Guest. It's 11:23 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Beauty & Fashion Forums jump :
  Page : of 5
  
   အသားဖြူအောင် ဘယ်လိုလုပ်ရမလဲ၊၊
iprincess
7221


Gold Member
 
30/07/2009
709 posts
 41.Re: .....  Aug 04, 2009 11:10 PM
MayHninSi wrote:
wrote:

အသားဖြူအောင် တစ်ကိုယ်လုံးက အရေပြားကို ပလပ်စတစ်ဆာဂျရီလုပ်လိုက်ပါကွယ်..... heeheehee


မိုက်ကယ်ဂျက်ဆင်ကိုအားကျလို့လားဟင် ...
IdeaIdeaIdeaIdeaIdeaIdeaIdeaIdeaIdea



ဖြစ်နိုင်တယ်။
hee

6831


Silver Member
 
25/07/2009
104 posts
 42.Re: .....  Aug 05, 2009 1:47 AM
iprincess wrote:
MayHninSi wrote:
wrote:

အသားဖြူအောင် တစ်ကိုယ်လုံးက အရေပြားကို ပလပ်စတစ်ဆာဂျရီလုပ်လိုက်ပါကွယ်..... heeheehee


မိုက်ကယ်ဂျက်ဆင်ကိုအားကျလို့လားဟင် ...
IdeaIdeaIdeaIdeaIdeaIdeaIdeaIdeaIdea



ဖြစ်နိုင်တယ်။
hee


မိုက်ကယ်ဂျက်ဆင်က မူမမှန်တဲ့ အသားအရည် ပြောင်းလဲတဲ့ဖြစ်စဉ်တစ်ခုဖြစ်ထားတာလို့လည်း ပြောကြတယ်.........

ဒါပေမယ့်လည်း ဘယ်ဟာက အမှန်လဲတော့ မသိဘူး...... hee
moegokethar
6953


Silver Member
 
04/09/2009
152 posts
 43.အသားဖြူချင်ဒီရိုရုပ်  Sep 10, 2009 2:35 AM
အသားဒီလောက်ဖြူချင်နေရင်တော့ ဒီလိုတာရုပ်တော့
နွေခေါင်ခေါင်မှာ ရေနွေးပွက်ပွက်ဆူတာ ခေါင်းပေါ်ကလောင်းချရိုက်တော့...
အမြန်ဖြူနည်းနော်....လုပ်တဲ့တူဖြူမှာပဲ
ဟဲဟဲ.................

မိုးကုတ်သား(ဆီဇာညီညီ)
achitsayarmalay
7171


Planet Strong Member
 
29/02/2008
7732 posts
 44.Re: အသားဖြူချင်ဒီရိုရုပ်  Sep 11, 2009 8:52 AM
moegokethar wrote:
အသားဒီလောက်ဖြူချင်နေရင်တော့ ဒီလိုတာရုပ်တော့
နွေခေါင်ခေါင်မှာ ရေနွေးပွက်ပွက်ဆူတာ ခေါင်းပေါ်ကလောင်းချရိုက်တော့...
အမြန်ဖြူနည်းနော်....လုပ်တဲ့တူဖြူမှာပဲ
ဟဲဟဲ.................

မိုးကုတ်သား(ဆီဇာညီညီ)


တားတား..အရင်လုပ်.ပြ...
တားတား.အဆင်ပြေရင်..မမ.လုပ်ကြည့်မယ်...အပီား....
heeheehee
myatzukhing


Standard Member
 
12/09/2009
1 posts
 45.Re:အဓိက ကတော့တစ်ကိုယ်ရေသန့်ရှင်းဖို့   Sep 12, 2009 8:22 AM
aphyuyaung03 wrote:
မသိပါဘူး။



Tongue


အဓိက ကတော့တစ်ကိုယ်ရေသန့်ရှင်းဖို့အရေးကြီးပါတယ် စိတ်ရဲ့လန်းဆန်းမှုကိုလည်း အပြည့်အ၀ခံစားကြရပါမယ် လန်းလန်းဆန်းဆန်းတက်တက်ကြွကြွနေထိုင်သွားမယ်ဆိုရင် သင့်ရဲ့ခန်ဒါကိုယ်မှာသွေးလည်ပတ်မှုအားကောင်းလာပြီးသင့်အသားရေကိုသိသိသာသာစိုပြေလာပါလိမ့်မယ်
honneymay
434


Standard Member
 
20/10/2006
83 posts
 46.အသားအရည် ထိန်းသိမ်းဖို့ နည်းလမ်းကောင်း  Sep 12, 2009 9:15 AM
ကဲ သူငယ်ချင်းရေ...........

နဂိုက မည်းတဲ့ အသားအရည်ကိုတော့ ဇွတ်တင်း ဖြူအောင် လုပ်ယူလို့ မရပါဘူး..။ အဲ..ဒါပေမယ့် ကိုယ့်ရဲ့ အသားအရည်က ညိုတဲ့ဘက်မှာ ရှိတာပဲ ဖြစ်ဖြစ်၊ ဖြူညစ်ညစ်ဘက်မှာ ရှိနေတာပဲ ဖြစ်ဖြစ်...နဂို ရှိနေတဲ့ အသားအရည်ကို ပိုပြီး ကောင်းမွန်လာအောင် ထိန်းသိမ်း စောင့်ရှောက်လို့တဲ့ နည်းလမ်းတွေ ရှိပါတယ်...။

ဟန်နီ သိတဲ့ နည်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါမယ်...။ တကယ်လည်း အသုံးဝင်ပါတယ်..။ အကျိုးလည်း ထူးပါတယ်...။

(၁) အချက်အနေနဲ့ကတော့ ဖုန်တွေ သဲတွေ သိပ်ထူထဲလွန်းတဲ့ မြန်မာနိုင်ငံလို နေရာမျိုးမှာဆိုရင် မိမိအသားအရည်ကို ထိန်းသိမ်းနိုင်ဖို့က ပိုပြီး ခက်ခဲလှပါတယ်...။ မျက်နှာမှာ ကပ်နေတဲ့ ဖုန်တွေ သဲတွေဆိုတာက မျက်လုံးနဲ့တော်ရုံ ကြည့်လို့ မြင်ရတာ မဟုတ်ဘူးလေ.....။ ဒါ့ကြောင့်မို့ ညအိပ်ယာဝင်ခါနီးကို ခြေလက် မျက်နှာဆေးကြောဖို့ မမေ့ကြစေချင်ပါဘူး။

.... မျက်နှာသစ်ဆေးကြောတဲ့ နေရာမှာ... မျက်နှာသစ် ဆပ်ပြာကိုပဲ အသုံးပြုစေချင်ပါတယ်..။ ဘာလို့လဲဆိုတော့ ကိုယ်ခန္ဒာကို အသုံးပြုတဲ့ ဆပ်ပြာတွေကို နုနယ်လှတဲ့ မျက်နှာပြင်ပေါ်မှာ အသုံးပြုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်..။ နောက်တစ်ခုက မျက်နှာသစ်ရင် အများသောအားဖြင့်က မျက်နှာသစ်ဆပ်ပြာကို လက်ထဲထည့်ပြီး မျက်နှာမှာ ပွတ်လိုက်တာပါပဲ...။ အဲလို မျက်နှာသစ်တာဟာ အညစ်အကြေးတွေ ပြောင်စင်သွားတယ်လို့ ထင်ရပေမယ့်..တကယ်တော့ ထင်သလောက် ထိရောက်မှု့ မရှိလှပါဘူး။ အဲဒီတော့ ထိရောက်မှု့ ရှိနိုင်တဲ့ နည်းလမ်းလေး တစ်ခုကို ဟန်နီ ပြောပြမယ်နော်...။

အားလုံး electronic tooth brush (လျှပ်စစ်သွားတိုက်တံ) လေးတွေကို မြင်ဖူးကြမယ် ထင်ပါတယ်...။ စူပါမားကတ်တစ်ချို့မှာ ဝယ်ယူလို့ ရမယ် ထင်ပါတယ်..။ ဒီနည်းလမ်းကို အသုံးပြုချင်တယ် ဆိုရင်ဖြင့် အဲဒီ သွားတိုက်တံလေးကို မဖြစ်မနေ ဝယ်မှ ဖြစ်မှာ...။ ကဲ..သွားတိုက်တံလေးတော့ ရပါပြီ...။ ဘယ်လို အသုံးပြုမလဲ...။ ပထမဦးစွာ...မျက်နှာကို ရေအေးအေး အနေတော်လေးနဲ့ သန့်စင်ပါ...။ ပြီးရင်... မျက်နှာသစ်ဆပ်ပြာတစ်ချို့ကို လက်ထဲထည့်ပြီး မျက်နှာတပြင်လုံးကို ပွတ်ပါ...။ အဲနောက်မှာတော့.... ဝယ်ထားတဲ့ လျှပ်စစ်သွားတိုက်တံလေးကို ခလုတ်နှိပ်ပီး လည်လာအောင် လုပ်လိုက်ပါ...။ ပြီးရင် အဲဒီ သွားတိုက်တံလေးနဲ့ မျက်နှာတပြင်လုံးကို ညင်ညင်သာသာ နူးနူးညံ့ညံ့နဲ့ စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးပါ..။ စိတ်ရှည်ဖို့က အရေးကြီးပါတယ်...။ အဓိက အရေးကြီးတာက....နှာခေါင်းနေရာပါ...။ ဆားဝက်ခြံတွေ ပေါက်တတ်တဲ့နေရာမျိုးတွေမှာ ကြာကြာလေး စိတ်ရှည်ရှည် အသုံးပြုပေးခြင်းဖြင့်.... ဆားဝက်ခြံပေါက်တာတွေရော ပျောက်ကင်း သက်သာနိုင်ပါတယ်....။ နေရာအနှံ ပွတ်တိုက်ပြီးလို့ အားရပြီဆိုရင်တော့ မျက်နှာကို ရေအေးအေးလေးနဲ့ အသာ ဆေးကြောလိုက်ပါ.......။ ပြီးတော့ မှန်ထဲမှာ မြင်နေရမယ့် သင့်မျက်နှာဟာ ...အရင်ကနဲ့ မတူ ...ပိုမိုထူးခြား ရှင်းသန့် နေမှာ အမှန်ပါပဲ...။ ဒီနည်းလမ်းကို နေ့စဉ် အသုံးပြုပေးဖို့တော့ လိုပါလိမ့်မယ်.....။

အားလုံးပဲ လိုအင်ဆန္ဒပြည့်ဝကြပါစေ နော်...။

ဟန်နီမေ
honneymay
434


Standard Member
 
20/10/2006
83 posts
 47.အသားအရည် ထိန်းသိမ်းဖို့ နည်းလမ်းကောင်း  Sep 12, 2009 9:43 AM
အသားအရည် ထိန်းသိမ်းဖို့ နောက်တစ်ချက်အနေနဲ့ကတော့.......... သူငယ်ချင်းတို့ သိရင် အရမ်း အံ့သြသွားပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ သိပ်ကို လွယ်လွန်းလို့ပါပဲ။ လွယ်တဲ့အပြင် အဲဒီပစ်စည်းက ကိုယ့်အိမ်မှာလည်း အမြဲရှိနေတဲ့ ပစ်စည်းမို့ပါ။ “ မသိသူ ကျော်သွား၊ သိသူ ဖော်စား” တဲ့..ကဲ သူငယ်ချင်းတို့ရေ ...တူတူ ဖော်စားရအောင်နော် hee

(၂) အချက်အနေနဲ့ ဒီနည်းလမ်းလေးကို အသုံးပြုရင် အသားအရည်က တကယ်ကို ဝင်းပစိုပြေလာစေပြီး၊ အသားအရည်ကို တင်းတင်းရင်းရင်းလေးနဲ့ အရေးအကြောင်းတွေကိုလည်း လျော့စေပါတယ်..။ သိပ်သိချင်နေပြီလား သူငယ်ချင်းတို့ရေ...း) ....။

ကဲ ...ပျိုပျိုမေရေ.....
အိမ်မှာရှိတဲ့ ဆန်အိုးထဲက ဆန်လေးကို သွားယူပေတော့.............။
နောက်တာ မဟုတ်ဘူးနော်..တကယ်ပြောတာ.....။
အနေတော် အရွယ်ရှိတဲ့ ပန်းကန်လုံးလေးထဲမှာ ဆန်တဝက်နီးပါးလောက် ထည့်ပါ။ (ဆန်ဆိုတဲ့ နေရာမှာ သဘာဝအတိုင်း စိုက်ပျိုးသန့်စင်ထားတဲ့ ဆန်မျိုးက ပိုထိရောက်ပါတယ်)
ပြီးရင်တော့...... ရေအေးအေးလေး နည်းနည်းကို အဲဒီ ဆန်ပန်းကန်လုံးလေးထဲ ထည့်ပါ။ အများကြီး ထည့်ဖို့ မလိုသလို... နည်းနည်းလေးလည်း မထည့်ပါနဲ့....။ ရေထည့်လိုက်ရင် ဆန်လေးတွေ အပေါ်ကို ဝေ့တက်လာပါလိမ့်မယ်...။ အဲဒီ ဝေ့တက်လာတဲ့ ဆန်လေးတွေ ရေထဲ မြုပ်လောက်တဲ့အထိပဲ ထည့်ပါ....။ မဟုတ်ရင်လည်း စိတ်မှန်းနဲ့ အနေတော် ထည့်ပေါ့...။
............... ပြီးရင်တော့ သန့်ရှင်းတဲ့ ဇွန်းလေး တစ်ချောင်းယူပြီးတော့ သမအောင် ဖြေးဖြေးချင်း မွှေပါ.....ဇွတ်မလုပ်ရဘူးနော်.......။ ဟန်နီကတော့ ဇွန်ဖင်မြီးလေးနဲ့ မွှေတယ်....။ ခဏလောက် သမအောင် မွှေပြီးရင်တော့ .....ရလာတဲ့ အဲဒီ ဆန်အရည်လေးတွေကို ..သန့်ရှင်းတဲ့ ပန်းကန်လုံး ဖြစ်ဖြစ်၊ သန့်ရှင်းစင်ကြယ်တဲ့ ဖန်ပုလင်းလေးထဲကို ဖြစ်ဖြစ် လောင်းထည့်လိုက်ပါ။ အဲဒီနောက် အသုံးပြုလို့ ရပါပြီ...။

အဲဒီ ဆန်အရည်လေးဟာ ဘာနဲ့ တူလဲဆိုတော့..ပြောရရင်....။ သူငယ်ချင်းတို့... toner ဆိုတဲ့ အရည်တစ်မျိုးကို သိတယ် ဟုတ်? toner က အသားအရည်ပေါ်မှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတယ်....။ အဲလိုပဲ ဒီဆန်အရည်လေးက..... မျက်စိနဲ့ မမြင်ရတဲ့ အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တယ်...။ အသုံးပြုပုံကတော့........ စောစောက စစ်ယူထားတဲ့ ဆန်အရည်ပုလင်းလေးကို ယူပါ...။ အသုံးမပြုခင် မျက်နှာ အရင်သစ်ထားပါ။ ပြီးတော့ ဂွမ်းစလေး တစ်စနဲ့ ဆန်ရည်ကို ယူပြီး မျက်နှာတပြင်လုံးကို ပွတ်ပေးပါ....။ ဖွဖွလေးပဲ ပွတ်ပေးပါ....။ အေးစက် နူးညံတဲ့ အထိအတွေ့ကို ခံစားရပါလိမ့်မယ်...။ လုံးဝ မျက်နှာလေးက fresh ဖြစ်နေတယ်လို့ ခံစားရပါလိမ့်မယ်...။ နေရာအနှံ ပွတ်ပြီးရင်တော့ ကိုယ်သုံးထားတဲ့ ဂွမ်းလေးကို ပြန်ကြည့်ကြည့်လိုက်ပါ...။ ဂွမ်းမှာ အညစ်အကြေးတွေ ကပ်နေတာ တွေ့ပါလိမ့်မယ်...တကယ်။ မျက်နှာသစ်ထားပီးသား ပေမယ့်လဲ ဒီဆန်ရည်လေး အစွမ်းနဲ့ လွယ်လွယ် မပြောင်နိုင်တဲ့ အညစ်အကြေးတွေကို စုပ်ယူနိုင်တာ အံ့သြစရာကောင်းပါတယ်။ မျက်နှာတစ်ခုလုံး ပွတ်ပြီးရင်တော့ ခြောက်အောင် စောင့်ပါ....။ မစိုမခြောက် အနေလေးမှာတင် သင့်မျက်နှာဟာ ကြည်လင် လန်းဆန်းတဲ့ အတွေ့ထူးကို ခံစားရမှာ ဖြစ်ပါတယ်....။ နေ့တိုင်း မနက်တစ်ကြိမ် ညတစ်ကြိမ် လုပ်ပေးပါက...သင့်မျက်နှာလေး အသားအရည်ဟာ ပိုမို လှပစိုပြေနေမှာ သေချာပါတယ်.....။ သြော်... ကျန်နေသေးတဲ့ ဆန် အရည်လေးတွေကို သေချာ ဖုံးအုပ်ပီး အေးတဲ့ နေရာမှာ သိမ်းဖို့ မမေ့နဲ့ဦးနော်.....။

အားလုံးပဲ လိုအင်ဆန္ဒပြည့်ဝကြပါစေနော်.။
ဟန်နီမေ
maylat
6166


Silver Member
 
15/09/2008
186 posts
 48.Re: ရခိုင်လေး  Sep 17, 2009 7:43 PM
mashwehtar wrote:
rakhaine lay wrote:
ကျွန်တော့် DENIM ယောကျားသုံးကိုယ်တိုက် ဆပ်ပြာ အပြာရောင်သုံးတာ အသားတွေဖြူလာတယ်ဗျာ့ ၀ယ်လာတုန်းကဘာရယ်မဟုတ်ဖူး
စမ်းသုံးချင်လို့ ၀ယ်လာတာ သူများပြောမှာ့ကိုယ့်ကိုယ် ကိုယ်မှန်မှာသေသေချာချာပြန်ကြည့်မိတယ်။ အဲ့ဒီတော့မှာ့မြင်တယ်
အသားတွေဖြူလာတယ်။ ကျွန်တော်က မျက်နှာသစ်ဆေးတို့ဘာတို့ညာတို့ လုံးဝမသုံးဘူး အဲ့ဒီဆပ်ပြာပဲသုံးတာ ဒါတောင် ရေတွေဘာတွေချိုးမှာ့သုံးတာ
အသားဖြူချင်သူတွေသုံးကြည့်ကြပေါ့ ဖြူမဖြူ။ တန်ဖိုးက ၈၀၀ လား ၁၀၀၀ လားမသိဘူး အဲ့ဒီတန်ဖိုးတွေနားလောက်ပဲ။


ဟုတ်လား ဘယ်မှာဝယ်လို့ရလဲ.. မိန်းကလေးအတွက်ကော မရှိဘူးလား.. IdeaIdea
ညန်ညန်ကြောပါ ညန်ညန်ကြောပါheeheehee


ညလေး ဖတ်ရတဲ့ မဂဇင်း မှာတော့ အမျိုးသား သုံး ပစ္စည်းလို့ ထုတ်ရတာက အမျိုးသမီးသုံး ပစ္စည်းမှာ ၀ယ်တတ် အခါ ရှက်မှာစိုးလို့ အမျိုးသားသုံးလို့ ရေးတာပါတဲ့ ဒါကြောင့် အမျိုးသား ပစ္စည်း နဲ့ အမျိုးသမီးသုံး ဘာမှမကွာဘူးလို့ ပြောနိုင်ပါတယ် ဒါကြောင့် မ သုံးချင်ရင် ကိုရခိုင်လေး ပြောတာ ၀ယ်သုံးနိုင်ပါတယ်
maylat
6166


Silver Member
 
15/09/2008
186 posts
 49.Re: မျက်နှာ  Sep 17, 2009 7:58 PM
kokotay wrote:
မျက်နှာတစ်ခုတည်းကွက်ပြီးမည်းနေတာကျတော့ ဘယ်လိုလုပ်ရမလဲ?

သိရင်ဖြေပေးကြပါနော်။

ကျေးဇူးတင်ပါတယ်။


ကြားဖူး ၊ မှတ်ဖူး ၊ ဖတ်ဖူး ၊ကြုံဖူး တာလေး မျှဝေတာပါ
ရှားစောင်းလက်ပက် ရဲ့ အနှစ် ကို မျက်နှာ မှာလိမ်းပေး ရင်တော့ ချောမော လှပ တဲ့ မျက်နှာလေး ရမှာပါ ။
ဖြူချင်ရင်တော့ မျက်နှာသစ်တာ က အစ ဂရုစိုက်ဖို့လိုပါတယ်
သဲဆပ်ပြာ ဆိုတာ နဲ့ သစ်ကြည့်ပါလား ဖြူပါတယ် ။ ၄၀၀ ကျပ်ပဲပေး ရပါတယ် ။ညလေး တော့ တာမွေဈေး မှာ ၀ယ်တာပါ။
အခဲ ပုံပါ ။ ပြီးတော့ နို့ပါတဲ့ cream ပဲဖြစ်ဖြစ် လိမ်းကြည့်စေချင်ပါတယ် ။
နောက်ပြီး သူများပြောတိုင်းလည်း မသုံးသင့်ပါဖူး ။ ကိုယ့် အသားအရေနဲ့ လိုက်ဖက်တာ ကိုရွေးသုံးစေချင်ပါတယ် ။
nolanlao
7301


Silver Member
 
12/02/2007
421 posts
 50.အသားသိပ်ဖြူချင်သူတွေသတိထားပါ။  Sep 18, 2009 7:50 AM
ကုတ်အင်္ကျီ ဦးထုပ်နှင့် လူပြာကလေး wrote:
မိုက်ကယ်ဂျက်ဆင်က မူမမှန်တဲ့ အသားအရည် ပြောင်းလဲတဲ့ဖြစ်စဉ်တစ်ခုဖြစ်ထားတာလို့လည်း ပြောကြတယ်.........
ဒါပေမယ့်လည်း ဘယ်ဟာက အမှန်လဲတော့ မသိဘူး......





သူကနာမည်မရှိတော့ဒီလိုခေါ်တာစိတ်မရှိနှင့်နော်...။
မှန်ပါတယ် ငါ့ညီ။
Michael Jackson ဟာ Vitiligo (ခရုသင်း)ရောဂါဆွဲကပ်လို့ အရေပြားရဲ့အရောင်ပျောက်သွားတာပါ။
အသားသိပ်မဖြူချင်ပါနှင့်။ ကင်ဆာဖြစ်တတ်ပါတယ်။
Michael Jackson အကြောင်းလေးဖတ်ကြည့်ပါ။


Vitiligo and Michael Jackson
Vitiligo started spotting Michael Jackson’s skin from his early twenties; he had lupus; and was under constant stress. No wonder then his vitiligo did not respond to treatment and progressed relentlessly.

Vitiligo, though a harmless disease, can cause immense stress and heart break in the affected, especially in those with dark skin. Michael Jackson, being a performing artist would have felt his world collapsing around him when the disease started showing up on his face as white spots. Still that did not deter him from churning out record breaking top hits one after another. During the Thriller era Michael would mask the white spots with layers of brown make up that would often trickle down to his costumes and even his microphone.

How Michael Jackson Turned White
When there were more white patches than his normal skin color and the daily chore of hours of makeup became cumbersome, MJ was given the choice of depigmenting his skin so that the color would even out. The bleaching or depigmentation of the skin was carried out under the supervision of his dermatologist. 20% monobenzylether of hydroquinone was used for this purpose. This chemical causes a permanent and irreversible loss of skin pigment and produces a chalk-white color.

The absence of the melanin pigment makes the skin more prone for sun burns, hence Michael Jackson had to wear long sleeves and hat, and, at times, cover his face when he went outdoors.

Michael Jackson's Loss of Skin Color: The Trials and Tribulations
The ghostly white color and the plastic surgeries carried out to correct an accident injury (complications of lupus also contributing?) drastically changed Michael Jackson’s features and appearance. This was when the racist slanders flooded against him in the media about how he was forgetting his roots and turning his back on his African ancestry.

On February 10, 1993 Michael Jackson revealed on the Oprah show that his skin had turned white due to vitiligo and he had to depigment the skin to even out his skin color. He dismissed the allegations that he had bleached his skin to ‘become white’.

“I’m a black American, I am proud to be a black American, I am proud of my race. I am proud of who I am. I have a lot of pride and dignity,” were his words. This did put some brake on the racist attacks on him, but unfortunately there are still many people out there who refuse to accept that Michael Jackson turned white due to the skin disease vitiligo.

Vitiligo: A Harmless Skin Disorder with a Social Stigma
Vitiligo is not a contagious disease or a serious threat to the general health of an individual. But it still carries a social stigma in many communities. Health education and creating a general awareness should help in ridding the myths surrounding the disease. Michael Jackson was the exemplary example that vitiligo need not be a hindrance to building up a great career that would be remembered for generations to come.

happyflowerbird


Standard Member
 
18/09/2009
1 posts
 51.Re: အသားဖြူချင်ဒီရိုရုပ်  Sep 18, 2009 8:16 AM
achitsayarmalay wrote:
moegokethar wrote:
အသားဒီလောက်ဖြူချင်နေရင်တော့ ဒီလိုတာရုပ်တော့
နွေခေါင်ခေါင်မှာ ရေနွေးပွက်ပွက်ဆူတာ ခေါင်းပေါ်ကလောင်းချရိုက်တော့...
အမြန်ဖြူနည်းနော်....လုပ်တဲ့တူဖြူမှာပဲ
ဟဲဟဲ.................

မိုးကုတ်သား(ဆီဇာညီညီ)


တားတား..အရင်လုပ်.ပြ...
တားတား.အဆင်ပြေရင်..မမ.လုပ်ကြည့်မယ်...အပီား....
heeheehee


လုပ်တဲ့တူဖြူမှာပဲ
ဟဲဟဲ.................BlushBigGrinBigGrin
alexa09


Standard Member
 
22/09/2009
12 posts
 52.အသားဖြူချင်ဒီရိုရုပ်   Sep 22, 2009 8:51 AM
hee

NIVEA Body Lotion လိမ်းပါလားIndifferent
lotusbelle


Standard Member
 
04/07/2009
25 posts
 53.အသားဖြူရန်နည်းလမ်းကောင်း  Oct 05, 2009 11:39 AM
အသားဖြူချင်တာများ လွယ်လွယ်လေး။ကဲ ...........လိုက်ဆို။
အရှင်ဘုရား..........ဘုရားတပည့်တော်သည် ယခုထက်အသားဖြူချင်ပါသဖြင့်
ခရုသင်းများပေးသနားတော်မူပါဘုရား................။
ကဲ ဒါဆိုမကြာခင်မှာအသားတွေဖြူလာပါလိမ့်မယ်နော်။TongueTongue
lotusbelle


Standard Member
 
04/07/2009
25 posts
 54.အသားဖြူရန်နည်းလမ်းကောင်း  Oct 05, 2009 11:49 AM
အသားဖြူချင်တာများ လွယ်လွယ်လေး။ကဲ ...........လိုက်ဆို။
အရှင်ဘုရား..........ဘုရားတပည့်တော်သည် ယခုထက်အသားဖြူချင်ပါသဖြင့်
ခရုသင်းများပေးသနားတော်မူပါဘုရား................။
ကဲ ဒါဆိုမကြာခင်မှာအသားတွေဖြူလာပါလိမ့်မယ်နော်။TongueTongue
RainLaw
7051


Standard Member
 
23/09/2009
30 posts
 55.55.အသားမည်းရင်  Oct 07, 2009 10:02 AM
အသားဖြူအောင် .... စေတီတစ်ဆူမှာ...ထုံးသွားသုတ်ပါ..(ရှေးဘ၀ကုသိုလ်ကြောင့်)
RainLaw
7051


Standard Member
 
23/09/2009
30 posts
 56.55.အသားမည်းရင်  Oct 07, 2009 10:06 AM
အသားဖြူအောင် .... စေတီတစ်ဆူမှာ...ထုံးသွားသုတ်ပါ..(ရှေးဘ၀ကုသိုလ်ကြောင့်)
kokozaw123


Standard Member
 
09/10/2009
1 posts
 57.HI   Oct 12, 2009 1:46 PM
paint your body.
alterbaby
7284


Silver Member
 
10/10/2009
227 posts
 58.Re: 55.အသားမည်းရင်  Oct 12, 2009 2:01 PM
RainLaw wrote:
အသားဖြူအောင် .... စေတီတစ်ဆူမှာ...ထုံးသွားသုတ်ပါ..(ရှေးဘ၀ကုသိုလ်ကြောင့်)


ဒီဘ၀မှာ ဖြူချင်တာပါဆို..
နောင်ဘ၀မှာ ကျေးကန်းဘ၀ရောက်နေလို့ ဖြူနေရင် ၀ိုင်းဆိတ်ခံရမှာပေါ့..
heeheeheeheehee
mashwehtar
7321


Planet Strong Member
 
26/11/2008
3112 posts
 59.Re: 55.အသားမည်းရင်  Nov 23, 2009 12:07 PM
alterbaby wrote:
RainLaw wrote:
အသားဖြူအောင် .... စေတီတစ်ဆူမှာ...ထုံးသွားသုတ်ပါ..(ရှေးဘ၀ကုသိုလ်ကြောင့်)


ဒီဘ၀မှာ ဖြူချင်တာပါဆို..
နောင်ဘ၀မှာ ကျေးကန်းဘ၀ရောက်နေလို့ ဖြူနေရင် ၀ိုင်းဆိတ်ခံရမှာပေါ့..
heeheeheeheehee


တော်တော်လည်းချင်းချားတတ်တဲ့ အော်လ်တာ.. heeheehee
ဟုတ်တော့ဟုတ်သား.. နာလည်းဒီဘွမှာဖြူချင်တယ်
humannature
7019


Platinum Member
 
21/05/2008
1331 posts
 60.People desire  Nov 23, 2009 11:51 PM
We can do different things in this modern world but it is costly...Why we need to be white people?Any differences for whitening our skin.Most white people think they are unhealthy cos' of their skin color..So why we need white complexion..??????????
1 2 3 4 5
Messages Results 41 - 60 of about 88 for seconds milliseconds. (0.218 seconds)
    All forums        Beauty & Fashion Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.