Guest. It's 05:10 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Business Forums jump :
  Page : of 7
  
   ပုဂံ-ညောင်ဦး အကြောင်းပြောကြရအောင်ဗျာ
nanncherry

Standard Member
 
05/08/2008
1 posts
 41.ထာဝရ ပုဂံ  Aug 06, 2008 9:14 PM
ကျမက ပုဂံ ညောင်ဦး ကပါ။ ပုဂံ ကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်။ပုဂံရဲ့ညနေဆည်းဆာကို ကြည့်ဖူးသူတိုင်း ကြည်နူးနှစ်သက် လိမ့်မယ်ထင်ပါတယ်။ကျမ တို့ပုဂံမှာ တန်ခိုးကြီးဘုရား တွေ ကိုဖူးမျှော် နိုင်ပါတယ်။ ရောက်ဖူးသူတွေ လည်းနောက်တစ်ခေါက် လာလည်လှည့်ပါ၊ မရောက်ဖူးသေး တဲ့သူတွေ ကိုလာလည်ဘို့ ဖိတ်ခေါ်ပါတယ်။ ကျမ တို့ ပုဂံက ထာဝရ ကြိုဆို လျှက်ပါ။
memesoe

Standard Member
 
05/08/2008
1 posts
 42.လာလည်ဖို့ဖိတ်ခေါ်ပါတယ်  Aug 06, 2008 9:16 PM
ကျမက ပုဂံသူပါ ...

ပုဂံကိုလာလည်ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။မြန်မာမှန်ရင်ပုဂံကိုရောက်ဖူးရမယ်ဆိုတာဟုတ်ပါတယ်ရှင်။များပြားလှတဲ့ ဘုရားတွေဖူးခွင့်ရတာ ကုသိုလ်လည်းရတယ်လေ။ ပြီးတော့ ပျော်စရာလည်းကောင်းတာပေါ့။ကျမကတော့ သူငယ်ချင်းတွေနဲ့လာလည်တာ ပိုပျော်စရာ ကောင်းတယ်ထင်တာပဲ။လာမယ်ဆိုရင်တော့ ဘုရားတွေလျှောက်လည်တဲ့အခါ စက်ဘီးနဲ့
လျှောက်လည်တာပိုကောင်းပါတယ်ရှင်။စက်ဘီးနဲ့ဆိုတော့ ဘုရားမှန်သမျှရောက်တာပေါ့။ ပြီးတော့ စက်ဘီးနင်းရတာပင်ပမ်းလာရင်လဲရောက်တဲ့နေရာမှာ ရပ်ပြီးနားလိုက်ရုံပဲလေ။ အားရင်ဘယ်ကိုခရီးထွက်မလဲစဉ်းစားမယ်ဆိုရင်တော့ ပုဂံကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်ရှင် သြော်-မေ့တော့မလို့ ပုဂံကိုရောက်ရင်နေ၀င်ချိန်ဆည်းဆာ အလှကိုကြည့်ဖို့ မမေ့နဲ့ နော်။် (ဒါပါပဲရှင်) ကြိုဆိုလျှက်ပါနော်......
zawananyu
5293

Standard Member
 
09/07/2008
16 posts
 43.Re: *  Aug 10, 2008 8:36 AM
moekyiphyu wrote:
ပုဂံကို တခါမှမရောက်ဖူးဘူး

ပုဂံကို အရမ်းသွားချင်ပါတယ်
လာခဲ့ပါလားကျွှန်တော်တို ဖိတ်ခေါ်ပါတယ်
zawananyu
5293

Standard Member
 
09/07/2008
16 posts
 44.အလိုတော်ပြည့်ဆုတောင်းပြည်ဘုရားဖြစ်ပေါ်လာပုံ  Aug 12, 2008 10:50 AM
ဦးဇင်း ကတော့ အလိုတော်ပြည့်ကျောင်းကပါ
ပုဂံ-ညောင်ဦး ရောက်လိုရှိရင်အကူညီလိုရင် တည်းခိုဖို့နေရာ အခက် အခဲ ရှိရင်လည်ပြောလိုရပါတယ် ဦးဇင်းတို့ ကျောင်းမှာလည်း တည်းခိုလို့ ရပါတယ် နောင်ပြီး အလိုတော်ပြည့်ဘုရားဖြစ်ပေါ်လာပုံကိုလည်း ဦးဇင်း တင်ဆက်ထားပါတယ်
အလိုတော်ပြည့်ဘုရား ဖြစ်ပေါ်လာပုံ
အာလိုဝ် = အလို၊ အလိုဆန်ဒ။
ပြည့် = ပြည့်စုံခြင်း ၊ အစစအရာရာ ပြည့်စုံခြင်း၊ အောင်မြင်ခြင်း၊ အလုံးစုံအပြီးအစီသို့ ပို့ဆောင်ခြင်း၊
ပေါက်ရောက်ခြင်း၊ ပြီးစီးခြင်း စသော အဓိပ်ပါယ်တို့ကို ဆောင်ပါသည်။
အလိုတော်ပြည့် ဘုရား၏ မူလ ဘုရားဒါယကာမှာ သက်ကရာဇ်(၄၂၆) ခုနှစ်တွင် ပုဂံတွင် မင်းအဖြစ်ကို ရရှိတော်မူသော ကျန်စစ်သားမင်းကြီးပင် ဖြစ်သည်။ ကျန်စစ်သားမင်းကြီးသည် ပုဂံ တွင် မင်းအဖြစ်ကို ရတော်မူပြီး မကြာခင်မှာ အလိုတော်ပြည့်ဘုရားကို တည်ထားသည်ဟု သမိုင်းသုတေသီများက ယူဆကြည်။ တည်ထားရခြင်း အကြောင်းမှာလည်း သူ့ကတိအတိုင်း ဖြစ်သည်။ သူသည် စစ်သူကြီး ဖြစ်စဉ်က အနော်ရထာမင်ကြီး၏ စေခိုင်းချက်အရ စစ်ရေးစစ်ရာ ကိစ်စဖြင့် စစ်သူကြီးများ၊ လူစွမ်းကောင်းများအပါအ၀င် စစ်သည်တော်အမြောက်အမြားနှင့် ပုဂံနန်းမြို့တော်မှ ထွက်ခွာတော်မူလာစဉ် ထိုအလိုတော်ပြည့်ဘုရား တည်ထားသည့်နေရာသို့ ရောက်သော်စိတ်လေးခြင်း၊ မူးဝေထိုင်းမှိုင်းခြင်း၊ စစ်ဖြစ်ရန်မလိုလားခြင်းတို့သည် ကျန်စစ်သား စစ်သူကြီး၏ စိတ်တွင် ဖြစ်ပေါ်လာသည် ဆို၏။ ထို့ကြောင့် အလိုတော်ပြည့်ဘုရားတည်ထားသည့် စေတီနေရာတွင်ပင် ဘုရားရှင်အား အာရုံပြုပြီး သစ်စာအဓိဋ္ဌာန် (၃) ချက်ဖြင့် ဆုတောင်းခဲ့ကြောင်း သိရပေသည်။
သစ်စာအဓိဋ္ဌာန် (၃) ချက်မှာ
(၁) ယခု စစ်ချီလာသော စစ်ပွဲ ပုဂံစစ်သည်များ စစ်ချီတက်လာပြီဟု သီတင်စကား ကြားရုံမျှဖြင့် အောင်နိုင်သော စစ်ဖြစ်ရန်၊
(၂) ခမည်းတော်နတ်ရွာစံက ခမည်းတော်၏ အရိုက်ရာကို ခံယူနှိင်သော ရွှေထီးဆောင်း မင်တစ်ပါးဖြစ်ရန်၊
(၃) သာသနာပြုပုဂ်ဂိုလ်ထူးဖြစ်ရန် အဓိဋ္ဌာန်(၃) ချက်ဖြင့် ဆုတောင်းခဲ့ရာ မိမိအလိုဆန်ဒ ပြည့်ဝသဖြင့် ပုဂံသာသနာပြု ဒီဃဒတ်သီ အရှင်အရဟံနှင့် တိုင်ပင်ပြီး ထိုနေရာလေးတွင် လောကီလူသားများ အကျိုးရှိရန်အတွက် မိမိအလိုဆန်ဒပြည့်ဝသကဲ့သို့ တိုင်းသူပြည်သား လူအများ ပြည့်ဝစေရန် အဓိဋ္ဌာန် ၃- ချက်နှင့်အညီ အာလိုဝ်ပြည့် ဂူဘုရားကို အေဒီ ၁၁ ရာစုနှစ်များတွင် တည်ထားကိုကွယ်ခဲ့ပါသည်။
အထက်ပါအတိုင်း သစ်စာအဓိဋ္ဌာန်(၃) ချက်ပြုပြီးဆုတောင်းခဲ့ကြောင်း၊ တောင်သည့်ဆု (၃)ချက်လုံး အကုန်ပြည့်စုံပါက ထိုနေရာတွင် ဘုရားတစ်ဆူ တည်ထားကိုးကွယ်ပါမည်ဟုလည်း ၀န်ခံကတိပြုခဲ့ကြောင် သိရပေသည်။ နောင်အခါ အလိုဆန်ဒ အားလုံးပြည့်ပြည့်ခဲ့ပြီး ကျန်စစ်သားမင်းကြီးသည် သူဝန်ခံကတိပြုခဲ့သည့်အတိုင်း ပုဂံတွင် မင်းအဖြစ်ကို ရပြီးမကြာခင်မှာ ထိုအလိုတော်ပြည့်ဘုရားကို တည်ထား ကိုးကွယ်ခဲ့ကြောင်း ယူဆကြသည်။

သင်ကြီး ငါတုတ်သင် ပြုပြင်ခဲ့
ဘုရားလိုဏ်ဂူ၏ ပုံမှာ အမိုးစောင်းပြာသာဒ် ပုံတော်ဖြစ်ပြီး လိုဏ်ဂူ နံရံ အတွင်းရှိ ရှေးဟောင်းလက်ရာပန်ချီ မင်စာများ ၊ ဂေါတမမြတ်စွာဘုရား သုတ်တန်တရား ဒေသနာတော် ဟောကြားတော်မူနေပုံများ နှင့် လိုဏ်ဂူတစ်ခုလုံးတွင် သုတ်တန်ဒေသနာပေါင်း (၁၀၀) ကျော်တို့ကို ရှေးနှစ်ပေါင်း အေဒီ(၁၁) ရာစုခန့်က ပုဂံဆေး၊ ပုဂံအလှ၊ ပုဂံလက်ရာ မင်စာများဖြင့် ရေးမှတ်ထားခဲ့ကြ သည်တို့ကို ယနေ့တိုင် အထင်အရှား တွေ့မြင်နေရပါသည်။ ဂန်ဓကုဋီတိုက်အ၀င် နံရံတွင် မင်စာဖြင့် ရေးထိုးထားသော စာကြောင်း(၁၆) ကြောင်းပါရှိရာ ထိုစာကြောင်း(၁၆) ကြောင်းတို့ကို ရှေးဟောင်းသုတေသနမှ ကျွမ်းကျင်သော သမိုင်းသုတေသီပညာရှင်များက အောက်ပါကဲ့သို့ ပြန်ဆိုပေးပါသည်။
သင်ကြီး (ဘုန်းကြီး) ငါတုတ်သင်က အာလိုဝ်ပြည့်မည်သော ဂူဘုရားနှင့် စဉ်ပုထိုးတော် အား ကောဇာသက်ကရာဇ် ၅၅၆ -ခုနှစ်၊ နယုန်လဆန်း (၁၁) ရက် နေ့တွင် ပြုပြင် ပြီးစီး ပါကြောင်း ဟုပြန်ဆိုပေးပါသည်။ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည်မှ နောင်နှစ်ပေါင်း (၁၀၀) ကျော် ကြာလာသောအခါ ရာသီဥတုဒဏ် ၊ ငလျင်ဒဏ် စသည်တို့ကြောင့် အနည်းငယ် ပျက်စီးခဲ့ရသည်ဟုယူဆနိုင်သည်။
ထိုအနည်းငယ် ပျက်စီးခဲ့သော အပျက် အစီတို့ကို ဘုန်ကြီး ငါတုတ်သင်အမည်ရှိ ရဟန်းတော်တစ်ပါးက ပြုပြင်ခဲ့ကြောင်း ဂန်ဓကုဋီတိုက်အ၀င် မင်စာဖြင့် ရေးထိုးထားသောစာကြောင်း (၁၆) ကြောင်းအရ အခိုင်အမာ သိရှိရပေသည်။ ထိုဘုန်ကြီး ငါတုတ်သင် ပြုပြင်ပြီး နောက်ပိုင်းတွင်းလည်း ယခုကဲ့သို့အလိုပြည့်လိုသူများ ဆုတောင်း အဓိဋ္ဌာန် ပြုပြီး ပြည့်ခဲ့ကြောင်း ပြောစမှတ်ပြုကြသးည်။
ဘုရား၏ ပုံစံမှာ တစ်ဝဂူ ပုစံမျိုးဖြစ်ပြီး ဂူအတွင်းထဲတွင် သုတ်တန်ဒေသနာ မင်စာများ နှင့် ဘုရားပုံတော်မုဒြာပန်ချီကားများကို တွေ့ရှိရပါသည်။ ဘုရားစေတီ အပေါ် ဆင့်သို့တက်ရန် ကြောင်လိမ်လေကားနှင့် အရံစေတီငယ်များ တွေ့ရှိဖူးမြင်ရပါသည်။ ထိုဘုရားသည် ပုဂံခေတ်နောက်ပိုင်းမှ ပျောက်ကွယ်ပြီး သာမန်မထင်မရှား ဘုရားတစ်ဆူကဲ့သို့ ရှိခဲ့သည်။ အင်းဝခေတ် ဘုန်းတော်ကြီး ငါတုတ်သင် ပြန်လည်မွမ်း ပြုပြင်ခဲ့သည် ဟုဆိုသည်။
ထိုသို့ မထင်မရှား ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေသည့် နေရာကို တွေ့ရှိရသော ပါကစ်စတန်ဆရာတော် (ယခုအလိုတော်ပြည့်ဆရာတော်)သည် ဘုရားလိုဏ်ဂူအတွင်းသို့ ၀င်ပြီး ပုတီးစိပ်ခြင်း၊ မေတ်တာပို့ခြင်း ၊ သမထ၀ိပတ်သနာ ဘာဝနာတရားများ အားထုတ်ခြင်းဖြင့် ခုနစ်နှစ်တိုင်တိုင် အဓဋ္ဌာန်ဝင်ပြီး ကြည်ညိုပူဇော်ခဲ့လေသည်။
ဆရာတော်၏ ထူးဆန်သောအိပ်မက်
ထိုအဓိဋ္ဌာန် (၇) နှစ် ပြည့်ပြီးသည့်နောက် ၁၃၅၄-ခု၊ တန်ဆောင်မုန်းလပြည့် ကျော်(၂)ရက်နေ့ ညတွင် ထိုဘုရားကို ဖော်ထုတ်ပြီးပြုပြင်မွမ်းမံရန် လူသူတော်စင်တစ်ဦးက သုံးကြိမ်တိုင်တိုင် အိပ်မက်ပေးပြီး ဆရာတော်အား နှိုးဆော် လျှောက်ထားသမှု ပြုလာပါသည်။
ဖော်ထုတ်ချိန်
၁၂၅၄-ခု၊ နတ်တော်လပြည့်နေ့  အိမ်မက်အရ သစ်သီး ၅၀၀၀၊ ပန်း ၅၀၀၀၊ဆီမီး ၅၀၀၀၊ဆွမ်း ၅၀၀၀၊ရေချမ်း ၅၀၀၀၊တို့ ဖြင့်လှူတန်းပူဇော်ပြီး ထီးဖြူတော် ၂၄ လက်ဖြင့် အနေကဇာတင်ပွဲနှင့် ထီးဖြူတော်ဖွင့် မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ပါသည်။
ဦးဇ၀န အလိုတော်ပြည့်ကျောင်း ပုဂံ-ညောင်ဦး
mamange

Standard Member
 
13/08/2008
1 posts
 45.Re: ကား မြင်းလှည်း စက်ဘီး ဖြင့်ပုဂံခရီးစဉ်ဈေးနှုန်းများ  Aug 15, 2008 2:25 PM
zinkoko wrote:
ပုဂံဘူတာသို့ရောက်ရှိလာသောရထားခရီးသည်များသည် မိမိတည်းခိုလိုသောတည်းခိုနေရာများသို့ အလွယ်တကူသွားနိုင်ရန်ညောင်ဦးမြို့တွင်းသို့ရောက်ရှိမည့်မြို့တွင်းလိုင်းဆိုသည့်ကား ၃စီး ၄စီးခန့်ရှိပါသည်။ ထို့အပြင်ဘူတာထဲတွင် ၆ယောက် ၇ယောက် ခန့်စီးနိုင်သော Sunny Pick up Taxi အများအပြားဌားရန်းနိုင်ပါသည်။ လေယာဉ်ဖြင့်လာရောက်သောခရီးသည်များအတွက် လေယာဉ်ကွင်းထဲတွင် Saloon ကား Taxi အများအပြားရှိပါသည်။ လေယာဉ်ကွင်းမှပုဂံမြို့ဟောင်းအတွင်း Hotel တစ်ခုခုသို့သွားလိုလျှင် ကျပ်၆၅၀၀ခန့်ရှိပါသည်။ ယခုလက်ရှိ ဓာတ်ဆီ၊ဒီဇယ်ဈေးအများအရ ပုဂံညောင်ဦးမြို့ပေါ်ရှိTaxi ဌားရန်းခများမှာ-------------------
Saloon Taxi (air con)= ၃၂၀၀၀ကျပ် (တစ်နေ့တာပုဂံညောင်ဦးမြို့တွင်း (Sightsee ဈေးနှုန်း)
Sunny Pick up Taxi = ၃၂၀၀၀ကျပ် (Full day sighstee)
Custom (air Con) = ၄၂၀၀၀ကျပ် (Full day Sightsee)
၂၄ ယောက်စီးကား(air con) =၈၇၀၀၀ (Full day Sightsee)
၂၉ ယောက်စီးကား(air con) =၉၇၀၀၀ (Full day Sightsee)
၄၅ ယောက်စီးကား(air con) =၁၃၀၀၀၀ (Full day Sightsee)
Saloon Taxi =၄၅၀၀၀ (Bagan –Popa- Bagan)
Sunny Pickup Taxi =၄၅၀၀၀ (Bagan – Popa – Bagan)
စွယ်တော်လေးစူ ဘုရားဘူး လိုသူများ အတွက် တန့်ကြည်တောင်ဘုရားဘက်သို့ သွားရန် စက်လှေခ (၁၀၀၀၀) နှင့် တန်.ကြည်.တောင်ပေါ်သို့ ကားဖြင့်တက်လျှင် ဂျစ်ကား (၁၅၀၀၀) ကျပ်နှုန်း နှင့် Toyota ဟိုင်းလက်ကား (၂၀၀၀၀) ကျပ် နှုန်းခန့်ရှိပါသည်။
မိမိ ကိုယ်ပိုင်ကား ဖြင့် လာသော ခရီးသွားများကမှု ဇက်ဖြင့် တစ်ဖက်ကမ်း သို့ကူးနိုင် ပါသည်။
ပုဂံ -ညောင်ဦးမြို့တွင် Taxi service လုပ်နေသော car Rental အချို့၏ ဖုန်းနံပါတ်များ ကိုဖော်ပြပေးလိုက် ပါသည်။
Zaw ခရီးသွားလုပ်ငန်း =၀၆၁- ၆၀၃၇၄ /၀၆၁ -၆၀၃၇၂
ကိုချစ်ကောင်း = ၀၉၂၀၄၂၃၁၁ / ၀၆၁ -၆၀၁၅၈
New life ခရီးသွား လုပ်ငန်း =၀၆၁ -၆၀၆၄၆

ကျေးဇူးတင်တယ်နော်
sueekhatnwe
5462

Standard Member
 
26/07/2008
3 posts
 46.လောကနန်ဒါ  Aug 16, 2008 1:43 PM
လောကနန်ဒါ

စွယ်တော်လေးဆူ အတွင်းတစ်ဆူ အပါအ၀င်ဖြစ် ပြီး အနော်ရထာမင်းကြီးဧ။် တတိယမြောက် စွယ်တော်တစ်ဆူလည်းဖြစ်ပါသည်။ ပျူခောတ်လက်ရာဖြစ်ပြီး ပြည်မြို့ရှိဘောဘောကြီး ဘုရား နှင့် လည်းတူညီ ပါသည်။ ဧရာဝတီမြစ်ဧ။် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ပုဂံခောတ်တွင်လှေ၊ သဘောင်္များဆိပ်ကမ်း အဖြစ်အသုံးပြု ကြသည်။ ဘုရားအရှေ့ဘက်တွင် သစ်ကနက်ပင် များ နှင့် ငါးကန်ရှိပါသည်။ ငါးကန်အတွင်းရှိ လိပ်များမှာ ကြယ်လိပ် များဖြစ်ကြသည်။ မဥူသက နတ်ပန်းများ လည်းပေါက်လျှက်ရှိပါသည်။ ဘုရားဧ။်အနောက်ဘက် ကိုလှမ်းမျှော်ကြည့်လျှင် တန့်ကြည်တောင်စွယ်တော် မြတ် ၊ကျွန်ချောင်း သဘာဝ ဓာတ်မြေသြဇာ စက်ရုံ နှင့် ညနေ နေ၀င်ဆည်းဆာများကို လည်းတွေ့မြင်နိုင်ပါသည်။ နှစ်စဉ် ၀ါခေါင် လဆန်း ( ၈ )ရက် နေ့တွင် ဘုရားပွဲတော်ကိုကျင်းပလေ့ရှိသည်။ လောကနန်ဒါ စွယ်တော်မြတ်ကိုလာရောက် ဖူးမြှော် သူတိုင်း ရာဇ၀င်တွင်ကျန်နေသော ဇီးကွက်စိန်ဧ။်ကျောက်တိုင်ကိုလည်းတွေ့မြင်နိုင်ပါသည်။
ဇီးကွက်စိန်ဧ။်အရပ်မှာ ၆ ပေ နှင့် ၁၀ လက်မ ရှိသည်ဟုလည်းသိရှိရပါသည်။လောကနန်ဒါ ဘုရားမှ ညနေ နေ၀င်ဆည်းဆာဧ။် လှပမှုများကိုလှမ်းမျှော်ကြည့်နိုင်သလို ငါးများကို အစာကျွေးခြင်းဖြင့်လည်းကုသိုလ်ယူနိုင်ပါကြောင်းပြောပြရင်းနိဂုန်းချုပ်ပါသည်။
sueekhatnwe
5462

Standard Member
 
26/07/2008
3 posts
 47.လောကနန်ဒါ  Aug 16, 2008 1:48 PM

inntharlay
5538

Standard Member
 
24/08/2008
1 posts
 48.Re: လာလည်ဖို့ဖိတ်ခေါ်ပါတယ်  Aug 24, 2008 2:30 PM
memesoe wrote:
ကျမက ပုဂံသူပါ ...

ပုဂံကိုလာလည်ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။မြန်မာမှန်ရင်ပုဂံကိုရောက်ဖူးရမယ်ဆိုတာဟုတ်ပါတယ်ရှင်။များပြားလှတဲ့ ဘုရားတွေဖူးခွင့်ရတာ ကုသိုလ်လည်းရတယ်လေ။ ပြီးတော့ ပျော်စရာလည်းကောင်းတာပေါ့။ကျမကတော့ သူငယ်ချင်းတွေနဲ့လာလည်တာ ပိုပျော်စရာ ကောင်းတယ်ထင်တာပဲ။လာမယ်ဆိုရင်တော့ ဘုရားတွေလျှောက်လည်တဲ့အခါ စက်ဘီးနဲ့
လျှောက်လည်တာပိုကောင်းပါတယ်ရှင်။စက်ဘီးနဲ့ဆိုတော့ ဘုရားမှန်သမျှရောက်တာပေါ့။ ပြီးတော့ စက်ဘီးနင်းရတာပင်ပမ်းလာရင်လဲရောက်တဲ့နေရာမှာ ရပ်ပြီးနားလိုက်ရုံပဲလေ။ အားရင်ဘယ်ကိုခရီးထွက်မလဲစဉ်းစားမယ်ဆိုရင်တော့ ပုဂံကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်ရှင် သြော်-မေ့တော့မလို့ ပုဂံကိုရောက်ရင်နေ၀င်ချိန်ဆည်းဆာ အလှကိုကြည့်ဖို့ မမေ့နဲ့ နော်။် (ဒါပါပဲရှင်) ကြိုဆိုလျှက်ပါနော်......

ကျွန်တော်ကအင်းလေးကပါ ပုဂံကိုလာလည်ချင်ပါတယ်၊ ပုဂံနဲ့အင်းလေးကဆက်စပ်နေတာပါ၊ အင်းလေးမှာကစက်ဘီးစီးလို့မရဘူးလေ၊ပုဂံကိုလာလည်ပြီးတော့စက်ဘီးစီးပြီးတော့လျှောက်လည်ချင်ပါတယ်၊ ပြီးတော့နေ၀င်ဆည်းဆာကိုကြည့်ရင်း လွမ်းမောစရာလေးတွေကို ခံစားချင်ပါတယ်၊ ဒါပဲနော်...........
ဒို့လာရင်အကူအညီပေးအုံးနော် ဒို့Email က inntharlay123@gmail.com ကိုဆက်သွယ်လိုက်ပါ
NwayOoKo
724

Silver Member
 
20/10/2006
432 posts
 49.Re: ကား မြင်းလှည်း စက်ဘီး ဖြင့်ပုဂံခရီးစဉ်ဈေးနှုန်းများ  Aug 26, 2008 6:47 PM
zinkoko wrote:
ပုဂံဘူတာသို့ရောက်ရှိလာသောရထားခရီးသည်များသည် မိမိတည်းခိုလိုသောတည်းခိုနေရာများသို့ အလွယ်တကူသွားနိုင်ရန်ညောင်ဦးမြို့တွင်းသို့ရောက်ရှိမည့်မြို့တွင်းလိုင်းဆိုသည့်ကား ၃စီး ၄စီးခန့်ရှိပါသည်။ ထို့အပြင်ဘူတာထဲတွင် ၆ယောက် ၇ယောက် ခန့်စီးနိုင်သော Sunny Pick up Taxi အများအပြားဌားရန်းနိုင်ပါသည်။ လေယာဉ်ဖြင့်လာရောက်သောခရီးသည်များအတွက် လေယာဉ်ကွင်းထဲတွင် Saloon ကား Taxi အများအပြားရှိပါသည်။ လေယာဉ်ကွင်းမှပုဂံမြို့ဟောင်းအတွင်း Hotel တစ်ခုခုသို့သွားလိုလျှင် ကျပ်၆၅၀၀ခန့်ရှိပါသည်။ ယခုလက်ရှိ ဓာတ်ဆီ၊ဒီဇယ်ဈေးအများအရ ပုဂံညောင်ဦးမြို့ပေါ်ရှိTaxi ဌားရန်းခများမှာ-------------------
Saloon Taxi (air con)= ၃၂၀၀၀ကျပ် (တစ်နေ့တာပုဂံညောင်ဦးမြို့တွင်း (Sightsee ဈေးနှုန်း)
...........................
Saloon Taxi =၄၅၀၀၀ (Bagan –Popa- Bagan)
Sunny Pickup Taxi =၄၅၀၀၀ (Bagan – Popa – Bagan)
စွယ်တော်လေးစူ ဘုရားဘူး လိုသူများ အတွက် တန့်ကြည်တောင်ဘုရားဘက်သို့ သွားရန် စက်လှေခ (၁၀၀၀၀) နှင့် တန်.ကြည်.တောင်ပေါ်သို့ ကားဖြင့်တက်လျှင် ဂျစ်ကား (၁၅၀၀၀) ကျပ်နှုန်း နှင့် Toyota ဟိုင်းလက်ကား (၂၀၀၀၀) ကျပ် နှုန်းခန့်ရှိပါသည်။
မိမိ ကိုယ်ပိုင်ကား ဖြင့် လာသော ခရီးသွားများကမှု ဇက်ဖြင့် တစ်ဖက်ကမ်း သို့ကူးနိုင် ပါသည်။

မေးကြည့်ဦးမယ်ဗျာ။
တက္ကစီကားတွေက ဆီထည့်ပေးရမှာလား၊ အားလုံး ပါပြီးသားလား။
စွယ်တော်လေးဆူအချိန်မှီ ဖူးလို့ရအောင်လုပ်ပေးတဲ့ ၀န်ဆောင်မှုရော သက်သက်ရှိလားဗျာ။

.............................

ကိုယ်တွေ့ကြုံတာလေး တခုတော့ ပြောဦးမယ်။ ၁၉၉၉ လောက်က ပုဂံကို ရောက်ပါတယ်။ အေးအေးဆေးဆေး မြင်းလှည်းလေးနဲ့လည်ဖို့ ရွှေစည်းခုံ ဂိတ်နားမှာ ကိုယ်တိုင်သွား ငှားပါတယ်။ မြင်းလှည်းတွေ အများကြီးရှိတဲ့အထဲက ဆိုဖာထိုင်ခုံ သပ်သပ်ရပ်ရပ်လေးနဲ့ ပြင်ထားတဲ့ လှည်းကို နောက်နေ့အတွက် နေ့ပြတ်ငှားလိုက်ပါတယ်။ နောက်နေ့ ချိန်းထားတဲ့ အချိန်မှာ ဆိုဖာအသစ်ကို ခပ်ဟောင်းဟောင်းတခုနဲ့ ချိန်းထားပြီး ကိုရွှေမြင်းလှည်း ကရောက်လာပါတယ်။ စိတ်ထဲမှာ တော်တော်အနှောင့်အယှက်ဖြစ်ပါတယ်။ အစကတည်းက သူ့မြင်းလှည်းကို သပ်သပ်ရပ်ရပ်မို့ ငှားတာပါ။ အဲလို ပေတီးပေစုတ် ပုံစံဆို မငှားပါဘူး။ အဖွားလဲ ပါတော့ အကုသိုလ်မများချင်ဘူးဆိုပြီး လစ်လျူရှုလိုက်ရပါတယ်။ မြင်းလှည်းစီးတဲ့ အမှတ်တရ ဆိုပြီးတော့တောင် ဓာတ်ပုံမရိုက်ဖြစ်တော့ပါဘူး။

နိုင်ငံခြားသားမှ အဲလို ဆိုဖာအသစ်နဲ့ စီးရမှာလားဗျာ။ ပိုက်ဆံကြောင့်ဆိုရင်လည်း ကြိုပြောလို့ရပါတယ်၊ အပြင်အဆင် သန့်သန့်လေးနဲ့ဆို တဈေး၊ ရိုးရိုးဆိုတဈေး ယူလို့ရပါတယ်။ နိုင်ငံခြားသားပေးတဲ့ဈေးနဲ့ တန်းတူလိုက်ပေးပြီးစီးလို့ရပါတယ်။ ၀န်ဆောင်မှုကို အဲလို ခွဲခြားခွဲခြားလုပ်နေသ၍ တိုးတက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဘုရားဖူးတွေများလို့ ဒီလိုလူမျိုးတွေ ထမင်းမငတ်ပေမယ့်၊ ပုဂံခရီးသွားလုပ်ငန်းတွေရဲ့ ၀န်ဆောင်မှု အရည်အသွေးကျဆင်းတယ်လို့ မှတ်ထင်မိပါတယ်။ နွေဦးကိုအနေနဲ့တော့ နောက်ပိုင်း ပုဂံကိုရောက်ရင် ဆိုင်ကယ်နဲ့ပဲ ဘုရားဖူးထွက်ဖြစ်ပါတယ်။ မြင်းလှည်း မစီးတော့ပါဘူး။

ဝန်ဆောင်မှုရဲ့သဘောကို ပုဂံသားအချို့ နားလည်အောင်လုပ်ဖို့ လိုဦးမယ်လို့ထင်ပါတယ်။ မြန်မာပြည်ရဲ့ နှလုံးသည်းပွတ် ပုဂံမြေမှာ ရုပ်ပစ္စည်းပိုင်းတင်မကပဲ၊ စိတ်ဓာတ်ခံယူချက်အပိုင်းကပါ လှပတင့်တယ်စေချင်ပါတယ်၊ နွေဦးကိုက ပုဂံချစ်သူ တယောက်မို့ပါ။

NwayOoKo
724

Silver Member
 
20/10/2006
432 posts
 50.Re: ကား မြင်းလှည်း စက်ဘီး ဖြင့်ပုဂံခရီးစဉ်ဈေးနှုန်းများ  Aug 26, 2008 6:55 PM
zinkoko wrote:
ပုဂံညောင်ဦးမြို့ပေါ်ရှိTaxi ဌားရန်းခများမှာ-------------------
Saloon Taxi (air con)= ၃၂၀၀၀ကျပ် (တစ်နေ့တာပုဂံညောင်ဦးမြို့တွင်း (Sightsee ဈေးနှုန်း)
Sunny Pick up Taxi = ၃၂၀၀၀ကျပ် (Full day sighstee)
............
Sunny Pickup Taxi =၄၅၀၀၀ (Bagan – Popa – Bagan)

မေးကြည့်ဦးမယ်ဗျာ။
တက္ကစီကားတွေက ဆီထည့်ပေးရမှာလား၊ အားလုံး ပါပြီးသားလား။ အဲကွန်းကရော တကယ်ဖွင့်ထားပေးတာလား၊ တချို့ ခရီးသည်တင်လိုင်းတွေလို စထွက်ခါစ ၁ နာရီလောက်ဖွင့်ပေးပြီး နောက်ပိုင်း Window Air con သုံးရမှာလား။ နိုင်ငံခြားသားရော၊ ပြည်တွင်းခရီးသွားပါ တဈေးထဲယူပါသလား၊ ၀န်ဆောင်မှုရော တန်းတူပေးပါလားခင်ဗျာ၊ ( ဘာလို့ အဲလိုမေးရတာလဲဆိုတာကိုတော့ အောက်မှာ သက်သက်ရေးထားတဲ့ ကိုယ်တွေ့ အတွေ့အကြုံလေးကြောင့်မို့ပါ၊ စိတ်တော့ မရှိပါနဲ့။)

တရက်တာ လည်ပတ်မှုမှာ ပါဝင်တဲ့ ဘုရား၊ နေရာတွေ စာရင်းကို ပြောပြပေးပါလား။ တုရင်တောင်ဘက်ကို သွားချင်ရင် သက်သက်ပိုက်ဆံပိုပေးရမလားခင်ဗျာ။
စွယ်တော်လေးဆူအချိန်မှီ ဖူးလို့ရအောင်လုပ်ပေးတဲ့ ၀န်ဆောင်မှုရော သက်သက်ရှိလားဗျာ။

.............................

ကိုယ်တွေ့ကြုံတာလေး တခုတော့ ပြောဦးမယ်။ ၁၉၉၉ လောက်က ပုဂံကို ရောက်ပါတယ်။ အေးအေးဆေးဆေး မြင်းလှည်းလေးနဲ့လည်ဖို့ ရွှေစည်းခုံ ဂိတ်နားမှာ ကိုယ်တိုင်သွား ငှားပါတယ်။ မြင်းလှည်းတွေ အများကြီးရှိတဲ့အထဲက ဆိုဖာထိုင်ခုံ သပ်သပ်ရပ်ရပ်လေးနဲ့ ပြင်ထားတဲ့ လှည်းကို နောက်နေ့အတွက် နေ့ပြတ်ငှားလိုက်ပါတယ်။ နောက်နေ့ ချိန်းထားတဲ့ အချိန်မှာ ဆိုဖာအသစ်ကို ခပ်ဟောင်းဟောင်းတခုနဲ့ ချိန်းထားပြီး ကိုရွှေမြင်းလှည်း ကရောက်လာပါတယ်။ စိတ်ထဲမှာ တော်တော်အနှောင့်အယှက်ဖြစ်ပါတယ်။ အစကတည်းက သူ့မြင်းလှည်းကို သပ်သပ်ရပ်ရပ်မို့ ငှားတာပါ။ အဲလို ပေတီးပေစုတ် ပုံစံဆို မငှားပါဘူး။ အဖွားလဲ ပါတော့ အကုသိုလ်မများချင်ဘူးဆိုပြီး လစ်လျူရှုလိုက်ရပါတယ်။ မြင်းလှည်းစီးတဲ့ အမှတ်တရ ဆိုပြီးတော့တောင် ဓာတ်ပုံမရိုက်ဖြစ်တော့ပါဘူး။

နိုင်ငံခြားသားမှ အဲလို ဆိုဖာအသစ်နဲ့ စီးရမှာလားဗျာ။ ပိုက်ဆံကြောင့်ဆိုရင်လည်း ကြိုပြောလို့ရပါတယ်၊ အပြင်အဆင် သန့်သန့်လေးနဲ့ဆို တဈေး၊ ရိုးရိုးဆိုတဈေး ယူလို့ရပါတယ်။ နိုင်ငံခြားသားပေးတဲ့ဈေးနဲ့ တန်းတူလိုက်ပေးပြီးစီးလို့ရပါတယ်။ ၀န်ဆောင်မှုကို အဲလို ခွဲခြားခွဲခြားလုပ်နေသ၍ တိုးတက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဘုရားဖူးတွေများလို့ ဒီလိုလူမျိုးတွေ ထမင်းမငတ်ပေမယ့်၊ ပုဂံခရီးသွားလုပ်ငန်းတွေရဲ့ ၀န်ဆောင်မှု အရည်အသွေးကျဆင်းတယ်လို့ မှတ်ထင်မိပါတယ်။ နွေဦးကိုအနေနဲ့တော့ နောက်ပိုင်း ပုဂံကိုရောက်ရင် ဆိုင်ကယ်နဲ့ပဲ ဘုရားဖူးထွက်ဖြစ်ပါတယ်။ မြင်းလှည်း မစီးတော့ပါဘူး။

ဝန်ဆောင်မှုရဲ့သဘောကို ပုဂံသားအချို့ နားလည်အောင်လုပ်ဖို့ လိုဦးမယ်လို့ထင်ပါတယ်။ မြန်မာပြည်ရဲ့ နှလုံးသည်းပွတ် ပုဂံမြေမှာ ရုပ်ပစ္စည်းပိုင်းတင်မကပဲ၊ စိတ်ဓာတ်ခံယူချက်အပိုင်းကပါ လှပတင့်တယ်စေချင်ပါတယ်၊ နွေဦးကိုက ပုဂံချစ်သူ တယောက်မို့ပါ။
zawananyu
5293

Standard Member
 
09/07/2008
16 posts
 51.်ပုဂံအကြောင်း  Sep 01, 2008 11:28 PM
ပုဂံကို အေဒီ (၁၀၇)တွင် သမုဒ္ဒရာဇ်မင်းကရွာပေါင်း (၁၉) ရွာကိုစုစည်းပြီး ယုန်လွှတ်ကျွှန်းအရပ်၌ စတင်တည်ထောင်ခဲ့သည်။ ပုဂံမင်းဆက်မြောက်သေလည်ကြောင်မင်း (အေဒီ ၃၄၄-၃၈၇)လက်ထက်တွင်မြို့တော်ကိုသိရိပစ္စယာကျောက်စကားအရပ်သို့
ရွှေပြောင်းခဲ့သည်။ ပုဂံမင်းဆက် ဆစ်ဆယ့်နှစ်ဆက်မြောက်သိုက်တိုက်မင်း (အေဒီ ၅၁၆-၅၂၃)လက်ထက်တွင်မြိုတော်ကို တမ္ပ၀တီ (ယခုဖွားစောရွာ) အရပ်သို့ထပ်မံရွှေပြောင်ခဲ့သည် ပုဂံမင်းဆက်သုံးဆယ့်လေးဆက်မြေက် ပျဉ်ပြားမင်း(အေဒီ ၈၄၆-၈၇၈)လက်ထက (်အေဒီ ၈၄၉ )တွင်ယခုလက်ရှိနေရာတွင် မြို့ရိုးနှင့်ကျုံးတို့ပါဝင်သောမြို့တော်ကိုတည်ဆောက်ခဲ့
သည်။ မြန်မာရာဇ၀င်းများအရ သမုဒ္ဒရာဇ်မင်းမှ စတင်၍ စောမွန် နစ်မင်းအထိ ပုဂံမင်း(၅၅) ဆက်ပြတိုထားသော်လည်း ပုဂံသမိုင်း သည်အနောရထာမင်း (အေဒီ ၁၀၄၄-၇၇) လက် ထက်မှ ခိုင်မာစွာစတင်သည်။
tmhlly

Standard Member
 
02/09/2008
1 posts
 52.ပုဂံ  Sep 02, 2008 10:17 AM
ကျွန်တော်လည်းပုဂံကိုချစ်တယ်.
zawananyu
5293

Standard Member
 
09/07/2008
16 posts
 53.မြင်မာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံ အကြောင်း........  Sep 02, 2008 10:51 AM
ပုဂံ ထွန်းကားစည်ပင်ခဲ့ခြင် အကြောင်း

အနော်ရထာလက်ထက်မှစတင်၍ ပုဂံသည်နှစ် ပေါင် (၂၅၀) တိုင်ထွန်းကားစည်ပင်ခဲ့ပြီး အေဒီ (၁၂၈၇) တွင် ပုဂံကို မွန်ဂိုတို့ ၀င်ရောက်တိုက်ခိုက်ပြီးသည် နောက်ပိုင်း ပုဂံ၏ တန်ခိုးသြဇာတဖြည်းဖြည် ကျဆင်းလာသည်နှင် အတူ ပုဂံသည်မင်းနေပြည်တော်အဖြစ်မှ ရွှေ့လေတာခဲ့ရသည်။
အနော်ရထာမင်းလက်ထက်တွင် သထုံမှ ရှင်အရဟံသည် ပုဂံသို့ကြွလာ၍ ထေရ၀ါဒဗုဒ္ဓ္ဓသာသနာကို စတင်အုတ်မြစ်ချပေးခဲ့သည် ရှင်အရဟံ၏သာသနာပြုမှုကြောင့် ပုဂံမင်း အနော် ရထာနှင့်ပြည်သူတို့သည် ထေရ၀ါဒဗုဒ္ဓသာသနာကိုသက်ဝင်ယုံကြည်လာခဲ့သည်။
အနော်ရထားမင်းလက်ထက်တွင်သထုံမှပိဋကတ်သုံးပုံကိုရရှိပြီးနောက် ပုဂံတွင်သာသနာသုံး ရပ် ထွန်းကားပြန်းပွားလာကာ သာသနာရောင်ဝါနေသို့လင်းလာခဲ့သည်။ ပုဂံမင်းနှင့်မှူးမတ် ပြည်သူတိုသည် ထေရ၀ါဒဗုဒ္ဓသာသနာအဓွန့်ရှည်တည်တံ့အောင် သာသနိက အဆောက်အအုံမျာတည်ဆောက်ခဲ့ကြရာစတုရန်မိုင် (၃၀) ကျယ်ဝန်းသော ပုဂံဒေသတ၀ိုက် စေတီ၊ဂူ၊ကျောင်း၊သိမ်၊ဥမင်၊ပြာသာဒ်များမြောက်များစွာပေါ်ထွန်လာခဲ့သည် ပုဂံဒေသရှိ ရှေးဟောင်သာသနိကအဆောက်အအုံများကိုအမျိုးအစားခွဲခြားပါက (၁) စေတီ၊ (၂)ဂူဘုရား၊
(၃)အုတ်ကျောင်း၊(၄)ဥမင်၊(၅)ပိဋကတ်တိုက်(၆)သိမ်(၇)ပြာဒ်စသည်ဖြင့်ခွဲခြားနိုင်သည်။

lionnge

Standard Member
 
13/06/2008
12 posts
 54.Hello  Sep 02, 2008 5:00 PM
Dear all,
Chit Yin Htoo

Standard Member
 
04/09/2008
1 posts
 55.ပုဂံကိုဖိတ်ခေါ်တဲ့အတွက်ကျေးဇူးတင်ပါတယ်  Sep 04, 2008 10:15 AM
မောရှမ်းမြေတောင်ကြီးကိုလည်းလာလည်ပါဦးဗျာ
မိတ်ဆွေဖြစ်ချင်ရင်..... Gmail address mmztgi@gmail.com Idea
Mr Sea

Standard Member
 
04/09/2008
1 posts
 56.ပုဂံသားလေး  Sep 04, 2008 10:29 AM
ပုဂံဆိုတာ world အရပ်ရပ်က အသိအမှတ်ပြုခြင်းခံရတဲ့ ကောင်းမြတ် အေးချမ်း တဲ့ နေရာလေးတစ်ခု ပါ။ ဘာတွေ ပဲဖြစ်နေ ဖြစ်နေ ပုဂံ ဆိုတဲ့ အေးချမ်းနေရာလေးကို တစ်ခေါက်လောက်တော့ ရောက်ဖြစ်အောင် လာခဲ့ ကြပါလို့လေးစားစွာဖိတ်ခေါ်ချင်ပါတယ်။

ပုဂံသားလေး
tit_t2
6504

Planet Strong Member
 
12/07/2007
3398 posts
 57.ပုဂံပြည်  Sep 04, 2008 6:50 PM
ထပ်သွားချင်သေးတယ်.... စွယ်တော်လေးဆူလုံး ဖူးချင်လို့ Smile
khainglaybgn

Standard Member
 
05/09/2008
1 posts
 58.warmly welcome from Bagan  Sep 05, 2008 2:50 PM
Mingalarbar _

panpan

Standard Member
 
05/09/2008
2 posts
 59.ပုဂံမှကြိုဆိုပါ၏။  Sep 06, 2008 1:35 PM
မင်္ဂလာပါ ခင်ဗျား--

ကျွန်တော်က ပုဂံကပါ ။ လူ သားအားလုံးကို ပုဂံကိုလာလည်ဖို့ ဖိတ်ခေါ် ပါတယ်။ အမြဲတမ်းကြိုဆိုလျှက်ပါ။ ကျေးဇူးတင်ပါတယ်။
yanyankoko

Standard Member
 
05/09/2008
4 posts
 60.Re: ပုဂံကို အရမ်းရောက်ဖူးချင်ပါတယ်  Sep 06, 2008 1:59 PM
AprilDifferent wrote:
ပုဂံအကြောင်းပြောပြကြတဲ့အတွက်
အားလုံးကိုကျေးဇူးတင်ပါတယ်
ပုဂံကိုအရမ်းရောက်ဖူးချင်ပါတယ်
သွားလည်ဖို့လဲ ခဏခဏ စီစဉ်ဖူးပါတယ်
ဒါပေမဲ့ အဆင်မပြေဘူး
ဒီနှစ်ခရီးထွက်ဖြစ်ခဲ့ရင်လဲ ပုဂံကို သွားရအောင်လို့
သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားတယ်
သွားခွင့်ရရင် သိပ်ကောင်းမှာပဲနော်....

လာခဲ့ပါ ပုဂံမြေက ကြိုဆိုပါတယ်။ဒါနဲ့မင်းကဘယ်ကလဲ။မင်းတို့ရဲ့မြို့အကြောင်းကိုလဲ ပြောပြဦးနော်။ ဒါမှ တို့လဲလာလို့ရအောင်ပေါ့။ပြောပြမယ်မဟုတ်လား။
1 2 3 4 5
Messages Results 41 - 60 of about 123 for seconds milliseconds. (0.578 seconds)
    All forums        Business Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.