Guest. It's 05:41 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Business Forums jump :
  Page : of 8
  
   အလုပ်မှ ရသော သင်ခန်းစာများ
joungwoo
7441

Gold Member
 
20/10/2006
711 posts
 41.၀ါသနာ ....  Dec 09, 2007 8:10 PM
ဝါသနာပါတဲ့ ပညာရပ်ကို သင်ယူပါ .... ၀ါသနာပါတဲ့ အလုပ်ကိုဘဲ ဇောက်ချလုပ်ပါ ....
satehtarphyu
6600

Silver Member
 
22/11/2006
111 posts
 42.   Dec 12, 2007 6:35 PM
အလုပ်ကြောင့်ရတဲ့ သင်ခန်းစာ တွေ ထဲမှာ ဂတိစကားတွေရယ် အချိန်တိကျမှုတွေရယ်က အဲဒီလူကို အလုပ်မှာ ပိုပြီးနေရာရစေတယ်

ပြီးတော့ တိကျမှုတွေလိုချင်ရင် အခုမှ အလုပ်စလုပ်သူတွေ လက်ထဲ ဘာမှ မထည့်ပါနဲ့ ... အချိန် ငွေကြေး ဂတိ..

သူတို့တွေက အခုမှ အလုပ် စ လုပ်တယ်ဆိုတဲ့ အကြောင့်းပြချက်တွေနဲ့ .. အရာရာကို နားလည်ခိုင်းတတ်တယ်

mrkyawgyi
4112

Platinum Member
 
14/08/2007
1100 posts
 43.ခုမှပဲ..  Dec 14, 2007 8:25 AM
အလုပ် လုပ်မှ လူလည်ဖြစ်လာတော့တယ်....
satehtarphyu
6600

Silver Member
 
22/11/2006
111 posts
 44.ကျွန်တော် အတွက် သင်ခန်းစာ  Dec 15, 2007 4:49 PM
ကျွန်တော်အတွက် နောက်သင်ခန်းစာတစ်ခုက ကိုယ်မနိုင်တဲ့ဝန်ကို ကိုယ်မလုပ်နိုင်ပါဘူးဆိုတာ ငြင်းရဲရမယ် ငြင်းနိုင်ရပါမယ် မဟုတ်ရင် စိတ်မော လူမောနဲ့ အဲဒီအလုပ်ကလည်း တစ်ကယ်တမ်းမတွင်ပါဘူး ... .. လုပ်တဲ့သူကိုယ်တိုင်ရော ခိုင်းတဲ့သူကိုယ်တိုင်ရော ပင်ပန်းလွန်းပါတယ် .... ကျွန်တော်ကတော့ အလုပ်မှာ ကိုယ်မလုပ်နိုင်တာ မလုပ်တတ်တာ ကို တတ်တယ် လုပ်နိုင်တယ် ဆိုပြီး ..တကယ်မပြီးတာထက် ကျွန်တော်မလုပ်နိုင်ပါဘူး ....ဆိုတဲ့စကားကို ပိုကြိုက်တယ် ... မဖြစ်နိုင်တာကိုမ ဖြစ်နိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောပါ .... အဲလိုပြောလာရင် စိတ်မဆိုးပါနဲ့ ခင်ဗျားအလုပ်တွင်အောင် သူကူညီလိုက်တာပါ ဖြစ်နိုင်တဲ့ တခြားနည်းတစ်မျိုးကို ကျွန်တော်တို့တွေ အချိန်မှီ စဉ်းစားနိုင်တာပေါ့....

ဖြစ်နိုင် မဖြစ်နိုင်ကို သိတာနဲ့ ချက်ခြင်းအဖြေပေးပါ.. အချိန်ဆွဲမထားပါနဲ့ အားမနာပါနဲ့
satehtarphyu
6600

Silver Member
 
22/11/2006
111 posts
 45.ဘယ်သူမှ လည်းဝင်မပြောကြဘူးကွာ  Dec 28, 2007 1:45 PM
ဘယ်သူမှလည်း ၀င်မပြောကြဘူးနော် ပျင်းလိုက်တာ
sansan06
4286

Silver Member
 
21/10/2006
284 posts
 46.Re: ကျွန်တော် အတွက် သင်ခန်းစာ  Dec 28, 2007 3:24 PM
satehtarphyu wrote:
ကျွန်တော်အတွက် နောက်သင်ခန်းစာတစ်ခုက ကိုယ်မနိုင်တဲ့ဝန်ကို ကိုယ်မလုပ်နိုင်ပါဘူးဆိုတာ ငြင်းရဲရမယ် ငြင်းနိုင်ရပါမယ် မဟုတ်ရင် စိတ်မော လူမောနဲ့ အဲဒီအလုပ်ကလည်း တစ်ကယ်တမ်းမတွင်ပါဘူး ... .. လုပ်တဲ့သူကိုယ်တိုင်ရော ခိုင်းတဲ့သူကိုယ်တိုင်ရော ပင်ပန်းလွန်းပါတယ် .... ကျွန်တော်ကတော့ အလုပ်မှာ ကိုယ်မလုပ်နိုင်တာ မလုပ်တတ်တာ ကို တတ်တယ် လုပ်နိုင်တယ် ဆိုပြီး ..တကယ်မပြီးတာထက် ကျွန်တော်မလုပ်နိုင်ပါဘူး ....ဆိုတဲ့စကားကို ပိုကြိုက်တယ် ... မဖြစ်နိုင်တာကိုမ ဖြစ်နိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောပါ .... အဲလိုပြောလာရင် စိတ်မဆိုးပါနဲ့ ခင်ဗျားအလုပ်တွင်အောင် သူကူညီလိုက်တာပါ ဖြစ်နိုင်တဲ့ တခြားနည်းတစ်မျိုးကို ကျွန်တော်တို့တွေ အချိန်မှီ စဉ်းစားနိုင်တာပေါ့....

ဖြစ်နိုင် မဖြစ်နိုင်ကို သိတာနဲ့ ချက်ခြင်းအဖြေပေးပါ.. အချိန်ဆွဲမထားပါနဲ့ အားမနာပါနဲ့

မနိုင်တဲ.၀န်ကို လုပ်ခိုင်းတယ်ဆိုတဲ.နေရာမှာ ....ကိုတတ်ကျွမ်းပြီးသာ အလုပ်ကိုခိုင်းတာမျိုးဆိုရင်တော. မလုပ်နိုင်ဘူးလို.ငြင်းဆန်တာထက် ...ရအောင်၊လုပ်နိုင်အောင်ဘယ်လိုလုပ်မယ်ဆိုတာကိုစဉ်းစားပြီး လုပ်နိုင်မယ်ဆိုရင်အကောင်းဆုံပေါ. .....အဲလိုမှမဟုတ်ပဲ ငြင်းဆန်လိုက်ရင်ကိုယ်.ရဲအရည်အချင်းတွေညံဖျင်းရာကျသွားတတ်တာမျိုးဖြစ်တတ်ပါတယ်၊နောက်ပြီးအလုပ်တစ်ခုကိုလက်ခံပြီ ဆိုတာနဲ.ဒီအလုပ်ကိုလုပ်ရင်ကြာမယ်အချိန်၊ပြီးစီးနိုင်မဲ.အချိန်တွေကိုကြိုတင်မှန်းဆပြီး ရက်ချိန်တိကျပေးနိုင်ဘို.ကိုလည်းကြိုတင်တွက်ချက်ပြိးလုပ်မယ်ဆိုရင်တော. မနိုင်ဝန်ကိုလုပ်ခိုင်းလည်း ကို.ဘက်ကလုပ်ပေးလိုက်နိုင်ရင် ...ဒါကကိုအတွက် အလုပ်နဲ.ပါတ်သက်တဲ.အတွေ.အကြုံတွေပါပဲ ............
sansan06
4286

Silver Member
 
21/10/2006
284 posts
 47.Re: ၀ါသနာ ....  Dec 28, 2007 3:31 PM
joungwoo wrote:
ဝါသနာပါတဲ့ ပညာရပ်ကို သင်ယူပါ .... ၀ါသနာပါတဲ့ အလုပ်ကိုဘဲ ဇောက်ချလုပ်ပါ ....

ကိုဝါသနာပါတဲ.ပညာရပ်က ကိုယ်ဘ၀အတွက် ရေရှည်မှာအသုံး မ၀င်သလိုဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး ဇောက်ချလုပ်လို.ဖြစ်နိုင်.ပါမလည်း ၊အရေးကြီးတာ က ကိုယ်လည်းဝါသနာပါ၊ကိုယ်. အတွက်လည်းရေရှည်အသုံး ၀င်တဲပညာရပ်မျိုးကို သင်ယူနိုင်ရင်တေါ. ကောင်းဆုံးပါ၊တစ်ခါတစ်လေ မှကိုယ်က၀ါသနာမပါလည်းကိုယ်. ဘ၀အတွက်သင်.တော်မဲ. ပညာရပ်မျိုးဆိုရင်းလည်း သင်ယူနိုင်အောင်ကြိုးစားနိုင်ရင်အကောင်းဆုံးပါ ........
coco153
5122

Gold Member
 
08/10/2007
578 posts
 48.Re: ကျွန်တော် အတွက် သင်ခန်းစာ  Jan 07, 2008 4:30 PM
satehtarphyu wrote:
ကျွန်တော်အတွက် နောက်သင်ခန်းစာတစ်ခုက ကိုယ်မနိုင်တဲ့ဝန်ကို ကိုယ်မလုပ်နိုင်ပါဘူးဆိုတာ ငြင်းရဲရမယ် ငြင်းနိုင်ရပါမယ် မဟုတ်ရင် စိတ်မော လူမောနဲ့ အဲဒီအလုပ်ကလည်း တစ်ကယ်တမ်းမတွင်ပါဘူး ... .. လုပ်တဲ့သူကိုယ်တိုင်ရော ခိုင်းတဲ့သူကိုယ်တိုင်ရော ပင်ပန်းလွန်းပါတယ် .... ကျွန်တော်ကတော့ အလုပ်မှာ ကိုယ်မလုပ်နိုင်တာ မလုပ်တတ်တာ ကို တတ်တယ် လုပ်နိုင်တယ် ဆိုပြီး ..တကယ်မပြီးတာထက် ကျွန်တော်မလုပ်နိုင်ပါဘူး ....ဆိုတဲ့စကားကို ပိုကြိုက်တယ် ... မဖြစ်နိုင်တာကိုမ ဖြစ်နိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောပါ .... အဲလိုပြောလာရင် စိတ်မဆိုးပါနဲ့ ခင်ဗျားအလုပ်တွင်အောင် သူကူညီလိုက်တာပါ ဖြစ်နိုင်တဲ့ တခြားနည်းတစ်မျိုးကို ကျွန်တော်တို့တွေ အချိန်မှီ စဉ်းစားနိုင်တာပေါ့....

ဖြစ်နိုင် မဖြစ်နိုင်ကို သိတာနဲ့ ချက်ခြင်းအဖြေပေးပါ.. အချိန်ဆွဲမထားပါနဲ့ အားမနာပါနဲ့

ဒါဆို အဲဒီအလုပ်တစ်ခုက ဘယ်တော့မှ မလုပ်တတ်ပဲနေတော့မှာပေါ့။ တိုးတက်မှု့ရှိတော့မှာ မဟုတ်ဘူးတဲ့ (အလုပ်ရှင် ပြောတဲ့စကားပါ)။

ဝန်ထမ်းတစ်ယောက်ကို အလုပ်သစ်ခိုင်းတယ်ဆိုရာမှာ- အလုပ်ရှင်က လုပ်ပိုင်ခွင့်ကို တိတိကျကျ သတ်မှတ်ပေးရမယ်၊ အလုပ်ရှင်ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး လိုချင်တဲ့ ပြီးမြောက်မှု့ကို ၀န်ထမ်းအား ရှင်းရှင်းလင်းလင်း ပြောပြထားဖို့လိုအပ်တယ်၊ အကယ်ရွေ့ ၀န်ထမ်းက မဖြစ်နိုင်တာကို တင်ပြရင် ဆန်းစစ်ပြီး reasonable ဖြစ်ရင် လက်ခံရမယ်၊ ထိုက်သင့်တဲ့ ချီးကျူးစကားကိုလဲ အလုပ်ရှင်က ထုတ်ပြောဖို့ ၀န်မလေးရဘူး။ ဒါဆို အဲဒီဝန်ထမ်းလဲ အလုပ်မှာ ပျော်၊ အတွေ့အကြုံအသစ်လဲရတာပေါ့။

အဲဒီလောက်အလုပ်ရှင်က လုပ်ပေးရက်နဲ့မလုပ်နိုင်ရင်တော့။ ဖွင့်ပြောတာကောင်းပါတယ်။

coco
coco153
5122

Gold Member
 
08/10/2007
578 posts
 49.ဒါပင်မဲ့..  Jan 07, 2008 4:39 PM
ဒါပင်မဲ့ လောလောဆယ် ကိုးကိုး ကိုယ်တိုင်လဲ under the stress ဖြစ်နေတယ်။ ကိုးကိုး အလုပ်သစ်ကို လုပ်ဖို့ စိတ်ဝင်စားပါတယ်။ ဒါပင်မဲ့ အလုပ်တစ်ခုရဲ့ တိကျတဲ့ ရည်မှန်းချက်(ပြီးမြောက်မှု့)နဲ့ ယုံကြည်မှု့ကို အလုပ်ရှင်က မပေးတော့ အလုပ်လုပ်ရတာ မပျော်ဘူးဖြစ်နေတယ်။ နောင်တတစ်ခုကတော့ ဒီအလုပ်ရှင်ဆီမှာ စလုပ်မိတာကိုပါပဲ။FrownFrown
coco153
5122

Gold Member
 
08/10/2007
578 posts
 50.Re:   Jan 07, 2008 4:46 PM
satehtarphyu wrote:
အလုပ်ကြောင့်ရတဲ့ သင်ခန်းစာ တွေ ထဲမှာ ဂတိစကားတွေရယ် အချိန်တိကျမှုတွေရယ်က အဲဒီလူကို အလုပ်မှာ ပိုပြီးနေရာရစေတယ်

ပြီးတော့ တိကျမှုတွေလိုချင်ရင် အခုမှ အလုပ်စလုပ်သူတွေ လက်ထဲ ဘာမှ မထည့်ပါနဲ့ ... အချိန် ငွေကြေး ဂတိ..

သူတို့တွေက အခုမှ အလုပ် စ လုပ်တယ်ဆိုတဲ့ အကြောင့်းပြချက်တွေနဲ့ .. အရာရာကို နားလည်ခိုင်းတတ်တယ်

ဒါဆို delegation ဆိုတာကရော..

အလုပ်အားလုံးကို ကိုယ်ပဲလုပ်နေတော့ ကိုယ်က ပင်ပန်းပြီး အလုပ်စ၀င်တဲ့သူတွေက အေးဆေးနေမှာပေါ့။

ဒါပင်မဲ့သူတို့လို လူတွေကို လုပ်ခိုင်းပြန်ရင်လဲ မှားရင် ကိုယ်ခေါင်းပေါ်ပဲရောက်တာပဲနော်။

satehtarphyu
6600

Silver Member
 
22/11/2006
111 posts
 51.Re: ကျွန်တော် အတွက် သင်ခန်းစာ  Jan 23, 2008 3:26 PM
coco153 wrote:
satehtarphyu wrote:
ကျွန်တော်အတွက် နောက်သင်ခန်းစာတစ်ခုက ကိုယ်မနိုင်တဲ့ဝန်ကို ကိုယ်မလုပ်နိုင်ပါဘူးဆိုတာ ငြင်းရဲရမယ် ငြင်းနိုင်ရပါမယ် မဟုတ်ရင် စိတ်မော လူမောနဲ့ အဲဒီအလုပ်ကလည်း တစ်ကယ်တမ်းမတွင်ပါဘူး ... .. လုပ်တဲ့သူကိုယ်တိုင်ရော ခိုင်းတဲ့သူကိုယ်တိုင်ရော ပင်ပန်းလွန်းပါတယ် .... ကျွန်တော်ကတော့ အလုပ်မှာ ကိုယ်မလုပ်နိုင်တာ မလုပ်တတ်တာ ကို တတ်တယ် လုပ်နိုင်တယ် ဆိုပြီး ..တကယ်မပြီးတာထက် ကျွန်တော်မလုပ်နိုင်ပါဘူး ....ဆိုတဲ့စကားကို ပိုကြိုက်တယ် ... မဖြစ်နိုင်တာကိုမ ဖြစ်နိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောပါ .... အဲလိုပြောလာရင် စိတ်မဆိုးပါနဲ့ ခင်ဗျားအလုပ်တွင်အောင် သူကူညီလိုက်တာပါ ဖြစ်နိုင်တဲ့ တခြားနည်းတစ်မျိုးကို ကျွန်တော်တို့တွေ အချိန်မှီ စဉ်းစားနိုင်တာပေါ့....

ဖြစ်နိုင် မဖြစ်နိုင်ကို သိတာနဲ့ ချက်ခြင်းအဖြေပေးပါ.. အချိန်ဆွဲမထားပါနဲ့ အားမနာပါနဲ့

ဒါဆို အဲဒီအလုပ်တစ်ခုက ဘယ်တော့မှ မလုပ်တတ်ပဲနေတော့မှာပေါ့။ တိုးတက်မှု့ရှိတော့မှာ မဟုတ်ဘူးတဲ့ (အလုပ်ရှင် ပြောတဲ့စကားပါ)။

ဝန်ထမ်းတစ်ယောက်ကို အလုပ်သစ်ခိုင်းတယ်ဆိုရာမှာ- အလုပ်ရှင်က လုပ်ပိုင်ခွင့်ကို တိတိကျကျ သတ်မှတ်ပေးရမယ်၊ အလုပ်ရှင်ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး လိုချင်တဲ့ ပြီးမြောက်မှု့ကို ၀န်ထမ်းအား ရှင်းရှင်းလင်းလင်း ပြောပြထားဖို့လိုအပ်တယ်၊ အကယ်ရွေ့ ၀န်ထမ်းက မဖြစ်နိုင်တာကို တင်ပြရင် ဆန်းစစ်ပြီး reasonable ဖြစ်ရင် လက်ခံရမယ်၊ ထိုက်သင့်တဲ့ ချီးကျူးစကားကိုလဲ အလုပ်ရှင်က ထုတ်ပြောဖို့ ၀န်မလေးရဘူး။ ဒါဆို အဲဒီဝန်ထမ်းလဲ အလုပ်မှာ ပျော်၊ အတွေ့အကြုံအသစ်လဲရတာပေါ့။

အဲဒီလောက်အလုပ်ရှင်က လုပ်ပေးရက်နဲ့မလုပ်နိုင်ရင်တော့။ ဖွင့်ပြောတာကောင်းပါတယ်။

coco

အင်း မနိုင်တဲ့တာဝန်တွေကိုလည်း ထမ်းဖူးတယ် .... အဲဒီတာဝန်ကိုလည်း ပြီးအောင်ကြိုးစား လုပ်တယ် တစ်ခါတစ်လေကျတော့ အလုပ်မှာ ဘယ်လိုမျိုးလဲဆိုတော့ ...... ထားဖြူတို့ အလုပ်ရှင်က ဒီလိုမျိုးကွာ ... သူ့အလုပ်မှာ ငွေက ၀င်ရမဲ့ရက် မ၀င်ဘူးဆိုရင် လုပ်ငန်းမှာလည်း မဖြစ်မနေသုံးစရာတွေရှိလာပြီဆိုပါတော့ သူကိုယ်တိုင် ဘယ်တော့မှ တခြားသူဆီကို ပိုက်ဆံလိုက်မချေးဘူး ကျွန်တော်ကိုဘဲခိုင်းတယ် .. ဘယ်နေ့ရမယ်ပြောလိုက်.. အဲဒီနေ့ငွေဝင်ပြီဆိုရင်တောင် သူမှာ သုံးစရာရှိနေသေးရင် ကျွန်တော်ကိုတောင် ငွေဝင်တယ်မပေးသိဘူး ဟာ ထားဖြူ ငွေမ၀င်သေးဘူး နောက်နှစ်ရက် ချိန်းလိုက် .... သူ့ကို လူတွေကယုံကြပါတယ် ကျွန်တော်တို့က သူ့အလုပ်သမားတွေလေ သူပြောခိုင်းတာပြောရပေမဲ့ သူ့လောက်မယုံကြဘူးဗျ ... ကျွှန်တော်တို့ကဘဲ မပေးသလိုပုံစံမျိုးနဲ့ ဆက်ဆံခံရတယ် ဖုန်းဆိုလည်း ဘယ်တော့မှ သူကိုယ်တိုင်မကိုင်တော့ ... ဘာအလုပ်ဖြစ်ဖြစ် ကျွန်တော်တို့တွေဘဲ ရှင်းရတယ် ... ကျွန်တော် ပြောခံရမယ်ဆိုတာလည်းသူသိမှာပါ တစ်ခါတစ်လေကျတော့ လူတစ်ယောက်က ပိုက်ဆံရဖို့အလုပ်လုပ်နေတယ်ဆိုပေမဲ့ တစ်ခါတစ်လေ အဲဒီသူပေးတဲ့လခထက် ကျွန်တော့် အလုပ်ထဲက သိပ်ခါကို ပိုတန်ဖိုးထားတယ် ... ကျွန်တော်သူ့အတွက် အလုပ်လုပ်ပေးတာ ကျွန်တော် တခြားသူတွေထက် လခပိုရပါတယ် ဒါပေမဲ့ ကျွန်တော် က ပေးတဲ့ဂတိအတိုင်း အလုပ်လုပ်တဲ့ အလုပ်ရှင် နဲ့ဘဲအလုပ်လုပ်ချင်တယ် .... တခါတစ်လေ အလုပ်သမားတစ်ယောက်ကို တစ်ထောင်လောက်ထိဖြစ်အောင်ရှာခိုင်းတယ် သူသုံးတာတစ်ပတ်ဆိုပေမဲ့ သူသူကိုယ်ကိုယ် စိတ်ပူတတ်ကြတာဘဲ ကိုယ်ကဂတိတည်ရင် လူတိုင်းက အလုပ်တူတူတွဲလုပ်ချင်ပေမဲ့ ဂတိမတည်တဲ့ သူအတွက် သူပေးတဲ့ တာဝန်တွေကို ကျွန်တော် ငြင်းဖို့ကြိုးစားတယ် ....
nazy
5130

Planet Strong Member
 
30/07/2007
3871 posts
 52.ရနေတုန်း  Jan 23, 2008 5:21 PM
နာလည်း. အလုပ်ကရမဲ့ သင်ခန်းစာ တွေ အတွေ့အကြုံတွေ လိုချင်လို့.

အိမ်နဲ့ခွဲပြီး..မန်းလေးမှာ.. ကြိုးစားနေရတယ်..

ရတဲ့ လခ က. စားတာ သောက်တာ နဲ့ ပြောင်လို့..

အဲဒီ သင်ခန်းစာ ကိုပဲ အမြတ်လို့တွေးပြီး..

နေ နေ ရတယ်...

နာဇီIndifferentIndifferentIndifferent
heaven777

Standard Member
 
13/01/2008
10 posts
 53.Re: I want to say....  Jan 24, 2008 11:21 AM
Black_Wing wrote:
Shwe E wrote:
ကျွန်မတို့ရုံးက Boss က ကျွန်မတို့ Department ကို English လိုပြောဖို့စည်းကမ်းသတ်မှတ်ထားတယ်။ တနေ့တော့အခန်းထဲကလူတွေအားလုံးနီးပါး(Except Manager) ရုံးချိန်ကျော်တဲ့အထိအလုပ် လုပ်ရင်းမြန်မာလိုပြောနေကြတာပေါ့။(ခါတိုင်းလဲ လစ်ရင် လစ်သလိုပြောတာပါဘဲ)။ ဒါပေမဲ့ အဲဒီနေ့မှ Boss ကကြားသွားပြီးကျွန်မကိုခေါ်ပြောတာပေါ့၊ ရုံးချိန်မှာ မြန်မာလိုမပြောဖို့။ ကျွန်မကလဲပြန်ပြောတာပေါ့ ဒါအလုပ်ချိန်ကျော်နေပြီဆိုပြီးတော့၊ အဲဒီမှာ Boss တော်တော်တင်းသွားပြီး အခန်းထဲမှာရှိတဲ့လူတွေအကုန်ခေါ်ပြီးဆူတော့တာ၊ ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေတဲ့။ ကဲ...ဒီကိတ်စမှာ ကျွန်မတို့မှားလား Boss မှားလားရှင်တို့အမြင်ပြောကြပါအုံး။

Shwe Ecrycrycry

စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်လို့ HR Department က အဓိကထုတ်ရပါလိမ့်မယ်။ မေတို့ ကုမ္မဏီမှာ HR Department ရှိပါသလား? နောက်ပြီး အလုပ်စ၀င်တဲ့အချိန်မှာ ချုပ်ရတဲ့ contract တွေမှာ ပါဝင်တဲ့ စည်းမျဉ်းတွေကိုတော့ အသေအချာနားလည်အောင် လုပ်ထားပါ။ ၀န်ထမ်းတွေအတွက် စည်းကမ်းသတ်မှတ်တယ်ဆိုရင် Employee Handbook ရှိရပါမယ်။ အဲဒီ့ထဲမှာ ကုမ္မဏီတစ်ခုလုံးအတွက်နဲ့ department တွေအလိုက် စည်းမျဉ်းတွေ ပါဝင်ပါလိမ့်မယ်။

တကယ်လို့ "မေ" တို့ department အတွက် regulation တွေမှာ အလုပ်လုပ်နေစဉ်အတွင်း English လိုပဲ commnicate လုပ်ရမယ်လို့ သတ်မှတ်ထားရင်တော့ "မေ" တို့ ဌာနဟာ စည်းကမ်းဖောက်တာ ဖြစ်သွားပါပြီ။ တကယ်လို့ အလုပ်ချိန် ဘယ်အချိန်က၊ ဘယ်အချိန်အတွင်းမှာလို့ သေချာသတ်မှတ်ချက်ပါတယ်ဆိုရင် ဘော့စ်အလွန်ဖြစ်ပါလိမ့်မယ် (ဘောစ့်ဆိုတာ Managing လား၊ Executive အဆင့်လား၊ GM လား ပြောပြစေလိုပါတယ်)။

"မေ" ပြောခဲ့တယ်။ ခါတိုင်းလဲ လစ်ရင်လစ်သလို ပြောတာပါပဲဆိုတာ။ Business hours အတွင်းမှာလို့ ယူဆပါတယ်။ ဒါဆိုရင်တော့ regulation breach ဖြစ်ပါတယ်။ မလုပ်သင့်ပါ။ Sin တစ်ခု မဟုတ်ပေမယ့် ethical မဖြစ်ပါလို့ ခမ်း ခံယူပါတယ်။ ကိုယ်ပိုင် business မဟုတ်ပေမယ့် ကိုယ်အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ regulations & policies တွေကို အတိအကျလိုက်နာသင့်ပါတယ်။

တကယ်လို့ သတ်မှတ်ထားတဲ့ regulations တွေ၊ policy တွေနဲ့ ပတ်သက်လို့ မရှင်းလင်းဘူးဆိုရင် HR Department ကို မေးသင့်ပါတယ်။ သူတို့ ရှင်းပြနိုင်ပါတယ် (ရှင်းလဲ ရှင်းပြသင့်ပါတယ်)။ အချိန်ပိုလုပ်ပေးတာနဲ့ ပတ်သက်လို့ ဘော့စ်က ကျေးဇူးတင်သင့်ကြောင်း ပြောထားတဲ့ ပိုစ့်တစ်ခုကို ဒီထဲမှာ ဖတ်လိုက်ရပါတယ်။ ဒီ့အတွက် ဘော့စ်အနေနဲ့ appreciate လုပ်သင့်ပါတယ်။ ဒါပေမယ့် ဒီ့အတွက်နဲ့ ချမှတ်ထားတဲ့ company ဆိုင်ရာ၊ department ဆိုင်ရာ regulation တွေ policy တွေကို အလျော့အတင်း လုပ်ပေးဖို့ဆိုတာ ခမ်းအမြင်အရ၊ business practice တွေအရ မလုပ်သင့်သလို မဖြစ်နိုင်ပါ။ နောက်ပြီး ဘော့စ်တစ်ယောက်အနေနဲ့ အလုပ်မပြီးသေးတဲ့အတွက် အချိန်ပိုဆင်းပေးတဲ့ staff တွေကို ကျေးဇူးတင်စကားပြောဖို့ မလိုအပ်ဘူးလို့ ယူဆမိပါတယ်။ ဒီနေ့ အလုပ်လုပ်ရမယ့် quota မပြီးသေးရင် နောက်နေ့ကို postpone လုပ်ဖို့ မဖြစ်နိုင်ရင် ပုံမှန်လည်ပတ်နေတဲ့ business hours ထက်ကို ကျော်လွန်မှာ သဘာဝပါ။

အချိန်ပို အလုပ်ဆင်းပေးတာနဲ့ ပတ်သက်လို့ compensation policy မှာ ဘာတွေ အကျိုးခံစားခွင့်ပေးမလဲဆိုတာကို သေချာသိအောင် လုပ်ထားပါ။ မရှင်းရင် HR Department ကို သေချာမေးရပါမယ်။ မမေးလို့ မရပါ။ တကယ်လို့ မရှိသေးရင် ၀န်ထမ်းတွေအားလုံးနဲ့ ညှိုပြီးတော့ ၀န်ထမ်းတွေပါ ပါဝင်တဲ့ meeting တစ်ခုခုမှာ တင်ပြသင့်ပါတယ်။ အနိမ့်ဆုံး ကိုယ့်ဌာနဆိုင်ရာ အကြီးအကဲကို တင်ပြပြီးတော့ သူ့ကို regular meeting မှာ တင်ပြပေးဖို့ request လုပ်သင့်ပါတယ်။

ဒါပေမယ့် မြန်မာကုမ္မဏီအများစုမှာ HR Department မရှိတတ်သလို HR Policy တွေလဲ သေချာချမှတ်ထားခြင်း မရှိတတ်ပါ။ Employee Handbook တောင်မှ မရှိတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ ဒါတွေကို သေချာသိဖို့ interview မှာ ကိုယ်က သေချာပြန်မေးရပါမယ်။ Interview ဆိုတာဟာ အဖွဲ့အစည်းတစ်ခုက ကိုယ့်ကို အလုပ်ခန့်ဖို့ ကိုယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မေးမြန်းတဲ့ အစီအစဉ်တစ်ခုသက်သက် မဟုတ်ပဲ ကိုယ်ကလဲ ကိုယ်အလုပ်လုပ်ရမယ့် အဖွဲ့အစည်းနဲ့ ပတ်သက်လို့ မေးမြန်းခွင့် အပြည့်ရှိထားတဲ့ session တစ်ခုဖြစ်ပါတယ်။ ဒီအချိန်မှာ သေချာ မေးသင့်ပါတယ်။ ဒါမှ ကိုယ်နဲ့ မကိုက်ညီရင် အလုပ်ခန့်အပ်ကြောင်း အကြောင်းကြားရင်တောင်မှ အလုပ်ဝင်မ၀င်ဆိုတာကို ဆုံးဖြတ်လို့ ရပါလိမ့်မယ်။

နောက်တစ်ခုက ဘော့စ်ကို ပြန်ပြောတဲ့ ကိစ္စလေးပါ။ "မေ" အနေနဲ့ ရိုးရိုးသားသား ပြန်ပြောတာ ဖြစ်နိုင်ပေမယ့် စကားတစ်ခွန်းကို ပြောလိုက်တဲ့အခါမှာ တွဲပါသွားတဲ့ facial expression နဲ့ လက်ဟန်ခြေဟန် (gesture) တွေက အရေးပါသလို ကိုယ့်ရဲ့ စကားသံ tone ကလဲ အရေးကြီးပါတယ်။ အဲဒါတွေက ကိုယ့်ဘော့စ်ကို မလေးစားဟန်၊ အရေးမထားဟန်၊ ပြန်လည်ခံပြောဟန် ပေါက်နေမယ်ဆိုရင်တော့ ဘော့စ်စိတ်တိုတာ သူ့အလွန်မဟုတ်ဘူးလို့ မြင်ပါတယ်။ သူ့မှာလဲ tension နဲ့ stress တွေ ရှိနိုင်တာမို့ အမြဲတမ်း good mood မဖြစ်နိုင်ပါ။ Even good mood ရှိနေရင်တောင် ကိုယ်ပြန်ပြောတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး စိတ်တိုဒေါသထွက်ပါလိမ့်မယ်။

ဘော့စ်နဲ့ confront လုပ်ဖို့ လိုလာတဲ့အခြေအနေမျိုးမှာ အေးအေးဆေးဆေး တည်ငြိမ်စွာနဲ့ အေးအေးသက်သာ ပြောနိုင်ရပါလိမ့်မယ်။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ဘော့စ်နားလည်အောင် အေးဆေးစွာ ပြောနိုင်မယ့် စကားလုံးတွေကို သုံးပြီး ပြောပြရပါလိမ့်မယ်။ ရှင်းပြအသနားခံတာမျိုးနဲ့ စည်းကမ်းဖောက်မိလို့ ကြောက်ကြောက်ရွံ့ရွံ့ ဆင်ခြင်ပေးနေရတဲ့ ပုံစံမျိုးကို ပြောတာမဟုတ်ပါ။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဘော့စ်ကို အခြေအနေတစ်ခုကို ရှင်းပြတဲ့ပုံစံမျိုးနဲ့ confront လုပ်ဖို့ ပြောတာပါ။

ခမ်း

မမခမ်းရေးတာတွေဖတ်ရတာအတွေ့အကြုံအများကြီးရပါတယ်။ ညိမ်းကအခုမှ ကျောင်းပြီး တာပါ။ တခုလောက်မေးပါရစေ မမခမ်းကဘာလုပ်တာလဲဟင်။ ဖြေပေးပါနော်။
nazy
5130

Planet Strong Member
 
30/07/2007
3871 posts
 54.ဒီနေ့  Jan 24, 2008 11:29 AM
ဒီနေ့..နာ.. rank တစ်ဆင့် တိုးတယ်.. ( လစာတော့မတိုးပါcry)

အစမ်းခန့်ကာလတင်... ရွာပတ်နေတယ်....

အော်..ဘယ်လို.သင်ခန်းစာတွေ လာမလဲမသိသေးဝူး..

လေတယ်..

နာဇီIdeaIdeaIdeaIdea
poesan
7414

Planet Strong Member
 
06/03/2007
10483 posts
 55.Re: ဒီနေ့  Jan 24, 2008 1:41 PM
nazy wrote:
ဒီနေ့..နာ.. rank တစ်ဆင့် တိုးတယ်.. ( လစာတော့မတိုးပါcry)

အစမ်းခန့်ကာလတင်... ရွာပတ်နေတယ်....

အော်..ဘယ်လို.သင်ခန်းစာတွေ လာမလဲမသိသေးဝူး..

လေတယ်..

နာဇီIdeaIdeaIdeaIdea

နှာစီး ဟုတ်ဝူး မှားရို့ နာဂျီ...

ရာထူး တိုးတယ်ဆိုတော့ အလုပ်တာဝန်တွေပိုများလာတာပဲဟ...

ကိုယ့်လက်အောက်ငယ်သားထက် အလုပ်မများရင်တောင်မှ နီမှာ တာဝန်ယူရမယ့် အပိုင်းတွေများလာတာပဲ...

နင်လေချင်တိုင်းလေလို့ မရတော့ဝူးပေါ့ တယ်ရင်းရယ်

တဖြည်းဖြည်းသိလာပါလိမ့်မယ်... နာကတော့ လက်တွေ့...
heeheehee
tayarshin

Standard Member
 
13/12/2006
19 posts
 56.Re: ကျွန်တော် အတွက် သင်ခန်းစာ  Jan 24, 2008 1:57 PM
satehtarphyu wrote:
coco153 wrote:
satehtarphyu wrote:
ကျွန်တော်အတွက် နောက်သင်ခန်းစာတစ်ခုက ကိုယ်မနိုင်တဲ့ဝန်ကို ကိုယ်မလုပ်နိုင်ပါဘူးဆိုတာ ငြင်းရဲရမယ် ငြင်းနိုင်ရပါမယ် မဟုတ်ရင် စိတ်မော လူမောနဲ့ အဲဒီအလုပ်ကလည်း တစ်ကယ်တမ်းမတွင်ပါဘူး ... .. လုပ်တဲ့သူကိုယ်တိုင်ရော ခိုင်းတဲ့သူကိုယ်တိုင်ရော ပင်ပန်းလွန်းပါတယ် .... ကျွန်တော်ကတော့ အလုပ်မှာ ကိုယ်မလုပ်နိုင်တာ မလုပ်တတ်တာ ကို တတ်တယ် လုပ်နိုင်တယ် ဆိုပြီး ..တကယ်မပြီးတာထက် ကျွန်တော်မလုပ်နိုင်ပါဘူး ....ဆိုတဲ့စကားကို ပိုကြိုက်တယ် ... မဖြစ်နိုင်တာကိုမ ဖြစ်နိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောပါ .... အဲလိုပြောလာရင် စိတ်မဆိုးပါနဲ့ ခင်ဗျားအလုပ်တွင်အောင် သူကူညီလိုက်တာပါ ဖြစ်နိုင်တဲ့ တခြားနည်းတစ်မျိုးကို ကျွန်တော်တို့တွေ အချိန်မှီ စဉ်းစားနိုင်တာပေါ့....

ဖြစ်နိုင် မဖြစ်နိုင်ကို သိတာနဲ့ ချက်ခြင်းအဖြေပေးပါ.. အချိန်ဆွဲမထားပါနဲ့ အားမနာပါနဲ့

ဒါဆို အဲဒီအလုပ်တစ်ခုက ဘယ်တော့မှ မလုပ်တတ်ပဲနေတော့မှာပေါ့။ တိုးတက်မှု့ရှိတော့မှာ မဟုတ်ဘူးတဲ့ (အလုပ်ရှင် ပြောတဲ့စကားပါ)။

ဝန်ထမ်းတစ်ယောက်ကို အလုပ်သစ်ခိုင်းတယ်ဆိုရာမှာ- အလုပ်ရှင်က လုပ်ပိုင်ခွင့်ကို တိတိကျကျ သတ်မှတ်ပေးရမယ်၊ အလုပ်ရှင်ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး လိုချင်တဲ့ ပြီးမြောက်မှု့ကို ၀န်ထမ်းအား ရှင်းရှင်းလင်းလင်း ပြောပြထားဖို့လိုအပ်တယ်၊ အကယ်ရွေ့ ၀န်ထမ်းက မဖြစ်နိုင်တာကို တင်ပြရင် ဆန်းစစ်ပြီး reasonable ဖြစ်ရင် လက်ခံရမယ်၊ ထိုက်သင့်တဲ့ ချီးကျူးစကားကိုလဲ အလုပ်ရှင်က ထုတ်ပြောဖို့ ၀န်မလေးရဘူး။ ဒါဆို အဲဒီဝန်ထမ်းလဲ အလုပ်မှာ ပျော်၊ အတွေ့အကြုံအသစ်လဲရတာပေါ့။

အဲဒီလောက်အလုပ်ရှင်က လုပ်ပေးရက်နဲ့မလုပ်နိုင်ရင်တော့။ ဖွင့်ပြောတာကောင်းပါတယ်။

coco

အင်း မနိုင်တဲ့တာဝန်တွေကိုလည်း ထမ်းဖူးတယ် .... အဲဒီတာဝန်ကိုလည်း ပြီးအောင်ကြိုးစား လုပ်တယ် တစ်ခါတစ်လေကျတော့ အလုပ်မှာ ဘယ်လိုမျိုးလဲဆိုတော့ ...... ထားဖြူတို့ အလုပ်ရှင်က ဒီလိုမျိုးကွာ ... သူ့အလုပ်မှာ ငွေက ၀င်ရမဲ့ရက် မ၀င်ဘူးဆိုရင် လုပ်ငန်းမှာလည်း မဖြစ်မနေသုံးစရာတွေရှိလာပြီဆိုပါတော့ သူကိုယ်တိုင် ဘယ်တော့မှ တခြားသူဆီကို ပိုက်ဆံလိုက်မချေးဘူး ကျွန်တော်ကိုဘဲခိုင်းတယ် .. ဘယ်နေ့ရမယ်ပြောလိုက်.. အဲဒီနေ့ငွေဝင်ပြီဆိုရင်တောင် သူမှာ သုံးစရာရှိနေသေးရင် ကျွန်တော်ကိုတောင် ငွေဝင်တယ်မပေးသိဘူး ဟာ ထားဖြူ ငွေမ၀င်သေးဘူး နောက်နှစ်ရက် ချိန်းလိုက် .... သူ့ကို လူတွေကယုံကြပါတယ် ကျွန်တော်တို့က သူ့အလုပ်သမားတွေလေ သူပြောခိုင်းတာပြောရပေမဲ့ သူ့လောက်မယုံကြဘူးဗျ ... ကျွှန်တော်တို့ကဘဲ မပေးသလိုပုံစံမျိုးနဲ့ ဆက်ဆံခံရတယ် ဖုန်းဆိုလည်း ဘယ်တော့မှ သူကိုယ်တိုင်မကိုင်တော့ ... ဘာအလုပ်ဖြစ်ဖြစ် ကျွန်တော်တို့တွေဘဲ ရှင်းရတယ် ... ကျွန်တော် ပြောခံရမယ်ဆိုတာလည်းသူသိမှာပါ တစ်ခါတစ်လေကျတော့ လူတစ်ယောက်က ပိုက်ဆံရဖို့အလုပ်လုပ်နေတယ်ဆိုပေမဲ့ တစ်ခါတစ်လေ အဲဒီသူပေးတဲ့လခထက် ကျွန်တော့် အလုပ်ထဲက သိပ်ခါကို ပိုတန်ဖိုးထားတယ် ... ကျွန်တော်သူ့အတွက် အလုပ်လုပ်ပေးတာ ကျွန်တော် တခြားသူတွေထက် လခပိုရပါတယ် ဒါပေမဲ့ ကျွန်တော် က ပေးတဲ့ဂတိအတိုင်း အလုပ်လုပ်တဲ့ အလုပ်ရှင် နဲ့ဘဲအလုပ်လုပ်ချင်တယ် .... တခါတစ်လေ အလုပ်သမားတစ်ယောက်ကို တစ်ထောင်လောက်ထိဖြစ်အောင်ရှာခိုင်းတယ် သူသုံးတာတစ်ပတ်ဆိုပေမဲ့ သူသူကိုယ်ကိုယ် စိတ်ပူတတ်ကြတာဘဲ ကိုယ်ကဂတိတည်ရင် လူတိုင်းက အလုပ်တူတူတွဲလုပ်ချင်ပေမဲ့ ဂတိမတည်တဲ့ သူအတွက် သူပေးတဲ့ တာဝန်တွေကို ကျွန်တော် ငြင်းဖို့ကြိုးစားတယ် ....

သူဌေးဆိုတာဒီအတိုင်းဘဲများပါတယ် သူငယ်ချင်း၊ ဂတိတည်တဲ့လူတော်တော်ရှားပါတယ်၊ ငွေကိုင်တွေဘဲခံနေရတာပါဘဲ၊

ကိုယ်တွေ့ ဘူးပါတယ် သူငယ်ချင်းထက်ဆိုးတဲ့အဖြစ်တွေကို
poesan
7414

Planet Strong Member
 
06/03/2007
10483 posts
 57.အလုပ်ကရတဲ့သင်ခန်းစာ  Jan 24, 2008 3:21 PM
အပြင်မှာ သင်တန်းတက်ပြီး သင်ယူလို့မရတဲ့ သင်ခန်းစာကတော့ အလုပ်ကရတဲ့ သင်ခန်းစာပါပဲ..

အခု လူငယ်တော်တော်များများက လခဘယ်လောက်ရရ လုပ်ငန်းအတွေ့အကြုံလိုချင်လို့ဆိုပီး ရတဲ့နေရာမှာ
အလုပ်ဝင်လုပ်ကြပါတယ်..... အဲဒီစိတ်ဓာတ်လေးတွေက တကယ်ဂုဏ်ယူဖို့ကောင်းပါတယ်....
ဒါပေမယ့် ခက်တာက လုပ်ငန်းခွင်ထဲရောက်တဲ့ အခါ ကြိုးစားသင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်တွေ့ရတာနည်းပါတယ်..လုံးလုံး မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး... ကြိုးစားပြီး လေ့လာချင်တဲ့ လူငယ်တွေလည်း အများကြီးပါ...

ကျောင်းတုန်းက သူငယ်ချင်းနဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်နဲ့ စိတ်ဓာတ် တပြေးညီ ထားဖို့ဆိုတာ တော်တော်လေးမလွယ်တာလည်း တွေ့ရပါတယ်...

ပထမဆုံး အလုပ်စတက်တဲ့ နေ့တုန်းက ပြင်သစ်သံရုံးကို အလုပ်ကိတ်စနဲ့ လွှတ်တယ်.. ပထမဆုံး အတွေ့အကြုံဆိုတော့ ဘာစာရွက်စာတမ်းတွေ ယူလာရမယ်ဆိုတာ မသိဘူး... ဟိုရောက်တော့ နေ့ဝက်ကြိုးပီး သူဌေးခိုင်းတဲ့ ကိတ်စတွေ တစ်နေ့တည်းနဲ့ မပီးဘဲ နောက်ရက်ကူးသွားတယ်... ရုံးက ကိုယ့်ထက်စီနီယာကျသူတွေရဲ့ ပညာပေးခြင်းကို ခံလိုက်ရတာပါပဲ...

နောက်တစ်ခုကတော့ စကာင်္ပူကို စာပို့ဖို့ပြင်ရင်းနဲ့ Singapore လို့ရိုက်ရမယ့်စာကို Singerpore လို့မှားရိုက်လိုက်တာပါပဲ.... အလုပ်လုပ်တာ အမှားတွေ အများကြီး ကြုံဖူးတယ်... အမှားတွေ ကြုံတဲ့နေ့ဆို ကိုယ်ဒီနေ့ ဘယ်ဟာတွေ မှားတယ် နောက်ဘယ်လို ဆင်ခြင်ရမယ်.. ဆိုတာ စာအုပ်ထဲမှာ မှတ်ထားလိုက်တယ်... တဖြည်းဖြည်းချင်း နမော်နမဲ့ လုပ်တတ်တဲ့ ကိုယ့်အကျင့်ကို ပြင်ယူတယ်... အခုနောက်ပိုင်းတော့ အဲဒီလိုတွေ မှတ်စရာမလိုတော့ပါဘူး..

နောက်တစ်ခုက လူမှူဆက်ဆံရေး အပိုင်းပါ.. အဲဒါလည်း လုပ်ငန်းခွင်က သင်သွားပါတယ်... လူတစ်ယောက်က လုပ်ငန်းခွင်မှာ ငါနဲ့ မဆိုင်ဘူး... ငါ့တာဝန်မဟုတ်ဘူးဆိုပီး နေလို့မရတာလည်း တွေ့ရပါတယ်... ပိုးက အလုပ်ခွင်မှာ အသင်ငယ်တယ် ရာထူးနဲ့ မတန်ဘူးဆိုပီး မခန့်လေးစား လုပ်တာတွေ ကြုံဖူးတယ်... အဲဒီအခါ ဒီလိုလူတွေနဲ့ အဆင်ပြေအောင် ဘယ်လို treatment လုပ်ရမယ်ဆိုတာ စဉ်းစားရပါတော့တယ်.... နောက်ဆုံး ဒီလိုလူတွေ ကိုယ့်ထက်ကြီးကြီး ငယ်ငယ် ကိုယ်ပြောတာ လက်ခံလာအောင် ကိုယ်လိုချင်တဲ့ ပုံစံသူတို့ လုပ်ပေးအောင် သူတို့ရဲ့ အမူအကျင့်စရိုက်တွေကနေ လေ့လာစည်းရုံးရပါတယ်...

ကိုယ့်အထက်လူကြီးနဲ့ဖြစ်ဖြစ် တခြားကုမ္ပဏီ လူကြီးနဲ့ပဲ ဖြစ်ဖြစ် စကားပြောတဲ့အခါ အရမ်းသတိထားရပါတယ်.. communication အရမ်းကို အရေးကြီးတာတွေလည်း ရှိပါတယ်... လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထိုးနှက်တာတွေ နောက်ကွယ်က စကားတွေကတော့ မကြားချင်အဆုံးပါ... ရှေ့တင် ပြုံးပြုံးကွယ်ရာရောက်မှသာ ထိုးနှက်တတ်ကြတာ လူ့သဘာဝမို့ အပစ်တင်လို့ မရပါဘူး... ကိုယ်ကသာ အဲဒီထဲမှာ ယောရောင်ပြီး မျောပါမနေဖို့ အရေးကြီးတာပါ...

လုပ်ငန်းခွင်မှာ တဖြည်းဖြည်းချင်း အတွေ့အကြုံသင်ယူတာ အကောင်းဆုံးပါ.. ကိုယ်သင်ယူချင်တာ သိချင်တတ်ချင်တာတွေကို သင်ပေးချင်တဲ့ သူတွေရှိသလို.. သူတို့လို သိသွား တတ်သွားမှာ ကြောက်တဲ့သူတွေ တပုံကြီးပါ... ဒါကတော့ လက်တွေ့မို့ သိနေတာပါ... ပိုးကို သူဌေးက ရာထူး တိုးပေးတယ်... အဲဒီမှာ ဌာနကလူတွေက ဘာပြောကြလဲဆိုတော့ ဒီအသက်အရွယ်နဲ့ ရာထူးတိုးတာ သူတို့ကို ကြောသွားနိုင်တယ်ပေါ့... ပိုးမှာ နောက်ခံ ဘက်ဂရောင်း ဘာမှ မရှိဘူးလေ... လူကြီးကသာ ရာထူးကိတ်စကို သူ့ဖာသာ စီစဉ်တာ... ပိုးလုပ်ရမယ့် အပိုင်းအရေးကြီးတဲ့ ပညာသားပါတဲ့ အပိုင်းတွေ အကုန်ချန်ထားတယ်.. ဘာမှ မပါတဲ့ ဗလာအလုပ်တွေပဲ ပေးလုပ်တယ်...

ဒီနေရာမှာ ပိုးရဲ့ ခံယူချက်လေး ပြောပြမယ်နော်... (ရာထူး) ကိုယ်လိုချင်လွန်းလို့ အတင်းတိုက်ခတ်ပြီး ရလာတာ မဟုတ်ဘူး.. (အလုပ်) ကိုယ်လုပ်ချင်ချင် မလုပ်ချင်ချင် အရည်အချင်း ရှိရင် တစ်နေ့ ကိုယ့်လက်ထဲ ရောက်လာမှာဘဲဆိုပီး နေလိုက်တယ်... အရည်အချင်း ရှိတဲ့သူအတွက် နေရာပေါင်းများစွာက ကိုယ့်အတွက် ရှိနေမှာ အမှန်ဘဲလေ.... အဲနေရာတိုင်းလည်း ခေါင်းငုံ့ ခံနေလို့မရပါဘူး.. ခေါင်းငုံ့ ငြိမ်နေရင် လူက သူတို့အမြင်မှာ ငထုံ ငအ ဖြစ်သွားတတ်ပါတယ်..

နောက်အရေးကြီးတဲ့ အချက်တစ်ခုက နိုင်ငံခြားသားကို ဖားတာမျိုး မလုပ်မိဖို့ပါပဲ... အဲဒါ မြန်မာ တော်တော်များများမှာ တွေ့ရပါတယ်.... မြန်မာ အားလုံးကို မဆိုလိုပါဘူး... တော်တော်လေး စိတ်ပျက်ဖို့ ကောင်းတယ်... ကိုယ့်သူဌေးမို့ respect ထားပြီးဆက်ဆံတာ ဒါအမှန်ကန်ဆုံး လုပ်သင့်ပါတယ်... နိုင်ငံခြားသားတွေ အများစုက ပြသာနာ တစ်ခုခုဆို သူတို့ကိုယ်တိုင် ဖြေရှင်းတာထက် မြန်မာအချင်းချင်း ရန်ပြန်တိုက်ပေးတတ်တယ်.. ဒါက လုပ်ငန်းအတွေ့ အကြုံအရပါ... ဒီလိုလုပ်တာလည်း သူတို့ရဲ့ management တစ်မျိုးပါ..မြန်မာတွေက ပြောရရင် သူတို့ကို ကြည့်ပြီး အချင်းချင်းစည်းလုံးဖို့ကောင်းတယ်... ကိုယ့်အထက်လူကြီးကို လေးစားမယ် အလုပ်ကြိုးစားမယ် အရာရာကို ကြိုးစားသင်ယူမယ်ဆိုရင် လူငယ်တွေရဲ့ ဘ၀က အမြဲ လုပ်ငန်းခွင် ပျော်အောင်နေတတ်ပြီး အတွေ့အကြုံသစ်တွေရနေမယ်လို့ ယုံကြည်ပါတယ်...

ပိုးပြောတာ ကုမ္ပဏီတိုင်း လုပ်ငန်းခွင်တိုင်းလို့ မဆိုလိုပါဘူး... ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း အတွေ့အကြုံချင်း မတူညီကြလို့ပါ...

nazy
5130

Planet Strong Member
 
30/07/2007
3871 posts
 58.Re: ဒီနေ့  Jan 25, 2008 3:50 PM
poesan wrote:
nazy wrote:
ဒီနေ့..နာ.. rank တစ်ဆင့် တိုးတယ်.. ( လစာတော့မတိုးပါcry)

အစမ်းခန့်ကာလတင်... ရွာပတ်နေတယ်....

အော်..ဘယ်လို.သင်ခန်းစာတွေ လာမလဲမသိသေးဝူး..

လေတယ်..

နာဇီIdeaIdeaIdeaIdea

နှာစီး ဟုတ်ဝူး မှားရို့ နာဂျီ...

ရာထူး တိုးတယ်ဆိုတော့ အလုပ်တာဝန်တွေပိုများလာတာပဲဟ...

ကိုယ့်လက်အောက်ငယ်သားထက် အလုပ်မများရင်တောင်မှ နီမှာ တာဝန်ယူရမယ့် အပိုင်းတွေများလာတာပဲ...

နင်လေချင်တိုင်းလေလို့ မရတော့ဝူးပေါ့ တယ်ရင်းရယ်

တဖြည်းဖြည်းသိလာပါလိမ့်မယ်... နာကတော့ လက်တွေ့...
heeheehee

နင်လေပုံ..လေနည်း..မသိလို့ဖြစ်ပါလိမ့်မယ်ဟာ..

နာကတော့..လေတတ်သွားပြီ... နာ့မှာ..လက်အောက်ငယ်သားတစ်ယောက်နဲ့.

အထက်လူကြီးတစ်ယောက်ပဲရှိတယ်..

rank တူတွေရှိပေမယ့် ၀ါ အရတော့.. ကိုယ့်အောက်ကလူဆိုတာတောင်..

ကိုယ့်အဖေလောက်ဖြစ်နေလို့.. သူပြောတာတောင် နားထောင်နေရတုန်း..

လေတယ်ဟေ့..

နာဇီheeheeheehee
satehtarphyu
6600

Silver Member
 
22/11/2006
111 posts
 59.Re: ဒီနေ့  Feb 05, 2008 11:29 PM
nazy wrote:
poesan wrote:
nazy wrote:
ဒီနေ့..နာ.. rank တစ်ဆင့် တိုးတယ်.. ( လစာတော့မတိုးပါcry)

အစမ်းခန့်ကာလတင်... ရွာပတ်နေတယ်....

အော်..ဘယ်လို.သင်ခန်းစာတွေ လာမလဲမသိသေးဝူး..

လေတယ်..

နာဇီIdeaIdeaIdeaIdea

နှာစီး ဟုတ်ဝူး မှားရို့ နာဂျီ...

ရာထူး တိုးတယ်ဆိုတော့ အလုပ်တာဝန်တွေပိုများလာတာပဲဟ...

ကိုယ့်လက်အောက်ငယ်သားထက် အလုပ်မများရင်တောင်မှ နီမှာ တာဝန်ယူရမယ့် အပိုင်းတွေများလာတာပဲ...

နင်လေချင်တိုင်းလေလို့ မရတော့ဝူးပေါ့ တယ်ရင်းရယ်

တဖြည်းဖြည်းသိလာပါလိမ့်မယ်... နာကတော့ လက်တွေ့...
heeheehee

နင်လေပုံ..လေနည်း..မသိလို့ဖြစ်ပါလိမ့်မယ်ဟာ..

နာကတော့..လေတတ်သွားပြီ... နာ့မှာ..လက်အောက်ငယ်သားတစ်ယောက်နဲ့.

အထက်လူကြီးတစ်ယောက်ပဲရှိတယ်..

rank တူတွေရှိပေမယ့် ၀ါ အရတော့.. ကိုယ့်အောက်ကလူဆိုတာတောင်..

ကိုယ့်အဖေလောက်ဖြစ်နေလို့.. သူပြောတာတောင် နားထောင်နေရတုန်း..

လေတယ်ဟေ့..

နာဇီheeheeheehee
ဟုတ်တယ် ကျွန်တော် လည်း ဒီလိုဖြစ်နေတယ် ကိုယ်နဲ့ ရွယ်တူသူငယ်ချင်းအရင်းခေါက်ခေါ်က်တွေက တစ်ခါတစ်လေ ကိုယ့်အလုပ်ထဲ လာပြီဆိုရင် ကျွန်တော်အလုပ်လုပ်တာ အသက်အရွယ်ကို မကြည့်လို့ ဆိုပြီးပြောခံရတယ် ကျွန်တော့် ဘေးက လူတိုင်းက ကျွန်တော့် အမေ အဖေ အရွယ်တွေချည်းဘဲ အစကတော့ အချိန်ပေးပြီး ဆက်ဆံကြည့်တယ် ဒါပေမဲ့ ...........
whitequeen
4230

Platinum Member
 
29/11/2006
2301 posts
 60.Re: ဒီနေ့  Feb 08, 2008 10:59 AM

ဟုတ်တယ်..အသက်အရွယ်ကအလုပ်ထဲမှာအတော်လေးစကားပြောတာပဲ...white ဆိုရင်လည်း အသက်အမှန်မပြောရဲဘူး.. သန့်ရှင်းရေးဆိုရင် white ထက် 2 နှစ် 3 နှစ်လောက်ကြီးနေတော့.၇ွယ်တူလိုဖြစ်နေတယ်..တခါတခါ သူ့ကိုခိုင်းရမှာတောင် စိတ်ပျက်လာတယ်.. ဘယ်လောက်အလုပ်သဘောအရပဲဆက်ဆံဆက်ဆံ သူကအပေါ်စီးကနေပြန်ရိုက်ချင်နေသေးတယ်..
1 2 3 4 5
Messages Results 41 - 60 of about 160 for seconds milliseconds. (0.281 seconds)
    All forums        Business Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.