်ဆောင်သွားကာ လူများကိုးကွယ်မှုမှလွဲရန် အလုပ်လုပ်နေသော မုသာ၏ အဖလည်းဖြစ်သည်) လူတို့၏ ၀ိညာဉ်တို့ဖြစ်သည် ။

လူကို ဘုရားက ခန်ဒါ စိတ် ၀ိညာဉ်ဆိုပြီး အပိုင်းသုံးပိုင်းဖြင့် ဖန်ဆင်းထားပါသည်။ ထိုအပိုင်းသုံးပိုင်းတွင် ၀ိညာဉ်အားဖြင့်သာ ဘုရားကိုကိုးကွယ်နိုင်ပြီး ထိုဘုရားထံမှ လာသော ၀ိညာဉ် လူတို့တွင်ရှိခြင်းကြောင့် လူတိုင်း ကိုးကွယ်ရာကို ရှာကြသည် ။ စစ်မှန်သောဘုရားကို ကိုးကွယ်သူနှင့် လွဲမှားသော ကိုးကွယ်မှုသာ ကွာပါသည်။

လူနှင့် ဘုရား ဖန်ဆင်းစက အတူနေနိုင်သော်လည်း လူသည်ဘုရားတားမြစ်ချက်ကိုကျူးလွန်ပြီး အပြစ်တရားဝင်လာကာ သန့်ရှင်းသောဘုရားနှင့်လူအဆက်ပြတ်ခဲ့ကြသည်။ ထိုလူသား နှစ်ဦးမှ ဆင်းသက်လာသောလူသားတိုင်းလည်း ဘုရားနှင့် အဆက်ပြတ်ခဲ့ပေမည့် ကိုးကွယ်စိတ်တော့ရှိကြသည်မဟုတ်ပါလား... ထိုအချိန်မှ အပြစ်တရားနှင့်အတူ အိုနာသေခြင်းလည်းဝင်လာပါသည်။ သို့သော်...

လူ့ခန်ဒါသည် မြေကြီးဖြင့် ဖန်ဆင်းထားသည့်အတွက် တစ်နေ့မြေကြီးထဲသို့ ပြန်သွားရမည်ဖြစ်သော်လည် လူ့ဝိညာဉ်ကတော့ ထာဝရဘုရားထံမှလာသည့်အတွက် ထာဝရ တည်မြဲပါသည်။ ၀ိညာဉ်ထွက်သွားသောခန်ဒါသည် တိရိစာန်လောက်မျှပင် တန်ဘိုးမရှိတော့ပါ။

အသက်ရှုရပ်သွားသော လူနှစ်ရာကို သုတေသနပြုကြည့်ရာ သူတို့ အသက်ရှုရပ်သွားပြီး ၄င်းတို့ခန်ဒါထဲမှ နောက်ခန်ဒါတစ်ခု ထွက်လာပြီး... အလင်းသို့ အချို့... အမှောင်သို့ အချို့ကို မတူညီသော နေရာ သို့ အသီးသီးခေါ်ဆောင် သွားခြင်းခံရကြောင်း သက်သေခံကြပါသည်။

အလင်းသို့ရောက်ရှိသွားသူများက နှုတ်နှင့် ပြောမရလောက်အောင် သာယာ နေချင်စဖွယ်ဟု ဆိုကြပြီး အမှောင်သို့ရောက်သွားသူတို့ကတော့ သေမှာကို အလွန်ကြောက်နေကြ ကြောင်းပါ.... သူတို့၏ ၀ိညာဉ်ခန်ဒါသည်လည်း ယခုလူ့ခန်ဒါကဲ့သို့ပင် အာရုံငါးပါးဖြင့်ခံစားတတ်ကြကြောင်း ဆိုပါသည်။

လူသည် တစ်ခါတည်းသေရွှေ့ စီရင်ခြင်းကိုခံရမည်...

ကိုထူး
ဒါဆိုကျွန်တော်မေးမယ်နော်
စိတ်မဆိုးကြေး
လူဝင်စားဆိုတဲ့သဘောကိုသိလား
ဒါဆိုနားလည်မှာပါ
Dwaine
6900

Platinum Member
 
26/10/2006
1436 posts
 43.သံသရာလည်တာ...  Jun 20, 2009 4:41 PM
ကျွန်တော်ငယ်ငယ်ကနေ ခုချိန်ထိ ကြားဖူးထားတာ နားလည်ထားတာက မကောင်းမှု မလုပ်ရဘူး။ ကောင်းမှုလုပ်ရမယ်။ ဘာလို့လဲ ဆိုတော့ မကောင်းမှုက မကောင်းကျိုးပေးတယ်။ ကောင်းမှုက ကောင်းကျိုးပေးတယ်။ ခုဘ၀မှာ မပေးရင်တောင် နောက်ဘ၀ နောက်ဘ၀တွေမှာ ပေးတယ်။ ခုဘ၀ရဲ့ ဖြစ်ပျက်သမျှတွေဟာလဲ ဟိုးအရင်ဘ၀ဘ၀တွေက လုပ်ခဲ့တဲ့ ကံကြောင့်။
ပစ္စည်းဥစ္စာတွေဟာ သေရင် နောက်ဘ၀ကို ပါမသွားဘူး။ ကုသိုလ် အကုသိုလ်တွေပဲ ပါသွားတာတဲ့။ ဒီဘ၀မှာ ကိုယ်ကံမကောင်းခဲ့ရင် အရင်ဘ၀က ကျွန်တော်ဟာ တခုတခု မကောင်းတာ လုပ်ခဲ့လို့။ ဒီဘ၀မှာ ကံကောင်းနေရင် အရင်ဘ၀တုန်းက လုပ်ခဲ့တဲ့ ကောင်းမှုတွေ အားပြုနေလို့။ စသည်စသည်ဖြင့်ပေါ့။
အဲဒီတော့ ကျွန်တော် အလွယ်တကူနားလည်တာက ဒီဘ၀ ကျွန်တော်နဲ့ အရင်ဘ၀ ကျွန်တော်နဲ့ နောက်ဘ၀ ကျွန်တော်နဲ့ ဟာ အတူတူပဲ။ form ပဲ ပြောင်းသွားတာ။ ဒါကြောင့် ကျွန်တော်ဟာ ကိုယ်ဖန်တီးတဲ့ ဇာတ်ကို ကိုယ် က နေရတာ။ က တာမှ ဘ၀ဘ၀တွေ ဆက်ပြီးတော့ကို က နေရတာ။ ဘာလို့ဆိုတော့ အကျိုးဆိုတာကို မသတ်နိုင်လို့ အကြောင်းတွေက မဆုံးနိုင်ဖြစ်ပြီး မဆုံးနိုင်တဲ့ ဘ၀တွေကို ဖြတ်သန်းနေရတာ။ ကောင်းတဲ့ ဇာတ် က ချင်ရင် ကောင်းတာလုပ်။ မကောင်းတာလုပ်ရင် ကိုယ်ပဲ ပြန်ခံရမှာ။ အဲဒီလို အကြမ်းအားဖြင့် နားလည်ထားခဲ့တာ။
ok. ဒါနဲ့ ဒီထဲက ဖြေပေးနေတဲ့ လူတွေရဲ့ အတွေးအမြင်တွေကို ကြည့်လိုက်တော့....

ကိုငပျင်းကပြောတာ... နောက်ဘ၀တွေကို ဆက်ကူးနေတယ်ဆိုတဲ့ဟာက ရုပ်မဟုတ်ဘူး။ နာမ်မဟုတ်ဘူး။ "သမုဒယ သစ္စာ ဘ၀ပေါ်တွယ်တာတဲ့စိတ်.. ဘ၀တဏှာ" တဲ့။ ကျွန်တော့် အမြင်က ဘ၀တဏှာဆိုတာ လူ တိရစ္ဆာန်တိုင်းမှာ ရှိတဲ့ psychological characteristic တမျိုး။ သူဟာသူ Independently ရှိနေတဲ့ အရာမဟုတ်ဘူး။ အသက်ရှိနေလို့ ရှိနေတဲ့ အကျင့်တမျိုး။ ဒီလို အကျင့်တမျိုးက ဘယ်လို ဘယ်ပုံ ကိုယ်လုပ်ရင် ကိုယ်ပြန်ခံရတယ်ဆိုတာ ဖြစ်ရတာလဲ။ သူက အကျင့်ပဲ။ သူက သက်ရှိမဟုတ်ဘူး။

ကို Lynconqueror ကပြောတာကတော့ .... " ရုပ်နာမ်တွေဖြစ်တဲ့ အချိန်တိုင်းမှာ စေတနာတွေ ဇောတွေဟာ ကံသတ္တိအနေနဲ့မြုပ်နှံသွားပါတယ်။ အဲဒီကံသတ္တိ ကပဲနောက် ရုပ်သစ်နာမ်သစ်ဖြစ်အောင် အထောက်အကူပေးပါတယ်။ အဲဒီတော့နားလည်ရမှာက ပထမဖြစ်တဲ့ရုပ်နဲ့နာမ်ဟာ အဲဒီဖြစ်တဲ့နေရာ အဲဒီအချိန်မှာတင် ချက်ချင်းပျက်သွားပြီးတော့ အဲဒီရုပ်နာမ်ဖြစ်ချိန်မှာ ပြုလိုက်တဲ့ စေတနာတွေ ဇောတွေဟာ ကံသတ္တိအနေနဲ့ မြုပ်နှံလိုက်ပြီးတော့ ဒုတိယရုပ်သစ်နာမ်သစ်ဖြစ်
အောင်လုပ်ပေးလိုက်တယ်" တဲ့. ဒီတော့ ဘ၀ကူးသွားတယ်ဆိုတာ ရုပ်မဟုတ် နာမ်မဟုတ် စေတနာ ဇောတွေ ကံသတ္တိတွေတဲ့။ ဒီစေတနာတွေ ဇောတွေ ကံသတ္တိတွေဆိုတာ သက်ရှိ ၁ ဦးရဲ့ အကျင့်အကြံကြောင့် ဖြစ်လာတဲ့ စိတ်ခံစားမှုတွေ။ ဒီစိတ်ခံစားမှုတွေကရော ဘယ်လို ကိုယ်လုပ်ရင် ကိုယ်ပြန်ခံရတယ် ဆိုတာ ဖြစ်ရတာလဲ။ သူကလဲ သက်ရှိမှာ ရှိတဲ့ စိတ်ခံစားမှုတွေပဲ။ သူကိုယ်တိုင် သက်ရှိမဟုတ်ဘူး။

ကိုချိုသဲကပြောတာကတော့ ... "တဖြည်းဖြည်းနဲ့ သိမ်မွေ့စွာနဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ အကျိုးနဲ့အကြောင်းရဲ့အပြန်အလှန်ဆက်စပ်တဲ့သဘောကို မြင်လာရတော့မှာပါ..." တဲ့။ ရုပ်နဲ့ နာမ် တမျိုးမျိုးက ဘ၀ကူးသွားတာ မဟုတ်ဘူး။ ရုပ်နာမ်က ဘ၀ကုန်တော့ လိုက်ကုန်သွားတာမျိုးလဲ မဟုတ်ဘူးတဲ့။ နောက်တမျိုး ရှိနိုင်သေးတယ်တဲ့။ သူရဲ့ hint က နောက်တမျိုးဆိုတာ အကျိုးအကြောင်း အပြန်အလှန် ဆက်စပ်နေတဲ့ သဘောတဲ့။ လာပြန်ပြီ နောက်ထပ် "သဘောတရားက ကူးသွားတာ" idea.

ဆိုတော့... ကူးသွားတယ် ဆိုတဲ့ ဟာတွေဟာ သက်ရှိတွေ မဟုတ်ဘူး။ ရုပ်မဟုတ်ဘူး။ နာမ်မဟုတ်ဘူး။ သက်ရှိမှာ ရှိနေတဲ့ habit, characteristics, feelings etc. etc. တွေပေါ့။ ဒီတော့ ကျွန်တော် မေးချင်တာက ဒီ Habit, characteristics, feelings တွေဟာ ကျွန်တော်တို့ ကိုယ်ခန်ဓါ စိတ်အတွေးတွေကို သူတို့က ၀င်ကစွပ် လာလုပ်တာပေါ့။ ကျွန်တော်ရယ်လို့ အသက်တချောင်းဖြစ်လာတဲ့ အချိန်မှာ သူတို့ ၀င်လာတယ်။ ပြီး ကျွန်တော် သေတော့ သူတို့ နောက် တသက်ဆီကို ခုန်ကူးသွားပြီး ကောင်းတာ မကောင်းတာ effect တွေကို သယ်သွားပြန်ရော။ ဒီလိုနဲ့ ခုန်နေတယ်။ သယ်သွားတယ်။ အ၀င်ခံရတဲ့ ခန်ဓါတွေ စိတ်တွေဟာ သူတို့ ချယ်လှယ်တာ ခံနေရတယ်။ ကျွန်တော်က လုပ်လိုက်တဲ့ effect ဟာ နောက် တယောက်ကို သူတို့ကနေတဆင့် သယ်သွားတယ်။ ကျွန်တော့်ကြောင့် နောက်တယောက်ဟာ ခံရတာ။ နောက်တယောက်ကြောင့် ကျွန်တော်ဟာ ခံရတာ။ သယ်သယ်သွားနေတဲ့ ဟာတွေ ရှိနေလို့။ ဒီလို နားလည်ရမှာလား။
ကျွန်တော်လုပ်လို့ ကျွန်တော် ခံရတာ မဟုတ်တော့ဘူးပေါ့။ ကျွန်တော်အကောင်းတွေလုပ်လဲ ကျွန်တော် ပြန်စံစားချင်မှ စံစားရမှာပေါ့။ ဒီဘ၀ထဲမှာ effect ပြန်ဖြစ်ရင်တော့ ကျွန်တော်ပဲ ခံစား စံစားရမှာ။ သေသွားပြီး ဆိုရင်တော့ ဘာမှ တွေးစရာ မလိုတော့ဘူး။ ကျွန်တော်ဆိုတာလဲ မရှိတော့ဘူး။ ဘာမှ ခံစား စံစားရမှာတွေလဲ တွေးပူနေစရာမလိုတော့ဘူး။ ဘာကုသိုလ် အကုသိုလ်မှလဲ ကျွန်တော်နဲ့ အတူရှိမနေတော့ဘူးပေါ့။ အဲဒီလိုလား။

ဒီလိုသာ ဆိုရင်တော့ ဒီဘ၀ကိုပဲ ကြည့်တော့မယ်။ ကိုယ်နဲ့ ဆိုင်တာ ဒီဘ၀ပဲ။ နောက်ဘ၀ဟာ ကိုယ်နဲ့ ဆိုင်တာ မဟုတ်တော့ဘူး။ ကိုယ့်ဘ၀လဲ မဟုတ်တော့ဘူး။ ကျွန်တော် ကောင်းတာ ဆိုးတာ လုပ်ခဲ့အုံးတော့…. သယ်သွားတာ ကျွန်တော်မဟုတ်ဘူး။ ကျွန်တော့် ညွှန်ကြားချက်နဲ့ သယ်တာလဲ မဟုတ်ဘူး။ ကျွန်တော့် ပရောဂကြောင့် သယ်တာလဲ မဟုတ်ဘူး။ သယ်တယ်ဆိုတဲ့ သဘောတရားက သူ့ဟာသူ ရှိနေတာ။ ကျွန်တော်က သေပြီးရင် လွတ်မြောက်သွားပြီ။ ပြီးဆုံးသွားပြီ။ သံသရာလည်နေတာ ကျွန်တော် မဟုတ်ဘူး။ သံသရာလည်နေတာလဲ ကျွန်တော့် အပူ မပါဘူး။ ကျွန်တော်လုပ်နေတာလဲ မဟုတ်ဘူး။ ကျွန်တော်နဲ့လဲ မဆိုင်ဘူး။ အဲဒီ သဘောတရားတွေ ကျွန်တော်လုပ်တာလဲ မဟုတ်ဘူး။ ဒီတော့ ဘာများ ဂရုစိုက်စရာလိုလဲ။

ကျွန်တော့်ဟာ ကျွန်တော် ပုံမှန် နားလည်ထားတဲ့ ဟာတွေကမှ ကျွန်တော့်ကို ကောင်းတာလုပ်ဖို့ မကောင်းတာ မလုပ်ဖို့ တွန်းအားပေးအုံးမယ်။ ဒီ နားလည်မှု အသစ်ကတော့ ကျွန်တော့်ကို ဘာမှ တွန်းအားမပေးတော့ဘူး။ လုပ်ချင်ရာ လုပ်ပဲ။ ခံဖို့ အလှည့် ကျတဲ့သူ ခံလိမ့်မယ်။

Hellboy
6793

Silver Member
 
23/05/2007
109 posts
 44.ဘာသာကြီးလေးခုကနေ ၀ိဥာဉ်ကိုရောကုန်တယ်  Jun 20, 2009 5:17 PM
ရုပ်ဆိုတာ ကိုင်တွယ်လို့ရတယ်။ နာမ်(၀ိညဉ်) ဆိုတာ ထိတွေ့ကိုင်တွယ်လို့မရ။ အဲ့ဒီတော့ ရုပ်ထဲမှာ နာမ်ထဲ့ထားတာ။ ရုပ်ကိုမောင်းနှင်ဖို့နာမ်လိုတယ်။ နာမ်ရဲ့လိုအင်ကိုဖြည့်ဖို့ရုပ်လိုတယ်။ မိုက်တယ်နော် ရှင်းထားတာ။ heeheeheehee
EasternStar
7225

Gold Member
 
04/03/2008
675 posts
 45.Re: ၀င်ပြောကြည့်မယ်..  Jun 22, 2009 4:07 PM
Dwaine wrote:

ကျွန်တော့်ဟာ ကျွန်တော် ပုံမှန် နားလည်ထားတဲ့ ဟာတွေကမှ ကျွန်တော့်ကို ကောင်းတာလုပ်ဖို့ မကောင်းတာ မလုပ်ဖို့ တွန်းအားပေးအုံးမယ်။ ဒီ နားလည်မှု အသစ်ကတော့ ကျွန်တော့်ကို ဘာမှ တွန်းအားမပေးတော့ဘူး။ လုပ်ချင်ရာ လုပ်ပဲ။ ခံဖို့ အလှည့် ကျတဲ့သူ ခံလိမ့်မယ်။

အိုး ... ဆိုးပါ့ ။
ရှင်းပြပေးတဲ့သူတွေတော့ မသိဘူ ကျနော်တော့ သူ့စာဖတ်ရင်းနဲ့ ကြောက်သွားတယ်. ဆေးကြောင့် လေးသွားတယ်ဆို သလိုပေါ့။ ရှင်းပြသွားတဲ့သူတွေ ရဲ့ ရှင်းလင်းချက်အားလုံးဟာ မှန်ပါတယ်။

အားလုံးကို ဖတ်ကြည့်လိုက်တော့ ဒွိန်း ရဲ့ တကယ်လိုအပ်မှု က ကိုယ်တိုင် လေ့လာကျင့်ဆောင်ခြင်းသာ အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့...
တကယ့် ပြသနာကို ကျနော် သိသလောက်ပြောကြည့် မယ်နော်။ ဒွိန်းက ရုပ် နဲ့ နာမ်ဆိုတာ စာထဲမှာ.. ဖိုရမ်ထဲမှာ ဆွေးနွေး ခြင်းတွေကတဆင့် နားယဉ်နေတာ ... အဲဒီတော့ သူရဲ့ ကိုယ်ပိုင်ဆင်ခြင်တွေးခေါ်မှု တွေ ..အရင် ကတည်း ကယုံကြည်မှု တွေနဲ့ ရောထွေးပြီး ရှုပ်ကုန်တယ်။ အဲဒီတော့ ပေးလိုက်တဲ့ ဆေး က တကယ့်ဆေးကောင်းဘဲ ။ ဒါပေမယ့် လူနာအတွက် အဆင်မပြေဘူး။

တကယ်တော့ ရုပ် နဲ့ နာမ်ကို ကွဲကွဲပြားပြား ပိုင်းပိုင်းခြားခြား ကိုယ်တိုင်သိသွားရင်...ရုပ်နာမ်တွေဟာ အမြဲ မပျက် ဖြစ်ပြီးနောက် တည် ..ပျက်...ပျက် ပြီး ပြန်ဖြစ် ပြန်တည် လိုက် ပျက်လိုက်ဆို တာ ကိုယ်တိုင် မျက်စိနဲ့ ကြည့်မြင်ရသလို ကိုယ်တိုင်သိလိုက်ရ ရင် ဒီမေးခွန်းတွေရဲ့ အဖြေကို ကိုယ်တိုင် ဖြေရှင်းပြီး ဖြစ်သွားမှာ သေချာပါတယ်။ သံသရာဆိုတာ တကယ်တော့ ကိုယ်နဲ့ အဝေးကြီးမှာ မဟုတ်ပါ။

ကျနော် အရင်က တရားစာတွေနဲ့ အတော်ဝေးပါတယ်။ ဘုရားရှစ်ခိုးနဲ့ ပရိတ်တွေ အလွတ်ကျက်ခဲ့ ပြီး ဗုဒ္ဓဘာ အဖြစ်ခံယူ ခဲ့တာပါ။ နောက်တော့ တရားကို စိတ်ဝင်စားလို့ တရားစခန်းဝင်ဖြစ်ခဲ့တယ် (၁၅) ရက်စခန်းပါ။ အဲဒါ လွန်ခဲ့သော (၁၀)နှစ် ခန့် ကပါ။ အဲဒီ အချိန်တုန်းကတော့ တစ်နှစ် တစ်ခါလောက်တော့ ရိပ်သာ ၀င်ဖြစ်တယ်။ ခုတော့ တာဝန်ဝတ္တရား တွေနဲ့ဒီလို စိတ်သွားတိုင်း ကိုယ်မပါတော့ပါ ။ အဲဒီ ကစလို့ ကျနော် လည်း ရတနာ (၃)ပါးဆိုတာ တကယ်ယုံကြည် သက်ဝင်ခဲ့တာ..။ ဘာမဆိုကိုယ်တိုင် သိမှ ယုံတက်တဲ့ ကျနော် ..သြော် ဒါကြောင့် တို့ ဗုဒ္ဓ မြတ်စွာဘုရားဟာ ပူဇော် ထိုက်တယ်..သူရဲ့ တရားတွေဟာ သိမ်မွေ့ပြီးနက်နဲတယ်. တရားစစ် တရားမှန်ဘဲ ..ဘုရားစစ် ဘုရားမှန်ပါဘဲလို့ ကိုယ်တိုင် ဘုရားကို မဖူးလိုက်ရပေမယ့် သူ့ရဲ့ တရားတွေကို ထိတွေ့လိုက်ရတော့ ... သံသယ မရှိကြွင်းမဲ့ ယုံတယ်။

ရုပ် နဲ့ နာမ် ကွဲ ပြားစွာ သိမြင် လာ ပြီး နောက်... မမြဲ ဆင်းရဲ သဘော အစိုး မရတဲ့ သဘော တွေ ကိုယ်တိုင် သိမြင် လာ ရင် ခု ဖြစ်နေတဲ့ ဒွိဟတွေ ရှင်းပြီးသား ဖြစ်သွားမယ် ... ရုပ် ဆိုတာ ဘယ်လို (စာထဲ ကအသိ မဟုတ်ဘဲ) နာမ်ဆို တာ ဘယ်လို သိရင် အားလုံး ကောင်းသွားမှာပါ။

တကယ်ပါ ဒွိန်းရဲ့ ဆင်ခြင်တွေးခေါ် နိုင်စွမ်း စူးစမ်းနိုင်စွမ်း နဲ့ ဆို အခက်အခဲ မရှိ သိလာမှာပါ။ စာတွေဖတ် ပြီး သိရတာ ထက် လက်တွေ့ သိရတာ ပိုပြီး ကြည်လင်ရှင်းလင်းပါတယ်။
ကျနော်လည်း တရား သဘော ကို အဆုံးစွန်ထိ မသိသေးပါ။
လေ့လာ ကျင့်ကြံဆဲပါ။ ဘာမှလဲ မဖြစ်သေးပါ။ သို့သော် ဒီမှာ ဆွေးနွေးတာတွေ ကို ဘယ်ဟာ က ဘယ်လို ရှိတယ်ဆိုတာ တော့ ဆင်ခြင်လေ့လာ တက်ပါတယ်။
အဘိဓမ္မာ ကတော့ တရားအားထုတ်ပြီး မှ လေ့လာမယ်ဆို ပိုပြီး အိုကေတယ်။ (ကျနော့အမြင်ပြောခြင်းသာ။)

ကျနော့် အနေနဲ့ ဒီမှာ ရှင်းပြကြတဲ့ သူတွေလောက် ဗဟုသုတ မပြည့်စုံပါဘူး။ ဒါအမှန်ပါ။ ဒီကနေ တစ်ချို့ မသိလိုက်ရ တာတွေ ဒီမှာ ဖတ်ရင်းနဲ့သိရလို့ နှစ်သက်မိလို့ မအားလဲ ဖတ်ဖြစ်အောင်ဖတ်ပါတယ်။

တိုက်တွန်းချင်တာကတော့ ကိုယ်တိုင်ဘဲ ကိုယ့် ရဲ့ မရှင်းလင်းချက်တွေကို ရှင်းလိုက်တာ အကောင်းဆုံးပါ။

ngapyinn
6801

Platinum Member
 
20/10/2006
1315 posts
 46.ဒွိန်းသို့။  Jun 22, 2009 4:21 PM
ကိုငပျင်းကပြောတာ... နောက်ဘ၀တွေကို ဆက်ကူးနေတယ်ဆိုတဲ့ဟာက ရုပ်မဟုတ်ဘူး။ နာမ်မဟုတ်ဘူး။ "သမုဒယ သစ္စာ ဘ၀ပေါ်တွယ်တာတဲ့စိတ်.. ဘ၀တဏှာ" တဲ့။ ကျွန်တော့် အမြင်က ဘ၀တဏှာဆိုတာ လူ တိရစ္ဆာန်တိုင်းမှာ ရှိတဲ့ psychological characteristic တမျိုး။ သူဟာသူ Independently ရှိနေတဲ့ အရာမဟုတ်ဘူး။ အသက်ရှိနေလို့ ရှိနေတဲ့ အကျင့်တမျိုး။ ဒီလို အကျင့်တမျိုးက ဘယ်လို ဘယ်ပုံ ကိုယ်လုပ်ရင် ကိုယ်ပြန်ခံရတယ်ဆိုတာ ဖြစ်ရတာလဲ။ သူက အကျင့်ပဲ။ သူက သက်ရှိမဟုတ်ဘူး။

psychological characteristic စိတ်ရဲ့ လက္ခဏာရပ် လို့ ပြန်မယ်ဆိုရင်..characteristic ဆိုတဲ့ လက္ခဏာရပ်ဆိုတာ
တစ်ဦးတစ်ယောက်ချင်းစီအတွက် မတူညီပါဘူး.. ဘ၀တဏှာ (ဘ၀အပေါ်တွယ်တာခြင်း)ဆိုတဲ့နေရာမှာလည်း..
ကိုယ်ကျော်ကြားနေရတာကို တွယ်တာတဲ့သူရှိမယ်.. ကိုယ့်ဇနီးကို ခွဲရမှာစိုးနေတဲ့သူလည်းရှိမယ်..
သားငယ်/သမီးငယ်တွေကိုတွယ်တာပြီး..ခွဲရမဲ့သူရှိမယ်.. တကယ်တော့ ကျနော်ဆိုလိုတဲ့ဘ၀တဏှာဆိုတာ..
တစ်ခုခုကို စွဲလမ်းတဲ့စိတ်ပါ.. အဲဒီတစ်ခုခုတွေအများကြီးကိုခြုံငုံပြီး ဘ၀တဏှာလို့ဆိုခြင်းဖြစ်ပါတယ်..
အဲဒီ ဘ၀တဏှာ.. နဂိုအရင်းခံကတည်းကဖြစ်တည်နေတဲ့ တဏှာစိတ် psychological characteristics
တွေကို မဖြတ်နိုင်.. မဖျောက်နိုင်သေးသ၍ မအေးချမ်းဘူး ဆိုတဲ့အယူအဆက ဗုဒ္ဓဘာသာရဲ့ အခြေခံယူဆချက်ပါ။
ဘ၀ကူးတယ်ဆိုတာကတော့ ဖယောင်းတိုင်နှစ်တိုင်သဘောနဲ့ ကျနော်ပြောပြီးပါပြီ..
အဲဒီမှာ ဘယ်လိုဘယ်ပုံကူးသလဲအတိအကျကတော့ ကျနော်တို့ကိုယ်တိုင် မမြင်ဘူးသေးပါဘူး..စာတွေ့ပဲရှိပါသေးတယ်..
ဘ၀ကူးတဲ့အရာကိုသိမြင်နိုင်တဲ့ ဥာဏ်မျိုးရအောင်..ကျနော်ကိုယ်တိုင် ကျင့်ကြံရဦးမှာပါ
ရုပ်ဝါဒအားဖြင့် ဆင်ခြင်နေရင်တော့ အဖြေမရနိုင်ဘူးထင်လို့ပါ..
ငပျင်း
Ko_Htoo

Platinum Member
 
06/11/2006
1941 posts
 47.လူဝင်စား....  Jun 22, 2009 5:20 PM
ကိုထူး
ဒါဆိုကျွန်တော်မေးမယ်နော်
စိတ်မဆိုးကြေး
လူဝင်စားဆိုတဲ့သဘောကိုသိလား
ဒါဆိုနားလည်မှာပါ

လူဝင်စားတင်ဘယ်ကမှာလဲ ဘုရားဝင်စားတောင် ရှိပါသေး.... ယေရှုနဲ့ ခွဲမရအောင် အယောင်ဆောင်လှည့်ဖြားမည့် သူများပင် မကြာမှီပေါ်လာဦးမည်ဟု သမာကျမ်းက ဆိုထားပါသည်။

လူသည် တစ်ခါတည်းသေပြီး တန်း မရဏာနှင့် ပရဒိသုဘုံသို့သွားရမည်ဖြစ်ပါသည်။ သို့သော် မာရ်နတ်က သေသူ အယောင်ဆောင်ကာ လူများကိုးကွယ်မှုမှလွဲရန် သရဲတဆေဟု၎င်း ၊ လူဝင်စားဟု တစ်ဖုံ အမျိုးမျိုးလှည့်စားနိုင်သော မုသာ၏အဖလည်းဖြစ်ပါသည်။ တန်ခိုး နိမိတ်များပြုနိုင်သလို သူ့ကိုကိုးကွယ်သူများအားလည်း တန်ခိုးနိမိတ်များစွာ ပေးနိုင်ပါသည်။ ဒါတင်မက စည်းစိမ်နဲ့ ဂုဏ်ထူးဘွဲ့ထူးများလည်းပေးနိုင်ပါသည်။ ဒါဟာဘာနဲ့တူလဲဆိုရင် အိမ်က ၀က်အား စားစားဟု တွန်းကျွေးတွန်းပေးနေခြင်းသည် စေတနာမဟုတ်ဘဲ ပိသချိန်တိုးက ရောင်းစားရန်ဖြစ်ပါသည်။

မာရ်နတ်၏ နောက်ဆုံးခရီးမှာ ငရဲဖြစ်ပါသည်။ သူ့ရဲ့နောက်ဆုံးအချိန်မရောက်မှီ လူများကို သူ့နောက်ပါရန် မျိုးစုံသော တန်ခိုးနိမိတ် မက်လုံးတို့ဖြင့် လူများကိုပါ သူနဲ့အတူပါရန်ဆွဲခေါ်နေသူလည်းဖြစ်ပါသည်။

ငရဲသည် မာရ်နတ်နှင့် နောက်လိုက်အပေါင်းပါတို့အတွက်သာဖြစ်သည့်အတွက် လူများ ရွေးချယ်မှုမမှားယွင်းမိကြရန် အလွန် အရေးကြီးပါကြောင်း....
Ko_Htoo

Platinum Member
 
06/11/2006
1941 posts
 48.တိကျသောအဖြေ... ရှိမှ၊ သိပါမှ။  Jun 23, 2009 11:10 AM
သင်ဘယ်သူလဲ

ဘယ်ကနေ လာပြီး ဘာလာလုပ်နေတာလဲ

ပြီး ဘယ်ကိုပြန်သွားမှာလဲ....
lynconqueror
7222

Platinum Member
 
10/07/2008
1165 posts
 49.Re: သံသရာလည်တာ...  Jun 23, 2009 11:15 AM

ကျွန်တော့်ဟာ ကျွန်တော် ပုံမှန် နားလည်ထားတဲ့ ဟာတွေကမှ ကျွန်တော့်ကို ကောင်းတာလုပ်ဖို့ မကောင်းတာ မလုပ်ဖို့ တွန်းအားပေးအုံးမယ်။ ဒီ နားလည်မှု အသစ်ကတော့ ကျွန်တော့်ကို ဘာမှ တွန်းအားမပေးတော့ဘူး။ လုပ်ချင်ရာ လုပ်ပဲ။ ခံဖို့ အလှည့် ကျတဲ့သူ ခံလိမ့်မယ်။

မဒွန်းရေ ကျွန်တော်တို့ရှင်းပြသွားတာတွေက ဘ၀ရဲ့ဒုက္ခအစစ်ကိုမြင်ဖို့ သံသရာကလွတ်မြောက်ချင်စိတ်ဖြစ်ဖို့ အတွက် ပရမတ်ဥာဏ်အမြင်တွေပါ။ မဒွန်းအနေနဲ့ဒါတွေကိုဥာဏ်အမြင်မရှင်းနိုင်ဘူးဆိုရင် အရင်မြင်နေတဲ့ ပညတ်အမြင်အတိုင်း ကောင်းတာလုပ်ရင်ကောင်းကျိုးရမယ် မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်။ ဒီဘ၀မှာကောင်းတာတွေလုပ်ပြီး သေခါနီးကုသိုလ်စိတ်လေးနဲ့သေမယ်ဆိုရင်
ကောင်းတဲ့ဘ၀ကိုရောက်မယ်။ အကုသိုလ်တွေလုပ်ပြီး သေခါနီးအကုသိုလ်စိတ်နဲ့သေမယ်ဆိုရင် မကောင်းတဲ့ဘ၀ရမယ်ဆိုတဲ့ အခြေခံသမာဒိဌိလေးနဲ့ပဲနေပါလို့ပြောလိုက်ပါတယ်။
chothe`
4744

Gold Member
 
05/10/2004
838 posts
 50.Re: သံသရာလည်တာ...  Jun 23, 2009 2:09 PM
lynconqueror wrote:

ကျွန်တော့်ဟာ ကျွန်တော် ပုံမှန် နားလည်ထားတဲ့ ဟာတွေကမှ ကျွန်တော့်ကို ကောင်းတာလုပ်ဖို့ မကောင်းတာ မလုပ်ဖို့ တွန်းအားပေးအုံးမယ်။ ဒီ နားလည်မှု အသစ်ကတော့ ကျွန်တော့်ကို ဘာမှ တွန်းအားမပေးတော့ဘူး။ လုပ်ချင်ရာ လုပ်ပဲ။ ခံဖို့ အလှည့် ကျတဲ့သူ ခံလိမ့်မယ်။

မဒွန်းရေ ကျွန်တော်တို့ရှင်းပြသွားတာတွေက ဘ၀ရဲ့ဒုက္ခအစစ်ကိုမြင်ဖို့ သံသရာကလွတ်မြောက်ချင်စိတ်ဖြစ်ဖို့ အတွက် ပရမတ်ဥာဏ်အမြင်တွေပါ။ မဒွန်းအနေနဲ့ဒါတွေကိုဥာဏ်အမြင်မရှင်းနိုင်ဘူးဆိုရင် အရင်မြင်နေတဲ့ ပညတ်အမြင်အတိုင်း ကောင်းတာလုပ်ရင်ကောင်းကျိုးရမယ် မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်။ ဒီဘ၀မှာကောင်းတာတွေလုပ်ပြီး သေခါနီးကုသိုလ်စိတ်လေးနဲ့သေမယ်ဆိုရင်
ကောင်းတဲ့ဘ၀ကိုရောက်မယ်။ အကုသိုလ်တွေလုပ်ပြီး သေခါနီးအကုသိုလ်စိတ်နဲ့သေမယ်ဆိုရင် မကောင်းတဲ့ဘ၀ရမယ်ဆိုတဲ့ အခြေခံသမာဒိဌိလေးနဲ့ပဲနေပါလို့ပြောလိုက်ပါတယ်။

အေးဗျာ.. ကျွန်တော်ဒွိန်းကိုရှင်းပြတာက လမ်းမှားဘက်ကိုရောက်အောင်စဉ်းစားမိစေခဲ့တယ်ဆိုရင် အဲဒါကျွန်တော့အပြစ်ပါဘဲ...

တစ်ခုမဟုတ် တစ်ခုကို ယူကိုယူရမယ်ဆိုတဲ့ ထဲက “တစ်ခုမှ မယူရင်ကော” ဆိုတဲ့ ဟာလေးကိုပြောချင်တာပါ..ကျွန်တော်က ဒဲ့မပြောဘဲနဲ့စဉ်းစားခိုင်းလိုက်မိတာ...

နောက်တစ်ခုက ဒွိန်းရဲ့စဉ်းစားတွေးခေါ်မှုနဲ့ ရုပ်နာမ်တွေရဲ့ ဖြစ်တည်မှုတွေကို ကွင်းဆက်ပေးနေတဲ့ဆက်စပ်ပေးနေတဲ့ ထောက်ပံ့ပေးနေတဲ့ ပစ္စည်း(အထောက်အပံ့၊ ပဌာန်း)တွေကို မြင်လာနိုင်မယ်ထင်လို့ ညွှန်ပြမိတာပါ...

ရှင်းရှင်းလင်းလင်းမပြောမိခဲ့တာက ကျွန်တော့အပြစ်ပါ...

ချိုသဲ
Hellboy
6793

Silver Member
 
23/05/2007
109 posts
 51.ကိုထူးအတွက်အဖြေ  Jun 23, 2009 2:17 PM
သင်ဘယ်သူလဲ

ကျွန်တော်က ငရဲသား

ဘယ်ကနေ လာပြီး ဘာလာလုပ်နေတာလဲ

ငရဲပြည်မှလာပြီး မကောင်းတဲ့သူတွေလာခေါ်တာ

ပြီး ဘယ်ကိုပြန်သွားမှာလဲ....

သင်ကိုခေါ်ပြီး ငရဲပြည်ပြန်မလို့လေ.....

heeheehee
myawaddy
4785

Standard Member
 
21/10/2006
60 posts
 52.ဘာသာကြီးလေးခု နှိုင်းယှဉ်ချက်  Jun 23, 2009 8:45 PM
ကဲ နဲနဲလောက် ဆက်ပါရစေအုံး ...

ဘာသာတိုင်းမှာ အယူကွဲ၊ version ကွဲတွေရှိကြတယ်။
ဗုဒ္ဓဘာသာမှာ အဓိကအားဖြင့် မဟာယန နဲ့ ထေရဝါဒ ဆိုပြီးကွဲတယ်။

ခရစ်ယန်မှာလည်း Roman Catholic, Protestant နဲ့ စသဖြင့်ပေါ့။ မူစလင်လည်းရှိဒါပါဘဲ...

များသောအားဖြင့် အဲဒီ အယူကွဲတွေဟာ မတဲ့ ကြဘူး။ အခြေအနေဆိုးရင် ထတောင်သတ်ကြတယ်။ မကြာမကြာလည်းရန်ဖြစ်ကြတယ်။ တဦးက နောက် တဦးရဲ့ ဘုရားကျောင်းကို သွားခဲတယ်။

ထူခြားဒါက ဗုဒ္ဓဘာသာ အယူကွဲ အစုတွေဟာ ဒီလိုမဟုတ်ဘူး။ ရန်မဖြစ်ကြဘူး၊ တဦးရဲ့ကျောင်းကို တဦးကသွားဘို့ ဝင်မလေးဘူး။ တဦးရဲ့ တရားထိုင်နည်းကို နောက်တဦးက သင်ယူဘို့ ပြဿနာမဟုတ်ဘူး။ ဗမာက တရုတ်ဘုံကျောင်းရောက်လို့ တရုတ် Version ဝဝ တုတ်တုတ် ဗုဒ္ဓ ရုပ်ပွားတော်ကို ထိုင် ကတော့ဘို့ ဝင်မလေးဘူး၊ တရုတ်(ဗုဒ္ဓဘာသာလူမျိုး)ကလည်း ဒီလိုဘာဘဲ။
ဧ၇ာမေ
2902

Platinum Member
 
08/08/2007
1197 posts
 53.ကိုယ်လိုရာကိုဆွဲတွေးလျှင် တစ်ဖက်သတ်ဆန်နေမယ်။  Jun 24, 2009 8:17 PM
myawaddy wrote:
ကဲ နဲနဲလောက် ဆက်ပါရစေအုံး ...

များသောအားဖြင့် အဲဒီ အယူကွဲတွေဟာ မတဲ့ ကြဘူး။ အခြေအနေဆိုးရင် ထတောင်သတ်ကြတယ်။ မကြာမကြာလည်းရန်ဖြစ်ကြတယ်။ တဦးက နောက် တဦးရဲ့ ဘုရားကျောင်းကို သွားခဲတယ်။

ထူခြားဒါက ဗုဒ္ဓဘာသာ အယူကွဲ အစုတွေဟာ ဒီလိုမဟုတ်ဘူး။ ရန်မဖြစ်ကြဘူး၊ တဦးရဲ့ကျောင်းကို တဦးကသွားဘို့ ဝင်မလေးဘူး။ တဦးရဲ့ တရားထိုင်နည်းကို နောက်တဦးက သင်ယူဘို့ ပြဿနာမဟုတ်ဘူး။ ဗမာက တရုတ်ဘုံကျောင်းရောက်လို့ တရုတ် Version ဝဝ တုတ်တုတ် ဗုဒ္ဓ ရုပ်ပွားတော်ကို ထိုင် ကတော့ဘို့ ဝင်မလေးဘူး၊ တရုတ်(ဗုဒ္ဓဘာသာလူမျိုး)ကလည်း ဒီလိုဘာဘဲ။

မမမြ၀တီရေ
အေ၇ာကတော့ မမပြောတဲ့ထူးခြားချက်ကို တစ်မျိုးမြင်တယ်။

ဘာသာတစ်ခုတည်းဖြစ်ပေမယ့် ဂိုဏ်းဂန ကွဲလျှင်ကွဲသလို မိမိနှင့်နားလည်ယုံကြည်မှုမတူကြသူများအပေါ် ကိုယ်နှင့်တန်းတူဟု သဘောမထားနိုင်ကြခြင်းဟာ (ဒီနေရာမှာ မိမိကိုးကွယ်ယုံကြည်မှုဟာ တစ်ကယ်စစ်မှန်မှုရှိမရှိဆိုတာကို ထည့်မပြောနှင့်ဦး) မိမိယုံကြည်ချက်အပေါ် တိကျပြတ်သားရာ/အလေးအနက်ထားရာ ရောက်တယ်လို့ မြင်ပါတယ်။

ဒီယုံကြည်မှုကို ကိုယ်တိုင်တွေးခေါ်လက်လံပြီးယုံတာပဲဖြစ်ဖြစ် မိမိတို့အစုအဖွဲ့ကို အစဉ်အဆက်ဦးဆောင်သွန်သင်လာသူတို့ထံမှ ကူးစက်ထင်မြင်ယုံကြည်တာပဲဖြစ်ဖြစ် လေးလေးနက်နက်ယုံကြည်လိုက်နာ တဲ့သဘောလဲဖြစ်နေပြန်ပါတယ်။

ထေရ၀ါဒကဘယ်လိုရှိပြီး မဟာယာနကဘာတွေဖြစ်တယ် ဆိုတာရေရေရာရာမသိပဲ ဘာတွေကွဲမှန်းတောင်သေခြာမသိတဲ့သူတွေများတဲ့ ဗုဒ္ဓဘာသာဝင်ပါ ဆိုသူတွေဟာ ကွဲလွဲမှုအပေါ်အခြေခံတဲ့ ဘာရန်ပွဲတွေရှိနေရဦးမှာလည်းလို့တွေးမိတယ်။

ပြီးတော့ ပုံမှန်တွေ့နေကြထက် နည်းနည်းကွဲတဲ့ အသီး အပင် အပွင့် ကျောက်တုံး ကျောက်ခဲတွေ့လျှင်တောင် ကိုးကွယ်ချင်သလိုလို ဆောင်ထားခြင်သလိုလို အစွမ်းထက်တယ်လို့ ယုံကြည်ကြတတ်တာတူနေတဲ့လူများအဖို့တော့
ဗုဒ္ဓအမည်တပ်ထားတဲ့ ဆင်းတုတွေ့ ရှိခိုးကြတာ ဘာဆန်းမှာလဲပေါ့။

အေ၇ာပြောတာ ဟုတ်ဘူးလား။

ခင်တဲ့
အေ၇ာမေ

Ko_Htoo

Platinum Member
 
06/11/2006
1941 posts
 54.အခြားဘာသာများရဲ့ ကိုးကွယ်မှုနှင့်လှူဒါန်းခြင်းအကြောင်း...  Jun 25, 2009 9:35 AM
ထူခြားဒါက ဗုဒ္ဓဘာသာ အယူကွဲ အစုတွေဟာ ဒီလိုမဟုတ်ဘူး။ ရန်မဖြစ်ကြဘူး၊ တဦးရဲ့ကျောင်းကို တဦးကသွားဘို့ ဝင်မလေးဘူး။ တဦးရဲ့ တရားထိုင်နည်းကို နောက်တဦးက သင်ယူဘို့ ပြဿနာမဟုတ်ဘူး။ ဗမာက တရုတ်ဘုံကျောင်းရောက်လို့ တရုတ် Version ဝဝ တုတ်တုတ် ဗုဒ္ဓ ရုပ်ပွားတော်ကို ထိုင် ကတော့ဘို့ ဝင်မလေးဘူး၊ တရုတ်(ဗုဒ္ဓဘာသာလူမျိုး)ကလည်း ဒီလိုဘာဘဲ။

ကျွန်တော်ခရစ်ယာန်ပါ... ကျွန်တော်နေထိုင်ခဲ့တဲ့မြို့အတော်များများမှာ ... လစဉ် ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စုပေါင်း ၀တ်ပြုကိုးကွယ်ခြင်းရှိပါသည်။ အဲဒီအစီအစဉ်မှ မဲနှိုက် လက်ဆောင် ဖလှယ်ကြခြင်း ၊ ဂိမ်းကစားခြင်း၊ စုပေါင်း မိသဟာယ စားသောက်ခြင်းနဲ့ ဒေသနာနားထောင်ခြင်း၊ သမာကျမ်းစာသင်ကြားခြင်းတို့ လုပ်ကြပါသည်။

အပတ်စဉ် ကလေးများကို ဆန်းဒေးစကူးပို့ခြင်း၊ လူငယ်များနဲ့လူကြီးများက ကျမ်းစာသင်ကြားခံယူခြင်း ပြီးတဲ့အခါ နေ့လည်မှာ ကလေးလူကြီး စုပေါင်းဝတ်ပြုကိုးကွယ် ကြသလို အဲဒီအစီအစဉ်ပြီးရင် အမျိုးသား အဖွဲ့၊ အမျိုးသမီးအဖွဲ့ လူငယ်အဖွဲ့များတို့က သီးခြားကိုယ့်အဖွဲ့အလိုက် ဆက်လက်ကိုးကွယ်ခြင်းတွေလုပ်ပါသည်။

နေ့စဉ်နံနက်တိုင်း အာရုဏ်ဦးစုပေါင်းဝတ်ပြုကိုးကွယ်ခြင်း၊ အပတ်စဉ် ညလုံးပေါက် ဆုတောင်းရာနေ့ အစာရှောင်ဆုတောင်းရာနေ့ သံဂွင်းဆက် ဆုတောင်းရာနေ့ home cell, pray cell ဆုတောင်းအဖွဲ့ငယ်များစုဖွဲ့ ဆုတောင်းခြင်းများရှိပါသည်။

လှူဒါန်းခြင်းနှင့်ပတ်သက်လို့ ၀င်ငွေရဲ့ ဆယ်ဖို့ တစ်ဖို့ကို လုံဝမသုံးရဘဲ ထိုတစ်ဖို့ကို စုပေါင်းကာ မိဘမဲ့၊ မုဆိုးမ နဲ့ ဒုခရောက်သူ လူမျိုးဘာသာမခွဲဘဲ ကူညီပေးကမ်းရပါသည်။

အခြားဘာသာမှကော ဒီလိုဘဲ လုပ်ကြပါသလား..
myawaddy
4785

Standard Member
 
21/10/2006
60 posts
 55.Re: အခြားဘာသာများရဲ့ ကိုးကွယ်မှုနှင့်လှူဒါန်းခြင်းအကြောင်း...  Jun 25, 2009 9:01 PM

သိပ်ရှိဒါပေါ့ ဗုဒ္ဓဘာသာမှာ ရှာလို့ ရတဲ့ ထဲက ဘယ်နှစ်ပုံကို အိုစာမင်းစာစု။ ဘယ်နှစ်ပုံ ကို လျှူ၊ ဘယ်နှစ်ပုံထဲက ဘာလုပ် စသဖြင့်... အသေးစိတ်တော့ မမှတ်မိဘူး။ စာရှာဖတ်လိုက်ပါ။ ဒီထက် ပိုကျယ်ပြန့်ဒါက ဘယ်လိုလူမျိုး။ ဘယ်လိုပုဂ္ဂိုလ်မျိုး၊ တရိ စ္ဆန်ကအစ လျှူရင် ဘယ်လို၊ ဘယ်လောက် အကျိုးရှိမယ်။ အသေးစိတ်ဟောထားဒါရှိတယ်။

ဒါပေမဲ့ ဗုဒ္ဓဘာသာမှာ ဘာမှ အတင်း မလုပ်မနေရ မရှိဘူး။ ဒီလိုလုပ်ရင် ဘာအကျိုးရှိမယ်။ ဘယ်လောက် အကျိုးရှိမယ်။ ဘာအကျိုးယုတ်မယ်။ ရှင်းပြထားတယ်။ လုပ်တာ မလုပ်တာ ကိုယ့်သဘောနဲ့ ကိုယ်ဘဲ။

အဲ ဘုရားရှိခိုးဒါ လည်း အဲဒီလိုဘဲ။ အတင်းအကျပ် မဖြစ်မနေမဟုတ်ဘူး။ ဘုရားကို မကတော့ လို့ ငရဲ မရောက်ဘူး။ ရိုသေမြတ်နိုးရင်တော့ ကုသိုလ်ရတယ်။ ဘုရားက ဘာမှမချိန်းချောက်ဘူး၊
အရမ်းသဘောကောင်းတယ်။ Smile

အဲ ကိုယ် မကောင်းဒါလုပ်ရင်တော့ ကိုယ်ဘာသာခံပေတော့။
ဧ၇ာမေ
2902

Platinum Member
 
08/08/2007
1197 posts
 56.အခြင်းခြင်းမှာပင်  Jun 25, 2009 11:13 PM
ထေရ၀ါဒ အခြင်းခြင်းမှာပင်
ဂိုဏ်းမတူတဲ့ကိစ္စအကြောင်းပြုပြီး အတူဘုရားဝတ်တက်မိလို့ ဂိုဏ်းစည်းကမ်းအရ ဒါဏ်ထမ်းရတာကြာဖူးပါသည်။
ဂိုဏ်းကွဲအချို့နှင့် ဆွမ်းအတူ မဘုန်းပေးသော အလေ့ကိုကျင့်သုံးသူများရှိဖူးပါသည်။

ရှေးအခါ တောရွာများတွင် တောင်ကျောင်း/မြောက်ကျောင်း ၊ အရှေ့ကျောင်း/အနောက်ကျောင်း စသည်ဖြင့် အပိုင်းကွဲရာမှအစပြုလေသလောမသိ ရွာသားများအချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားသည်အထိ ကျောင်းကိုအကြောင်းပြု၍ အကြီးအကျယ်ကွဲကြခြင်းများရှိကြောင်းလေ့လာသိရှိဖူးပါသည်။

အဆိုတော် သန်းထွန်းလေး၏ သီချင်းမှာပင် (ကျောက်ကာ တောင်ရွာ တစ်မျိုးတော့သာယာသည်) ဟု သီဆိုထားသည်ကို အပြစ်ပြောသူရှိပါသည်။

အေ၇ာမေ
onlinepaperboi
6626

Platinum Member
 
22/01/2009
1111 posts
 57.Re: ကိုယ်လိုရာကိုဆွဲတွေးလျှင် တစ်ဖက်သတ်ဆန်နေမယ်။  Jun 26, 2009 5:26 AM
???? wrote:

မမမြ၀တီရေ
အေ၇ာကတော့ မမပြောတဲ့ထူးခြားချက်ကို တစ်မျိုးမြင်တယ်။

ဘာသာတစ်ခုတည်းဖြစ်ပေမယ့် ဂိုဏ်းဂန ကွဲလျှင်ကွဲသလို မိမိနှင့်နားလည်ယုံကြည်မှုမတူကြသူများအပေါ် ကိုယ်နှင့်တန်းတူဟု သဘောမထားနိုင်ကြခြင်းဟာ (ဒီနေရာမှာ မိမိကိုးကွယ်ယုံကြည်မှုဟာ တစ်ကယ်စစ်မှန်မှုရှိမရှိဆိုတာကို ထည့်မပြောနှင့်ဦး) မိမိယုံကြည်ချက်အပေါ် တိကျပြတ်သားရာ/အလေးအနက်ထားရာ ရောက်တယ်လို့ မြင်ပါတယ်။

ဒီယုံကြည်မှုကို ကိုယ်တိုင်တွေးခေါ်လက်လံပြီးယုံတာပဲဖြစ်ဖြစ် မိမိတို့အစုအဖွဲ့ကို အစဉ်အဆက်ဦးဆောင်သွန်သင်လာသူတို့ထံမှ ကူးစက်ထင်မြင်ယုံကြည်တာပဲဖြစ်ဖြစ် လေးလေးနက်နက်ယုံကြည်လိုက်နာ တဲ့သဘောလဲဖြစ်နေပြန်ပါတယ်။

ထေရ၀ါဒကဘယ်လိုရှိပြီး မဟာယာနကဘာတွေဖြစ်တယ် ဆိုတာရေရေရာရာမသိပဲ ဘာတွေကွဲမှန်းတောင်သေခြာမသိတဲ့သူတွေများတဲ့ ဗုဒ္ဓဘာသာဝင်ပါ ဆိုသူတွေဟာ ကွဲလွဲမှုအပေါ်အခြေခံတဲ့ ဘာရန်ပွဲတွေရှိနေရဦးမှာလည်းလို့တွေးမိတယ်။

ပြီးတော့ ပုံမှန်တွေ့နေကြထက် နည်းနည်းကွဲတဲ့ အသီး အပင် အပွင့် ကျောက်တုံး ကျောက်ခဲတွေ့လျှင်တောင် ကိုးကွယ်ချင်သလိုလို ဆောင်ထားခြင်သလိုလို အစွမ်းထက်တယ်လို့ ယုံကြည်ကြတတ်တာတူနေတဲ့လူများအဖို့တော့
ဗုဒ္ဓအမည်တပ်ထားတဲ့ ဆင်းတုတွေ့ ရှိခိုးကြတာ ဘာဆန်းမှာလဲပေါ့။

အေ၇ာပြောတာ ဟုတ်ဘူးလား။

ခင်တဲ့
အေ၇ာမေ

ဟုတ်ကဲ့ ဆရာမကြီး ဒေါ်ဧရာမေခင်ဗျား ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာဝင် အများစုဟာ မဟာယာနကဘယ်လို ထေရဝါဒကဘယ်လိုဆိုတာကို ပရော်ဖက်ရှင်နယ်လ်ကြီးမဟုတ်တောင်မှ အခြေခံသဘောအားဖြင့်တော့သိကြပါတယ် လေ့လာရင် လေ့လာထားသလောက်သိကြပါတယ်။ ရန်ပွဲမရှိကြတဲ့အကြောင်းအရင်းကတော့ တစ်ဦးနဲ့တစ်ဦးrespectထားကြလို့ပါပဲ။ ဝါဒနှစ်ခုက တစ်ခုနဲ့တစ်ခု မထိခိုက်မနစ်နာလို့ ရန်မဖြစ်ကြတာလို့ ယူဆရင်လည်းရပါတယ်။ အခုနောက်ပိုင်းပေါ်လာတဲ့ ပစ္စုပ္ပန်ကမ္မဗုဒ္ဓဝါဒလိုတော့ မဟုတ်ဘူးပေါ့ဗျာ။ အယူသည်းတာကတော့ တိမ်ပေါ်မှာ ယေရှုပုံပေါ်လို့ ခရစ်တော်ကနေရာအနှံ့မှာရှိတယ်ဆိုပြီး ပေါကြောင်ကြောင်သက်သေပြကြတာမျိုး ပန်းသီးမှာ မာရီယာပုံပေါ်လို့ အထူးအဆန်းလုပ်ကြတာတို့ ကောင်းကင်မှာ လက်ဝါးကပ်တိုင်ပုံပေါ်လို့ပဲ အတိတ်လိုလိုနိမိတ်လိုလို ဂမ္ဘီရဆန်ဆန်ဖြစ်ရပ်ဆန်းတွေကြောင့် ခရစ်ရှန်ဖြစ်လာတဲ့ အင်ပါယာကွန်စတန်တင်းတို့လိုလူမျိုးတွေဟာ ဗုဒ္ဓဘာသာ၊ခရစ်ရှန်၊အစ္စလာမ်မရွေးပါဘူး။ ဒါကလည်း လူတွေရဲ့အယူသည်းတတ်တဲ့သဘာဝကြောင့်ဖြစ်တာပါ။ မြတ်စွာဘုရားကိုယ်တိုင်ရော ထေရဝါဒသံဃာတော်တွေကိုယ်တိုင်ရော အဲဒီအယူသည်းမှုတွေကို တိုက်ဖျက်ဟောကြားကြတယ်ဆိုတာကို လေ့လာကြည့်ရင်သိကြမှာပါ။ ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓအမည်တပ်ထားတဲ့ ဆင်းတုတွေ့တိုင်းလည်း မရှိခိုးပါဘူး။ ဗုဒ္ဓအမည်တပ်ထားပြီး လက်ရှစ်ချောင်းပေါက်နေတဲ့ ရုပ်ထုတွေကိုမရှိခိုးပါဘူး။ အနောက်တိုင်းမှာ ဥတိပွားလို့ခေါ်တဲ့ အန်းကုန်းကို ဗုဒ္ဓအနေနဲ့သိကြပါတယ်။ ထေရဝါဒတွေက အန်းကုန်းမရှိခိုးကြပါဘူး။ ပြီးတော့ဗုဒ္ဓဘာသာဝင်တွေက ဘယ်ဗုဒ္ဓရုပ်ထုကိုပဲတွေ့တွေ့ အခုပွင့်ပြီးသော တစ်ဆူတည်းသော ဂေါတမမြတ်စွာဘုရားကိုပဲ ရည်မှန်းပြီး ရှိခိုးကြတာပါ။ အင်္ဂလိပ်တွေအနေနဲ့ ယူနီယံဂျက်အလံကို အိန္ဒိယကိုလိုနီမှာပဲတွေ့တွေ့ မြောက်အမေရိကားကကိုလိုနီမှာပဲတွေ့တွေ့ ဩစတြေးလျကိုလိုနီမှာပဲတွေ့တွေ့ အလေးပြုကြမှာပဲဖြစ်ပါတယ်ခင်ဗျား။

ဒေါ်ဧရာမေလည်း ကိုယ်တော်နဲ့တစ်လုံးတစ်ဝတည်း ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးလျက်
http://www.radicalatheist.com/see-jesus.pngheehee
S0ME1d3ViL
6649

Silver Member
 
29/05/2009
365 posts
 58.Re: အခြားဘာသာများရဲ့ ကိုးကွယ်မှုနှင့်လှူဒါန်းခြင်းအကြောင်း...  Jun 26, 2009 5:36 PM
Ko_Htoo wrote:

လှူဒါန်းခြင်းနှင့်ပတ်သက်လို့ ၀င်ငွေရဲ့ ဆယ်ဖို့ တစ်ဖို့ကို လုံဝမသုံးရဘဲ ထိုတစ်ဖို့ကို စုပေါင်းကာ မိဘမဲ့၊ မုဆိုးမ နဲ့ ဒုခရောက်သူ လူမျိုးဘာသာမခွဲဘဲ ကူညီပေးကမ်းရပါသည်။

အခြားဘာသာမှကော ဒီလိုဘဲ လုပ်ကြပါသလား..

ဦးလေးကြီး

ခုဒ္ဒက နိကာယ် ဇာတက အဋ္ဌကထာမှာပါတဲ့ ကေဒါရကျေးမင်းအကြောင်းလေးပဲ ပြောပြချင်ပါတယ်။
ကျေးမင်းက သူရှာလို့ရတဲ့ဥစ္စာကို (၃) ဖို့ခွဲပါတယ်။ (၁၀% မဟုတ်ဘူးနော်)
အဲ့ဒီထဲက ၁ ပုံကို မိဘတွေကို ကျေးဇူးဆပ်ဖို့ပါတဲ့။
နောက် ၁ ပုံကတော့ အရွယ်မရောက်သေးတဲ့ ကျေးသားငယ်လေးတွေအတွက်ပါတဲ့။
နောက်ဆုံး ၁ ပုံကတော့ အလှူအတန်းလုပ်ဖို့ပါတဲ့။

ဒါကဇာတ်တော်တွေထဲက တစ်ခုပဲ ရှိပါသေးတယ်။ (၃၃.၃၃% နော် ဦးလေး)

မိဘကျေးဇူးဆပ်ခြင်းနှင့် ပတ်သက်လို့ ဦးလေးကြီးတို့ ဘာသာက သွန်သင်ထားတာလေးတွေကိုလည်း သိလိုပါတယ်ခင်ဗျာ။ Smile
S0ME1d3ViL
6649

Silver Member
 
29/05/2009
365 posts
 59.Brief  Jun 26, 2009 6:02 PM
အကျဉ်းချုပ်က ဒီလို။ တစ်ခါက ကျေးသားအုပ်တစ်စုဟာ ၀င်းမှည့်နေတဲ့ စပါးခင်းဆီ ကျပြီး အစာစားသောက်ကြတယ်။ အခြားကျေးငှက်တွေက အစာဝ ရင် ဒီအတိုင်းထပျံကြပေမဲ့ ကျေးကြီးတစ်ကောင်ကတော့ အ၀စားပြီးတဲ့အပြင် အပြန်မှာ စပါးနှံတွေကို တနိုင်ကိုက်ချီသယ်ယူသွားပါသတဲ့။ တစ်ရက်လည်းမဟုတ်.နှစ်ရက်လည်းမဟုတ်၊နေ့စဉ်ဆိုသလိုဖြစ်လာတော့ စပါးခင်းပိုင်ရှင်လယ်သမားက အဲဒီကျေးကြီးကို ရအောင်ထောင်ဖမ်း။ မိတော့ ဒီလောက်လောဘတစ်ကြီး ဘာလို့ သယ်နေတာလဲ။ သိုမှီးထားဖို့ စပါးကျီတွေဆောက်ထားသလား စသဖြင့် မကျေမနပ်မေးပါသတဲ့။ ကျေးကြီးက-

၁- ကြွေးမြီးဟောင်း ပေးဆပ်ဖို့

၂- ကြွေးမြီးသစ် ချပေးဖို့

၃- ရွှေအိုးမြှပ်ဖို့ အတွက် အိမ်အပြန်မှာ စပါးနှံကိုက်ချီယူရခြင်းပါလို့ ပြန်ဖြေသတဲ့။

ကြွေးမြီးဟောင်း ဆပ်ဖို့ဆိုတာက အိုမင်းမစွမ်း မိအိုဖ အိုတွေ ရှိတယ်။ သူတို့ကို တုန့်ပြန်လုပ်ကျွေးပြုစုရတာ ပြောတာဖြစ်ပြီး ကျြွေးမြီးသစ်ချပေးတယ်ဆိုတာက အရွယ်မရောက်သေးတဲ့ ကျေးသားလေးတွေ စားဖို့ ရှာကျွေးရတာကိုရည်ညွှန်းတာပါတဲ့။ ရွှေအိုးမြှပ်တယ်ဆိုတာက ခိုကိုးရာမဲ့ ဒုက္ခိတအကူအညီလိုနေတဲ့ ကျေးတွေကို အလှူအတန်းလုပ်တာကို ပြောတာပါတဲ့။ ကျေးသားရဲ့စကားကို လယ်သမားက သဘောကျသွားပြီး လယ်တစ်ခင်းလှူတဲ့ ဖြစ်ရပ်လေးနဲ့ ဇာတ်သိမ်းထားတယ်။

http://www.ashinkumara.com/2008_04_01_archive.html
onlinepaperboi
6626

Platinum Member
 
22/01/2009
1111 posts
 60.Re: အခြင်းခြင်းမှာပင်  Jun 26, 2009 9:06 PM
???? wrote:
ထေရ၀ါဒ အခြင်းခြင်းမှာပင်
ဂိုဏ်းမတူတဲ့ကိစ္စအကြောင်းပြုပြီး အတူဘုရားဝတ်တက်မိလို့ ဂိုဏ်းစည်းကမ်းအရ ဒါဏ်ထမ်းရတာကြာဖူးပါသည်။
ဂိုဏ်းကွဲအချို့နှင့် ဆွမ်းအတူ မဘုန်းပေးသော အလေ့ကိုကျင့်သုံးသူများရှိဖူးပါသည်။

ရှေးအခါ တောရွာများတွင် တောင်ကျောင်း/မြောက်ကျောင်း ၊ အရှေ့ကျောင်း/အနောက်ကျောင်း စသည်ဖြင့် အပိုင်းကွဲရာမှအစပြုလေသလောမသိ ရွာသားများအချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားသည်အထိ ကျောင်းကိုအကြောင်းပြု၍ အကြီးအကျယ်ကွဲကြခြင်းများရှိကြောင်းလေ့လာသိရှိဖူးပါသည်။

အဆိုတော် သန်းထွန်းလေး၏ သီချင်းမှာပင် (ကျောက်ကာ တောင်ရွာ တစ်မျိုးတော့သာယာသည်) ဟု သီဆိုထားသည်ကို အပြစ်ပြောသူရှိပါသည်။

အေ၇ာမေ

ချစ်ကလည်းကွာ ကြားဖူးနားဝတွေနဲ့ ကိုယ်စိတ်ရှုပ်ရပါလား ဟင်း.....FrownFrown
1 2 3 4 5
Messages Results 41 - 60 of about 109 for seconds milliseconds. (0.313 seconds)
    All forums        Buddhism Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.