Guest. It's 05:40 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Books Forums jump :
  Page : of 4
  
   တာရာမင်းဝေ
htuemyataung
7129


Silver Member
 
16/09/2009
329 posts
 21.(5)  Nov 13, 2009 12:44 PM
သူသည် "၅" တစ်လုံးဖြစ်၏။ သူ့ကိုယ်သူ မည်၍ မည်မျှ တန်ဖိုးရှိမှန်းမသိပေ။
သူ့ဘာသာတစ်ယောက်ထဲသာ ပျော်နေတော့၏။

" '၅' တဲ့ဟေ့နော် .... "

ဘာကိုမှလည်းသူစိတ်မ၀င်စား၊
သူ့ဘာသာတစ်ယောက်တည်း လှည့်လည်သွားလာနေတော့သည်။
တစ်နေ့မှာတော့ ရှားရှားပါးပါး သူ့လို '၅'တစ်လုံးနှင့် သွားတွေ့သည်။

"ခင်ဗျားက '၅' ပဲလား ...."

"ဟုတ်တယ် ... ကျုပ် '၅' ပဲ"

"ဟာ ... ပျော်စရာကြီးဗျာ ...."

သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြ၏။ အပျော်ကြီးပျော်ကြလေသည်။

*****************
အခန်း ( ၂ )

ဒုတိယ ၅ ရောက်လာသည့်အတွက် ပထမ ၅ တွင် စိတ်ရှုပ်ထွေးစရာတွေရှိလာလေသည်။
ဒုတိယ ၅ ၏ မေးခွန်းကြောင့်ဖြစ်သည်။

"မင်းက '၅' တော့ဟုတ်ပါပြီ... တစ်ကနေမြင့်တက်လာတဲ့ '၅' လား ၊ '၉' ကနေ လျှောကျလာတဲ့ ' ၅' လား"

"ဟေ့အေး .... ငါမသိဘူး..."

"အေးကွာ...မသိတာဘဲကောင်းပါတယ်"

သူတို့သင့်မြတ်စွာနေထိုင်ကြလေသည်။ တစ်နေ့

"ဟေ့ ... ဟိုမှာလည်း '၅' တစ်လုံး မဟုတ်လား"

"အေး ... ဟုတ်တယ်ကွ..."

တတိယ ၅ ကို သူတို့တွေ့ဆုံရလေသည်။ ဖက်လှဲတကင်း နှုတ်ဆက်ကြ၏။ သူတို့အတူတကွ နေထိုင်ရန်
ဆုံးဖြတ်ကြသည်။ တတိယ ၅ ၏ မေးခွန်းကို သူတို့မဖြေနိုင်ကြချေ။

" '၅' ဆိုတာတော့ ဟုတ်ပါပြီ ....မင်းတို့က ရလာဒ် '၅' ပဲလား ... အကြွင်း '၅' လား"

" ဟာ ... အဲဒါတွေ တို့မသိဘူးကွာ"

"မသိတာပဲကောင်းပါတယ်ကွာ ....."

"ငါတို့တွေ အတူနေကြမယ် ....."

သူတို့ သိုက်သိုက်မြိုက်မြိုက် နေကြလေသည်။

********************

အခန်း ( ၃ )

တစ်နေ့မှာ သူတို့ ပါတီပွဲတစ်ခု ကျင်းပကြသည်။ မြူးတူးခုန်ပေါက်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် နပန်းသတ်ကြသည်။ ထိုသို့ လုံးထွေးသတ်ပုတ်ရင်း သူတို့၏ အနေအထားက အောက်ပါအတိုင်း ဖြစ်သွားသည်။

၅ / ၅ * ၅ ဖြစ်သွား၏။

"၀ုန်း ...."

မူလ ၅ သုံးလုံး ပျောက်ကာ ၅ အသစ်တစ်လုံးထွက်ပေါ်လာ၏။
ထို ၅ ကမှ ပကတိ၊ ဘာကိုမှမသိ၊ သူ့ကိုယ်သူ ၅ မှန်းလည်းမသိ။

"ငါ ဘယ်သူလဲ ... ဘယ်ကကောင်လဲ ... ဒီနေရာမှာ ဘာလာလုပ်နေတာလဲ၊
ဟင် ... ငါ့တစ်ကိုယ်လုံးမှာ အ၀တ်လည်း မပါပါလား ..."
ထိုသို့ပြောပြီး ဖင်ပြောင်လေးကို လက်နှင့်ကာရင်း တောတွင်းသို့ ပြေးဝင်ပျောက်ကွယ်သွားလေတော့သည်။
ဧ၇ာမေ
2902


Platinum Member
 
08/08/2007
1197 posts
 22.Formal ကို ကရော်ကမယ် လုပ်ခဲ့သူ  Nov 14, 2009 8:45 AM
htuemyataung wrote:

ခက်တော့တာပါပဲ။ သားလည်း ဘာမှမပြောချင်တာနဲ့ လှည့်ထွက်ခဲ့တယ်။
(ကိုယ့်လောက်မသိသေးဘူးထင်ရတဲ့သူကိုရှင်းပြနိုင်ဖို့ ဘယ်လောက်တောင်အခက်အခဲတွေကြုံဖူးထားပြီလဲတော့မသိဘူး လက်လျှော့ထားသူလို့တော့သိလိုက်ရပြီ)

အမှန်ဆို မာလကာပင်ကြီးကို သား တက်ခူးစားလို့ရသလို သူလည်း တက်ခူးစားလို့ ရတာပဲ။
(ဆန်းသစ်တီထွင်မှုကို တားဆီးပိတ်ပင် ရှုံ့ချသူရှိတတ်တာမှန်ပေမယ့် အားပေးချီးမြှောက်သင့်သူကို သိမြင်နားလည်မြေတောင်မြှောက်ပေးတတ်တဲ့ဆရာသမားတွေလည်းရှိတတ်ပါတယ်လေ၊ "၀"မရှိပဲ "၀ိ"လုပ်ပြီး အတတ်ဆန်းထွင် ထင်ရာလုပ်နေသူတိုင်းကို လွှတ်ပေးထားလျှင် "မတ်တပ်ရပ်လို့လမ်းမှာငို ပရွက်ဆိတ်ညိုကိုက်လို့ဗျို" ဆိုတာလို ထမင်းငတ်ကုန်တတ်ယုံသာမက လောကကြီးကိုပြဿနာရှာသူတွေဖြစ်လာတတ်တဲ့အရေး မျှော်တွေးဆင်ခြင်သိထားတဲ့ တာဝန်ရှိသူ ဆရာကြီးတွေကတော့ ပဲ့ပြင်ကြမှာအမှန်ပဲ။ မြင်းကောင်းကို ကြိမ်တို့စရာမလိုဘူးဆိုပေမယ့် ပြေးတဲ့ကိစ္စလောက်မှာပဲ သူအသုံးကျတာပါလေ၊ မြင်းဆိုတာ ထရိန်နာနှင့် ဘာဆိုင်တာမှတ်လို့။ ကြိမ်တို့ခံရဖူးတာကို နာကျည်းခါးသီးနေသူတွေ တွေ့ဖူးပါရဲ့ကွယ် ကြိမ်တို့ဖို့မလိုအောင် မြန်ဆန်သန်စွမ်းပြီးစိတ်အားထက်သန် အကင်းပါးကြောင်း အခွင့်အခါအနေအထားကြည့်ပြီး ယုံကြည်အောင် ဖေါ်ထုတ်နိုင်စွမ်းမရှိခဲ့သေးတာ မေ့လျောချင်ယောင်ဆောင်နေကြတာပဲ ဖြစ်ကြမှာပါ။)
ဒါမှမဟုတ်ရင်လည်း သားခူးလာတဲ့ မာလကာသီးတွေထဲက သူ့ကို နည်းနည်း ခွဲပေးလို့ရတာပဲ။ ခုတော့ နှစ်ယောက်လုံး ငတ်ကြရတယ်။
(ရိုင်းလိုက်တဲ့ အတွေး၊ ဒင်း(သင်း)ရေးတာကို ငေးမျှော်အားကျ တုပလိုသူ/ ခံစားချက်ကူး ရူးနှမ်းလိုသူ ဒီလိုလူတွေအပေါ် စာအော်ကာ ဆိုပြဖူးတာလောက်နှင့် ဗဟုသုတ တူးဆွဖြန့်ဝေ နေနိုင်ပေပြီဆိုပြီး ဆရာတွေကိုကလေကချေလိုလို အနေထား စိတ်မှကောင်းသေးရဲ့လား မသိ။)

တကယ်ဆို သားက သူများအပင်ကို ခိုးခူးတာ မဟုတ်ပါဘူး။ အပင်ပိုင်ရှင် အဒေါ်ကြီးကကို ခူးစားလေ လို့ ခွင့်ပြုထားပြီးသားပါ။
(ပိုင်ရှင်ကခွင့်ပြုထားတယ်ဆိုတာဆရာကြီးမသိထားဘူးလို့ သေချာနေပြန်ပြီလား၊ စားလိုက စားခွင့်ရနေသည့်တိုင် အလိုဆန္ဒ ကန့်သတ်ထိန်းချုပ် ဘရိတ်အုပ်ကြရတဲ့အရေး သတိ ဆိုတာလေး မပြည့်စုံသေးတဲ့ကိစ္စ ကလေးဘ၀က မသိနားမလယ်တာကိုထားပါ၊၊ မသေခင်တောင် သိမသွားဘူးလားဟာ)


ဒါပေမယ့် သားကလည်း မတီးဘဲ မမြည်ချင်ဘူးလေ။ ဆရာကြီးက မမေးတော့ သားလည်း ပြောမပြဖြစ်တော့ဘူးပေါ့။
(အခုတော့လည်း ဘယ်သူကရိုက်စစ်နေလို့ တရားခံရှာသလိုလိုလုပ်ရင်းက ကိုယ့်အထုပ် ကိုယ်ဖြေပြနေမိတာလဲ)

အဲဒီနေ့ကစပြီး သားလည်း ဆရာကြီးကို သတိထားပြီး စောင့်ကြည့်နေမိတော့တယ်။
(မသေခင် အဆိပ်တွေနင်ဖြန့်ခဲ့တာ တို့တတွေရှင်းရဦးမှပေါ့ဟယ်)

ဒါနဲ့များတောင် မေမေက ပြောသေးတယ်။
"သား.... ကျောင်းစာကို ကြိုးစားသင်နော်"
"ဘာဖြစ်လို့လဲ"
"အဲဒါမှ ပညာတွေ အများကြီး တတ်မှာပေါ့"
"ပညာတွေ အများကြီးတတ်တော့ ဘာလုပ်မှာလဲ"
"သားတို့ကျောင်းမှာ ကျောင်းအုပ်ဆရာကြီး ပြန်လုပ်လို့ရတာပေါ့"
သားက ကပျာကရာ ခေါင်းခါငြင်းမိတယ်။
"ဟာ... မလုပ်ချင်ပါဘူး"
"ဘာဖြစ်လို့လဲ သားရဲ့"
"ဟာ... ဟင့်အင်း....... မလုပ်ချင်ပါဘူး"
(စည်းစနစ်တကျ သင်ကြားခြင်း/သင်ယူခြင်း လုပ်ငန်းများအပေါ် လူအများစုအတွက် မည်သို့အကျိုးပြုနိုင်သည်ကို အသေအခြာနားမလယ်နိုင်ပဲ ထိုလုပ်ငန်းများသည် ထူးချွန်ထက်မြက်သူများအတွက် အသိဥာဏ်ကင်းမဲ့စွာ ပိတ်ပင်တားဆီး အပြစ်မကင်းသောလုပ်ရပ်များ အဖြစ် အဆိုးမြင်ကာ မိမိသာအမှန်သိသည်ထင်နေခြင်းကိုဖေါ်ထုတ်ပါသည်)
ဘာဖြစ်လို့လည်းဆိုတော့ မေမေ့ကို သားမပြောပြဘူး။ ဘယ်တော့မှ မပြောပြဘူး။

( တာရာမင်းဝေ ၏ ရွှေအတောင်ပံမှာ ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့တစ်နေ့ စာအုပ်မှ )


တာရာမင်းဝေ သေသွားတာ သနားစရာပါ

သူ့ခမျာ အလားအလာ မဆိုးသော်လည်း

အမှားပါတာမျိုးကို ညွှန်ပြသွန်သင်

ဆုံးမချင်သူ တွေ့မသွားရှာဘူး

သူ့ကိုအတုယူ စာဖတ်သူတွေ နောင်တရလျှင်ဖြင့်

ကောင်းကြမယ့်အရေး မျှော်ကာတွေးရင်း......

အေ၇ာမေ


htuemyataung
7129


Silver Member
 
16/09/2009
329 posts
 23.chi tote pal  Nov 14, 2009 8:53 AM
khin myar ca soute yann taw tar co

tell nyne tar pot

hoat tal mat lar

taryarminwai loute nee par sar oat ta ku loute tg ma yae nyne pal nae myar
htuemyataung
7129


Silver Member
 
16/09/2009
329 posts
 24.ta kal chi tote pal  Nov 14, 2009 8:59 AM
pee tot aite tae mah thu ca ka lay lay loz pal tell tar pal

ka lay ca ka lay sait pal shi mah pot

khin myar lo tot bae tat thi nar lel mah lel???
htuemyataung
7129


Silver Member
 
16/09/2009
329 posts
 25.ကျွန်တော်နှင့် နွေယဉ်စွန်းတန်း - တာရာမင်းဝေ  Nov 14, 2009 9:07 AM
အကြည့်များ

`ဟိုးအရှေ့မှာ မီးရောင်´
ပထမလူ။ ။ `မီးရောင်ဆီရောက်မှ ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်ကြည့်ရဦးမယ်´
ဒုတိယလူ။ ။ `ပတ်ဝန်းကျင်ကြီးကို အရင်ကြည့်ပစ်လိုက်မယ်ဗျာ´
တတိယလူ။ ။ (အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ) `ကျွန်တော်ကတော့ မီးအိမ်ထွန်းသူကို အရင်ကြည့်မယ်ဗျာ´


အနိမ့်အမြင့်

`ဟာ...ကြည့်စမ်း၊ ကမ်းပါးစွန်းက သစ်ပင်ကြီးဟာ မိုးထိအောင် မြင့်တက်သွားပါလား´
လေသံ တဟူးဟူးကြားမှာပဲ၊ အဖော်ဖြစ်သူ ပြန်လည်ဖြေကြား၏။
`သစ်ပင်က မြင့်တက်သွားတာ မဟုတ်ဘူး၊ ကျုပ်တို့က ချောက်ထဲကျနေတာဗျ´


စာမေးပွဲ

`မဖြေဘူးလား´
`ဟုတ်ကဲ့´
`မရဘူးလား´
`ဟုတ်ကဲ့´
ဆရာမလေး လှည့်ထွက်သွား၏။ ကျွန်တော် မဖြေနိုင်သော စာမေးပွဲဖြစ်ပါသည်။ ရိုးသားကျေနပ်စွာ စွန့်လွှတ်ခဲ့သော အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို ကျေနပ်ပါသည်။
ရှုံးနိမ့်ခဲ့ရသည့် စာမေးပွဲဖြစ်သည့်တိုင် . . .
ဖြေဆိုသူ ကုလားထိုင်မှာ . . .
ကျွန်တော် ဘုရင်ထိုင် ထိုင်ဖြစ်ခဲ့လေသည်။


ဖိတ်စာ

`သူ့အိတ်ကပ်ထဲမှာ ငွေအများကြီး ပါပါတယ်´
`အဲဒါကို မသိချင်ဘူး။ သူ့ အိတ်ကပ်ရဲ့ နောက်မှာ ရင်ဘတ်တစ်ခုပါလား´
`ပါပါတယ်´
`ရင်ဘတ်ထဲမှာ နှလုံးသား လှလှတစ်ပွင့် ပါလား´
ဖြေသံ ပြန်မကြားရ၊ မေးသူက ဆက်ပြောလိုက်သည်။
`အဲဒါပါရင် ၀င်ခဲ့လို့ရပါတယ်။´


ရိက္ခာ

လပြည့်ည ဖြစ်၏။
လမင်းကြီးက ကောင်းကင်မှာ ရွှန်းရွှန်းဝင့်ဝင့် သာသည်။
`ကြည့်စမ်း၊ လမင်းကြီးက ဗိုက်ကြီး ဖောင်းလို့´
ခွေးပိန်ကလေးကို ပွေ့ဖက်ကာသူတောင်းစားက ဆက်ပြော၏။
`ဘာမှ အားမငယ်နဲ့ သိလား . . .၊ လမင်းကြီးတောင် တစ်လတစ်ခါပဲ ဗိုက်ဝအောင် စားရတယ်´
ကျွန်တော်နှင့် နွေယဉ်စွန်းတန်း - တာရာမင်းဝေ

posted my htuemyataung(ghostrider.766@gmail.com)
ဧ၇ာမေ
2902


Platinum Member
 
08/08/2007
1197 posts
 26.Re: chi tote pal  Nov 14, 2009 9:20 AM
htuemyataung wrote:
khin myar ca soute yann taw tar co

tell nyne tar pot

hoat tal mat lar

taryarminwai loute nee par sar oat ta ku loute tg ma yae nyne pal nae myar


သူရေးခဲ့တာတွေကို ချီးထုတ်မှန်းမသိ/ အဆိပ်ပါသလားမပါလားလဲမသိ
အရောင်လေးလှလိုက်တာ ၀င်းဝါနေတာပဲဆိုတဲ့ အတွေးလောက်နှင့်
ကောက်စားချင်နေသူသူတွေကို ရာသက်ပန် စားသုံးသူမဖြစ်ရအောင်
ဒီလိုလက်တန်းစာ တစ်ကြောင်းနှစ်ကြောင်းလောက်ရေးပြီးတော့ အကျိုးပြုနိုင်တယ်ဆိုတာကို လက်ခံသူတွေရှိကြမှာပါ။
ဘယ်သူဘာပြောပြော ကိုယ်စားချင်စားမှာပဲလို့ တစ်ယူသန်ဆုံးဖြတ်ထားခဲ့တယ်ဆိုရင်လဲ
အေ၇ာကို စိတ်မဆိုးပါနှင့်ဟယ်၊ စားလိုသူ အနည်းစုပဲ ဖေါဖေါသီသီစားရအောင် လူတွေကိုတားပေးတယ်ယူဆ ကျေးဇူးတင်ရမှာဟ။

စေတနာတွေ ဝေနေတဲ့
အေ၇ာမေ
ဧ၇ာမေ
2902


Platinum Member
 
08/08/2007
1197 posts
 27.Re: ကျွန်တော်နှင့် နွေယဉ်စွန်းတန်း - တာရာမင်းဝေ  Nov 14, 2009 11:38 AM
htuemyataung wrote:

အကြည့်များ

`ဟိုးအရှေ့မှာ မီးရောင်´
ပထမလူ။ ။ `မီးရောင်ဆီရောက်မှ ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်ကြည့်ရဦးမယ်´
ဒုတိယလူ။ ။ `ပတ်ဝန်းကျင်ကြီးကို အရင်ကြည့်ပစ်လိုက်မယ်ဗျာ´
တတိယလူ။ ။ (အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ) `ကျွန်တော်ကတော့ မီးအိမ်ထွန်းသူကို အရင်ကြည့်မယ်ဗျာ´

(အသိတရား
အသိပညာရှိလာလျှင်/ တရားအသိရှိလျှင် မိမိအလေ့အထ အပြုအမူများကို ဆန်းစစ် ထိန်းသိမ်းပြုပြင်နိုင်ရေးအတွက် လျော်ကန် အသုံးကျပေမည်ဟု
မျှော်ကိုးမှန်းဆ လက်ခံသူများရှိကြသည်။

အသိပညာရှိလာလျှင်/ တရားအသိရှိလျှင် ပတ်ဝန်းကျင်ကို ပြုပြင်လမ်းပြလျက် ကောင်းကျိုးချမ်းသာများ ဖေါ်ဆောင်ရယူနိုင်ရန် အသုံးကျပေမည်ဟု
မျှော်ကိုးမှန်းဆ လက်ခံသူများလည်းရှိကြသည်။

အမှန်တရားအား စူးစမ်းလိုပြီ အသိပညာကို ချစ်မြတ်နိုးကာ ပညာရပ်များအပေါ် ခုံမင်နှစ်ခြိုက်ရှာဖွေလိုက်စားသူများလည်းရှိကြပါသည်။

အေ၇ာမေ)

=======================
အနိမ့်အမြင့်

`ဟာ...ကြည့်စမ်း၊ ကမ်းပါးစွန်းက သစ်ပင်ကြီးဟာ မိုးထိအောင် မြင့်တက်သွားပါလား´
လေသံ တဟူးဟူးကြားမှာပဲ၊ အဖော်ဖြစ်သူ ပြန်လည်ဖြေကြား၏။
`သစ်ပင်က မြင့်တက်သွားတာ မဟုတ်ဘူး၊ ကျုပ်တို့က ချောက်ထဲကျနေတာဗျ´

(ကွာဟချက်
အသိဥာဏ် နိမ့်ပါးလွန်းနေပါက မှန်ကန်စွာသုံးသပ်နိုင်ခြင်းမရှိတတ်ကြပါ၊
မိမိ၏ အားနည်းချက်လိုအပ်ချက်တို့ကိုပင် တိကျသေခြာအောင်ရှုမြင် စိစစ်နိုင်စွမ်းမရှိပဲ
ကွဲပြားခြားနားမှုမြင်တွေ့လျှင် အထင်ကြီးလွန်းခြင်း အထင်သေးလွန်းခြင်းများဖြစ်တတ်ပေ၏။

အေ၇ာမေ)

===============================

စာမေးပွဲ

`မဖြေဘူးလား´
`ဟုတ်ကဲ့´
`မရဘူးလား´
`ဟုတ်ကဲ့´
ဆရာမလေး လှည့်ထွက်သွား၏။ ကျွန်တော် မဖြေနိုင်သော စာမေးပွဲဖြစ်ပါသည်။ ရိုးသားကျေနပ်စွာ စွန့်လွှတ်ခဲ့သော အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို ကျေနပ်ပါသည်။
ရှုံးနိမ့်ခဲ့ရသည့် စာမေးပွဲဖြစ်သည့်တိုင် . . .
ဖြေဆိုသူ ကုလားထိုင်မှာ . . .
ကျွန်တော် ဘုရင်ထိုင် ထိုင်ဖြစ်ခဲ့လေသည်။
(အသိအမှတ်ပြု လက်မှတ်
အေ၇ာတော့ မကျွမ်းကျင်မပိုင်နိုင်သော လုပ်ငန်း/ပညာရပ်တစ်ခုအတွက်
ကျွမ်းကျင်တတ်မြောက်ကြောင်း အသိအမှတ်ပြုအောင်လက်မှတ်တို့ ဖြစ်သည့်နည်းဖြင့် ရယူသိမ်းဆည်း ကိုင်ဆောင်မထားလိုပါ။
လက်မှတ်ပေးအပ်ခဲ့သူမရှိမရှိထားသော်လည်း အေ၇ာမှာအမှန်တကယ်တည်ရှိနေတဲ့ ဂုဏ်ယူဖွယ်အရည်အချင်းအချို့ (ဥပမာ သိက္ခာ စသည်)တို့အပေါ် (လက်မှတ်ရှိထားတောင် အမှန်မကျွမ်းကျင်မတတ်သိဖြစ်နေရှာသေးလျှင် ထောက်ခံချက်မရှိတဲ့ဟာတွေအတွက် စိတ်ချရပါမည်လားဟု) လျော့ပါးတွေးထင်ခံရစရာ မဖြစ်စေလိုပေ၊
အေ၇ာမေ)

=========================
posted my htuemyataung(ghostrider.766@gmail.com)


စေတနာတွေဝေနေတဲ့
အေ၇ာမေ
htuemyataung
7129


Silver Member
 
16/09/2009
329 posts
 28.sa yar kyi loat chin nay thu   Nov 14, 2009 4:08 PM
khin myar tg thu loute yae tat lar??

thu loute lu thi myar lar??

thu lo taw lar??

AngryAngryAngry
htuemyataung
7129


Silver Member
 
16/09/2009
329 posts
 29.for sa yar ma gyi  Nov 18, 2009 10:56 AM
nay yar ta gar lu tat kyi wyn wyn loat tal

AngryAngryAngry
taylay


Silver Member
 
31/03/2009
161 posts
 30.Re: sa yar kyi loat chin nay thu   Nov 20, 2009 12:35 PM
htuemyataung wrote:
khin myar tg thu loute yae tat lar??

thu loute lu thi myar lar??

thu lo taw lar??

AngryAngryAngry


အလကား ငပေါမပါဗျာ ချီးထုပ်
black.pirate
2399


Silver Member
 
09/12/2006
153 posts
 31.တောက်~~~!!!!  Nov 20, 2009 12:45 PM
တော်လိုက်တဲ့အစ်မဂျီးဗျာ..........။
ချက်ချင်း ထိုင် ကန်တော့ချင်စိတ်ပေါက်သွားတယ်...။
စာပေလောကမှာ ဆရာတစ်ဆူဖြစ်ခဲ့တဲ့ ဆရာတာရာမင်းဝေရဲ့ အရေးအသား အတွေးအခေါ်တွေကို တစ်ကြောင်းချင်းစီ မြောင်းထဲထည့်ပစ်လိုက်တာပဲ......။
ကျွန်တော့်တို့တော့ သူ့လောက်မတော်တော့ မဝေဖန်တတ်ဖူးဗျ.....။
အစ်မဂျီး စာအုပ်ဘယ်တော့ထွက်မှာလဲဟင်.....။ ဆရာတာရာမင်းဝေထက် အရမ်းတော်မယ့်လူဆိုတော့ ဖတ်ချင်လွန်းလို့ပါဗျိုးးးး။
လေးစားလွန်းပါတယ်....။
black.pirateGlasses
ဧ၇ာမေ
2902


Platinum Member
 
08/08/2007
1197 posts
 32.တို့ကျောင်းတော်သာ  Nov 21, 2009 9:07 AM

စာမေးပွဲ

ဆွံ့အ နားမကြား ကလေးများကျောင်းမှာ
အလှူလာပေး ကလေးလေးဟာ
တွတ်တီးတွတ်တာ ချစ်ဖွယ်ရာပြော ရုပ်လည်းချောတော့
စစ္စတာကြီးရောပြုံးနေတာ မိဘများနှင့်ထပ်တူပါ

ကျောင်းသားလေးများဆိုတာလဲ
ငေးမောအားကျ မျက်ရည်ဝဲ

ဒါပေမယ့်လည်း ကလေးလေးခမြာ
စာမေးပွဲမှာတော့ ကျရှုံးရှာ
တွတ်တီးတွတ်တာ အဖြေမှာလွဲ
ကျောင်းအုပ်ကြီးကျ သိတာပဲ။


အေ၇ာမေ
taylay


Silver Member
 
31/03/2009
161 posts
 33.Re: တောက်~~~!!!!  Nov 21, 2009 3:33 PM
???? wrote:
black.pirate wrote:
တော်လိုက်တဲ့အစ်မဂျီးဗျာ..........။
ချက်ချင်း ထိုင် ကန်တော့ချင်စိတ်ပေါက်သွားတယ်...။
စာပေလောကမှာ ဆရာတစ်ဆူဖြစ်ခဲ့တဲ့ ဆရာတာရာမင်းဝေရဲ့ အရေးအသား အတွေးအခေါ်တွေကို တစ်ကြောင်းချင်းစီ မြောင်းထဲထည့်ပစ်လိုက်တာပဲ......။
ကျွန်တော့်တို့တော့ သူ့လောက်မတော်တော့ မဝေဖန်တတ်ဖူးဗျ.....။
အစ်မဂျီး စာအုပ်ဘယ်တော့ထွက်မှာလဲဟင်.....။ ဆရာတာရာမင်းဝေထက် အရမ်းတော်မယ့်လူဆိုတော့ ဖတ်ချင်လွန်းလို့ပါဗျိုးးးး။
လေးစားလွန်းပါတယ်....။
black.pirateGlasses[/Q]

စာမေးပွဲ

ဆွံ့အ နားမကြား ကလေးများကျောင်းမှာ
အလှူလာပေး ကလေးလေးဟာ
တွတ်တီးတွတ်တာ ချစ်ဖွယ်ရာပြော ရုပ်လည်းချောတော့
စစ္စတာကြီးရောပြုံးနေတာ မိဘများနှင့်ထပ်တူပါ

ကျောင်းသားလေးများဆိုတာလဲ
ငေးမောအားကျ မျက်ရည်ဝဲ

ဒါပေမယ့်လည်း ကလေးလေးခမြာ
စာမေးပွဲမှာတော့ ကျရှုံးရှာ
တွတ်တီးတွတ်တာအဖြေလွဲ
ကျောင်အုပ်ကြီးကျ သိတာပဲ။


အေ၇ာမေ


ဟာ တော်လိုက်တာဗျာ....ကြည့်စမ်း တာရာမင်းဝေ ရဲ့ကဗျာတွေနဲ. တစ်ခြားဆီပဲ
ဒီလိုကဗျာ မျိုးကိုရေးပြီး တာရာမင်းဝေထက် ပိုတော်ကြောင်း သက်သေပြနိုငတဲ့
မဧရာမေ စိတ်ဓါတ်ကိုတော့လေးစားသွားပြီဗျာ..............
IdeaIdeaBlushBlushBlushBlush
htuemyataung
7129


Silver Member
 
16/09/2009
329 posts
 34.thanks a million  Nov 22, 2009 2:43 PM
thanks a lot to
ko tay lay
and black pirate
heeheehee
taylay


Silver Member
 
31/03/2009
161 posts
 35.Re: thanks a million  Nov 23, 2009 9:35 AM
htuemyataung wrote:
thanks a lot to
ko tay lay
and black pirate
heeheehee


ရပါတယ်ဗျာ........... သောက်ညင်ကပ်လွန်းလို.ပါဗျာ...............heeheeheeheehee

ဒါတောင်အရှက်မရှိ အံရောဗျာ
ဧ၇ာမေ
2902


Platinum Member
 
08/08/2007
1197 posts
 36.လွဲ  Nov 23, 2009 3:21 PM
အသိပညာ အားနည်းရှာလို့ ရယ်စရာကောင်း ကွန်ဒုန်းအကြောင်း ပြန်ပြောင်းပြောကြ မြန်ပြေ၀ယ်
သားဆက်ခြားရေး ကူညီပေးဖို့ ဤသို့ဤနှယ်သုံးနိုင်တယ်လို့ ဗူးစင်လေးမှာပြသွားတယ်တဲ့။
ရိုးအလှသူ တောသူတောင်သား လိုက်နာငြား သားလား သမီးလား ကိုယ်ဝန်တွယ်
မတွယ်နေမလား ညတိုင်များ သူသွားခဲ့တယ် ဗူးစဉ်ငယ်
မြွေပါးကင်းပါး မကြောက်အားပဲသွားသွား စွပ်တယ် နေရာမလွဲ ညတိုင်ပဲတဲ့။

ခုများမှာလည်းထိုသို့နှယ် ရယ်ဖွယ်တွေ့ရပြန်ပြီကော

ကဗျာမြင်လျှင် ငါချစ်ခင်ဟု
အကြောင်းပြုလျက်နှုတ်တက်ရဖို့သူတို့မို့ အင်တိုက်အားတိုက် ကျက်ကြတယ်
ပညာပေးလည်း အနက်မတွေး ဤအရေး မဆိုင်သလိုလေးပဲနေခဲ့တယ်။

အေ၇ာရေးတာ ရှင်းနေပါလည်း
အကျင့်ပါမြဲကြောင့် အနက်မပေါက် အတွေးထောင့် လိုရင်းမရောက် ဝေးကြတယ်

အော် အလွန် သနားဖွယ်ပါတကား။

အေ၇ာမေ
htuemyataung
7129


Silver Member
 
16/09/2009
329 posts
 37.soute ta lwel tway  Nov 24, 2009 11:01 AM
hey
stupid

nothing concerned with ကွန်ဒုန်း and poem

think in the right way

i really afraid u

what the fucking things do u thinking???

heeheeheeBigGrinBigGrinBigGrin
htuemyataung
7129


Silver Member
 
16/09/2009
329 posts
 38.i m not sure who write this poem i think it s written by   Nov 24, 2009 11:47 AM
၁)
အရှင်…
သင်၏ ခေါ်ရာ
ထပ်ချပ်.. ငါ.. လိုက်ပါမည် ။
ကြယ်တစ်ပွင့်ကို ဆွဲယူ
ငါ့ကို… ထူပါ ။

ဟိုးမှာ…
သေအံ့မူးမူးလူက
မြေပြင်ပေါ်က သူ့အရိပ်ကို
ကပျာကယာ အိတ်ထဲယူကောက်
လက်သည်းတွေတောင် ခွေခေါက်နေပြီ ။

ဒီမှာ…
ဦးခေါင်းခွံထက်
ဆံဖြူတွေဝပ်တွားတက်နေတဲ့ အဖိုးအို
တောင်ဝှေးကျိုးကို ရီဝေကြည့်ငေး
သူ… ဘာတွေ တွေးပြီနည်း ။

စမ်းရေကို ငုံ့သောက်မှ
ကိုယ့်မျက်နှာကိုယ် ပြန်မြင်ရသောလူများ
အခြားဘာကို တွေ့စွမ်းမလဲကွယ် ။

အတ္တဆိုင်းဘုတ်ကို
လည်မျိုမှာ သံငုတ်နဲ့ရိုက်
လမ်းမှာလိုက်သော ခရီးသည်များ
သံသရာရထားကို စောင့်နေသည် ။

ဝါးတစ်ပင်ရိပ်မှာ
ခြင်္သေ့တို့ပင် အိပ်ဝံ့ပါသလား ။
ဝါးတစ်ပင်ရိပ်၌
သူတော်စင်တို့ ပျော်ပိုက်ခဲ့ကြပြီ ။

အမှောင်က နက်၏
ကြယ်က လက်မည်
ဤခရီး ဝေးသလား
ငါ… ရောက်အောင်သွားပါမည်လေ…။

၂)
နွေ..နွေ မိုး..မိုး
တွင်းထဲမှာ နှင်းခဲတွေပုပ်သိုးနေရော့သလား ။

ဆောင်းကိုပန်ပြီး
မြောက်ပြန်လေ ရောက်လာမှ
ပြာဝေမှိုင်းအုပ်
ဟော… နှင်းတွေ တစ်ဆုပ်ပြီးတစ်ဆုပ် ။

သဲကန္တာရက
သဲတွေနဲ့ ဖွဲ့စည်းပြသလို
မာယာလောက
မာယာတွေနဲ့ မှုံရီအုံချနေတယ် ။

ကျောက်ဆစ်ရုပ်က
ခေါင်းညိတ်ပြရုံမဟုတ်
လက်ခုပ်တီးပြီး လက်အုပ်ချီပြတာ
ငါ တွေ့ခဲ့ဖူးပြီ ။

သွေးစက်တွေနောက်မှာ
လက်သည်းနီစက် ရဲရဲတောက်ပြတာ
ငါ တွေ့ဖူးပြီ ။

ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကို ဖျော်ဖြေတာ
ပျော်စရာမှ မဟုတ်ပဲကွယ် ။

၁၂ ကြိုးကသော
လောက၏ ကဝေလက်ချောင်းများ
ငါ့အား… ဆွဲခေါ်
ငါ… မမွေ့ပျော်တော့ပါပြီ အရှင်..။

၃)
ငါသည်… တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကို ချစ်လေသည် ။

မိုး၏အမြင့်ကိုမသိ… ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏
အမှန်ကား…
မြေ၏အနက်မှာပင်ေ၀၀ါးဆဲ ။

စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက် ချောင်းချောင်းပွားလျက် ။

ထိုသော… မနေ့က ငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ ၀င်ရောက်ပျောက်ကွယ်ခဲ့ပြီ ။

ဤယနေ့… ငါ… သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွာ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ ။

ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏
ငါ့ကို ငါကအုပ်ချုပ်၍
ငါ့အလုပ်ကို ငါလုပ်ရပေတော့မည် ။

၎)
ဥပုသ်သည် သီလကျိုးတော့
ဘုရားရှိခိုးရင်း ရှက်လေသည် ။

ငါတို့သည်… လူသားများဖြစ်၏
လက်ဖ၀ါးမှာ
အမှားလက္ခဏာ ပါလေသည် ။

ဟိုချိုး… သည်ကွေ့
ချွတ်ယွင်းသော မောင်းတံဖြင့်ရွေ့လျား
လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များဖြစ်၏ ။

အပ်ချည်နှင့် ပြန်ချုပ်ထားသော
စက်ရုပ်၏ အစိတ်အပိုင်းများပမာ
တစ်ခါတစ်ခါ
မှီတွယ်ရာလည်း မဲ့တတ်သည် ။

အို… “လူသားအားလုံး ချမ်းမြေ့ပါစေသား´´
အားလုံးထဲမှာ
ငါသည်လည်း ပါဝင်ချမ်းမြေ့ပါစေသား ။

သူတစ်ပါးကိုလည်း ခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်
အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ ။

နင်းလာသော ခြေထောက်ကို
မြေမှုန့်သဲကျောက်တို့က
ခွင့်လွှတ်ကြသလိုမျိုး
ရိုးသားပြည့်ဝ
တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြပါ ။

၅)
ထမင်းဝိုင်းမှာ
လျှာနှင့်ခပ်၍ စားကြသူများ
သွားကြားထိုးတံ စူးကြလေသည် ။

စပါးစေ့ (၁၀၀)နှင့်
သင် လုံလောက်ပါက
စပါးစေ့ (၁၀၁)
နောက်လူအတွက် ဖြစ်ပါစေကွယ် ။

ဆင်ဖြူတော် မှီပြီးတော့လည်း
ကြံမစုပ် ကြပါနှင့်
ကြံကျွေးပြီးတော့လည်း
ဆင်ကိုနှာမောင်း မဖြုတ်ကြပါနှင့် ။

ညောင်ရွက်တွေနဲ့ မိုးတဲ့
ရေအိုးစင်လေး ပမာ
သာယာမြေ့ချမ်း
နေပူလမ်းမှာ တွဲခေါ်ကြပါ ။

အမှန်စင်စစ်
ခေါင်းငုံ့ပေးလိုက်ခြင်းဟာ
ခေါင်းမော့ထားရခြင်းလောက်
ညောင်းညာလိမ့်မည် မဟုတ်ပါ ။

ဝင်သက်နှင့် ယူခဲ့သမျှ
ထွက်သက်နှင့် ပြန်ပေးရမည်
ဒါ… ကမ္ဘာအစရဲ့
ပထမ သီအိုရီပဲဖြစ်သည် ။

ငါကတော့ (ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စ ပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲဖုံးသွားချင်တော့၏ ။

၆)
ငြိမ်းချမ်းရေးအတွက်တော့
လင်းပွင့်မြင့်မြတ်ရဦးမည်
ထို့အတွက်
ကိုယ့်ကိုယ်ကို တံမြက်စည်းလှဲပြီး
တဖွားဖွား ခြွေချပစ်ရမည် ။

လက်သီးဆုပ်ခြင်း….. ဆိုတာ
တုန်ခါဖြူဖျော့ ထော့လန်ကွေးလုပ်
လက်ချောင်းတွေအချင်းချင်း ပြန်ဖမ်းချုပ်ကြခြင်းဖြစ်၏ ။

ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ
သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ချင် ။

တစ်ခါက
ဤလက်တို့ အလံလုခဲ့ကြ၏
ထို… ဆုတံဆိပ်
ယခု ဘယ်ဆီချိတ်မည်နည်း ။

ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည် ။

မာနကို ဖြေလျော့
ရေစင်အေးဖြင့် ငါ.. ကန်တော့ပါအံ့
ခြေဖ၀ါးမှ ဦးကင်း
မေတ္တာဖြူဖြင့် လင်းလိုလှပါတော့သည် ငါ့အရှင်…။

၇)
(လောကကြီးသည် အံ့ဖွယ်အတိပြီး၏
နဂိုမူလ တိမ်သည်ဟုထင်ရသော တွင်းများပင်လျှင်
ဆင်းကြည့်ခါမှ နက်ရှလှိုက်စား
ပို၍… နိမ့်ဝင်သွားတတ်၏ ။)

ကြက်ခြေခတ်… ၏
ဆုံရပ်မှာနေ ရီဝေထွေပြားသောညများ
မိုးခါးရနံ့ သင်းပျံ့နေတတ်၏ ။

ငါ့ရှေ့မှလူများ
ငါ့ကို ပိတ်၍ကာထား၏
ငါ့နောက်မှ လူများ
ငါ့ကို တွန်း၍ကျော်သွား၏ ။

ထို့နောက်…
ချောက်ကမ်းပါးရောက်မှ
ကြောက်အားဖြင့်လှည့်ပြန်
ငါနှင့်တဖန်…
လူချင်းလဲကြပြန်၏ ။

အောင်မြင်ကြပါစေကွယ်
နေရောင်လရောင်ဖြန့်ခင်း
အလင်းတဝေေ၀နဲ့
နေ့တွေ ညတွေ
ငြိမ်းချမ်းသည်ထက် ငြိမ်းချမ်းပါစေ ။

သူဖုန်းစားလည်း
မြေသားပန်းကန်မှာ
ကောက်နှံပင်တို့ဝေဖြိုး
အသရေတိုးသည်ထက် တိုးပါစေ ။

သူကြွယ်ကြီးလည်း
ငရဲပြည်က ဓါးကို
ရှောင်ရှားပိုင်းချင့်
နှိမ့်ချအပ်သော ဦးခေါင်းဖြင့်
မြင့်သည်ထက် မြင့်ပါစေ ။

၈)
ငိုကြွေးဖို့အတွက်
အသက်ဝင်လာသော လူများ
သစ္စာတရားကို
ဟားတိုက် ရယ်မောနေကြသည် ။

ရှင်သေမင်းက
အစွယ်တ၀င်းဝင်းနှင့် စောင့်စား
သက်တမ်းကျွံသည်နှင့်
တမလွန်မှာ
အခွံခွာ၍ စားလိမ့်မည် ။

ဟိုစဉ်ခါက
ငါသည်လည်းစိုးကြောက်
ကျောက်တောင်ကို ပန်းနှင့်ပြန်ပေါက်ရင်း
ခြေမြှောက် လက်မြှေက်
ခြောက်ခြားဖူးသည် ။

တုတ်ကောက်မရှိသူ… နှင့်
ချိုင်းထောက်မရှိသူ…
လမ်းလျှောက်ရန်မှာပင်
ဒုက္ခချင်းမတူကြ ။

တဂျောက်ဂျောက်နှင့်
ရွှံ့ရုပ်သားကောင်
မုဆိုးလို ပြန်လှောင်သည့်
မှော်ရုံထောင်ချောက်
မျက်လှည့်ဆရာတွေ ကြွေအံခေါက်နေသည် ။

မျက်စိကိုမှိတ်ပြီး
ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ
ညှို့ပြာယှက်သန်း
တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏ ။

ထိုသို့ဖြင့်
နှင်းရည်စိုသော
မှိုပွင့်ကလေး၏ ပင်ခြေရင်းမှာ
မာနကို အိပ်မွေ့ချ
ထာဝရ ငါ… ထားခဲ့ချင်ပါပြီလေ ။

၉)
လောကဓံတရားက
နဂါးရှစ်ကောင်ပမာ
မြေကိုထိုးခွဲ လေကိုဆွဲဖြဲ
လူတွေထဲမှာ
ပျံသန်းသွားလာနေသည် ။

ယဉ်ကျေးမှုအရ
တစ်နေရာတွင် ဖိနပ်စီးရသော ငါတို့သည်
ယဉ်ကျေးမှုအရပင်
တစ်နေရာတွင် ဖိနပ်ချွတ်ရဦးတော့မည် ။

ဘုရားပြောတာကိုမှ
ငါ… မယုံရဘူးဆိုလျှင်
မာရ်နတ်ပြောတာကို
ငါ… ယုံရတော့မည်လော ။

အစိုးမရသော
လောက၏ နာရီစက်သံကို
လက်တံတို့က မောင်းနှင်ဖန်တီး
နီး… နီး… နီး၍လာခဲ့ပြီ ။

မီးကိုကျော်ဖြတ်
ရေကိုကျော်ဖြတ်
သံချပ်ကာဝတ်ရုံ
ခြုံလို့မလုံပါဘူးကွယ် ။

တရားရိပ်မှာ
စိတ်ကိုထုတ်ပြီး ဖုန်ခါ
ပြီးတော့…
ကိုယ်ထဲမှာ ပြန်လည်သော့ပိတ်
သုညကလေးလို
ငြိမ်သက်တိတ်ဆိတ်နေရမည် ။

စေတီအိုဟောင်းမှ
ခေါင်းလောင်းသံ တိုးဖွတိုးညှင်း
အို… အရှင်…
မြေမှထသော ငါ့ကိုမြင်ပါ ။

၁၀)
အချို့သောလူများ
လယ်ထွန်သွားရင်း
နွားပေါ်အိပ်နေကြပါသလား ။
အချို့သောလူများ
လယ်ထွန်သွားရင်း
စပါးဖြစ်အောင် စိုက်ကြပါသလား ။

လူသားတစ်ယောက် အနေနှင့်
မိုးကောင်းကင်အောက်မှာ
ခိုင်မာကျစ်လျစ်
တာဝန်ကျေသော ပေတစ်ဆစ်မျှတော့
ဖြစ်သင့်သည် ။

အရပ်ရပ်မှလာသော လေတို့၌
မြေစိုက်ကျောက်တိုင်တို့
မတုန်လှုပ်ကြသကဲ့သို့
ငါတို့ နေသွားရမည် ။

အရှင်ယူဆောင်သည့်
ကြယ်တစ်ထောင်မြင့်ခေါင် ၀င်းပသည့်ညကား
လွှလွှဖွေးဆွတ်
လှံသွားတို့ကိုပင် ခွေညွှတ်စေတော့၏ ။

ဓမ္မတေးကို
သွေးအစက်စက်တိုင်အောင် ဖြန်းဆွတ်
နှုတ်ဆက်တော်ရွတ်ဆိုသံများ
တိုးကာ ကျယ်ကာ ငါ .. ကြားနေရ၏ ။

လေပြေညင်းတွင်
ရွှေအဆင်းဖြင့် သွားနှင့်ကြသူများ
ဥပေက္ခာကို
ဘာမှမပြောဘဲ ထားသွား၏ ။

ထိုသူတို့နောက်
ငါ တကောက်ကောက်လိုက်ပါတော့အံ့
ထိုသူတို့နောက်
ငါ တောက်လျှောက်လိုက်ပါတော့အံ့
ကြယ်ရောင်ကွေ့ကောက်
ထိုသော ကောင်းကင်မျဉ်းကြောင်းများအောက်မှပင်
ငါ့အား
လမ်းပြစေစားတော်မူပါလော့ .. မြတ်သော ငါ့ … အရှင် ။ ။
(ဗုဒ္ဓ … သို့)
htuemyataung
7129


Silver Member
 
16/09/2009
329 posts
 39.တာရာမင်းဝေ  Nov 24, 2009 11:51 AM
`A.Z´´

``ခင်ဗျာ…ကျွန်တော် ရှိပါတယ်´´

``O.S မနိုးသေးဘူးလား´´

``နိုးတော့ နိုးပြီ ခင်ဗျ´´

``ဘာဖြစ်လို့ မလာသေးတာလဲ´´

``သူက အရင်လို မဟုတ်ဘူးခင်ဗျ၊ အရမ်း လူဆန်နေတယ်´´

``ဘယ်လို အရိပ်အခြည် တွေ့ရလို့လဲ´´

``နှိုးနေတာကို ချက်ချင်းမထဘူး ဆရာ၊ လူတွေလိုပဲ သမ်းသမ်းဝေေ၀ ရှိတယ်။ ပြီးတော့ ပျင်းကြောဆန့်တယ်၊ ပြီးမှ မျက်လုံးကို ဇိမ်ယူပြီး ဖွင့်တယ်…´´

ကျွန်တော်ပြုံးလိုက်မိသည်။

``အဲဒါ ကောင်းတာပေါ့…´´

``မကောင်းသေးဘူးဆရာရဲ့…´´

``ဘာမကောင်းတာလဲ´´

``သူမျက်နှာသစ်ရမယ့်ရေကကော ဟောင်းနေလားလို့ စစ်ဆေးသေးတယ်´´

- ကျွန်တော် ရယ်မိ၏။ A.Z သည် ကျွန်တော့်စက်ရုပ်ဖြစ်ပြီး O.S သည်လည်း ကျွန်တော် တီထွင်ဖန်တီးထားသော စက်ရုပ်ဖြစ်သည်။ ထူးခြားသည်က A.Z အပါအ၀င် အခြား စက်ရုပ်များသည် အခိုင်းအစေသဘော တီထွင်ထားသည့် စက်ရုပ်များဖြစ်ပြီး O.S ကတော့ လူနှင့်ထပ်တူဖြစ်ရန် ဖန်တီးထားသော စက်ရုပ်ဖြစ်သည်။

- တစ်စထက်တစ်စ လူဆန်လွန်းနေပြီဖြစ်သော O.S အတွက် ၀မ်းသာအားရ ကျွန်တော် ရယ်မောမိခြင်း ဖြစ်သည်။

``ဒီကောင် လက်ဖက်ရည် သောက်ပြီးပြီလား´´

``ဂဂျီဂဂျောင် လုပ်နေတယ်ဆရာ…´´

``ဘယ်လိုလုပ်တာလဲ´´

``သူ့အတွက် လက်ဖက်ရည်ကို ကုလားမခြင်းဆွဲနို့ဆီနဲ့ ဖျော်လို့တဲ့…´´

``အဲဒီ နို့ဆီက သူနဲ့ မတည့်လို့လား´´

``မဟုတ်ဘူးဆရာ…နာမည်ကြားရတာနဲ့တင် မချိမဆန့် နိုင်လွန်းလို့တဲ့…´´

``ငါ နားမလည်ဘူး…´´

``သြော်… ကုလားကိုလည်း မ ထားရသေးတယ်၊ ခြင်းကိုလည်း ဆွဲ ထားရသေးတယ် မသက်မသာကြီးတဲ့…´´

- အစပိုင်းမှာ ရယ်မောရုံသက်သက်သာ ရှိနေသော ကျွန်တော်သည် ယခုတော့ နှစ်နှစ်ခြိုက်ခြိုက် ရယ်မိပါတော့သည်။ မည်သို့ပင် ဆိုစေ စက်ရုပ်ကို လူဆန်အောင် ဖန်တီးနေသော ကျွန်တော့်အတွက်တော့ လက်တွေ့ကျသော အောင်မြင်မှု တစ်ရပ်ပင်။

``ကဲလေ…အဲဒါတွေ ထားလိုက် အဲဒီကောင်ကို ငါ့ဆီလွှတ်လိုက်´´

``ဟုတ်ကဲ့ ဆရာ…´´

``ဟုတ်ကဲ့…´´

- မကြာခင်မှာ ကျွန်တော့်ထံသို့ O.S ရောက်လာသည်။ ကျွန်တော်က ဆီး၍ ဆူလိုက်သည်။

``မင်း ဘာကြောင့် အခုမှ ရောက်လာရတာလဲ´´

- သူက လူသားဝတ်ရုံ အပြည့်အစုံနှင့် ရောက်လာခြင်း ဖြစ်သည်။ ကျွန်တော့်မေးခွန်းကို ထစ်ငေါ့စွာ ပြန်ဖြေ၏။

``ဟို…ဟို… ကောင်းကင်က အသီး ကျွန်တော့်မှာ ပြုတ်နေလို့ပါ…´´

``ဘာရယ်…´´

- သူဘာကို ဆိုလိုမှန်း အတော်ဆွေးနွေးပြီးမှ သိလိုက်သည်။ သူ့အင်္ကျီမှာ ကြယ်သီး အချို့ ပြုတ်နေခြင်း ဖြစ်သည်။ ရယ်ရင်းနှင့် သက်ပြင်းမောကို ချရ၏။

``အခု… မင်း ဘာလုပ်ချင်လဲ´´

``ရေခဲတွေက ခုန်တဲ့ရာသီမှာ ကျွန်တော် ခရီးထွက်ချင်တယ်…´´

``အာ…ဘာ… ဘယ်လို´´

``ဟို… ရေခဲတွေပျော်ပြီး ကခုန်ကြတဲ့ ရာသီ…´´

``ဟိုး…ဟိုး…တော်ပြီ…ငါသိပြီ…´´

- သူက ရေခဲတွေ အရည်ပျော်သည့် နွေရာသီကို ဆိုလိုခြင်း ဖြစ်သည်။

``ဟိုလေ…အခြေခိုင်တဲ့မြို့ကို သွားချင်လို့…´´

``ဘယ်မြို့လဲ…´´

``သုံးခွမြို့…´´

``ဘာသွားလုပ်မှာလဲ…´´

``မီးရထားလိုလူနဲ့ ဝေးချင်လို့ပေါ့…´´

``မီးရထားလိုလူ ဆိုတာ ဘယ်သူလဲ´´

``ဆရာပေါ့.. အမြဲတမ်း ခေါင်းမီးခိုးထွက်အောင် စဉ်းစားနေတဲ့လူ…´´

``အေးပါကွာ....အေးပါ… ဒါ့ထက် မင်း အခု ဘာစားမလဲ´´

``ကျွန်တော် မသောက်ပဲ ၀ါးရတဲ့ မုန့်ကို စားချင်တယ်´´

စားဖိုမှူးကို ခေါ်ကာ ဒီကောင့်ကို ရေမုန့်ကျွေးရသည်။

``မင်း လူတွေကြားထဲရောက်ရင် စိုးရိမ်စရာ ဘာရှိမလဲ´´

``ကျွန်တော့်ကို ရူးသွပ်သွားစေမယ့် တနင်္ဂနွေနံမျိုးနဲ့ မကြုံချင်ဘူး´´

သူ့စကားကို ကျွန်တော် အတော်စဉ်းစားယူရ၏။ ပြီးမှ ရူးသွပ်စေသော ဦးခေါင်းကို အလေးထားကာ…

``ဘာလဲ မင်းဦးခေါင်းကို အုန်းသီးမှန်မှာ စိုးလို့လား´´

``မဟုတ်ပါဘူး´´

``ဥသျှစ်သီးလား´´

``မဟုတ်ပါဘူး´´

``ဒါဖြင့် ပြောကွာ ဘာလဲ´´

```ဟိုလေ… ကျွန်တော် ဥမ္မာဒန္တီနဲ့ မတွေ့ချင်ဘူး…´´

``သေဟ…´´

ထို့နောက်မှာမှ…

``အေး…အေး… မတွေ့စေရပါဘူးကွာ၊ မင်းကို ငါ လူကြားထဲ စိတ်ချလက်ချ လွှတ်လိုက်တော့မှာပါ။ လူတွေနဲ့ အဆင်ပြေအောင်နေ၊ နို့မို့ဆို မင်းမှာရှိတဲ့ အစေ့နှစ်စေ့ ကွဲသွားမယ်´´

``ဟာဗျာ.. ဆရာကလဲ´´

``မင်း မျက်နှာက ဘယ်လို ဖြစ်သွားရတာလဲ၊ ငါက မင်းရဲ့ နောက်စေ့နဲ့ မေးစေ့ ကွဲသွား မှာကို ပြောနေတာ၊ ကိုယ့်ဘာသာကိုယ် သတိထားပြီး နေထိုင်သွားလာ…´´

``ဟုတ်ကဲ့…´´

``ကျဆုံးတဲ့အခါတိုင်း မင်းကိုယ်မင်း ပြန်အသက်သွင်းတဲ့ အတတ်ပညာ မင်းကို ပေးထားပြီပဲ၊ အေး… ငါကိုတော့ မမျှော်နဲ့တော့…´´

``ဗျာ… ဘာဖြစ်လို့လဲ..´´

``မင်း လူကြားထဲ ၀င်ချင်တယ်… လူတောတိုးချင်တယ် မဟုတ်လား…´´

``ဟုတ်ကဲ့…´´

``အေး.. မင်းလူတောတိုးနိုင်ဖို့ မင်းကို လူကြားထဲ ချပေးပြီးရင် ငါ က ဧကစာရီ ကျင့်တော့မယ်…´´

``အင်း… ဆရာ ဘာပြောတယ်…´´

``မင်း လူတွေကြားရောက်ပြီး လူတောတိုးစေပြီးရင် ငါကတော့ တစ်ယောက်တည်း ဧကစာရီထွက်ပြီး တရားကျင့်တော့မယ်ကွာ၊ လူတွေကို ငါ ငြီးငွေ့နေတာ ကြာပြီ…´´
``ဗျာ…´´
htuemyataung
7129


Silver Member
 
16/09/2009
329 posts
 40.i m not sure who write this poem i think it s written by   Nov 24, 2009 11:56 AM
အဲဒါ .....
မနေ့ကတင် ဖြစ်ခဲ့တာပါ
___
(၁)
ကြေကွဲခြင်းဆိုတဲ့ နတ်သမီးတစ်ပါးက
ငါနဲ့လက်ထပ်မလား..လို့ ကမ်းလှမ်းလာတယ် ....
ငါ့ကို လာကြိုတဲ့ ဖယ်ရီကားကလည်း
ငါမပါဘဲ ထွက်ခွါသွားခဲ့ပြီ ..
ကျေးဇူးပြုပြီး ငါ့ကို ခပ်တိုးတိုး ရီ(ရယ်)ခွင့်ပြုပါ။

(၂)
ရေကန်က အသင့်ဖြစ်နေပြီလေ ..
ကြာတွေက မပွင့်သေးတာပါ။
မေးခွန်းကိုသာ ရွေးချယ်ခွင့်ရမယ့်ဆိုရင်
ငါလည်း စာမေးပွဲဝင်ဖြေချင်တယ်.....။

(၃)
တစ်ချို့လူတွေက ရှာဖွေတွေ့ရှိကြ
တစ်ချို့လူတွေက ကောက်ရကြ
တစ်ချို့လူတွေက စုဆောင်းကြ.....
တစ်ချို့လူတွေက ရှေ့ကဆက်လျှောက်ကြ...။

အားလုံးမှာ တံခါး နှစ်ပေါက်စီရှိတယ်... လှေခါး နှစ်စင်းစီရှိတယ်၊
(ထပ်ပြောလိုက်ဦးမယ်..)
အားလုံးရဲ့ နာရေးခရီးကိုလည်း
နှစ်မျိုးနှစ်စား စီစဉ်ထားပြီးသားရှိတယ်.....။

(၄)
ငါက
အမှန်တရားရဲ့ မျက်နှာကို တစ်ရွာထင်ခဲ့သူပါ.....။

(၅)
ကလေးဘ၀....
လက်ရေးလှ စာအုပ်ထဲက ၀လုံးရွဲ့စောင်းစောင်းလေးကို
နဂါးခေါင်းလှည့်တဲ့ နေရာတည့်တည့်မှာမှ
ငါ ချရေးခဲ့မိသလား မပြောတတ်ပါဘူး။

(၆)
စိတ်ကူး ကျဉ်းကျဉ်းလေးထဲမှာမှ
ခြေလှမ်းတွေက ကျဲခဲ့တယ်..
ဘာတတ်နိုင်မှာလဲ ..
ဒါ....“ချိန်းဆိုချက်”တစ်ခုပါ
ငါ ရောက်အောင် လာခဲ့တယ် .....
ဘယ်သူ့မျက်နှာကိုမှာ လျှာနဲ့လျက်ဖို့မဟုတ်
ငါ့ အလုပ်က
လမ်းမှာ တွေ့ရသမျှ မီးအိမ်တွေကို
လိုက်လံ ထွန်းညှိဖို့ပါပဲ.....။

(၇)
လူတွေ.. လူတွေ.....လမ်းလျှောက်ရင်း သေနေကြ
မြင်မြင်သမျှ အရာအားလုံးဟာ
သားဆိုးမအေ ဆန်လို့။
“ဘာဖြစ်တာလဲ...? ဘာဖြစ်တာလဲ.. ?
အဲဒါ ဘာဖြစ်နေကြတာလဲ....?”
အမေးအမြန်းထူတဲ့ ကလေးတစ်ယောက်လို
ငါ.....စပ်စုမိ။

နောက် တစ်နာရီလောက်အထိ ဖြစ်ဖြစ်တော့
လူတန်းစေ့အောင် အသက်ရှုလိုက်ကြစမ်းပါ..
ဘာကို စိုးရိမ်နေကြတာလဲ.....?

ဟစ်တလာတောင်မှ သူ့ရဲ့စစ်ပွဲခရာကို
ခုထိ မမှုတ်ရသေးဘူးလေ..
ဒုတိယကမ္ဘာစစ်မဖြစ်ခင်
မိနစ်(၆၀)လောက်တော့
ငါတို့ ကော်ဖီသောက်ချိန်ရပါသေးတယ်။

(၈)
မိုးခေါင်သလိုမျိုး ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား
___

တစ်ခါတရံ
ငါ.....ကြေးစားဆန်ပစ်လိုက်တယ်
ကံကြမ္မာက ဘုရားထူးတာ ခံကြည့်ဖူးချင်လို့ .....။

ဒါပေမယ့် ..
အိပ်ယာကသာ အကြိမ်ကြိမ် ထခဲ့ရတယ်
နိုဝင်ဘာကတော့ ရောက်မလာခဲ့ဘူး၊
အဲဒီလို....သိပ်အကြောင်းမထူးတဲ့အခါ
ကြေးစားဘ၀ကို ငါ ငြီးငွေ့လာပြန်ရော..... ။

အရှုံးတွေကို
တံဆိပ်ခေါင်းလို တယုတယ
စုနေခဲ့တုန်းကတော့
ရာသီဥတုက ကိုယ့်ဖက်ပါခဲ့တယ်..

ကြည့်စမ်း !!
ငါဟာ မိမွေးတိုင်း ဖမွေးတိုင်းကိုက
လွမ်းသူ့ပန်းခွေဆန်ခဲ့ရတဲ့ကောင်ပါ။

(၉)
“ဘ၀ပေးပြီး ရွေးရမယ်...”တဲ့
နိုဝင်ဘာရဲ့ ကြေးက ကြီးတယ်....
(လဲပြီးသေလိုက်ကြပါလား အမျိုးကောင်းသားတို့ရေ..)
“အမှန်တရား”ဆိုတဲ့ ငနဲကလည်း
ပြဇာတ်မင်းသား ဆန်နေလိုက်တာ....

သူ့ကို လူပြောသူပြောများတာ တစ်ခုတည်းနဲ့ပဲ
အကျေနပ်ကြီး ကျေနပ်
ကိစ္စပြတ်နေတော့တာပဲ။

(၁၀)
နာကျည်းစရာ မကောင်းပါဘူး....
ပျင်းစရာပဲ ကောင်းနေသေးတော့ရဲ့.....။

(၁၁)
ငါ့ မွေးနေ့ကို ခရီးဦးကြိုပြုဖို့မလို
ငါ့ ဈာပနကိုလည်း ကျင်းတူးပေးဖို့ အကြောင်းမရှိ
ငါ့မျက်လုံးတွေ ပျင်းရိပျင်းတွဲ အေးစက်တတ်ဖို့နဲ့
သွေးမပျက်တတ်သူတွေသာ
နောက်ဆုံးမှာ အသက်ရှင်ကျန်မယ့်အကြောင်း
ကြေးစားဘ၀က
ငါ့ကို ကောင်းကောင်းသင်ကြားပေးခဲ့ပြီ.....။

(၁၂)
မီးကုန်ယမ်းကုန် အိပ်စက်ခဲ့တာတောင်မှ
အိပ်မက်တွေက မစို့မပို့နဲ့ကောင်....။
(ကိုယ့်ကိုယ်ကိုယ် လှောင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့်....)
အသံထွက်အောင်ကို ငါ ရယ်လိုက်မိတော့တယ် ..

(၁၃)
ငါ .. ပုံပျက်ပန်းပျက်
ငါ .. ပြောင်းတိပြောင်းဆန်
ငါ .. ကျွမ်းထိုးမှောက်ခုံ
အဲဒီလိုဖြစ်နေတဲ့ ငါ့ပုံကို
ကော်ဖီခါးခါးတစ်ခွက်ငုံလို့ ငါထိုင်ကြည့်
ပုခုံးလေးတောင် တွန့်ပြခဲ့မိသေးတယ်။

(၁၄)
နိုဝင်ဘာနဲ့တူတဲ့ ကောင်မလေးရေ..
မင်းရဲ့အနမ်းတွေကို
စာချုပ်စာတမ်းနဲ့ မွေးစားချင်တယ် ..
မင်းဘက်က အဆင်သင့်ဖြစ်ရင်
အကြောင်းကြားလိုက်ပါ၊
ငါစီးမယ့်ရထားက
ပြဿဒါးနေ့မှ ထွက်မှာ ဖြစ်ပါတယ်။
1 2 3 4
Messages Results 21 - 40 of about 75 for seconds milliseconds. (0.313 seconds)
    All forums        Books Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.