Guest. It's 05:25 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Books Forums jump :
  Page : of 31
  
   ဆရာမ"ဂျူး"၏ ၀တ္ထုများအပေါ်အမြင်
lwanthu.eainmat
6637

Planet Strong Member
 
06/11/2006
3827 posts
 ဆရာမ"ဂျူး"၏ ၀တ္ထုများအပေါ်အမြင်  Feb 05, 2008 3:04 PM
သူ့ရဲ့ခံယူချက်တွေကိုကြိုက်တယ်....

အထူးသဖြင့်မိန်းမတစ်ယောက်ကယောက်ျားတစ်ယောက်ကိုသိပ်ချစ်ပေမဲ့ဦးဏှေက်နဲ့စဉ်းစားပြီး စွန့်လွှတ်ရဲတဲ့စိတ်ဓါတ်ပဲ...

angleforyou
4002

Platinum Member
 
20/06/2007
1670 posts
 1.ကြိုက်ပါ၏  Feb 05, 2008 10:05 PM
ရေးသမျှ အကုန်လုံးမဟုတ်ရင်တောင် ...အကုန်လုံးနီးပါးကြိုက်တယ်....
lwanthukoko

Standard Member
 
05/02/2008
1 posts
 2.  Feb 05, 2008 10:19 PM
ထောက်ခံပါတယ် ထောက်ခံပါတယ် BigGrin
perfume
4980

Silver Member
 
17/01/2008
183 posts
 3.စေတနာ  Feb 05, 2008 11:37 PM
ဆ၇ာမ က စာဖတ်သူတွေကို Language တွေကြွယ် ဝ စေ ချင်တယ်

ပြီးတော. Lwanthu ပြောသလိုပဲ
ဘဝ မှာ ချစ်သူ မ၇ှိသည်.တိုင်အောင် အသည်းကွဲ နေသည်.တိုင်အောင် feel ဖြစ်ခိုင်းမနေ ပဲ လူ.တာဝန် တွေကိုလဲ
မေ.မထားခိုင်းဘူး

" ကံကြမာ ကိုမယုံကြည်ကြသူများ " --- ဒီစာအုပ်လေးကို အ၇မ်းသဘောကျတယ်
ဖတ်တိုင်းလဲ ဒီလို မိန်းခလေး တွေ အများကြီးလား ဆို ပြီး စိတ်မကောင်းမိဘူး
ဒါပေမဲ.... သူတို.အကောင်းဆုံးတွေ ပြန်လုပ် သွားနိုင်တာကို လေးစားတယ်

"ကြယ်စင်တံတား....." ၊" တိမ်နဲ.ချည်တဲ.ကြိုး" --- ဒီလို တိုင်း၇င်းသား အလေ.အထ လေးတွေလိုပဲ ကျန်တဲ.တိုင်း၇င်းသား တွေကိုလဲေ၇းစေချင်ပါတယ်

ဆ၇ာမ စာအုပ်တွေအားလုံး နီးပါး စာဟောင်းဆိုင်တွေထိ ၇ှာ ပါတယ်
နောက်ထပ် လုံးချင်းသစ်ထွက်၇င် ထွက်၇ှိခဲ.ပြီးသော လုံးချင်း ၊ စုပေါင်း ၊ ဝထွှု တိုများ မကျန် LIST လေးကိုပြန်လည် ထည်.သွင်း ပေးစေချင်ပါတယ်

ေ၇မျောသီး ၊ ကျွန်မဧ။်သစ်ပင် ၊ ကြေမွသွားသော... ၊ မြစ်တို.... ၊ မ၇ှိမဖြစ်မိုး ၊ ....... အားလုံး ကျွန်တော်ကြိုက်တယ်
ကျွန်မချစ်သော နိုင်ငံ ................ အဲဒီ. ချစ်သောတွေ ကိုတော.ခုထိ ဖတ်လို. ပြီးသေးဘူး hee
paradise
7398

Platinum Member
 
27/06/2007
2462 posts
 4.ကြိုက်ပါတယ်  Feb 06, 2008 10:45 AM
ဆရာမ ဂျူးစာအုပ်တွေကို အားလုံးလိုလို ကြိုက်ပါတယ်
ဂျူးစာအုပ် eBook တွေ ဘယ်မှာများ Download လုပ်လို့ရပါသလဲ သိရင်ပြောပြပေးကြပါနော်
kpz

Standard Member
 
08/02/2008
1 posts
 5.အမှတ်တရ  Feb 08, 2008 3:28 PM
ဂျူးက သူရေးသမျှဝထ္တု တော်တော်များများမှာ ဗဟုသုတ ရစရာတစ်ခုခုကို အမြဲပေးတယ်လေ။ အကြိုက်ဆုံးကတော့ ဂျူးရဲ့ အမှတ်တရ ပေါ့ .......
lwanthu.eainmat
6637

Planet Strong Member
 
06/11/2006
3827 posts
 6.Re: စေတနာ  Feb 08, 2008 8:42 PM
perfume wrote:
ဆ၇ာမ က စာဖတ်သူတွေကို Language တွေကြွယ် ဝ စေ ချင်တယ်

ပြီးတော. Lwanthu ပြောသလိုပဲ
ဘဝ မှာ ချစ်သူ မ၇ှိသည်.တိုင်အောင် အသည်းကွဲ နေသည်.တိုင်အောင် feel ဖြစ်ခိုင်းမနေ ပဲ လူ.တာဝန် တွေကိုလဲ
မေ.မထားခိုင်းဘူး

" ကံကြမာ ကိုမယုံကြည်ကြသူများ " --- ဒီစာအုပ်လေးကို အ၇မ်းသဘောကျတယ်
ဖတ်တိုင်းလဲ ဒီလို မိန်းခလေး တွေ အများကြီးလား ဆို ပြီး စိတ်မကောင်းမိဘူး
ဒါပေမဲ.... သူတို.အကောင်းဆုံးတွေ ပြန်လုပ် သွားနိုင်တာကို လေးစားတယ်

"ကြယ်စင်တံတား....." ၊" တိမ်နဲ.ချည်တဲ.ကြိုး" --- ဒီလို တိုင်း၇င်းသား အလေ.အထ လေးတွေလိုပဲ ကျန်တဲ.တိုင်း၇င်းသား တွေကိုလဲေ၇းစေချင်ပါတယ်

ဆ၇ာမ စာအုပ်တွေအားလုံး နီးပါး စာဟောင်းဆိုင်တွေထိ ၇ှာ ပါတယ်
နောက်ထပ် လုံးချင်းသစ်ထွက်၇င် ထွက်၇ှိခဲ.ပြီးသော လုံးချင်း ၊ စုပေါင်း ၊ ဝထွှု တိုများ မကျန် LIST လေးကိုပြန်လည် ထည်.သွင်း ပေးစေချင်ပါတယ်

ေ၇မျောသီး ၊ ကျွန်မဧ။်သစ်ပင် ၊ ကြေမွသွားသော... ၊ မြစ်တို.... ၊ မ၇ှိမဖြစ်မိုး ၊ ....... အားလုံး ကျွန်တော်ကြိုက်တယ်
ကျွန်မချစ်သော နိုင်ငံ ................ အဲဒီ. ချစ်သောတွေ ကိုတော.ခုထိ ဖတ်လို. ပြီးသေးဘူး hee

နံရံ၏အခြားတဖက်လဲကောင်းတယ်...ပြီးတော့ အမှတ်တရဆိုတာလေးကလဲ..ဖတ်ပြီးရင်..တကယ့်ကို.အမှတ်တရလေးပါ..ဖတ်ကြည့်နော်..ကျေးဇူးတင်ပါတယ်...
lwanthu.eainmat
6637

Planet Strong Member
 
06/11/2006
3827 posts
 7.Re: အမှတ်တရ  Feb 08, 2008 8:44 PM
kpz wrote:
ဂျူးက သူရေးသမျှဝထ္တု တော်တော်များများမှာ ဗဟုသုတ ရစရာတစ်ခုခုကို အမြဲပေးတယ်လေ။ အကြိုက်ဆုံးကတော့ ဂျူးရဲ့ အမှတ်တရ ပေါ့ .......

ဆရာမရဲ့ ၀တ္ထုတွေ ကို download လုပ်လို့ရတဲ့ Link လေးရှိတယ်လို့..သတင်းကြားထားပါတယ်...
အဲဒါလေးတွေကိုတင်ပေးပါ.လို့.....
ကျေးဇူးကမ္ဘာပါနော်...မုန့်များများလုပ်ကျွေးမယ်..
lwanthu.eainmat
6637

Planet Strong Member
 
06/11/2006
3827 posts
 8.Re: ကြိုက်ပါ၏  Feb 08, 2008 8:46 PM
angleforyou wrote:
ရေးသမျှ အကုန်လုံးမဟုတ်ရင်တောင် ...အကုန်လုံးနီးပါးကြိုက်တယ်....

ကျေးဇူးတင်ပါတယ်...အမှတ်တရလဲကောင်းတယ်နော်...

lwanthu.eainmat
6637

Planet Strong Member
 
06/11/2006
3827 posts
 9.Re: ကြိုက်ပါတယ်  Feb 08, 2008 8:48 PM
paradise wrote:
ဆရာမ ဂျူးစာအုပ်တွေကို အားလုံးလိုလို ကြိုက်ပါတယ်
ဂျူးစာအုပ် eBook တွေ ဘယ်မှာများ Download လုပ်လို့ရပါသလဲ သိရင်ပြောပြပေးကြပါနော်

ပြောမယ်ပြောမယ်..အခုတော့..ရှာလိုက်အုန်းမယ်.. ဘယ်မှာလုပ်လို့ရမလဲလို့လေ...download လုပ်ဖို့နော်...heeheehee
perfume
4980

Silver Member
 
17/01/2008
183 posts
 10.Re: စေတနာ  Feb 09, 2008 8:17 PM
lwanthu.eainmat wrote:
perfume wrote:
ဆ၇ာမ က စာဖတ်သူတွေကို Language တွေကြွယ် ဝ စေ ချင်တယ်

ပြီးတော. Lwanthu ပြောသလိုပဲ
ဘဝ မှာ ချစ်သူ မ၇ှိသည်.တိုင်အောင် အသည်းကွဲ နေသည်.တိုင်အောင် feel ဖြစ်ခိုင်းမနေ ပဲ လူ.တာဝန် တွေကိုလဲ
မေ.မထားခိုင်းဘူး

" ကံကြမာ ကိုမယုံကြည်ကြသူများ " --- ဒီစာအုပ်လေးကို အ၇မ်းသဘောကျတယ်
ဖတ်တိုင်းလဲ ဒီလို မိန်းခလေး တွေ အများကြီးလား ဆို ပြီး စိတ်မကောင်းမိဘူး
ဒါပေမဲ.... သူတို.အကောင်းဆုံးတွေ ပြန်လုပ် သွားနိုင်တာကို လေးစားတယ်

"ကြယ်စင်တံတား....." ၊" တိမ်နဲ.ချည်တဲ.ကြိုး" --- ဒီလို တိုင်း၇င်းသား အလေ.အထ လေးတွေလိုပဲ ကျန်တဲ.တိုင်း၇င်းသား တွေကိုလဲေ၇းစေချင်ပါတယ်

ဆ၇ာမ စာအုပ်တွေအားလုံး နီးပါး စာဟောင်းဆိုင်တွေထိ ၇ှာ ပါတယ်
နောက်ထပ် လုံးချင်းသစ်ထွက်၇င် ထွက်၇ှိခဲ.ပြီးသော လုံးချင်း ၊ စုပေါင်း ၊ ဝထွှု တိုများ မကျန် LIST လေးကိုပြန်လည် ထည်.သွင်း ပေးစေချင်ပါတယ်

ေ၇မျောသီး ၊ ကျွန်မဧ။်သစ်ပင် ၊ ကြေမွသွားသော... ၊ မြစ်တို.... ၊ မ၇ှိမဖြစ်မိုး ၊ ....... အားလုံး ကျွန်တော်ကြိုက်တယ်
ကျွန်မချစ်သော နိုင်ငံ ................ အဲဒီ. ချစ်သောတွေ ကိုတော.ခုထိ ဖတ်လို. ပြီးသေးဘူး hee

နံရံ၏အခြားတဖက်လဲကောင်းတယ်...ပြီးတော့ အမှတ်တရဆိုတာလေးကလဲ..ဖတ်ပြီးရင်..တကယ့်ကို.အမှတ်တရလေးပါ..ဖတ်ကြည့်နော်..ကျေးဇူးတင်ပါတယ်...

ဟုတ်ကဲ.
နံ၇ံဧ။်..... ဖတ်ပြီးပြီ

အမှတ်တ၇ ကို၇ှာဖတ်လိုက်ပါ့မယ်

ကျေးဇူးနော်
lwanthu.eainmat
6637

Planet Strong Member
 
06/11/2006
3827 posts
 11.Re: စေတနာ  Feb 13, 2008 2:02 PM

အမှတ်တရ....ကဆရာမရဲ့ပထမဆုံးလုံးချင်းလေးပါ..တော်တော်ကောင်းပါတယ်...

ဘ၀နဲ့ရှင်ပြီးအချစ်ကိုစွန့်လွှတ်ရဲတယ်...ဘ၀အတွက်အောင်မြင်အောင်ကြိုးစားနိုင်တယ်.မိန်းမဆိုပေမဲ့ ပျော့ညံ့မနေဖူး..ကောင်းပါတယ်...
perfume
4980

Silver Member
 
17/01/2008
183 posts
 12.အမှတ်တရ  Feb 15, 2008 4:41 AM
ပထမဆုံး ဆိုတော.ရှာရ ခက်မှာပေါ.
ကျွန်တော် ဖတ်တာတော.ဖတ်ဖူးမယ်

အတိုချုပ်လေးပြောပြ ပါလား အချိန် ရ ရင်ပေါ.
Smile
lwanthu.eainmat
6637

Planet Strong Member
 
06/11/2006
3827 posts
 13.Re: အမှတ်တရ  Feb 15, 2008 10:04 AM
perfume wrote:
ပထမဆုံး ဆိုတော.ရှာရ ခက်မှာပေါ.
ကျွန်တော် ဖတ်တာတော.ဖတ်ဖူးမယ်

အတိုချုပ်လေးပြောပြ ပါလား အချိန် ရ ရင်ပေါ.
Smile

ဟုတ်ကဲ့..သည်းခံပြီးတော့ဖတ်ပါနော်.စာရေးတာညံ့ရင်ပေါ့..စာသားတွေကတော့မူရင်းမဟုတ်ပါဖူး...

အဖွင့်လေးက..

မိန်းမတစ်ယောက်က
မန္တလေးမှာရှိနေတဲ့သူငှားထားတဲ့အိမ်ကိုလာတယ်..အိမ်တံခါးကိုဖွင့်လိုက်တာနဲ့..မောင်ရှိနေသလိုခံစားလိုက်ရတယ်.. မောင်ရှိနေတုန်းလိုပဲအိမ်လေး မှာမောင့်ရဲ့အသုံးအဆောင်တွေရှိနေတုန်းပဲလေ.. ဒီအိမ်လေးကမောင်နဲ့ကျွန်မတို့ရဲ့အချစ်ဂေဟာဆိုလဲမမှားဘူးပေါ့.. ဒါပေမဲ့မောင်ရယ်. ကျွန်မဘာကြောင့်များမောင်နဲ့ပက်သက်ခဲ့တဲ့ အတိတ်ကိုအခုထိမမေ့နိုင်သေးတာလဲ.. နှစ်တွေလဲကြာခဲ့ပါပြီမောင်. ကျွန်မကိုယ်တိုင်မိုက်မဲစွာနဲ့မောင်နဲ့ပျော်ခဲ့ဖူး တဲ့နေရာကိုထွက်လာပြီတာမှား ပြီလို့နောင်တရမိတယ်.. ဒါပေမဲ့မောင်ရယ်..မောင့်ရဲ့အငွေ့အသက်ကိုရနေရရင်လဲကျေနပ်ပါတယ်.

အဲဒီလိုလေးနဲ့စထားတယ်..သူကအဲဒီအိမ်လေးကိုရောက်လာတာနဲ့စထားတယ်.... .

ဆက်ရေးပေးမယ်နော်...
Redalret

Standard Member
 
29/03/2007
58 posts
 14.အမှတ်တရ  Feb 15, 2008 11:37 AM
အမှတ်တရ က မြန်မာစာပေလောကမှာ Living together အယူအဆကို တင်သွင်းလာတယ်ဆိုပြီး အကြီးအကျယ် ဂယက်ရိုက်သွားခဲ့တဲ့ စာအုပ်ပါ။ ချစ်သူကို ဆုံးရှုံးရပေမယ့် ဘ၀ကို ဆက်လက်ရှင်သန်အောင် ကြိုးစားတယ်။ ပျော့ညံ့ မနေဘူး ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်ဓာတ်ကတော့ နမူနာယူစရာကောင်းပါတယ်။ ဒါပေမယ့် ယောကျာ်း တစ်ယောက် ကို သေလောက်အောင် ချစ်ပေမယ့် အတ္တ၊ မာနတွေကြီးလွန်းတဲ့ အလျှော့မပေးတတ်တာကတော့ ဇာတ်ကောင် အမျိုးသမီး အတွက် ချစ်ခြင်းမေတ္တာနဲ့ ထာဝရ ဝေးကွာသွားစေတဲ့ အကြောင်းရင်းပဲဆိုတာ သဘောပေါက်မိတယ်။ လူယောကျာ်းနဲ့ လူမိန်းမ မင်္ဂလာရှိရှိ ပေါင်းသင်းသွားဖို့ဆိုတာ တစ်ဦးနဲ့ တစ်ဦး နားလည် ခွင့်လွှတ်ရခြင်းတွေ၊ အလျှော့ပေး သည်းခံရခြင်း တွေများစွာ ပေါင်းစပ်ပါဝင်ရဦးမှာပါ။ လူ့အဖွဲ့အစည်းမှာ တစ်ဦးကို တစ်ဦး နားလည် ခွင့်လွှတ်ခြင်းမရှိဘဲ၊ အလျှော့ပေး သည်းခံခြင်းမရှိဘဲနဲ့ အောင်မြင်ပျော်ရွှင်မှုကို မတည်ဆောက်နိုင်ဘူးဆိုတာ ဆရာဂျူးကို သိစေချင်ပါတယ်။

Redalret

Standard Member
 
29/03/2007
58 posts
 15.မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်  Feb 15, 2008 11:44 AM
အဲဒီ စာအုပ်ကို ဆယ်ကျော်သက်အရွယ်က တစ်ခါဖတ်ဖူးတယ်။ အဲဒီတုန်းကတော့ ဘ၀အတွေ့အကြုံအသိအမြင် မကြွယ်ဝ သေးတဲ့အပြင် ဂျူးကိုလည်း အင်မတန်လေးစားနေမိတော့ တော်တော်သဘောကျခဲ့မိတယ်။ နောက်ထပ် ၁၀ နှစ်လောက် အကြာမှာ ပြန်ဖတ်ကြည့်တော့ မနှစ်သက်နိုင်စရာတွေကို တွေ့လာရတယ်။ အဓိက က အိမ်ထောင်ရေး တစ်ခုကို အောင်မြင် အောင် တည်ဆောက်ဖို့ဆိုတာ နှစ်ဦးစလုံးမှာ တာဝန်ရှိသလို၊ ပြိုကွဲသွားရခြင်းမှာလည်း နှစ်ဦးစလုံးရဲ့ ပယောဂ မကင်းပါဘူး။ ကျွန်တော့် အမြင်ပြောရရင် ဂျူးက အိမ်ထောင်ရေးနဲ့ ယောက်ျားတွေကို အဆိုးမြင်လွန်းနေတယ်။ အိမ်ထောင်ရေးဆိုတာ အဆိုးမြင်စရာ တစ်ခုလို့ ကျွန်တော် မမြင်ပါ။ အိမ်ထောင်ရေးမှာ အောင်မြင်ပျော်ရွှင်နေတဲ့ ထက်မြက်ထူးချွန်တဲ့ မိန်းမတွေ အများကြီး ခင်ဗျားတို့ ပတ်ဝန်းကျင်မှာလည်း တွေ့မှာပါ။ ပလန်းနက် ပရိသတ်ကြီးရော မဖတ်ရသေးရင် ရှာဖတ်ပြီး အမြင်တွေ ဖလှယ်ကြပါဦး။
Redalret

Standard Member
 
29/03/2007
58 posts
 16.Her Short Stories  Feb 15, 2008 11:51 AM
ဆရာမက Short Story တွေရေးတဲ့နေရာမှာတော့ ထူးချွန်တဲ့ ပါရမီရှင်တစ်ဦးပါ။ သူ့ရဲ့ ထွက်ပြီးသမျှ ပေါင်းချုပ်စာအုပ်တွေ တိုင်းကို ဖတ်ခဲ့သလို၊ မဂ္ဂဇင်းတွေမှာပါရင်လည်း တကူးတကရှာဖတ်ခဲ့တယ်။ ဒါပေမယ့် သရဖူမှာ နောက်ဆုံးပါသွားတဲ့ တွေ့ချင်လှပြီ ... ဆိုတဲ့တစ်ပုဒ်ကိုတော့ မနှစ်သက်မိဘူး။ (အဲဒီစာမူ ဆော့ဖ်ကော်ပီအရင်က ရှိတယ်။ အခု ဘယ်ရောက်သွား မှန်းမသိဘူး။) ဇာတ်လမ်းကတော့ ဒီကနေ့ လူငယ်တွေ အွန်လိုင်းကနေ တွေ့ဆုံချစ်ကျွမ်းဝင်ကြတဲ့ ယဉ်ကျေးမှု တစ်ခုကို ရေးထားတာပါ။ ဒီကနေ့ခေတ်လူငယ်တွေအကြောင်းရေးထားတာ သိပ်မပေါ်လွင်ဘူး။ အရင်စာမူတွေလောက် ထိထိရှရှ မခံစားရဘူး။ သူ့အနေနဲ့ အသက်အရွယ်ကွာခြားမှုကြောင့်လား၊ ဒါမှမဟုတ် အရင်ကလောက် ခံစားမှုတွေ မပြင်းရှတော့တာ လားဆိုတာ ဂျူးကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်။ ပလန်းနက် ပရိသတ်ကြီးလည်း ရှာဖတ်ကြည့်ကြပါဦး။ သရဖူ ၁၀ နှစ်ပြည့်မှာ ပါတယ်။
Redalret

Standard Member
 
29/03/2007
58 posts
 17.မြစ်တို့၏ မာယာ  Feb 15, 2008 11:57 AM
သူ့ရဲ့ လုံးချင်းဝတ္ထုရှည်တွေထဲမှာ အကြိုက်ဆုံးတစ်ပုဒ်ကို ဆွဲထုတ်ပြပါဆိုရင် မြစ်တို့၏ မာယာ လို့ ပြောရမှာပါ။ ဒီဇာတ်လမ်းက မန္တလေးတက္ကသိုလ်က မြန်မာစာ ဆရာမလေးတစ်ယောက်အကြောင်းပါ။ ရုပ်ရှင်အဖြစ် ဒါရိုက်တာ မီးပွားက ရန်အောင်၊ ရဲအောင်၊ မေသန်းနုတို့နဲ့ ရိုက်ခဲ့တော့လည်း အောင်မြင်ခဲ့တယ်။ ရဲအောင် အကယ်ဒမီရခဲ့တယ်။ ဒီ စာအုပ်ကို အကြိမ်ကြိမ်ဖတ်လည်း မရိုးနိုင်ဘဲ နှစ်သက်နေမိတယ်။
dungeonsiege
7200

Platinum Member
 
20/10/2006
1988 posts
 18.i hav A Mhat Ta Ya e-book   Feb 15, 2008 12:53 PM
ကျွန်တော်ထဲမှာ ဂျူးရဲ့ အမှတ်တရ စာအုပ် e-book လေးရှိပါတယ်..။ တစ်ခြားဂျူးစာအုပ်တွေလဲရှိပါတယ်..။
အိမ်ပြန်ရောက်ရင်တင်ပေးပါ့မယ်..။ ဒါနဲ့လေ မေးလိုက်ဦးမယ်.. ကံကြမာကိုမယုံကြည်ကြသူများ ဆိုတဲ့စာအုပ်လေး ဘယ်မှာများရနိုင်သေးလဲဟင်..။ သိရင်တစ်ချက်လောက်ပြောပြပေးပါလား..။ Smile
Redalret

Standard Member
 
29/03/2007
58 posts
 19.ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ  Feb 15, 2008 12:54 PM
အဲဒီစာအုပ်က ဂျူးကိုယ်တိုင် အနှစ်သက်ဆုံးလို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးတာပါ။ ရှာဖတ်ကြည့်ကြစေချင်တယ်။ စာဖတ်ပရိသတ်ရဲ့ ခံစားမှုကို ပြင်းရှစွာ နှိုးဆွနိုင်တဲ့ ဇာတ်လမ်းတစ်ခုဆိုတာ ကိုယ်တိုင်သိလာပါလိမ့်မယ်။ ဇာတ်ဆောင်တွေရဲ့ အတွင်းစိတ်ခံစားမှုကို သရုပ်ပေါ်အောင်၊ စာဖတ်သူရင်ထဲကို ကူးစက်အောင် ရေးနိုင်တဲ့သူတွေထဲမှာ ကျွန်တော် ဂျူးကို အမှတ်အများဆုံးပေးထားတယ်။
Redalret

Standard Member
 
29/03/2007
58 posts
 20.နံရံ၏ အခြားတစ်ဖက်  Feb 15, 2008 12:59 PM
ဒီဇာတ်လမ်းကတော့ ဘ၀မှာ ရည်မှန်းချက်တွေနဲ့ ပြည့်လျှမ်းနေတဲ့ အသက် ၂၀ ၀န်းကျင် မိန်းကလေးတစ်ယောက်အပေါ်မှာ မှ ရွေးပြီးကျရောက်လာတဲ့ ကံကြမ္မာဆိုးတစ်ခုအကြောင်းပါ။ သေခြင်းတရားကို လှပစွာ ဆွေးနွေးပြသွားခဲ့တဲ့ ၀တ္ထုတစ်ပုဒ် ပါ။ ဒီဇာတ်လမ်းကို လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ရန်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာတို့နဲ့ ဒါရိုက်တာမီးပွားက ရုပ်ရှင် ရိုက်မယ်လို့ သတင်းကြားခဲ့ပေမယ့် ခုထိအကောင်အထည်မပေါ်လာသေးတာ ဘာကြောင့်လဲတော့ မသိပါ။ ဖြစ်နိုင်ရင် ဒီဘက်ခေတ် သရုပ်ဆောင်တွေနဲ့ ရိုက်ဖို့ ကြိုးစားသင့်တယ်လို့ ရုပ်ရှင်လောကသားတွေကို တိုက်တွန်းချင်တယ်။ (နေတိုး၊ အိန္ဒြာကျော်ဇင်၊ စိုးပြည့်သဇင်)
1 2 3 4 5 ... 31
Messages Results 1 - 20 of about 604 for seconds milliseconds. (0.25 seconds)
    All forums        Books Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.