ဘယ်မှာပြောထားတာပါလဲ? အဲဒါဗြဟ္မာဏဝါဒပါ။
အဲ့ဒီဝါဒတွေကိုပဲ အရင်းခံထားတာ မဟုတ်ဘူးလား
အဝိဇ္ဇာနဲ့တဏှာပါ
လူမရှိခင်မှာ ဘယ်ကနေ အ၀ိဇ္ဇာနှင့် တဏှာက ရောက်လာတာလည်း၊ သက်တုံးတွေမှာ ဒါတွေ ရှိသလား။
၃။ ဂေါတမသည် ဘုရားအဖြစ် ဆုပန်ရာတွင် ဘုရားကိုလည်း ဖူးတွေ့မှ ဆိုသောကြောင့် ဦးဆုံးဘုရားသည် အဘယ်ဘုရားထံမှာ ဆုပန်ခဲ့သနည်။
ကလေးအထာတွေပဲ။ မင်းတို့ယေဟောဝါကြီးကိုရော ဘယ်သူကဖန်ဆင်းသလဲ?
ကလေးအထာဖြစ်ပေမဲ့ ဘုရားဆုပန်သူက သတ်မှတ်ထားတဲ့ အရည်အချင်း ၈ ချက်ပြည့်စုံမှ ဘုရားဖြစ်နိုင်တယ် လို့ ကျမ်းဂန်မှာ ဆိုထားတာပါပဲ
အင်း.. မင်း brain dead ဖြစ်နေတဲ့လူတွေကို ကြားဖူးတယ်မဟုတ်လား။ သူတို့မှာနာမ်မရှိတော့ဘူး ရုပ်ပဲရှိတော့တယ်။ သူတို့ကိုသတ္တဝါစာရင်းထဲမထည့်ချင်ဘူးလားမင်းက? မင်းဥာဏ်မှီမယ်ဆိုရင်တော့ တည်တောဆရာတော်အမေးအဖြေရှိတယ် ဖတ်ကြည့် http://www.lknt11.com/2009/03/blog-post_10.html
ဒါဆို နံဝိညာဉ်ဖြစ်ပါတယ် ဆိုတဲ့ ဘုရားကို ဘာ့ကြောင့် မကောင်းညာဏ်နှင့် အကောက်ကြံနေရတာလည်း။
၅။ လူသည် သဘာဝ အလျှောက် ပေါ်လာပါက အဘယ့်ကြောင့် ငရဲနောင်တမလွန် ရှိရန်လိုပါသနည်း။
ဗုဒ္ဒဝါဒကို ဖန်ဆင်းရှင်ကျွန်ဝါဒီဦးနှောက်နဲ့လာတွေးနေတာကိုး။ လူတွေရဲ့ကုသိုလ်အကုသိုလ်ကံတွေက ငရဲကိုဖန်တီးပေးတာပဲ။ တစ်ခြားမကြည့်နဲ့ လောကငရဲလို့ခေါ်လို့ရတဲ့ အငတ်ဘေးတွေ စစ်ဘေးတွေကိုကြည့်ကြည့်။
ဒါတွေကလည်း သဘာဝကြောင့်ပဲလား အကိုရာ ဖြေပေးပါဦး။
၆။ မိမိကိုသာ အားကိုရာဆိုက ဘုရားမှတပါး အားကိုးရာ မရှိဟု အဘယ့်ကြောင့်ပြောကြပါသနည်း။
အတ္တာဟိ အတ္ထနော နာထော ဆိုတာ ဘုရားဟောတရား။ ဗုဒ္ဓေါမေ သရဏံ အင်ဥာဏ်နတ္ထိဆိုတာ အများပြောစကား။ ဘုရားကသူ့ကို ကိုးကွယ်လို့မပြောခဲ့ဘူး။ ဒါပေမယ့်ငါတို့က သူ့ကို ကိုးကွယ်ထိုက်လို့ ကိုးကွယ်တယ်။ ကိုယ့်အားကိုယ်ကိုးရမှာပဲ။ ကံ၊ဥာဏ်၊ဝီရိယ သုံးပါးပြည့်စုံရမယ်။ ဘုရားသာမပွင့်ခဲ့ရင် သစ္စါလေးပါးတရား မဂ္ဂင်ရှစ်ပါးတရားတွေကို နာခွင့်ရမှာမဟုတ်ဘူး။ အဲဒီတော့ ဒုက်ခကင်းရာ ကင်းကြောင်းကို သိမှာမဟုတ်ဘူး။ အဲဒါမို့လို့အတုမရှိဘူး။
ဒါဆို ကိုယ့်လမ်းကိုယ်သွားဆိုက ငွေကုန်ခံ အချိန်ကုန်ခံပြီး ဘာ့ကြောင့် တလွဲဆံပင်ကောင်းပြီး ကိုးကွယ်ဆရာတင်နေရတာလည်း ။ ဘာ့ကြောင့်ဒါတွေလုပ်နေရတာလည်းဗျာ။
၇။ ပုထုဇဉ်သည် အဘယ်သို့ ဘုရား အထူးခံခြင်းကို နှစ်သက်သောကြောင့် အပြစ်မဖြစ်ရသနည်း။
မင်းက အခေါ်အဝေါ်ပဥာတ်တွေနဲ့ လုံးချာလိုက်နေတာပါလား။ မင်းဗမာစာ ကောင်းကောင်းတတ်ပုံမပေါ်ဘူး။
ခွေးကို ခွေးလို့ခေါ်တာ သဘာဝကျပေမဲ့ မျောက်လို့ခေါ်ရင် သဘာဝကျမလား၊ ဒီတော့ ဘုရားမဟုတ်သူကို ဘုရားခေါ်ခြင်းက အားလုံးရောယောင် လုပ်ကြံဇာတ်ပင်ဖြစ်သည်မက အရူးဗုံနှင့် မြောက်သလိုဖြစ်မနေဘူးလား။
၈။ မကြံစည်အပ်ဟု ဆိုလျှက် အဘယ့်ကြောင့် ရာကျော်တန်ဖြင့် ဂေါတမဘုရားဟု ကိုးကွယ်ကြသနည်း။
မေးခွန်းက အဓိပ္ပါယ်မရှိဘူး။ ဘာတွေလာပြောနေတာလဲ
သုံးရာတန်၊ လေးရာတန်၊ ထောင်တန် ပုံတွေကို ဦးချရှစ်ခိုးပြီး ဘုရားဘုရား အော်နေတာကိုပြောတာပါ။
၉။ ဂေါတမက “ငါ့ပြောသလိုကျင့်ပါဟု´´ဆိုလျှက် အဘယ့်ကြောင့် မကျင့်ဘဲ ကိုးကွယ်နေသနည်း။
မကျင့်ပဲကိုးကွယ်နေတယ်လို့ ဘာကိုကြည့်ပြီးပြောတာလဲ။
ပါးစပ်က ဘုရား၊ ဘုရားဖြစ်ပြီး၊ အခြားဘာသာဝင်တွေကိုတော့ တပြားမတန်အောင် နှိပ်ကွက်နေတာ ပလန်းနက် မဟုတ်တဲ့ ပလန်းနတ်စိမ်းက အထင်အရှားပါ။
၁၀။ နိဗ္ဗာန်ဟူသည် ရှိသည်၊ မရှိသည် ဂေါတမက မပြောဟု ပြောလျှက်နှင့် အဘယ့်ကြောင့် မှန်းမျှော်နေသနည်း။
အာ ဒီစောက်ရူးနဲ့တော့
မရူးလို့ ဒါတွေမေးနေတာပါ
၁၁။ သတ္တတဒိဌိ နှင့် ဥစ္ဆေဒဒိဌိအကြားမှာ နေသည်ဆိုရုံဖြင့် သံသရာက လွတ်မည်လော။
ဒိဌိကင်းရုံနဲ့ သံသရာကမလွတ်ဘူး။ အရိယာတည်ရုံပဲရှိမယ်။
အရိယာဆိုတာ လော၊ ဒေါ၊ မော ကင်းသူလို့ဆိုပြီး ပရမတ္ထလို့ဆိုတော့ ကြောင်ကတော့သေတောင် ၀က်ဖြစ်လာမှာ မဟုတ်သလို၊ အကွက်တွေဆင် ထားပေမဲ ၀က်က၀က် ကြောင်ကကြောင်ပါပဲလေ၊ မဟုတ်ဘူးလား။
၁၂။ အဘယ့်ကြောင့် “လူသေလူဖြစ်ကို မယုံပါဘဲ´´ ရှင်ဥက္ကဌ ၏ ကျောက်ကွင်းကို ကွက်ကျား ဆွဲကိုင်နေသနည်း။
လူနဲ့ဝါဒနဲ့ခွဲခြားသိပါစေ။
ဒီဝါဒ ကမြောက်မခြောက်ကိုပဲစွဲထားပြီး အကိုတို့က ကျယ်နေတာမဟုတ်လား၊ လိုရာစွဲတွေးရေးနေသလား။
၁၃။ နိဗ္ဗာန်ရောက်ဘူးသူများ၏ အမည်လိပ်စာများကို သိပါက ပြောပြပါ။
ဥာဏ်မရှိတဲ့မေးခွန်းပဲ။ ရဟန္တာပုဂ္ဂိုလ်တွေ
၁၄။ အရှင်ဥာဏ၏ “ သူမဟုတ်သော သူဝင်စားသည်´´ ဆိုသော စကားက မာရ်နတ်၏ လှည့်ကွက်ဖြင့်လျှက် အဘယ့်ကြောင့် မှိုင်းတိုက်ထားသော သံသရာကို ယုံကြည်နေရသနည်း။
မင်းကိုးကွယ်တာ ဥာဏလား ယေရှုလား။
တရားမှန်ရင်တော့ အားလုံးထံက ယူရမှာပါ ဗျာ။
၁၅။ သိပ္ပံသည် ဗုဒ္ဓ၏ ဟောချက်များကို မမှန်ကန်ကြောင်း သက်သေပြနေချိန်တွင် သိပ္ပံမှားကြောင်း သက်သေပြပေးပါ။
ဘယ်ဟာတွေကမှားနေလို့လဲ လုပ်ပါဦး။ ဘုရားဟော မူရင်းစစ်စစ်ဆိုရင် လုံးဝမမှားဘူးလို့ ငါတို့ကယုံကြတယ်။ ဘုရားဟောမဟုတ်တာတွေတော့ ဆွဲထုတ်မလာနဲ့ပေါ့။
ရွှေယုန်၊ မျောက်မင်း၊ ဖျံဆိုတဲ့ ပုံပြင်တွေကိုပယ်ရင် ဂေါတမရဲ့ ဇာတ်နိပါတ်တွေက မှားတယ်လို့ဆိုချင်တာလား။
၁၆။ ငါသည်သင့်ကို မကယ်နိုင်ဟု ဆိုသော ဂေါတမအား အဘယ့်ကြောင့် နေ့ရက်စဉ် တောင်းဆုပန်နေပါသနည်း။
အဲဒီဆုတောင်းတဲ့သဘောကို ငါဖြေဖူးပါတယ်။ ဘုရားကဆုပေးဆုယူ အပ်ချလောင်းဘုရားမဟုတ်ဘူး။ ဘုရားကငါတို့ရဲ့ဆရာကျေးဇူးရှင်ပဲ။ သူ့ကိုအောက်မေ့တသပြီး ဆုတောင်းတယ်။ သဒ္ဒါတရားဖြစ်တယ် သဒ္ဒါတရားကနေကုသိုလ်ဖြစ်တယ်။
ကျေးဇူးရှင်တွေတိုင်းကို ကိုးကွယ်ရင် လောကမှာ အကိုဘယ်တော့မှာ ဖင်ထောင်ခြင်းက လွတ်မှာမဟုတ်တော့ဘူးဗျာ။
၁၇။ ရုပ်တုဟူသည် အသက်မရှိသည်ကို ကလေးပင် သိသလို ၊ မကြံစည် အပ်ကြောင်း ဂေါတမက ပြောလျှက်နှင့် အဘယ့်ကြောင့် ကြံစည်သနည်း။
ဆင်းတုကိုးကွယ်တဲ့သဘောကို ငါပလန်းနက်မှာ အကြိမ်ကြိမ်အဖန်ဖန်ဖြေပြီးပြီ။ ဘုရားက god မဟုတ်ဘူး။ ဆုပေးဆုယူဘုရားမဟုတ်ဘူး။ မင်းအမေဓာတ်ပုံကိုကြည့်ပြီး လွမ်းတာသတိရတာဖြစ်တယ်မဟုတ်လား။ မင်းအမေကျေးဇူးကိုမအောက်မေ့မိဘူးလား။ အေး အဲဒီလိုပဲ။ ရုပ်ထုဆိုတာ ကြည်ညိုဖို့ ကြားခံပစ္စည်းသက်သက်ပဲ။
အောက်မေ့တာနဲ့ ကိုးကွယ်တာက တခြားစီပါဗျာ။
၁၈။ မကြံစည်အပ်သော အရာ လေးပါးတွင် ပါလျှက်နှင့် အဘယ့်ကြောင့် ဘုရားကို ကစားစရာသဖွယ် တွေးဆပြုအား မတရားသဖြင် ပြုလိုပါသနည်း။
နားမလည်ဘူး။ မေးခွန်းကိုရှင်းအောင်မေးပါ။
ဘုရားဆိုပြီး အနှိုင်းမဲ့အရှင်ကို ပန်ချီဆေးစွဲပြီး ကစားနေတာတွေလေဗျာ
၁၉။ သမ္မာဒိဌိမှသာ မှန်သည်ဖြစ်သော်လည်း အဘယ့်ကြောင့် မသမာသော နည်းဖြင့် ဘာသာရေးတွင် ခုတုံးလုပ်နေကြသနည်း။
မှန်ထောင်ကြည့်ပြီး ပြောသလားမှတ်ရတယ်။
ဟုတ်တယ် ယနေ့ လူမျိုးနှင့် သာသနာပင် မကွဲပြားတော့ပဲ ဗုဒ္ဓဘာသာ ဗမာလူမျိုးတဲ့ ဘာသာနှင့်လူမျိုးတောင် မကွဲပြားအောင် အယူတိမ်းပြီင်္း နတ်စိမ်းတွေဖြစ်နေကျတာပါဗျာ။
၂၀။ အသျှင် နန္ဒရေးသာ ဘလောဂ်များမှ အမေးများအား ရှင်းလင်းစွာ ဖြေကြားပေးပါ။
မင်း မောင်နန္ဒလေးကို ငါဂျီတော့မှာကော ဘလော့မှာကောစိန်ခေါ်ထားတယ်လေ။ သူ့ဘာသူကြောက်ဖျားဖျားပြီး ငါ့ကိုဘလော့လုပ်လို့လုပ် ကွန်မန့်ဖျက်လို့ဖျက်လုပ်တာတော့ ငါလည်းမတတ်နိုင်ဘူးကွ။ သူ့ဘလော့ပို့စ်တွေကို ချေဖျက်ထားတဲ့ပို့စ်တွေ တစ်ချို့သိမ်းထားတာရှိတယ်။ မင်းသူ့ဘလော့မှာကွန်မန့်တွေ ဘာလို့မရှိသလောက်နီးပါး နည်းနေတယ်လို့ထင်လဲ။
သူပြောတာကတော့ ခင်များက ဆဲတယ်လို့ အချို့ကပြောကြတယ် ဖတ်ဘူးသူတွေကပေါ့ဗျာ။ ကျွန်တော်တောင်းပြီး ပြန်ဖေါ်ပြခိုင်းလိုက်မယ်
၂၁။ ဂေါတမ၏ တထွာသည် သာမန် ယောင်္ကျားကြီး သုံးထောင်ဆိုသောကြောင့် အကယ်ပင် အဘယ့်ကြောင့် သမိုင်းတွင် မရှိခဲ့ပါသနည်း။
အဲဒါဋီကာထဲမှာပါတာတွေ။
ဋီကာက လုပ်ကြံထားတာတွေလား ဒါဆိုရင် ဂေါတမလည်း လုပ်ကြံထားတဲ့ အရာပေါ့နော်။
၂၂။ ဂေါတမ၏ အခြား မယားများ အဘယ့်ကြောင့် မြုတ်ကွယ်ထားကြသနည်း။
ရှင်းပါတယ်။ ဘုရားမဖြစ်ခင် မင်းသားဘဝအကြောင်းကိုဟောတဲ့ရည်ရွယ်ချက်က ကာမဂုဏ်အာရုံတွေရဲ့ အပြစ်ကိုမြင်အောင်လို့ပဲ။ ပင်လယ်ရေတစ်စက်သောက်လိုက်ရုံနဲ့ ပင်လယ်ပြင်ကြီးတစ်ခုလုံးရဲ့ အရသာကိုသိနိုင်သလိုပဲတဲ့။ ကာမဂုံအာရုံဆိုတာ တစ်ကွက်ပြရင် တစ်ပြင်လုံးမြင်နိုင်ပါတယ်။
ဒါကိုတော့် ကြိုက်တယ်ဗျာ
၂၃။ မြင့်မိုရန်တောင်ဟူသည် ယနေ့တွေ့မြင်နိုင်ခြင်း အဘယ့်ကြောင့် မရှိရသနည်း။
မြင့်မိုရ်တောင်ဆိုတာ ပိဋကတ်တော်တွေထဲမှာ ဥပမာအနေနဲ့ပဲ သုံးထားတာတွေ့ရပါတယ်။ အဲဒီတော့ တကယ်တည်ရှိတဲ့ တောင်မဟုတ်ပါဘူး။
ဒါဆိုရင် ဂေါတမလည်း လုပ်ကြံထားတဲ့ အရာပေါ့နော်။
၂၄။ ဤလောက စကြာဝဠာကြီး၏ အတိုင်းအရှည်ကို စာဖွဲ့တင်စားရန် အဘယ်သူသွား၍ တိုင်းထွာခဲ့သနည်း။
စာဖွဲ့တင်စားပါတယ်ဆိုမှတော့ တိုင်းတာတာဘယ်ဟုတ်တော့မလဲ ငနဲလေးရ။
ဒါဆိုရင် ဂေါတမလည်း လုပ်ကြံထားတဲ့ အရာပေါ့နော်။
၂၅။ ဤအရာများသည် လုပ်ကြံဇာတ်ဖြစ်သည် ဆိုက သင်အဘယ်သို့ဖြေကြားမည်နည်း။
ခရစ်ရှန်ဘာသာ= မိုးလုံးပြည့်လုပ်ကြံဇာတ်
မတွေ့မိပါဘူး ပြပေးပါလား
၂၆။ အဘယ့်ကြောင့် ယနေ့ ရဟန္တာဟူသည် မရှိရသနည်း။
သိပ်ရီရတာပဲ။ ဘာလို့မရှိဘူးလို့ပြောရတာလဲကွ။
သက်သေတွေနဲ့ပြပေးပါလား ကိုးကွယ်ကောင်းကိုးကွယ်ရအောင်လေ။
၂၇။ တပါးကျိုးက အားလုံးကျိုးသည့် သီလကို အဘယ့်ကြောင့် လုံနိုင်သည်ဟု ပြောသနည်း။
တစ်ပါးကျိုး အားလုံးကျိုးလို့ ဘယ်မှာမှမပြောထားပါ။ တစ်ပါးကျိုးရင် နောက်၎ပါးကျန်သေးတယ်။ ၂ပါးသီလတောင် စောင့်လို့ရတယ်ဆိုတာ သဘောပေါက်။
ဒါကထွင်လုံးပါ၊ ပညာတ်ချက် တပါးချိုးဖေါက်ရင် အားလုံးကျိုးတာက ဥပမာပေးမယ်
လူတဦးက ကိုယ်ကျင့်တရားတစ်ခုပျက်ပြားရင် လူမကောင်း၊ တကောင်းလေးပါလို့ပြောလို့မရသလိုပါပဲ
၂၈။ ယေရှုကို ပြည့်တန်ဆာ သားဟုဆိုက သုဝဏ္ဏသာမ၊ ရှင်သီဝလိ၊ ဥပဂုတ္တ၊ ပဒုမ္မာဒေ၀ီ တို့ကား အဘယ်သို့ဖြေရှင်းမည်နည်း။
ဖြေရှင်းပြီးတာကြာလှပြီ မာရီယာကို မိန်းမပျက်လို့ပြောထားတဲ့ ကျမ်းစာတွေက ပလူပျံနေအောင်ရှိတယ်။ အခုမင်းပြောတဲ့ ဇာတ်တော်လာလူတွေကို ပြည့်တန်ဆာသားလို့စွပ်စွဲတဲ့ ကျမ်းစာဘယ်နှခါများတွေ့ဖူးလဲ။
အဲ့ဒီကျမ်းချက်ကလေးရှိရင် ပြောပေးပါ၊ အရမ်းဖတ်ဘူးချင်တယ်၊ ခင်များတို့ နောက်ထုတ်တဲ့ ကျမ်းမှာလား။
၂၉။ ပဒုမ္မာဒေ၀ီ သားငါးရာ ဖွားရလောက်အောင် သူမသည် လူမဟုတ်သော ငါး သို့ မဟုတ် ဖား မျိုး ဖြစ်နေသလော။
၁ အချက်က အဲဒါမူရင်းပါဠိတော်လာမဟုတ်တာကတစ်ကြောင်း၊ ၂အချက်က ပဒုမ္မဒေဝီဆိုတာ အခုခေတ် ဟိုမိုဆေးပီးယမ်းပါလို့ မင်းကအာမခံနိုင်လို့လား။
ဒါဆိုရင် နိပါတ်တွေ၊ ငါးရာ့ငါးဆယ်တွေနှင့်အတူ ဂေါတမလည်း လုပ်ကြံထားတဲ့ အရာပေါ့နော်။
၃၀။ ရှင်တော်ဂေါတမသည် အဘယ့်ကြောင့် ဘုရားဖြစ်သည်ဆိုက ငါသည်သင့်ကို မကယ်နိုင်ဟု ဆိုခဲ့သနည်း။
ရှင်းပါတယ် ဥုံဖွ အပ်ချလောင်းဘုရားမဟုတ်လို့ပေါ့။ မိမိသာလျှင် မိမိရဲ့ ကယ်တင်ရှင် ဖြစ်နေလို့ပဲ။
ဘုရားဆိုတာ အပြစ်လွှတ်ပိုင်ကြောင်း သြကာသ ဘုရားရှိခိုးမှာ ပြန်ပြီးတော့ ကြည့်ကြည့်ပါလား။
အကျိုးအကြောင်းညီညွတ်စွာဖြင့် ဖြေကြားပေးကြပါရန် တောင်းခံအပ်ပါသည်ခင်များ
စေတနာဖြင့်
မောင်မောင် နှလုံးလှ