Guest. It's 05:35 PM - Myanmar time. Join or Sign In | Download Myanmar Font 
Go to Index
Hi Guest
    All forums        Beauty & Fashion Forums jump :
  Page : of 2
suuloon
7025
Silver Member
07/01/2008
114 posts
ဒို့ကအရမ်းပိန်နေတယ်.....ကြည့်မကောင်းအောင်ကိုပိန်တယ်
အဲံ့ဒါဝချင်တာပေါ့....ဘာဆေးသောက်သောက်မရဘူး
ဝကိုမလာဘူး...၀အောင်ဘယ်လိုလုပ်ရမလဲဟင်.....
Angry
B
7001
Standard Member
17/09/2009
74 posts
 1.to suuloon  Nov 20, 2009 1:14 AM
အိပ်ပြီးစား၊စားပြီးပြန်အိပ်
BigGrinBigGrin
humannature
7019
Platinum Member
21/05/2008
1221 posts
 2.That is also a  Nov 20, 2009 1:33 AM
That is also a suffering....thin person wants to be fat but a fatty would like to be a thinner one.Get some fat from a fatty.....a kind of offerring that a person should do....
nyochaw1234
Standard Member
20/11/2009
4 posts
 3.hey  Nov 20, 2009 2:41 PM
I think can't do to fat
village372
7366
Silver Member
10/09/2009
280 posts
 4.Re: to suuloon  Nov 26, 2009 7:09 AM
B wrote:
အိပ်ပြီးစား၊စားပြီးပြန်အိပ်
BigGrinBigGrin
အကြံပေးတာကောင်းလိုက်တာ။ လုပ်ကြည့်လိုက်အုံးမယ်နော်။
moemyinthtetzin
Standard Member
27/11/2009
4 posts
 5.Re: That is also a  Nov 27, 2009 12:27 PM
humannature wrote:
That is also a suffering....thin person wants to be fat but a fatty would like to be a thinner one.Get some fat from a fatty.....a kind of offerring that a person should do....
geniusmyk
Standard Member
27/11/2009
2 posts
 6.Re: to suuloon  Nov 27, 2009 12:36 PM
B wrote:
အိပ်ပြီးစား၊စားပြီးပြန်အိပ်
BigGrinBigGrin
I do this.but not fat.Help.
geniusmyk
Standard Member
27/11/2009
2 posts
 7.Re: to suuloon  Nov 27, 2009 12:40 PM
B wrote:
အိပ်ပြီးစား၊စားပြီးပြန်အိပ်
BigGrinBigGrin
I do this.but not fat.Help.
shadylay
Standard Member
08/12/2009
1 posts
 8.Re: to suuloon  Dec 08, 2009 1:29 PM
geniusmyk wrote:
B wrote:
အိပ်ပြီးစား၊စားပြီးပြန်အိပ်
BigGrinBigGrin
I do this.but not fat.Help.
အဲ့ဒါကတကယ့်လက်တွေ့လားသူငယ်ချင်း၇ယ်
သိချင်တယ်
thetlay
7040
Standard Member
13/10/2009
74 posts
 9.ယုံဘူး..  Dec 18, 2009 3:36 PM
B wrote:
အိပ်ပြီးစား၊စားပြီးပြန်အိပ်
BigGrinBigGrin
အဲဒါလည်းဝပါဘူးဟာ....
aungkyioo
7338
Silver Member
04/02/2010
383 posts
 10.ကြားဖူးတာပါ  Feb 06, 2010 2:52 PM
thetlay wrote:
B wrote:
အိပ်ပြီးစား၊စားပြီးပြန်အိပ်
BigGrinBigGrin
အဲဒါလည်းဝပါဘူးဟာ....
ယောက်ကျားယူလိုက်ရင် ၀လာမယ် ထင်တာပဲ။
aungkyioo
7338
Silver Member
04/02/2010
383 posts
 11.Re: ကြားဖူးတာပါ  Feb 11, 2010 1:28 PM
aungkyioo wrote:
thetlay wrote:
B wrote:
အိပ်ပြီးစား၊စားပြီးပြန်အိပ်
BigGrinBigGrin
အဲဒါလည်းဝပါဘူးဟာ....
ယောက်ကျားယူလိုက်ရင် ၀လာမယ် ထင်တာပဲ။
နောက်တာနော်..heeheehee စိတ်မဆိုးကြေး WinkWink
thandar92
Standard Member
08/04/2008
3 posts
 12.Re: to suuloon  Feb 16, 2010 4:09 PM
B wrote:
India ka lar tae aha sae wal thout.Ika ah d nee nae wa lar tar. sae name ka(Parush Jiwan)tae.one day ko three times15 days tout.5 days nar.p myin oday ko two times thout 5days nar.p yin one day ko one time thout,dar so yin p p,u wa lar lae mal,really.BigGrinBigGrin
aungkyioo
7338
Silver Member
04/02/2010
383 posts
 13.၀ချင်ရင်  Mar 16, 2010 9:24 PM
ဝချင်ရင်တစ်နည်းတော့ရှိတယ်.... ထမင်းစားတိုင်း ၀က်သားအဆီနဲ့ပဲစား.. စားပြီး နာရီဝက်အကြာ ဘီယာသောက် ဒါဆို ၀လာလိမ့်မယ်..။ (ကိုယ်တွေ့ဖြစ်ရပ်)heeheeheehee
greenlip
5929
Standard Member
15/03/2008
16 posts
 14.greenlip  Apr 27, 2010 4:51 PM
အားဆေးသောက်ကြည့်လေး တယ်ရင်း Wink
Mhone
7113
Silver Member
12/07/2009
148 posts
 15.အားဆေး  Apr 28, 2010 3:53 PM
တယ်ရင်း
Nutrivita (နျူထျီဗိုက်တာ) သောက်ကြည့်
ဗိုက်ရေလည်ဆာပြီး ထမင်းတွေနင်းကန် တီးဖြစ်လိမ့်မယ်
rakhaine lay
7430
Platinum Member
20/10/2006
1030 posts
 16.၇ ခိုင်လေး  Apr 29, 2010 2:49 AM
ဝက်ဆီနဲ့ ချက်ထားတဲ့ ၀က်သားဟင်းကို ၀က်ဆီနဲ့ ကြော်တဲ့ ကြက်ဥနှစ်လုံးနဲ့ ည ၁၂ နာရီဆိုညတိုင်းစား မ၀ပဲမခံနိုင်ဘူး heehee
mashwehtar
7321
Planet Strong Member
26/11/2008
2945 posts
 17.Re: ၇ ခိုင်လေး  Apr 29, 2010 8:40 AM
rakhaine lay wrote:
ဝက်ဆီနဲ့ ချက်ထားတဲ့ ၀က်သားဟင်းကို ၀က်ဆီနဲ့ ကြော်တဲ့ ကြက်ဥနှစ်လုံးနဲ့ ည ၁၂ နာရီဆိုညတိုင်းစား မ၀ပဲမခံနိုင်ဘူး heehee
နှလုံးအဆီပိတ်လို့ မြန်မြန်ကြီးကို မာလကီးယားမယ် ... heeheehee
htuemyataung
7129
Silver Member
16/09/2009
329 posts
 18.find a way for u  Apr 29, 2010 9:30 AM
wat say htoo kyi par lar
it is for pig
but u shall have to ask for human.
(htoomyataung)IdeaIdeaIdea
mmhmh
1549
Standard Member
15/11/2006
69 posts
 19.၀ ချင်တယ်  Apr 29, 2010 8:11 PM
မ ၀ ချင်ပါနဲ့ ... ၀ တာ မကောင်းပါဘူး ... ကိုယ်တွေ့မို့လို့လေ..hee
သူများက ပိန်ချင်နေတဲ့အချိန်မှာ ၀ချင်တဲ့သူ နဲ့ လာတွေနေတယ် ...Frown
ဝအောင် ဘယ်လို လုပ်မလဲ မသိပေမယ့် ၀စေတဲ့ ဆေးဆိုတာတော့ သွားမထိုးလေနဲ့နော်...
သူက ၀လာပေမယ့် အရိုးတွေ ပွသွားတတ်တယ်တဲ့ ...
mashwehtar
7321
Planet Strong Member
26/11/2008
2945 posts
 20.လှယုံမက ၀ချင်လည်း ၀ချင်ကြရင်  May 04, 2010 9:08 PM
ကိုယ်အလေးချိန် တိုးချင်တာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ “ငါးကျီးခြောက် ကြပ်တင်”လို့၊ “ငါးဖေါင်ရိုးခြောက်” လို့ အခေါ်ခံနေရသူများလို၊ မွေးရာပါ မျိုးဗီဇကိုက Skinny body type ခပ်ပိန်ပိန် သမားများအတွက်ဆို ပိုခက်မည်။ ငါးမှာတောင် ပိန်ရင် ငါးရာမသွင်းဘူး ထင်ပါရဲ့။
ဝချင်ရင် အရင်ဆုံး ရောဂါဘယတွေ ကင်းနေဘို့ လိုပါတယ်။ သိတဲ့အတိုင်း နာတာရှည် ရောဂါတွေက လူကို ပိန်သွား စေပါတယ်။ TB, HIV-AIDS ကင်ဆာ၊ လည်ပင်ကြီးဟော်မုန်းများနေသူ စတာတွေပါ။ တီဘီ ဖြစ်နေသူတယောက် ဆေးပါတ်လည်လို့ ပျောက်လာရင် သေခြာပေါက် ၀လာပါတယ်။ တိတိကျကျ ဆိုရရင် ညိုပြီး ၀လာတာပါ။
ခပ်လွယ်လွယ် သဘောပေါက်အောင်ပြောရရင် ၀ချင်ရင် ကြီးကြီးကြံပါလေ။ အိန္ဒိယကို ရောက်ခါစ ဦးမောသီရိ ဆိုတဲ့ စာပေဆုရဘူးသူ မိတ်ဆွေကြီးကပေးတဲ့ အကြံတခုက ဘာလဲဆိုတော့ “တံငါဖြစ်မှတော့ ငါးကြီးကြီးမျှားပါ” တဲ့။ သူက အပြောတင် မဟုတ်ဘူး။ အင်္ဂလိပ်စကား တလုံးမှ မတတ်ပေမဲ့ သတ္တိကောင်းလှတဲ့ တိုင်းရင်းသူတယောက်ကို ၀န်ကြီးချုပ် ဆိုသူနဲ့ တွေ့အောင် အားလဲပေး၊ အကူညီလဲ ပေးခဲ့တဲ့သူပါ။
ကြီးကြီးကြံဘို့ရာ တခါစား များများ၊ အကြိမ်လဲ များများ၊ ထမင်းလုပ် ကြီးကြီး၊ ထမင်းပန်းကန်အစား ဇလုံ၊ ဇွန်းဆိုရင် ယောက်ချို သုံးပါ။ အတွေ့အကြုံအရ ပြောရရင် လူကောင်ကြီးသူတွေ လက်ရေးလက်သား သေးသေး၊ လက်မှတ်က ငယ်ငယ်လေး ဖြစ်တတ်တယ်။ အဲတော့ လက်ရေးပါ ပြောင်းချင် ပြောင်းလို့ အကြံပေးရမလားဘဲ။
ဝချင်ရင် အလေး(၀ိတ်) မ, တာ ငြင်းစရာတော့ မရှိပါ။ များများစားဘို့လောက်တော့ မထိရောက်ပါ။ ပိန်သူတွေရဲ့ ဇီဝကမ္မ ဆိုတဲ့ သက်ရှိတို့ ထုံးစံလုပ်ပေးနေရတဲ့ ဖြစ်စဉ်ကိုယ်၌က မြန်မြန်ကြီး လုပ်နေသူတွေ ဖြစ်လို့ (ကယ်လိုရီ) တွေ ပိုရဘို့ လိုပါတယ်။ စာသင်သလို ပြောရရင် အဆင့် ၅ ဆင့်ရှိတယ်။ ကိုယ်အလေးချိန် ချိန်ထားပါ။
၁။ ခါတိုင်း တနေ့မှာ (ကယ်လိုရီ) ဘယ်လောက် စားနေသလဲ။
၂။ စားနေတာထက် ၅၀၀ (ကယ်လိုရီ) ပိုစားပါ။ စားနိုင်အောင် တနေ့ ၃ ထပ်ကနေ ၄-၅ ထပ် စားပြစ်လိုက်ပါ။
၃။ (၀ိတ်)မ ပါ။ Gym သွားချင်သွား၊ အိမ်မှာဘဲ လုပ်လုပ်။
၎။ အလေးချိန် ပြန်ချိန်ပါ။ တပါတ်အပြီး ၁-၂ ပေါင်တိုးရင် ကောင်းတယ်။ ၁၀ ပေါင် မတိုးချင်ပါနဲ့။ ကျန်းမာရေးအရ အကောင်း မဟုတ်ပါ။ ၁ လကုန်ရင် ၅-၈ ပေါင် တိုးတာ ကောင်းတယ်။
၅။ အလေးချိန် ဆက်မတိုးရင် နောက်ထပ် (ကယ်လိုရီ) ၂၅၀ ပိုစားပါလေ။
တနေ့ (ကယ်လိုရီ) ဘယ်လောက်လိုတာ သိဘို့ “ဦးတိကျ” တွေအတွက် ဖေါ်မြူလာ ရှိတယ်။ အရင်ဆုံး ဘာမှမလုပ်ဘဲ နေတဲ့ အချိန်မျိုးမှာ လိုမဲ့နှုန်းထားကို တွက်ရတယ်။ Resting Metabolic Rate (RMR) လဲခေါ်တယ် Basal Metabolic Rate (BMR) လဲခေါ်တယ်။ လမ်းလဲမလျောက်၊ ပြေးလဲမပြေး၊ အသားလေးနေတုံး ကိုယ်ခန္ဓာက အသက်ရှူဘို့၊ နှလုံးခုန်ဘို့၊ အစာခြေနေဘို့ စတာတွေရဲ့ ဇီဝအလုပ်တွေအတွက် လိုအပ်ချက်ကို ပြောတာပါဘဲ။
ပျင်းတော့ ပျင်းစရာကြီး။ သင်္ချာလို ထပ်ရှင်းရအုန်းမယ်။
RMR = 9.99w + 6.25h - 4.92a + 166g-161
w = ကိုယ်အလေးချိန် ကီလိုဂရမ်၊ h = အရပ် စင်တီမီတာ၊ a = အသက် နှစ်၊ g = ကျား-မ၊ (ကျား = 1 မ = 0)
တနေ့တာလိုမဲ့ (ကယ်လိုရီ) သိဘို့ RMR ကို 1.25 နဲ့ မြှောက်လိုက်ပါ။
ပိုပြီး စားနိုင်အောင် စားပုံစားနည်း ပြောင်းသင့်ရင် ပြောင်းရမယ်။ အ၀စား ၃ ခါနဲ့ သွားရည်စာ ၂ ခါ၊ ၃ ခါ စားပါ။ ကော်ဖီ၊ လက်ဘက်ရည် သောက်မဲ့အစား၊ နွားနို့၊ သစ်သီးဖျော်ရည် သောက်ပါ။ ပေါင်မုံ့စားရင် အညိုက အဖြူထက် ပိုတယ်။ အသီးအရွက်မှာလဲ ရေများများ ပါတာမျိုးဖြစ်တဲ့ ဂေါ်ဖီ၊ ပဲစိမ်းစားဥ၊ သခွါးသီးတို့ထက် အာလူး၊ ပဲမျိုးစုံ၊ မုံလာဥနီ၊ ပြောင်းဖူး တို့က သာတယ်။ အသီးတွေဆိုရင် လိမ်မော်၊ ပိခ်ျ၊ ဇီးသီး၊ ဖရဲသီးတွေထက် ငှက်ပျောသီး၊ သစ်တော့သီး၊ ထောပတ်သီး၊ နာနတ်သီး၊ ပန်းသီးတွေက သာတယ်။ (ဆု-ပ်)ဆိုတဲ့ ဟင်းရည်ဆိုရင် (ခရင်)ပါတာက အကြည်ရည်ထက် သာတယ်။
ဖြစ်နိုင်သမျှ အစားအသောက်တွေထဲမယ် စားသုံးဆီ ထည့်ရပါမယ်။ သံလွင်ဆီ၊ စားအုန်းဆီ၊ ထောပတ်ဆီတို့က နေကြာစေ့ဆီ၊ ပဲဆီတို့ထက် သာတယ်။ သာတယ်ဆိုတာ (ကယ်လိုရီ) ပိုရတာကို ပြောတာပါ။ ရှောင်သင့်တာတွေကတော့ ကျန်းမာရေးနဲ့ မကိုက်တဲ့ trans-fats တွေများတဲ့ (ပက်စထရီ)၊ ကိတ်၊ ကွတ်ကီး၊ ပြုပြင်ထားတဲ့ အသား-ငါး၊ (မာဂျရင်)၊ အလွယ်ဝယ်ရတဲ့ အစားအစာတွေပါ။
မဖြစ်မနေစားရမှာက (ပရိုတင်း) ဓါတ်ပါ အစာတွေ ဖြစ်တယ်။ အသားမျိုးစုံ၊ ငါးမျိုးစုံ။ စားနိုင်တဲ့ အသားအမျိုးမျိုးအပြင် (ကယ်လိုရီ) များများပါတဲ့ ထောပတ်၊ ဒိန်၊ (အောလစ်ဖ်)ဆီ၊ (ခရင်မ်)ဆိုတာတွေ ထပ်ဖြည့်ပါ။ အသားမစားသူတွေလဲ ၀နိုင်တာပါ။ ကြွက်သားတွေ မာတင်းပြီး သန်ချင်ရင်တော့ အသားစားသူများက ပိုသာပါတယ်။
စိတ်လှုတ်ရှားမှုတွေဟာ (ကလ်လိုရီ) အတော် ဖြုန်းပြစ်တယ်။ ဒါ့ကြောင့် စိတ်အေးအေးထားပါ။ လွမ်းစရာ ၀တ္တုတွေ မဖတ်နဲ့။ ဟောလိဝုဒ်က သရဲကား၊ (အေလီယန်)ကား၊ (အက်ရှင်)ကားတွေ မကြည်နဲ့၊ ဇာတ် မနာနာအောင် ရိုက်ထားတဲ့ ကိုရီးယားကား၊ ကုလားကားတွေ မကြည့်နဲ့။ ဗမာတွေ ဒါကြောင့် ပိန်နေတာ။
စားခိုင်းတာတော့ ဟုတ်ပါပြီ၊ စားချင်စိတ် ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ။ ဗီတာမင် B အုပ်စု ဆေးတွေက အထောက်အပံ့ ပြုပါတယ်။ Cyproheptadine (Cypon) ဆိုတဲ့ဆေးက (အလာဂျီ) စတာတွေအတွက် ဖြစ်ပေမဲ့ Anorexia nervosa ခေါ်တဲ့ စားချင်သောက်ချင်စိတ် နည်းနေသူတွေကိုလဲ ပေးနိုင်ပါတယ်။ ကလေးတွေဟာ နဲနဲလေး ဖြစ်လိုက်တာနဲ့ ကျသွား၊ ပိန်သွားဖြစ်တတ်တယ်။ (Cypon) တိုက်ရင်လဲ ခဏနဲ့ ပြန်စားချင် လာကြမယ်။
နောက်တခုက အစပ်စားတဲ့လူ၊ (မဆလာ)ကြိုက်သူ၊ အချဉ်ပါမှဆိုသူတွေ ခံတွင်းတွေ့ရင် စားသာစားပါလေ။ အစပ်တို့၊ ဟင်းခပ်အမွှေးအကြိုင်တို့ဆိုတာ စားချင်လာအောင် လုပ်ပေးတဲ့ တန်ခိုးရှိတယ်။ တရူပ်နံနံ (ကြံမဆိုင်) ခပ်ထားတဲ့ ဟင်းချိုရည်က ပိုချိုသလို မဟုတ်လား။ “နှာညွန့်ကို ခြူတတ်သော” ဆိုတဲ့အစားပေါ့။ ငရုပ်သီးက မတူတဲ့ အကျိုး နှစ်မျိုး ရစေပါတယ်။ အစပ်တွေဟာ (ကယ်လိုရီ) ပိုသုံးလို့ ပိန်စေတယ်။ အစပ်ပါမှ စားချင်စိတ်ပိုလို့ ၀စေမယ်။
ကိုယ်ခန္ဓာ ကြီးထွားစေတဲ့ ဟော်မုန်းဆိုတာ လူ့ဦးနှောက်ကနေ ထုတ်ပေးနေတယ်။ အလေးမသူများ ကြွက်သားတွေ သန်မာလာတာ သူ့အစွမ်းပါ။ သဘာဝ မဟုတ်ဘဲ အပိုဆောင်းချင်သူတွေအတွက် (စတီရွိုက်) ဟော်မုန်း ဆေးတွေလဲ ရှိပါတယ်။ Human Growth hormone (HGH), Growth factors and Testosterone-based analogs ဆိုတာတွေပါ။ ဒီဆေးတွေကို အရွယ်လွန်သူ ယောက်ျားတွေအတွက်ရော အားကစားသမားများအတွက်ပါ သုံးနေတာဖြစ်တယ်။ အိုလံပစ် ဆုတံဆိပ် ပြန်အပ်သူတွေ မနည်းတော့ဘူး မဟုတ်လား။ ဟော်မုန်းဆိုတာ အစွမ်းကြီးသလို သတိကြီးကြီးလည်းထား သုံးရတာမျိုး ဖြစ်တယ်။
ဂျပန် (ဆူမို) နပမ်းသမားနည်းက “(ကယ်လိုရီ)များတဲ့ အစာတွေစား၊ အဆီ မများစေနဲ့”။ (အင်စူလင်) ဆိုတဲ့ သကြားဓါတ် ထိန်းတဲ့ ဟော်မုန်းကို ဆွပေးလို့၊ (ကယ်လိုရီ) များရင် သိမ်းထားတဲ့ အဆီကို ထုတ်မသုံးစရာ မလိုတော့ဘူး။ တခါတည်း များများ စားနိုင်အောင် တချို့က မနက်စောစောစာ မစားဘဲနေတယ်။ သူလို ကိုယ်လိုတွေက တနေ့မှ ၂၀၀၀-၃၀၀၀ သာ စားတယ်။ (ဆူမို) နပမ်းသမားတွေ တနေ့ကို (ကယ်လိုရီ) ၆၀၀၀ ကနေ ၂၀၀၀၀ အထိ စားသတဲ့။ အရက် (ဘီယာ)လဲ သောက်ပါတဲ့။ သူလို ကိုယ်လိုဘဲပေါ့။ တထိုင်ထဲ ဘီယာ ဗူး ၁၀၀ ကုန်သူဆိုတာ ရှိဆိုဘဲ။ လေ့ကျင့်ခန်းကို ပိုပြီး၊ ပြင်းပြင်း ထံထံ၊ နေ့စဉ်မှန်မှန်၊ လုပ်တာကြောင့် စားချင်စိတ်တွေ ပိုလာစေတယ်။
ကျန်းမာရေးသတင်း အသစ်စက်စက်တခုက ဘာပြောလဲဆိုတော့ မျောက်တွေကို စုထားပြီး စမ်းတဲ့အခါ၊ အကောင်ကြီး တွေက နိုင်ချင်တာကြောင့် စိတ်ညစ်ရတဲ့ မျောက်တွေမှာ အဆီစုပြီး၊ ၀မ်းခေါင်း ကျယ်လာသတဲ့။ ကောက်ချက်ဆွဲရင် စိတ်ဒုက္ခရရင် ၀တယ်ဆိုဘဲ။ နိုင်လိုမင်းထက် အနှိပ်စက်ခံနေရသူများ အတော်ဘဲပေါ့။ ဒါပေမဲ့ ဒီ သီအိုရီက လူတွေအတွက် မှားပါတယ်။ မြန်မာပြည်ဆိုရင် အမှားကြီး မှားတယ်။ စိတ်သောက များတိုင်းသာ ၀ရရင်လား ဗမာပြည်မှာ (ဆူမို) သမားချည်းသာ ဖြစ်တော့မယ်။
ချုပ်လိုက်ရင် “ရောဂါ ကင်ရှင်း၊ ထမင်းဟင်း များများ၊ ဆေးဝါးလဲစား၊ အလေးလဲ မပါ” ခင်ဗျား။ စားနည်းလည်း သိပြီ။ စားချင်အောင် လုပ်နည်းလည်း သိပြီ။ စားချင်တာ စားနိုင်တဲ့ဘ၀မျိုး ရဘို့ကတော့ မျောက်ဆိုးများ နှိပ်စက်တာ မခံကြပါနဲ့ ခင်ဗျား။
Dr. တင့်ဆွေ
၃-၅-၂၀၁၀
ကူးလာတာပါ ... ဖတ်ကြနော် .. ၀ချင်သူတွေ .. heeheeheeheehee
1 2
Messages Results 1 - 20 of about 22 for seconds milliseconds. (0.313 seconds)
    All forums        Beauty & Fashion Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info
Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.