Guest. It's 05:38 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Help Centre Forums jump :
  Page : of 4
  
   မောင်နှမများ ကူညီပါ
teecock
6219


Platinum Member
 
04/07/2007
2404 posts
 မောင်နှမများ ကူညီပါ  Apr 30, 2009 12:56 PM
တီးကော့ခ်ပြောချင်နေတာကြာပြီ။ ဝင်လျှာရှည်တယ်ဖြစ်မှာစိုးလို့။ ပြီးတော့ ငပွကြီးဖြစ်မှာလဲကြောက်သေးတယ်။
ပြောချင်နေတာကတော့..... မဆီမဆိုင် တော့ပ်ပစ်အသစ်တွေ ဖောင်းပွနေမှုပါပဲ။ ဆင်တူနေတဲ့ တော့ပ်ပစ်တွေ အများကြီးရှိနေသလို.... တထပ်တည်းကို တူနေတဲ့ ( တက်မလာ..... တက်မလာ.... နဲ့ စိတ်မရှည်လို့.... ၂ခါထပ်တင်တဲ့တော့ပ်ပစ်တွေရော) စုပုံနေပါတယ်။

category တစ်ခုစီအောက်မှာ sub group လေးတွေမခွဲထားလို့ရောပြွမ်းနေရတဲ့ကြားထဲ.... new users များရဲ့ "တို့ကအသစ်လေးပါ..." ဆိုတဲ့ တော့ပစ်တွေကလဲ တန်းစီနေတာပဲ။ ယူဇာအသစ်များဆုံဆည်းရာအောက်မှာများရေးရင် မခင်ကြမှာစိုးလို့များလား။ ကိုယ်ပိုင်နံမယ်ကိုပေးပြီးတောင် တော့ပ်ပစ်လေးများ တင်သွားသေးဗျာ။ ။ ရယ်စရာလေးတွေဆိုလဲ..... ဟာသနဲ့ပက်သတ်တဲ့ တော့ပ်ပစ်တွေအောက်မှာ ဝင်ရေးလို့ရပါတယ်။ ဒီဖိုရမ်ထဲမှာ ဘာတော့ပစ်တွေရှိနေတာလဲဆိုတာကို အရင်မလေ့လာပဲ တင်ချင်ရာစွတ်တင်နေရင်တော့ တော့ပစ်ဖောင်းပွမှု ( Topic Inflation ပေါ့) တွေဖြစ်လာမှာပေါ့။
ဘာတွေရေးထားကြသလဲ.... ဘာတွေဆွေးနွေးထားကြသလဲ ဆိုတာကို အရင်လေ့လာဖတ်ရှုပြီး... တကယ်စိတ်ဝင်စားရင် ဝင်ဆွေးနွေးကြရင်း ရင်းနှီးမှုရယူကြတာပေါ့။ ဗြုန်းဆို တန်းဝင်လာ..... register လုပ်ပြီးတာနဲ့ ချစ်ချက်မှာ တော့ပ်ပစ်အသစ်တင်။ ပြီးတော့ ကိုယ်တင်တဲ့တော့ပ်ပစ်ကိုလဲ ပြန်လှည့်မကြည့်... နောက်လဲ မလာတော့ပြန်။ ဝင်ဆွေးနွေးကြ ဝင်ရေးကြတဲ့ သူတွေကို သတ်သတ် ငပေါ လုပ်တယ်လို့ တီးကော့ခ် ခံစားရတယ်။ နောက်တစ်ခုကတော့ ချစ်ချက်မှာ အချစ်အကြောင်းဆွေးနွေးတာက ဖတ်ရအဆင်ပြေသေးတယ်။ မဆီမဆိုင် help center အောက်မှာ ရောက်နေတာတော့ တဆိတ်ဆိုးဝါးလွန်းတယ်။ ပြီးတော့... ကိုယ်က ပုံမှန်ဝင်လာမလည်ဘဲ ရင်းနှီးမှုယူလို့မရပါဘူး။ အားလုံးကို ပုံမှန်လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ အဟောင်းတွေကတော့ လာလည်လွန်းလို့ကို အလျင်မီအောင် မနဲ reply လုပ်နေရတယ်။ ဒါကတော့ အသစ်ဝင်လာမယ့် ညီကိုမောင်နှမများကို မေတ္တာရပ်ခံတာပါ။

ကျွန်တော့်အရင် စီနီယာများကို တောင်းဆိုလိုတာလေးကတော့....... reply လုပ်တဲ့အခါ.... အလွန်တရာ ရှည်လျားထွေပြားလှစွာသော မူရင်းစာများကို လိုသလောက်လေး ဖြတ်တောက်ပြီး၊ ဒါမှမဟုတ်လဲ...... ချန်ပြီး...... ပြန်ရင်ကောင်းမလားလို့ပါဗျာ။ ကိုယ်ပြန်မယ့် ပို့စ် က အထက်မှာ ၇ယောက် ၈ယောက်လောက် ဆွေးနွေးထားတာဆို...... အပေါ်တစ်ယောက် ၂ယောက်လောက်ဟာလောက်ကိုပဲ quote လုပ်ရင် ဖတ်ရတာများ အဆင်ပြေမလားလို့ပါ။

ဘာပဲဖြစ်ဖြစ်ပါ။ inflation ဖြစ်ရင် တန်ဖိုးကျဆင်းပါတယ်။ ကိုယ့် ဖိုရမ်ကို တန်ဖိုးမြှင့်ဖို့အတွက် အားလုံးကို ချစ်ချစ်ခင်ခင် ဝိုင်းပြီးဆောင်ရွက်ကြရအောင်ပါ။
ကျွန်တော်လဲသိပ်မဟောင်းသေးတဲ့ ယူဇာအသစ်မို့ အားလုံးနဲ့ရင်းနှီးချင်ပါတယ်။ မောင်နှမအသစ်တွေရော.... ရှိရင်းဆဲ မောင်နှမတွေရော.... အားလုံး ကျွန်တော့်မေတ္တာရပ်ခံချက်ကို appreciate ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

နဲနဲဟောင်းတဲ့ ယှူဇာအသစ်
တီးကော့ခ်
lyk
411


Planet Strong Member
 
24/10/2006
7269 posts
 1...  Apr 30, 2009 1:10 PM
ဟုတ်ပါတယ် ..

quote တွေ ရှည်လွန်းနေရင်းလဲ .. ဖတ်ရတာ အဆင်မပြေပါဘူး ..
အဲ့တော့ .. ကိုယ်ပြန်ချင်တဲ့စာသားပဲချန် .. ကျန်တာလေးတွေ .. ဖယ်ထုတ်လိုက်ရင် .. ဖတ်ရတာပိုအဆင်ပြေမယ်ထင်ပါတယ် ..

နောက်တစ်ခုက .. စာလုံးပေါင်း ပြဿနာ ..
ဒီပလန်းနက်မှာ .. မပီကလာ .. ပီကလာ .. ပြောသလို ... ရေးနေကြတာ .. language အသစ်တခုလိုတောင်ဖြစ်နေပါပြီ ..
အင်မတန်လဲ ... ချစ်စရာကောင်းတဲ့အလေ့အထ တခုပါပဲ ..
ဒါပေမယ့် .. တချို့ဟာတွေကျတော့ .. ဘယ်လိုပြောမလဲ ..
ဆိုလိုရင်း အဓိပါယ်ကို .. လုံးဝပြောင်းလဲစေသွားတာမျိုးတွေ .. ဖြစ်တတ်ပါတယ် ..

အချစ်ဆိုတာကို .. အခြစ်လို့ ရေးတာ .. အကြောင်းမဟုတ်ပေမယ့် ..
ပြန်လာတယ် .. ဆိုတာမျိုးကို .. ပျံလာတယ် .. လို့ရေးရင် .. ဖတ်ရတာ အင်မတန်ဂွကျပါတယ် ..
ဥပမာ - နေကောင်းလား .. ဆိုတာကို ... ၀တ်ဆပေါက် (:) မပါပဲ .. နေကောင်းလာ .. ဆိုရင် .. တမျိုးကြီးပါပဲ ..
စာလုံးပေါင်းလေးတွေပါ .. ဂရုထားစေချင်ပါတယ် ..

အဲဒါလေးတွေကိုပါ .. သတိထားပြီး .. ပြုပြင်လိုက်မယ်ဆိုရင် .. ပလန်းနက်ကြီးက .. ပိုပျော်စရာကောင်းလာမှာပါ .. Smile

lyk
happyboylay
7022


Planet Strong Member
 
30/12/2008
3684 posts
 2.Re: ..  Apr 30, 2009 1:59 PM
lyk wrote:
ဟုတ်ပါတယ် ..

quote တွေ ရှည်လွန်းနေရင်းလဲ .. ဖတ်ရတာ အဆင်မပြေပါဘူး ..
အဲ့တော့ .. ကိုယ်ပြန်ချင်တဲ့စာသားပဲချန် .. ကျန်တာလေးတွေ .. ဖယ်ထုတ်လိုက်ရင် .. ဖတ်ရတာပိုအဆင်ပြေမယ်ထင်ပါတယ် ..

နောက်တစ်ခုက .. စာလုံးပေါင်း ပြဿနာ ..
ဒီပလန်းနက်မှာ .. မပီကလာ .. ပီကလာ .. ပြောသလို ... ရေးနေကြတာ .. language အသစ်တခုလိုတောင်ဖြစ်နေပါပြီ ..
အင်မတန်လဲ ... ချစ်စရာကောင်းတဲ့အလေ့အထ တခုပါပဲ ..
ဒါပေမယ့် .. တချို့ဟာတွေကျတော့ .. ဘယ်လိုပြောမလဲ ..
ဆိုလိုရင်း အဓိပါယ်ကို .. လုံးဝပြောင်းလဲစေသွားတာမျိုးတွေ .. ဖြစ်တတ်ပါတယ် ..

အချစ်ဆိုတာကို .. အခြစ်လို့ ရေးတာ .. အကြောင်းမဟုတ်ပေမယ့် ..
ပြန်လာတယ် .. ဆိုတာမျိုးကို .. ပျံလာတယ် .. လို့ရေးရင် .. ဖတ်ရတာ အင်မတန်ဂွကျပါတယ် ..
ဥပမာ - နေကောင်းလား .. ဆိုတာကို ... ၀တ်ဆပေါက် (:) မပါပဲ .. နေကောင်းလာ .. ဆိုရင် .. တမျိုးကြီးပါပဲ ..
စာလုံးပေါင်းလေးတွေပါ .. ဂရုထားစေချင်ပါတယ် ..

အဲဒါလေးတွေကိုပါ .. သတိထားပြီး .. ပြုပြင်လိုက်မယ်ဆိုရင် .. ပလန်းနက်ကြီးက .. ပိုပျော်စရာကောင်းလာမှာပါ .. Smile

lyk


အထုတော့ နီ နေကောင်းလားဆိုတာမှာ ၀စ်စပေါက် (း) ပါနေတယ်..ဟိ..ဟိ....နောက်တာပါ...
မှန်ပါတယ်...LYK ပြောသွားသလို့ပါပဲ.....
happyboylay
7022


Planet Strong Member
 
30/12/2008
3684 posts
 3.အဟမ်း....  Apr 30, 2009 2:11 PM
နဂါးလေး ကလဲ အဲဒါမျိုးဆိုရင်အရမ်းပြောချင်တာပေါ့။ ပြောချင်တာမှ ပြောမနေပါနဲ့တော့....hee
ပြောလဲပြောချင် ကတ်ကြေးစာလဲကြောက်ရတေး......ထားလိုက်ပါမဆိုင်တာတွေပါလာပီ။
အပေါ်မှာ ကိုတီးကော့ ပြောသလိုပါပဲ.....နောက်မှတင်တဲ့ တော့ပစ်တွေကြောင့် အရင့်အရင် သက်တမ်းရင့် တော့ပစ်တွေဟာ ပျောက်ကွယ်သွားပါပီ။ တော်တော်များပါတယ်။ အရင် ၀ါရင့်ယူဇာတွေကို တွေ့နိုင်တဲ့အခွင့်အရေးမရှိတော့ဘူး....အဲဒီယူဇာတွေပြန်ဝင်လာရင် ပြန်ပီး မိတ်ဆက်ရတော့မယ့် အနေအထားပါ။ ပလန်းနက်ဖိုရမ်ဆိုတာ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ နေရာပါ။ ကမ္ဘာနဲ့တ၀န်းမှာလဲ ၀င်ရောက်ရေးသားနေတဲ့ မန်ဘာတွေမနည်းပါဘူး။ အားလုံး ၀ိုင်းဝန်းထိမ်းသိန်းသင့်ပါတယ်။ မန်ဘာအသစ်တွေအနေနဲ့လဲ စတင်ဝင်ရောက်မရေးသားခင်မှာ ADMIN မှချမှတ်ထားတဲ့စည်းကမ်းအချက်အလက်တွေကို အရင်ဖတ်ကြည့်သင့်ပါတယ်။ နောက်မန်ဘာတွေရဲ့ရေးသားချက်တွေလဲပေါ့။ ဒါမှကိုယ်ဝင်ရေးတဲ့အချိန်မှာ အားလုံးနဲ့ပိုရင်းနှီးတယ်လို့ခံစားရမှာပါ။ မန်ဘာဟောင်တွေကလဲ မန်ဘာအသစ်ဆိုပီး ဘာသိဘာသာမနေကြပါဘူး.အားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်။ အားလုံးက ပလန်းနက်အောက်က မောင်နှမတွေပါပဲ။
နောက်တစ်ခုပြောချင်တာက ဖိုရမ်ဆိုတာဆွေးနွေးဖို့ပါ။ ပညာပြိုင်ဖို့ ရန်ဖြစ်ဖို့နေရာမဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ ဗဟုသုတတွေ ကို သူ့မှာရှိတဲ့ ဗဟုသုတတွေ နဲ့ ဖလှယ်တဲ့နေရာ ဆွေးနွေးတိုင်ပင်တဲ့နေရာပါ။ အားလုံး ကျွန်တော်ပြောတာ နားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။

နဂါးလေး
missingsome1
6580


Silver Member
 
05/07/2008
111 posts
 4.ကြုံဖူးတယ်  Apr 30, 2009 2:18 PM
အဲဒီပြဿနာမျိုး mysubooက Blogတွေမှာ ကြုံခဲ့ဖူးတယ်။ Userအသစ်တွေက အစမ်းတင်ကြည့်တဲ့ တစ်ကြောင်းရေး Postတွေ၊ ခင်ချင်ပါကြောင်းဆိုတဲ့ Postတွေ၊ Forward Mailတွေကို Copyကူးထားတဲ့ Postတွေ မွနေအောင် လျှောက်တင်ကြတာ။ အဲဒီမှာက Latest Blogတွေကိုပဲ ရှေ့ထုတ်ပြထားတော့ တကယ်ကောင်းပြီး အနှစ်သာရရှိတဲ့ Postလေးတွေ နောက်ရောက်ရောက်သွားလို့ အဲဒီတုန်းက mysubooက Seniorတွေ တော်တော်လေး စိတ်ဆိုးခဲ့ကြသေးတယ်။ ခုတော့ Planetမှာလည်း အလားတူ ပြဿနာတွေ ပေါ်လာပြီပေါ့။ IdeaIdea
happyboylay
7022


Planet Strong Member
 
30/12/2008
3684 posts
 5.Re: ကြုံဖူးတယ်  Apr 30, 2009 2:25 PM
missingsome1 wrote:
အဲဒီပြဿနာမျိုး mysubooက Blogတွေမှာ ကြုံခဲ့ဖူးတယ်။ Userအသစ်တွေက အစမ်းတင်ကြည့်တဲ့ တစ်ကြောင်းရေး Postတွေ၊ ခင်ချင်ပါကြောင်းဆိုတဲ့ Postတွေ၊ Forward Mailတွေကို Copyကူးထားတဲ့ Postတွေ မွနေအောင် လျှောက်တင်ကြတာ။ အဲဒီမှာက Latest Blogတွေကိုပဲ ရှေ့ထုတ်ပြထားတော့ တကယ်ကောင်းပြီး အနှစ်သာရရှိတဲ့ Postလေးတွေ နောက်ရောက်ရောက်သွားလို့ အဲဒီတုန်းက mysubooက Seniorတွေ တော်တော်လေး စိတ်ဆိုးခဲ့ကြသေးတယ်။ ခုတော့ Planetမှာလည်း အလားတူ ပြဿနာတွေ ပေါ်လာပြီပေါ့။ IdeaIdea


ဟုတ်ပါတယ်ဗျာ...missingsome1 ပြောသွားသလိုပါပဲ...အနှစ်သာရရှိတဲ့ အကြောင်းအရာတွေရေးထားတဲ့ တော့ပစ်တွေဆို ပျောက်ကုန်ပါပီ။ ၀ါရင့်ယူဇာတွေဘယ်သူဆိုတာ နောက်ပိုင်းယူဇာအသစ်တွေမသိကြတော့ပါဘူး....ပလန်နက်မှာ တော့ဖြစ်တော့ဖြစ်နေပါပီ။ ဒါကြောင့်ကြိုတင်တာဆီးဖို့ ကျွန်တော်တို့တတွေ ကြိုးစားနေကြတာပါ။

နဂါးလေး
tit_t2
6504


Planet Strong Member
 
12/07/2007
3398 posts
 6....  Apr 30, 2009 2:47 PM
ကျနော်လည်း ပြောဖူးပါတယ်...
မလိုအပ်ပဲ quote မလုပ်ဖို့ကိစ္စတွေ ဘာတွေ...
တကယ်က အဲ့လိုရေးနေတဲ့လူတွေကလည်း စီနီယာယူဇာတွေလည်း ပါပါတယ်..
quote ကို edit မလုပ်တတ်လို့ ဆိုတာတော့ မဟုတ်လောက်ပါဘူး..
ကျနော်က Mozilla သုံးလို့သာ အဆင်ပြေနေတာပါ..
IE ကနေသာ ဝင်လိုက်ရင်တော့ ရေးထားတဲ့စာကိုတောင် မမြင်ရပါဘူး...

ယူဇာအသစ်တွေ တော့ပစ်တွေ လျှောက်တင်နေတာကိုတော့ တားသင့်ပါတယ်..
ဥပမာ ယူဇာသက်တမ်း ဘယ်နှစ်ရက် (သို့) ယူဇာ Post Count မည်မျှရှိမှသာ တင်ခွင့်ပြုတယ်ဆိုတာမျိုးနဲ့ ထိန်းသိမ်းဖို့ အကြံပြုပါတယ်ခင်ဗျာ....
spam ကိစ္စကို ဒီဖိုရမ်မှာ ကျနော် မပြောလိုပါဘူးခင်ဗျာ...
တော့ပစ်တွေ ဖောင်းပွနေတာလေးကိုပဲ ထိန်းပေးဖို့ပါ...
ကျနော်တို့တွေရဲ့ တော့ပစ်အဟောင်းလေးတွေလည်း ဒီစာတစ်ကြောင်းတည်း (ဒါမှမဟုတ်) စာတစ်ကြောင်းမှ မပါတဲ့ တော့ပစ်တွေကြောင့် ပျောက်တဲ့ဟာလည်း ပျောက်ကုန်ပါပီ...

ဒီကိစ္စကတော့ ကျနော်တို့ ယူဇာအသစ်တွေကော အဟောင်းတွေပါ... အကုန်လက်တွဲညီမှ ဖြစ်မှာပါ...
MoeZawAye


Silver Member
 
09/12/2007
112 posts
 7.လူတိုင်းကိသိစေ ချင်တာပါ  Apr 30, 2009 4:37 PM

ကျွန်တော်ပြောချင်နေတာတော့ကြာပါ
ပြီ….
အခြေအနေတွေ အရမ်းမဆိုးသေးလို့မပြောဖြစ်ခဲ့ပါဘူး…အခုတော့ ပြောမှရတော့မယ့်
အခြေအနေမို့ ပြောရပါတော့မယ်။ ကျွန်တော်တို့မလေးရှားမှာ
မိန်းကလေးတော်တော်များများ ဒုက္ခရောက်နေကြပါတယ်။ မိန်းကလေး
များတင်တော့မဟုတ်ပါဘူး။ ယောက်ျားလေးတွေလည်း ဒုက္ခရောက်နေသူတွေ
တစ်ပုံတစ်ပင်ရှိပါတယ်။ ဒါပေမယ့် ယောက်ျားလေးတွေက ဒေါင်ကျကျပြားပြားကျကျ
နေနိုင်တဲ့အတွက်
မိန်းကလေးတွေကိုသာ ဦးစားပေးရေးရခြင်းဖြစ်ပါတယ်။ အခုမလေးရှားနိုင်ငံ
ရဲ့ စီးပွားရေးဟာ အောက်ကိုထိုးစိုက်ကျနေပြီဖြစ်ပါသည်။ ကုန်ဈေးနှုန်းတွေတက်ကာ
လုပ်ငန်းများ မလည်ပတ်နိုင်တော့သည့်အတွက် ပိတ်လိုက်ရတဲ့
စက်ရုံတစ်ရာကျော်သွားပါပြီ။ စက်ရုံတွေပိတ်လိုက်ရသဖြင့် ပြန်ရတဲ့
ညီအကိုမောင်နှမတွေ တော်တော်များနေပါသည်။
မြန်မာနိုင်ငံက ညီအကိုမောင်နှမတွေကို ဒီကကြောင်းတွေကို သိစေချင်ပါသည်။
ဒါမှနောက်ထပ်လာမည့် အမျိုးကောင်းသမီးလေးများကို
တားဆီးနိုင်မှာဖြစ်ပါသည်။ ဒီမှာရောက်နေကြတဲ့ မိန်းကလေးအတော်များများဟာ
အလုပ်ကိစ္စရော လစာပါလုံးဝ( လုံးဝ ) အဆင်မပြေကြပါဘူး။ မြန်မာနိုင်ငံက
စီးပွားရေးအခြေအနေကြောင့် ဒီကို
အားကိုးတကြီးလာခဲ့ကြပေမယ့် ဖွတ်ထွက်မှ တောင်ပို့မှန်းသိဆိုသလို
ဒီရောက်လာမှ ဒုက္ခအကြီးအကျယ်ရောက်ကြရတော့တာပါပဲ။ မြန်မာပြည်ကအေးဂျင့်တွေက
လစာဘယ်လောက်ရမယ်၊ overtime ဘယ်နှနာရီရှိတယ်ဆိုပြီး ပြောသမျှကို
အဟုတ်ထင်ပြီး အထင်ကြီးလာခဲ့သမျှဟာ
ဒီရောက်မှ အေးဂျင့်တွေရဲ့ အပြောဟာ လိမ်ညာမှု့တွေပဲလို့သိရပေမယ့် ဘာမှ
မတတ်နိုင်တော့ပါဘူး။ ဒီဘက်ကအေးဂျင့်တွေ
ပြုသမျှမှာ နုရတော့တာပါပဲ….
မြန်မာပြည်ကအေးဂျင့်တွေက ပိုက်ဆံရရင်ပြီးရောဆိုပြီး လွှတ်တယ်၊
ဒီကအေးဂျင့်တွေကလည်း ပိုက်ဆံရမှာမို့ ခေါ်ပါတယ်
သူတို့တွေရဲ့ လောဘကြားမှာ သားကောင်ဖြစ်သွားရတာ
ကျွန်တော်တို့မြန်မာမိန်းကလေးတွေပါ။ မြန်မာပြည်ကနေအလုပ်ကောင်း
တယ်ဆိုပြီးလာပေမယ့် မလေးရှားကိုရောက်လို့ တစ်လလောက်ကြာပေမယ့်
ဘာအလုပ်မှမရသေးတဲ့ အမျိုးသမီးတွေအများကြီးပါ။
Free Calling တွေနဲ့လာကြပေမယ့် ပတ်စပို့ကို အေးဂျင့်တွေကပဲသိမ်းထားကြပါတယ်။
အလုပ်ကိုလည်းရရင်ပြီးရော ဆိုတဲ့ သဘောထားနဲ့ ရရာအလုပ်မှာဝင်လုပ်စေပါတယ်။
ပြီးတော့ရတဲ့လခထဲကနေပြီးတော့
ဖြတ်တောက်ယူငင်သေးပါတယ်။ ကိုယ့်ရဲ့ အခက်အခဲကိုပြန်လည်ပြောဆိုဖို့ကလည်း
ဘာသာစကားအခက်အခဲ၊
မိန်ကလေးဖြစ်၍အားငယ်တတ်ခြင်းစတာတွေကြောင့် လုပ်သမျှမတရားပေမယ့်
ငြိမ်ကြည့်နေရပါတယ်။
မြန်မာပြည်ကလာတဲ့အကြွေးမကြေမှာစိုးရိမ်တာကတစ်မျိုး၊ ဒီမှာအလုပ်မကောင်းလို့စိတ်
ပျက်အားငယ်တာကတစ်မျိုးနဲ့ သူတို့တွေရဲ့ ထွက်ပေါက်ကဘာဖြစ်မယ်လို့ထင်ပါသလဲ။
စဉ်းစားကြည့်ပါ။ ပထမစက်ရုံမှာ အလုပ်ကောင်းကြသူတွေရှိပေမယ့်
စက်ရုံပိတ်သွားကြတော့ နောက်ဆုံးအေးဂျင့်ဆီမှာပဲ
ပြန်ပြီးသောင်တင်တာပါပဲ။ အေးဂျင့်တွေကလည်း အလုပ်အလွယ်တကူရရှိတဲ့
စားသောက်ဆိုင်၊ သန့်ရှင်းရေးအလုပ်တွေမှာ ထည့်ပေးကြပါတယ်။
နောက်ပြီးဒီအလုပ်တွေက အာမခံချက်လည်းလုံးဝမရှိဘူး။ဘယ်နေရာမှာလို့လည်း
သေသေချာချာရေရေရာရာမရှိဘူး။
ဒီနေရာပြီးနောက်တစ်နေရာ၊ နောက်တစ်နေရာပြီး နောက်ထပ်တစ်နေရာ
သူတို့စိတ်ကြိုက်သာလျှောက်ပြောင်းတော့တာ။
လစာကလည်းသူတို့ပေးသမျှပဲ ယူကြရပြီး အလုပ်ကလည်း ပင်ပန်းတော့ over stay
ရှောင်သွားတဲ့သူတွေလည်း အများအပြားပေါ့။ Over
stayရှောင်သွားတဲ့ မိန်းကလေးတွေရဲ့ အကြီးမားဆုံးအန္တရာယ်က
မလေးရှားကရဲတွေရဲ့ အန္တရာယ်ပဲ။ စနေ တနင်္ဂနွေနေ့တိုင်း
ကွာလာလန်ပူမှာ အဖွဲ့အစည်းတွေနဲ့ ရဲနဲ့ပူးပေါင်းပြီး over stay တွေကို
ဖမ်းပါတယ်။ ဖမ်းမိသမျှတွေကို ထိုင်းသင်္ဘောတွေဆီကို
ရောင်းစားပါတယ်။ ထိုင်းနိုင်ငံကိုပို့ပြီး အခိုင်းအစေ အလုပ်တွေကို
လုပ်စေပါတယ်။ ဖမ်းမိပြီးနောက်မှာ လုံးဝအစအနပျောက်သွားတဲ့သူတွေ
အများအပြားပါ။ မလေးရှားအစိုးရက ဖမ်းမိရင်ပြန်ပို့တယ်လို့ ပြောပေမယ့်
တကယ်တော့မဟုတ်ခဲ့ပါဘူး။
နောက်ပြီးအခုနောက်ပိုင်းမှာ စီမံချက်တွေနဲ့ နေရာတိုင်းမှာ
over stay သမားများကို လိုက်လံဖမ်းဆီးနေပါတယ်။ ဒါကြောင့် over stay
လုပ်ဖို့ဆိုတာ မိန်းကလေးတွေအတွက် မိုက်မဲတဲ့
ရွေးချယ်မှု့ပဲဖြစ်ပါတယ်။ နောက်အန္တရာယ်တစ်ခုက မလေးရှားနိုင်ငံထဲမှာနေထိုင်ကြတဲ့
ကုလားတွေရဲ့ အန္တရာယ်ပါပဲ။ မလေးရှားနိုင်ငံဟာ စာရိတ္တနဲ့ပါတ်သက်ပြီး လုံးဝ
ချို့ ယွင်းတဲ့နိုင်ငံဖြစ်ပါတယ်။
ကိုယ်ကြိုက်ရင်ကြိုက်သလောက်မိန်းမယူခွင့်ရှိပါတယ်။
ယောကျာ်းတွေကလည်းဖောက်ပြန် မိန်းမတွေကလည်းဖောက်ပြန်
မွေးလာတဲ့သားသမီးတွေကလည်း
မိဘကိုမိဘမှန်းမသိနဲ့…........... တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးတဲ့
မြန်မာနိုင်ငံနဲ့ စာရိတ္တပိုင်းမှာ ဘယ်လိုမှ ယှဉ်လို့ရမှာမဟုတ်ပါဘူး။
မလေးရှားမှာနေထိုင်တဲ့
ကုလားတွေက ဂိုဏ်းတွေဖွဲ့စည်းထားပြီး စိတ်မထင်ရင် မထင်သလို ရန်ရှာလူသတ်တတ်ပါတယ်။
မလေးရှားရဲအဖွဲ့ကလည်း မသိချင်ယောင်ဆောင်နေရတာပါ။ ဒါကြောင့်ကုလားတွေဟာ
လုပ်ချင်တိုင်းလုပ်နေတော့တာပါပဲ။
ပစ္စည်းလုတယ် ရန်ရှာတယ် ပိုက်ဆံတောင်းတယ်။ မိန်းကလေးများဆိုရင်
ပိုပြီးအန္တရာယ်များပါတယ်။ ချောင်ကျတဲ့
အရပ်တွေမှာဆိုရင် အိမ်ထဲအထိအောင်ဝင်ပါတယ်။
နောက်ထပ်အကြီးမားဆုံးအန္တရာယ်ကတော့ မြန်မာယောက်ျားလေးတွေရဲ့ အန္တရာယ်ပါပဲ။
ရေနစ်သူတွေကို ၀ါးကူထိုးသူများဖြစ်ပါတယ်။ မြန်မာမိန်းကလေးများ
အသစ်ရောက်တယ်ဆိုရင်ကူညီချင်သူတွေက အများကြီးပါ။
ဘာမှအားငယ်စရာ မရှိလောက်အောင်ကို talking တွေနဲ့ကူညီကြတာပါ။
ဖုန်းနံပါတ်ကိုသာပေးမိရင်တော့ ဒီမိန်းကလေး
သွားပြီပဲ။ ညသန်းခေါင် အထိအိပ်လို့မရဘူးဖြစ်သွားမယ် ဖုန်းကအချိန်ပြည့်
တစ်တီတီမြည်ပြီးတော့ကို ခေါ်နေတော့တာ။ ခေါ်တဲ့သူက
အရက်မူးနေရင်ပိုပြီးဆိုးပြီသာမှတ်တော့။ ဒီမှာရောက်နေတဲ့ မိန်းကလေးတွေက
စဉ်းစားရင်စဉ်းစားမိလိမ့်မယ်။မလေးရှားလာမိတာ အရမ်းစန်းပွင့်တာပဲလို့။
ဒါဟာစန်းပွင့်တာမဟုတ်ပါဘူး။
ဘ၀တစ်ခုလုံးပွင့်လန်ထွက်သွားဖို့ အတွက်အစလမ်းပါ။မလေးရှားမှာရောက်နေကြတဲ့
ယောက်ျားလေးတွေမှာ လူပျိုလူလွတ်တွေပါသလို မြန်မာပြည်မှာမိန်းမနဲ့
ကလေးတွေကျန်ခဲ့သူလည်းအများအပြားပေါ့။
မိန်းမတွေအကြောင်းကိုနောကျေတာ အိမ်ထောင်ရှိတဲ့ ယောက်ျားများပဲဖြစ်ပါတယ်။
နောက်ပြီး မိန်းမတွေနဲ့ ခွဲနေရတာ နှစ်ချီနေပြီဆိုတော့
စဉ်းစားသာကြည့်ကြပါတော့ဗျာ။ နောက်ပြီး စည်းလွတ်ဘောင်လွတ်
ပျော်လို့ရတဲ့နေရာဆိုတော့ စိတ်သွားရင်ကိုယ်ပါတယ်။ အရက်သေစာ
လောင်းကစား မိန်းမ ဆေးဝါး လိုချင်တာအားလုံး ရနိုင်တဲ့နေရာဆိုတော့
စိတ်မနိုင်တဲ့သူတွေဆိုရင် အရက်ပုလင်း
ဘီယာပုလင်းတွေထဲကနေ မတက်နိုင်ကြတော့ဘူး။
မိန်းမလိုက်စားသူ တော်တော်များများကလည်း လူအိုတွေပဲများပါတယ်။ ရောက်လာကြတဲ့
မိန်းကလေးတွေက ကိုယ့်ကိုကိုယ် စန်းပွင့်လှပြီဆိုပြီး
ဘ၀င်မြင့်နေကြလိမ့်မယ်။ ဖုန်းပေးမယ် အ၀တ်အစားလည်းဝယ်ပေးမယ်
အိမ်ကိုလည်းငွေလွှဲပေးမယ်ဆိုရင် နောက်ကြောင်းကိုမသိပဲနဲ့
ဘ၀ကိုပုံအပ်လိုက်ကြတာပဲ။ မြန်မာပြည်မှာရှိနေတဲ့
မိန်းမဆီမှစာလာမှ အရှက်တကွဲအကျိုးတနည်းနဲ့
နောက်ပြန်ဆုတ်လို့လည်းမရတော့ဘူး။ ရပြီးသားလူတွေကလည်းလက်လွှတ်မပေးတော့ဘူး။
အစားထိုးတွေလေ သိတယ်မဟုတ်လား။
ကျွန်တော့်မျက်စိရှေ့ မှာပဲ ကလေးနှစ်ယောက်အဖေတွေ ကလေးသုံးယောက်အဖေတွေနဲ့
ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကောင်မလေးတွေကို တွေ့နေရတော့
သူတို့တော့ဘယ်လိုခံစားရမလဲတော့မသိဘူး ကျွန်တော်ကတော့
သူတို့တွေအစား သူတို့မိဘမောင်ဖွားတွေအစား ရင်နာတယ်။ ဒီမှာရောက်နေကြတဲ့
မိန်းကလေးတော်တော်များများဟာ
အရက်သမားတွေနဲ့ဖြစ်ကြတယ်။ ခြောက်ဆယ်ရာခိုင်နှုန်းက
လူအိုတွေနဲ့ဖြစ်ကြှတယ်နှစ်ဆယ်ရာခိုင်နှုန်းက လူပျိုတွေနဲ့ဖြစ်ပြီး
ကျန်တဲ့နှစ်ဆယ်ရာခိုင်နှုန်းက လူမျိုးခြားအပေအတေတွေနဲ့ ဖြစ်ကြတယ်။
အခုဆိုရင်သွားလေရာနေရာတိုင်းမှာ မြန်မာအတွဲတွေ ပလုံစီနေပြီ။
ဗီဒီယိုတွေ ဗီစီဒီတွေလည်း ထွက်လာကြပြီ။
ဗီစီဒီတွေ ဆိုတာ မြန်မာနော်မြန်မာဆိုပြီးတော့ကို အော်ရောင်းနေတာ။
ကောင်းတာတွေတော့မဟုတ်ဘူး။ စက်ရုံမှာ လူမျိုးခြားတွေက
မြန်မာမတွေဘယ်လောက်နဲ့ ခေါ်လို့ရတယ်ဆိုရင် လက်သီးနဲ့အချက်ပေါင်းမြားစွာ
ထိုးပစ်ချင်လောက်အောင် အသည်းနာတယ်။
ဒီကိုရောက်လာပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တဲ့သူတွေ ရှားပါတယ်…
ထိန်းသိမ်းနိုင်တဲ့သူမရှိဘူးမဟုတ်ပါဘူး။ ရှိပါတယ်။
ဒါပေမယ့် အယောက်တစ်ရာမှာ တစ်ယောက်ပါ။ အဲသည် တစ်ယောက်ဟာလည်း
အရမ်းဝနေ၍သော်လည်းကောင်း၊ ရုပ်ဆိုးနေ၍ သော်လည်းကောင်း
ယောက်ျားလေးစိတ်ဓါတ်ပေါက်နေ၍သော်လည်းကောင်း အဲသည်အထဲက
တစ်ခုခုဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ဟာ မြန်မာလူမျိုးတွေပါ… အိနြေ္ဒသိက္ခာနဲ့ စာရိတ္တကို
အလေးထားတဲ့လူမျိုးပါ..။ အသက်ထက်အရှက်ကို ဦးစားပေးတယ်ဆိုတာ
မြန်မာလူမျိုးတွေအတွက်ပါ။ တိုင်းတစ်ပါးမှာရောက်နေကြတဲ့ ကျွန်တော်တို့
ခင်ဗျားတို့ နှမတွေကို စောင့်ရှောင့်မယ့်သူတွေထက်
ချောက်ချဖို့ချောင်းနေတဲ့သူတွေအမြားအပြားပါ။ ဒါကြောင့် နောက်ထပ်လာမဲ့
မြန်မာအမျိုးသမီးများရှိရင် သေချာစုံစမ်း လေ့လာပြီးမှ
လာပါလို့ပြောချင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ
လာမဲ့သူရှိကြရင်လည်း တားဆီးပေးကြပါ။
အခုကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာအားလုံးဟာ အားလုံးအမှန်တွေချည်းပါ။
ကျွန်တော်ပြောတာတွေဟုတ်မဟုတ်ကို မလေးရှားမှာရောက်နေတဲ့ (
အချောင်နှိုက်စားနေတဲ့သူတွေကလွဲရင် )
ဘယ်သူ့ကိုမဆိုမေးမြန်းနိုင်ပါတယ်။ ညီအကို မောင်နှမစိတ်ဓါတ်ဖြင့်
သတိပေးရေးရခြင်းဖြစ်ပါတယ်။…..





သူများပို့တဲ့ မေးလ်ကို ပြန်ပို့ပေးတာပါ။ ...
မြန်မာပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စီးပွားရေးအကြပ်အတည်းမှလည်း မြန်မြန် လွတ်မြောက်နိုင်ကြပါစေ။ အားလုံး
အဆင်ပြေပါစေ။
lyk
411


Planet Strong Member
 
24/10/2006
7269 posts
 8.Re: ကြုံဖူးတယ်  Apr 30, 2009 4:55 PM
missingsome1 wrote:
အဲဒီပြဿနာမျိုး mysubooက Blogတွေမှာ ကြုံခဲ့ဖူးတယ်။ Userအသစ်တွေက အစမ်းတင်ကြည့်တဲ့ တစ်ကြောင်းရေး Postတွေ၊ ခင်ချင်ပါကြောင်းဆိုတဲ့ Postတွေ၊ Forward Mailတွေကို Copyကူးထားတဲ့ Postတွေ မွနေအောင် လျှောက်တင်ကြတာ။ အဲဒီမှာက Latest Blogတွေကိုပဲ ရှေ့ထုတ်ပြထားတော့ တကယ်ကောင်းပြီး အနှစ်သာရရှိတဲ့ Postလေးတွေ နောက်ရောက်ရောက်သွားလို့ အဲဒီတုန်းက mysubooက Seniorတွေ တော်တော်လေး စိတ်ဆိုးခဲ့ကြသေးတယ်။ ခုတော့ Planetမှာလည်း အလားတူ ပြဿနာတွေ ပေါ်လာပြီပေါ့။ IdeaIdea


ပြောလို့မှ မဆုံးသေးဘူး .. ဒီတော့ပစ်မှာတောင် .. fwd mail ကပို့စ်တက်လာသေးးးးးးးးး Indifferent

lyk
teecock
6219


Platinum Member
 
04/07/2007
2404 posts
 9.Re: လူတိုင်းကိသိစေ ချင်တာပါ  Apr 30, 2009 5:29 PM

သူများပို့တဲ့ မေးလ်ကို ပြန်ပို့ပေးတာပါ။ ...
မြန်မာပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စီးပွားရေးအကြပ်အတည်းမှလည်း မြန်မြန် လွတ်မြောက်နိုင်ကြပါစေ။ အားလုံး
အဆင်ပြေပါစေ။


ကိုမိုးဇော်အေး....
ရန်စတာမဟုတ်ဘူးဆိုရင်... ဒီပို့စ်ကို ပြန်ဖျက်ပေးပါ။
သက်သက်ရန်စ စော်ကားတာလို့ထင်တယ်။

တီးကော့ခ်
teecock
6219


Platinum Member
 
04/07/2007
2404 posts
 10.Re: လူတိုင်းကိသိစေ ချင်တာပါ  Apr 30, 2009 5:31 PM

သူများပို့တဲ့ မေးလ်ကို ပြန်ပို့ပေးတာပါ။ ...
မြန်မာပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စီးပွားရေးအကြပ်အတည်းမှလည်း မြန်မြန် လွတ်မြောက်နိုင်ကြပါစေ။ အားလုံး
အဆင်ပြေပါစေ။


ကိုမိုးဇော်အေးခင်ဗျာ..
ကျွန်တော်တို့ မဆီမဆိုင်ပို့စ်တွေအကြောင်းပြောနေခြင်းဖြစ်ပါတယ်။
ဒီလိုအတည်အတန့်ပြောနေတဲ့နေရာမှာ ဒါမျိုးလာတင်တာတော့ တော့ပစ်ရှင် ကျွန်တော့်ကိုစော်ကားလွန်းတယ်ထင်ပါတယ်။

တီးကော့ခ်
naykyar87
6049


Platinum Member
 
14/10/2008
2456 posts
 11.Re: လူတိုင်းကိသိစေ ချင်တာပါ  Apr 30, 2009 8:13 PM
teecock wrote:

သူများပို့တဲ့ မေးလ်ကို ပြန်ပို့ပေးတာပါ။ ...
မြန်မာပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စီးပွားရေးအကြပ်အတည်းမှလည်း မြန်မြန် လွတ်မြောက်နိုင်ကြပါစေ။ အားလုံး
အဆင်ပြေပါစေ။


ကိုမိုးဇော်အေးခင်ဗျာ..
ကျွန်တော်တို့ မဆီမဆိုင်ပို့စ်တွေအကြောင်းပြောနေခြင်းဖြစ်ပါတယ်။
ဒီလိုအတည်အတန့်ပြောနေတဲ့နေရာမှာ ဒါမျိုးလာတင်တာတော့ တော့ပစ်ရှင် ကျွန်တော့်ကိုစော်ကားလွန်းတယ်ထင်ပါတယ်။

တီးကော့ခ်


ကိုတီးကော့ခ်လည်းစိတ်မတိုနဲ့တော့နော် ... ကိုမိုးဇော်အေးကလည်းမဆီ မဆိုင်ပို့စ်ကိုဝင်ရေးတယ်ဆိုတာလည်းမသိလို့လား.. တမင်ရေးတာလားဆိုတာတော့မသိပါဘူး.. ညီမတို့လည်းယူဇာအသစ် တွေဖြစ်ပေမယ့်ကိုယ့်စည်းကိုယ့်ကမ်းနဲ့ ကိုယ်ပြောချင်တာကိုလက်လွတ်စပယ်မပြောဘဲထိမ်းသိမ်းပြောတာပဲလေ... ကိုမိုးဇော်အေးပြောချင်တဲ့စကားသည်တစ်ဖက်က ကိုတီးကော့ခ်ကိုထိခိုက်စေမယ့်စကားမျိုးမဖြစ်သင့်ပါဘူုး ဘာဖြစ်လို့လည်းဆိုတော့ဒီမောင်နှမတွေကြားမှာ ဒီလိုအချေအတင်တွေမဖြစ်သင့်ပါဘူး.. တတ်နိုင်ရင်ရှောင်ပေးပါ ..

နေကြာ ၈၇
ို
hoshi
3839


Gold Member
 
02/11/2007
842 posts
 12.အော်........  Apr 30, 2009 8:18 PM
ပိုစ်တွေဖောင်းပွတဲ့အကြောင်းဆွေးနွေးတိုင်ပင်နေတဲ့ တော့ပစ်မှာတောင်ဒီလိုစာသားမျိုးလာတွေ့နေရသေးတယ်....
ကိုမိုဇော်အေးရေ..အကိုရေးတဲ့အကြောင်းက အကျိုးရှိတဲ့သတင်းလည်းဖစ်ချင်ဖစ်ပါမယ်..
ဒါပေမယ့်ဗျာ ကိုမရေးခင် ကိုယ်ဝင်ရေးမယ့် တော့ပစ်ခေါင်းစဉ်လေးကိုတော့ ဖတ်ကြည့်သင့်ပါတယ်..
အကိုတင်တဲ့ ပိုစ်က မေးလ်တွေထဲမှာ Fwd လာတဲ့မေးတစောင်ပါ..အနော်တို့လည်းဖတ်ဘူးပါတယ်..
အဲ့လို အကျိုးရှိမယ်ထင်တဲ့ Fwd Mailတွေကို ပြန်ပြီမျှဝေပေးလို့ရအောင် ချစ်ချက်မှာ "Email ထဲကို Forward လုပ်လာတဲ့အကြောင်းလေးတွေ"
ဆိုတဲ့ ဝေယံတင်ထားတဲ့ တော့ပစ်ရှိပါတယ်..အဲ့ဒီမှာ ၀င်ပြီးမျှဝေနိုင်ပါတယ်ဗျာ..ရှေ့မှာပိုစ်တွေအရမ်းများနေလို့ အဲ့ဒီတော့ပစ်လေးတောင် စာမျက်နှာ၁၃လောက်ကိုရောက်နေလောက်ပြီ...
အနော်တို့ချစ်တဲ့ ပလန်းနက်ဖိုရမ်လေးကို ရေရည်တည်တန့်အောင်၊သန့်ရှင်းတဲ့ဖို၇မ်လေးဖြစ်အောင် အားလုံးထိန်းသိမ်းကြပါစို့လားဗျာ..
လျှာဝင်ရှည်တယ်လို့တော့ မထင်ပါနဲ့ဗျာ..အနော်လည်း Senior Memberမဟုတ်ပါဘူး...ပလန်းနက်ကိုချစ်ခင်တဲ့စိတ်နဲ့ နည်းနည်းလောက်ဝင်ရှည်ကြည့်တာပါ..
အမှားပါသွားရင်လည်း ဆောတီးပါဗျာ.........(ဖိုရမ်မှာကပိုစ်တွေဖောင်းပွမှုကို တာဆီးနိုင်ကြပါစေဗျာ)
loverlay
2248


Platinum Member
 
22/01/2007
1618 posts
 13.Re: လူတိုင်းကိသိစေ ချင်တာပါ  Apr 30, 2009 9:51 PM
MoeZawAye wrote:

သူများပို့တဲ့ မေးလ်ကို ပြန်ပို့ပေးတာပါ။ ...
မြန်မာပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စီးပွားရေးအကြပ်အတည်းမှလည်း မြန်မြန် လွတ်မြောက်နိုင်ကြပါစေ။ အားလုံး
အဆင်ပြေပါစေ။


ကိုမိုးဇော်အေးခင်ဗျား ................. အစ်ကိုရေးတဲ့ကိစ္စနဲ့ ဒီမှာတင်ထားတဲ့ ခေါင်းစဉ်နဲ့က မကိုက်ဘူဖြစ်နေပါတယ်။
အစ်ကိုပြောတဲ့ ကိစ္စကိုကျွန်တော်တို့လဲ သိပါတယ် ဒါပေမယ့် ဒီမှာက အဲ့ကိစ္စပြောနေတာမဟုတ်ဘူးလေ
အဲ့ဒီ ဖော်ဝက်လုပ်ထားတဲ့ မေးလ်ကိုတင်ချင်ရင် မမဟိုရှီပြောသလို ဝေယံတင်ထားတဲ့ တော့ပစ်ရှိပါတယ် ချစ်ချက်ထဲမှာပါပဲ
အခုတော့ အစ်ကို နဲနဲလွန်သွားတယ်လို့ ထင်ပါတယ်။
ကျေးဇူးပြုပြီး တော့ပစ်ရှင်ကို နဲနဲလေးစားပေးပါ ဒီမှာက စနေနောက်နေတာမဟုတ်ဘဲ ပလန်းနက်ဖိုရမ်ကြီး ကောင်းဖို့အတွက်ကို
ဝိုင်းရေးနေကြတာပါ။ နဲနဲသတိထားပေးပါဗျာ
ချစ်သူလေး
loverlay
2248


Platinum Member
 
22/01/2007
1618 posts
 14.ဟုတ်တယ်  Apr 30, 2009 9:59 PM
အခု ယူဇာအသစ်တွေကို ကြည့်လိုက်ရင် ၀င်လာတာနဲ့ တန်းပြီး တော့ပစ်အသစ်တစ်ခုက တင်လိုက်ပြန်ပြီ
ပြီးတော့ တင်တဲ့တော့ပစ်ကိုကြည့်ရင် ရေရှည်ရေးလို့ရလားဆိုတော့လည်း မဟုတ်ပြန်ဘူး
ကျွန်တော်တို့ ပလန်းနက်ကို ပထမအကြိမ်ဝင်တုန်းက တော့ပစ်တင်ဖို့ဝေးလို့ ရေးတာတောင် နဲနဲပါးပါးပဲဝင်ရေးတာ
အဲ့နောက်ပိုင်း အရင်နစ်နိမ်အဟောင်းနဲ့ဝင်လို့မရတော့လို့ နစ်နိမ်းအသစ်လုပ်ပြီးကတည်းက တော့ပစ်မတင်ဖူးဘူး ........
သူများတင်ထားတဲ့တော့ပစ်တွေကိုလိုက်ရေးနေတာပါ ........ နောက်ပြီး ကိုယ်တင်ထားတဲ့ တော့ပစ်ကို ကိုယ်ကိုယ်တိုင်လဲ
ကရုတစိုက်နဲ့ အမြဲစောင့်ကြည့်နေတာပါ၊
နောက်တစ်ခုက အခု တင်ထားတဲ့တော့ပစ်တွေအောက်မှာ တော့ပစ်ခေါင်းစဉ်နဲ့မညီတော့ပဲ အပြောင်အပျက်တွေ များလာတာကိုလည်း တွေ့ရပါတယ်
မပြောင်နဲ့ မပျော်နဲ့လို့ မပြောချင်ပါဘူး ဒါပေမယ့် တော့ပစ်ရဲ့ခေါင်းစဉ်လေးတွေနဲ့ ညီအောင် အပြောင်လေးတွေ အနောက်လေးတွေများ ထည့်ရေးရင်ပိုကောင်းမလားလို့ပါ
တော့ပစ်ခေါင်းစဉ်နဲ့ သွေဖယ်မသွားအောင် ရေးနိုင်ရင် တခြား ၀င်မရေးဘဲနဲ့ ဖတ်နေတဲ့လူတွေလည်း အဆင်ပြေသွားမှာပါ။
(အမှားပါသွားရင်လည်း ခွင့်လွှတ်ပါ မောင်နှမတို့ရာ ............ heeheehee)
ချစ်သူလေး
Constantine
7396


Platinum Member
 
18/11/2007
1844 posts
 15.Myanglish  Apr 30, 2009 10:14 PM
ကျနော်ပြောချင်တာတခုကတော့
Forum မှာ Myanglish ကိုမသုံးသင့်ဘူးလို.ထင်ပါတယ်
တွေ.ရတော့နည်းပါတယ်
ဒါပေမယ်.တွေ.ရင်ဖတ်ရတာအဆင်မပြေလွန်းလို.

အစ်ကိုတို.အစ်မတို.သဘောကရော?
loverlay
2248


Platinum Member
 
22/01/2007
1618 posts
 16.Re: Myanglish  Apr 30, 2009 10:35 PM
Constantine wrote:
ကျနော်ပြောချင်တာတခုကတော့
Forum မှာ Myanglish ကိုမသုံးသင့်ဘူးလို.ထင်ပါတယ်
တွေ.ရတော့နည်းပါတယ်
ဒါပေမယ်.တွေ.ရင်ဖတ်ရတာအဆင်မပြေလွန်းလို.

အစ်ကိုတို.အစ်မတို.သဘောကရော?


အဲ့ဒါတော့မှန်တယ်ဗျ ကျွန်တော်တို့က ဂျီတော့ခ်မှာချက်ရင်တောင် မြန်မာလိုပဲချက်ကြတာ
ပလန်းနက်ကလူတွေဆို အားလုံးက မြန်မာလိုပဲ ချက်ကြတာ ..............
ဒီမျာ မြန်းဂလိုများ ရေးလို့ကတော့ ဘယ်သူမဆို ကျော်သွားကြတာပါပဲ။
မြန်းဂလိမပြောပါနဲ့ အင်္ဂလိပ်လိုရေးရင်တောင် မြန်မြန်ဆန်ဆန် ဖတ်နိုင်ဖို့မလွယ်လို့
သိပ်ဖတ်ကြတာမဟုတ်ပါဘူး ............ မြန်မာလိုရေးရင်အကောင်းဆုံးပါပဲ .....
ချစ်သူလေး
MayHninSi
6404


Platinum Member
 
05/09/2008
1110 posts
 17.ကိုတီးကောခ့်ရေ  May 01, 2009 8:21 AM
ကိုတီးကော့ခ်ရေ ...

မေလည်း အဲဒီကိစကိုပဲပြောချင်ပါတယ်ရှင် .. ပလန်းနက်ကမောင်နှမတွေမှာ မအားလပ်တဲ့ကြားက ပို့စ်လေးတွေတင်ကြ ရီပလိုင်းတွေပြန်ကြနဲ့ နေမကောင်းတဲ့အခါလည်းဂရုစိုက်လိုက်ကြနဲ့ သိပ်ကိုချစ်စရာကောင်းတဲ့ ဓလေ့လေးတွေပါ .. ဒါပေမယ့် အခုနောက်ပိုင်းဝင်လာတဲ့ယူဇာအသစ်လေးတွေက မသိကြသေးတာပဲနေမှာပါ .. ပုံမှန်ဝင်မဖတ်နိုင်ကြတဲ့အခါကျတော့ ကိုယ်ရေးချင်တာကို ရေးပြီးတင်သွားကြတာပဲဖြစ်မှာပါ .. သူတို့အဲလိုမတင်တာ အကောင်းဆုံးဖြစ်ပေမယ့် တကယ်လို့တင်သွားတယ်ဆိုရင်လည်း အရင်ယူဇာအဟောင်းတွေက တင်ထားတဲ့ပို့စ်တွေမှာ စိတ်ဝင်စားစရာပို့စ်လေးတွေကို ပျောက်ပျက်မသွားရအောင် ရှေ့ဘက်ကို ဆွဲခေါ်ပေးတဲ့ အလေ့ကိုပဲ မေတို့ကြိုးစားကြည့်ကြရအောင်နော် ...


ပလန်းနက်က ညီအကိုမောင်နှမများအားလုံးကို ချစ်ခင်လေးစားလျှက်

မေ
SmileSmileSmileSmileSmileSmileSmileSmileSmile
phyosales
4109


Planet Strong Member
 
21/09/2007
7729 posts
 18.အင်း  May 01, 2009 10:09 AM
အပေါ်မှာ ရေးထားကြတာ ကောင်းပါတယ် ..

ဖြိုးတော့ နောက်မှပဲ လာပြောတော့မယ် ..

နာကတော့ စာလုံးပေါင်းဆို ... ( ငါ့ကို ဖြေးဖြေး သတ်ပါ ) ဆိုတာကိုပဲ တတိရနေတယ် .. heeheeheeheehee
mokotasan
6135


Gold Member
 
20/10/2006
910 posts
 19.မေးမယ်နော်  May 01, 2009 12:22 PM
ဒါဖြင့် တီးကော့ခ် ဆိုလိုတာက...
(၁)အသစ်ဆိုရင် မင်းတို့ ဖတ်ရုံဖတ်ကြည့်ဦး တော့ပစ်အရင်မတင်နဲ့ ယူဇာအဟောင်းထောင်ထားတဲ့ တော့ပစ်မှာ အရင်ဝင်ရေး
(၂) ယူဇာ အဟောင်းဆိုရင်တော့ တော့ပစ်ထောင်ချင်သလောက်ထောင်
(၃)အဟောင်း အချင်းချင်း အားပေးမယ် ..အသစ်ဆိုရင် ခေါက်ထားမယ် အရင်ဆုံးရင်းနှီးမှုရပြီးမှ (ဆိုပါတော့ ...အုပ်စုဝင်ဖြစ်မှ) လို့ ဆိုလိုတာလား။
အဲလို သဘောပေါက်မိတယ်။
ဒါဆိုရင်ဖြင့် ................................................................။
MayHninSi
6404


Platinum Member
 
05/09/2008
1110 posts
 20.Re: မေးမယ်နော်  May 01, 2009 1:59 PM
mokotasan wrote:
ဒါဖြင့် တီးကော့ခ် ဆိုလိုတာက...
(၁)အသစ်ဆိုရင် မင်းတို့ ဖတ်ရုံဖတ်ကြည့်ဦး တော့ပစ်အရင်မတင်နဲ့ ယူဇာအဟောင်းထောင်ထားတဲ့ တော့ပစ်မှာ အရင်ဝင်ရေး
(၂) ယူဇာ အဟောင်းဆိုရင်တော့ တော့ပစ်ထောင်ချင်သလောက်ထောင်
(၃)အဟောင်း အချင်းချင်း အားပေးမယ် ..အသစ်ဆိုရင် ခေါက်ထားမယ် အရင်ဆုံးရင်းနှီးမှုရပြီးမှ (ဆိုပါတော့ ...အုပ်စုဝင်ဖြစ်မှ) လို့ ဆိုလိုတာလား။
အဲလို သဘောပေါက်မိတယ်။
ဒါဆိုရင်ဖြင့် ................................................................။



အယ် .. မမမိုကို
IdeaIdeaIdeaIdea
အဲလို သဘောလည်းဟုတ်ဘူးလေ မမ ရယ် ..
မမက မေ တို့ထက် စီနီယာကျတဲ့ ယူဇာအဟောင်းပဲ .. မမလည်းဝင်ရေးနေတာပဲ တွေ့မိမှာပါ..
တချို့ဆို ဘာမှမဟုတ်တဲ့ ခေါင်းစဉ်တွေလေ .. လျှောက်တင်နေတာမျိုးပေါ့ .. အဲလိုမျိုးလေးကိုပြောတာပါ ..
ယူဇာအသစ်မို့လို့တော့ပစ်တင်ခွင့်မရှိဘူးဆိုတာမျိုးမဟုတ်ဘူးလေ မမ ရယ်FrownFrownFrown
အဟောင်းအချင်းချင်းပဲ အားပေးတယ်ဆိုတာလည်း ဟုတ်ပါဘူး
မေလည်းအသစ်လေးဘ၀ကနေ သုံးနေတာပါ ..
အခုထိလည်းဂျူနီယာဘ၀ပဲရှိပါသေးတယ် မမ ရယ်..
ပလန်းနက်မောင်နှမတွေဘယ်လောက်ချစ်ဖို့ကောင်းတာ မမတို့က ပိုသိမှာပါ ..
ပလန်းနက်ကြီးမှာပို့စ်တွေရီပလိုင်းတွေအများကြီးနဲ့လေFrownFrown
ရီပလိုင်းတောင်လုပ်စရာမရှိတဲ့ပို့စ်မျိုးတွေတက်လာတဲ့အခါ ဖောင်းပွမှုတွေဖြစ်မှာစိုးလို့ပါ မမ မိုကိုရယ် .. နော်
မောင်နှမအချင်းချင်းပဲ .. ပြေပြေလည်လည်ပေါ့ .. နော် SmileSmileSmileSmile



မေ
1 2 3 4
Messages Results 1 - 20 of about 77 for seconds milliseconds. (0.234 seconds)
    All forums        Help Centre Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.