Guest. It's 02:48 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Books Forums jump :
  Page : of 9
  
   ဥာဏ်ပွင့်ဖို့ ဖတ်သင့်သော စာများ
Nyo Gyi
6445


Silver Member
 
12/07/2007
367 posts
 ဥာဏ်ပွင့်ဖို့ ဖတ်သင့်သော စာများ  Oct 18, 2007 3:39 PM
လစဉ်ဖတ်သင့်သော စာများ

အတွေးအမြင် စာစဉ်
ပိတောက်ပွင့်သစ် မဂ္ဂဇင်း
ရွက်နုဝေ မဂ္ဂဇင်း
ချင်းတွင်း မဂ္ဂဇင်း
ချယ်ရီ မဂ္ဂဇင်း
ကလျာ မဂ္ဂဇင်း


အခြားစာအုပ်များ

-ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော စာအုပ်များ
-သိန်းဖေမြင့် - အရှေ့ကနေ၀န်း ထွက်သည့်ပမာ
-သိန်းဖေမြင့် - တက်ဘုန်းကြီး
-မြတ်ငြိမ်း - ဖိလစ်ပိုင် အမျိုးသားအာဇာနည် ဒေါက်တာရီဇော်
-ဂျာနယ်ကျော်မမလေး - သူလိုလူ
-သခင်သန်းထွန်း၏ နောက်ဆုံးနေ့ရက်များ စာအုပ်


နောက်မှ ကျန်တာတွေ ပြောပြဦးမယ်နော်။
mr.pwagyi


Silver Member
 
24/10/2006
238 posts
 1.sometime  Oct 21, 2007 2:15 PM
ချင်းတွင်းတော့ ဖတ်လေ့ရှိသဗျ... လတိုင်းတော့ မှုတ်ဘူး...
Nyo Gyi
6445


Silver Member
 
12/07/2007
367 posts
 2.နောက်ထပ်  Oct 22, 2007 2:32 PM
နောက်ထပ်စာအုပ်တွေ

-အောင်သန်း၏ အောင်ဆန်း
-မိုး ဂျာနယ် (မဂ္ဂဇင်း) လစဉ်ထုတ်
-သိန်းဖေမြင့် (သပိတ်မှောက်ကျောင်းသား)
-မောင်သစ်ဆင်း (ကြောက်စိတ်)
aquabubble
3578


Standard Member
 
08/05/2007
73 posts
 3.books...  Oct 22, 2007 4:30 PM
Top English

ဒါပဲသိတယ်။hee
audreywin
1934


Standard Member
 
26/11/2006
79 posts
 4.Untitled  Oct 25, 2007 10:31 PM
ဖေမြင့် စာအုပ်တွေ
ချုံြ့ကားမှဘုံဖျားသို့
zawmyolwin
3944


Silver Member
 
08/07/2007
344 posts
 5.ဒီစာအုပ်  Oct 30, 2007 12:55 AM
ကျွန်တော် ၁၉၉၂ လောက်တုန်းကစာအုပ်တစ်အုပ်ဖတ်ဖူးပါတယ်
အရန်းလဲကောင်းတယ်ဗျာ ဒေ၀ူးသူဌေး ကင်ဝူးချွန်ရဲ့ လမ်းတိုင်းကိုရွှေခင်းထားတယ် ဆိုတဲ့စာအုပ်ပဲ
တကယ်လဲအနူစ်သာရရှိပါတယ် ။
zawmyolwin
3944


Silver Member
 
08/07/2007
344 posts
 6.နောက်တစ်ခါ  Oct 30, 2007 12:58 AM
စာရေးဆရာ နန်ဒါသိန်းဇံရဲ့
ခရောင်းလမ်းဖြတ်ကျော်ခြင်းနူင့် မိတ်ကောင်းဆွေကောင်းနဲ့ ခရီးသွားခြင်း စာအုပ်
နောက် ဖြေဆည်ရာ နောက်ကျန်သေးတယ်ဗျာ နာမည်တွေတော့ သိပ်မမှတ်မိတော့ဘူး
ဒီနူစ်အုပ်တောင်မှ အရန်းကြိုက်လို့မှတ်မိတာပါ ။
hzin


Standard Member
 
28/06/2007
8 posts
 7.ဖတ်သင့်တယ်  Nov 07, 2007 3:30 PM
[size=100]မေတာရှင် (ရွှေပြည်သာ) ရဲ့စာအုပ်တွေလဲအရမ်းကောင်းတယ်
cyang
5832


Gold Member
 
20/10/2006
593 posts
 8.ဂျာနယ်ကျော်မမလေး - သူလိုလူ   Nov 07, 2007 7:54 PM
ဂျာနယ်ကျော်မမလေး - သူလိုလူ
စာအုပ် ကို ဖတ်ဖူးတယ် ။ ဦးချစ်မောင် ရဲ. နေ.စဉ်မှတ်တမ်း ကို လည်း ကြိုက်တယ် ။ သူလိုလူ ကတော့ တကယ် ရှားတယ် ။



 9.9....  Nov 08, 2007 11:42 AM
"meaning of life"

This book is good .....
settpaing
4809


Silver Member
 
09/04/2007
494 posts
 10.နှလုံးသားအဟာရ....  Nov 10, 2007 6:01 PM
ဖေမြင့်ဘာသာပြန်ထားတဲ့ " နှလုံးသားအဟာရ " ဆိုတဲ့စာအုပ်ကလေးကလည်း ဖတ်သင့် တဲ့ စာအုပ်ကောင်းတအုပ်လို့ ထင်ပါတယ်...
မူရင်းကတော့..."Chicken Soup for the Soul " ပါ....
(သယ်ရင်းတို့ လည်းသိမယ်ထင်ပါတယ်...လူသိများတဲ့စာအုပ်တစ်အုပ်ပါ...)
Nyo Gyi
6445


Silver Member
 
12/07/2007
367 posts
 11.ဒီစာအုပ်လည်း မိုက်တယ်  Nov 12, 2007 12:30 PM
လူထုဦးလှ (ကျွန်တော် ဗြူရိုကရက်)
Neo
2917


Planet Strong Member
 
23/04/2007
5008 posts
 12...ဖက်စရာများ..  Nov 12, 2007 1:10 PM
ဒီနေရာလေးမှာ စာရေးဆရာ တော်တော်များများရဲ့ 
စာအုပ်တွေရှိပါတယ်...ဖွင့်လို့ ရ မရတော့ ကျနော်မသိဘူး...ကျနော့်ဘက်ကတော့ ၀င်ဖက်လို့ ရပါတယ်..
တဆိတ်လောက် ဖက်ကြည့်ကြပါအုံးလို့ ..

..Neo..
J_Thuri
3858


Standard Member
 
03/05/2007
57 posts
 13.ဟား ဟား  Nov 13, 2007 11:30 AM
hee hee

အာရုံနောက်အောင် လာမလုပ်ပါဘူးဗျာ.........

ဒီကနေဘဲ လုပ်မှာပါ........Wink


Nyo Gyi
6445


Silver Member
 
12/07/2007
367 posts
 14.Re: ..ဖက်စရာများ..  Nov 14, 2007 11:42 PM
Neo wrote:
ဒီနေရာလေးမှာ စာရေးဆရာ တော်တော်များများရဲ့ 
စာအုပ်တွေရှိပါတယ်...ဖွင့်လို့ ရ မရတော့ ကျနော်မသိဘူး...ကျနော့်ဘက်ကတော့ ၀င်ဖက်လို့ ရပါတယ်..
တဆိတ်လောက် ဖက်ကြည့်ကြပါအုံးလို့ ..

..Neo..



စာဖတ်ဖို့ အင်တာနက်လိပ်စာညွှန်းပေးတဲ့ အတွက် အရမ်းအရမ်းကျေးဇူးတင်ရှိပါသည်။
နောက်ထပ်ရှိလျှင်လည်း ညွှန်ပြပေးကြပါဦးခင်ဗျား။

ဥာဏ်ပွင့်အောင် ဖတ်ကြည့်ဖို့ပါခင်ဗျာ။
Nyo Gyi
6445


Silver Member
 
12/07/2007
367 posts
 15.ဒီစာအုပ်တွေကလည်း...  Nov 20, 2007 5:03 PM
-သောက မျက်ရည်စက်များ (ဒေါက်တာခင်မောင်ဆွေ(မူးယစ်)၊ မန္တလေး)

-ငရဲဆို ချိုနဲ့လားဗျို့ (ဦးနု)

-မိတ္တဗလဋီကာ (ဦးနု)

-နေဇင်လတ် (လူ သို့မဟုတ် အနာဂတ်ဖြင့် ရှင်သန်သူ)


(စာအုပ်ကြော်ငြာမဟုတ်ရပါ။ ကျွန်တော်ဖတ်တဲ့အထဲက ကောင်းတာလေးတွေပါ)
Dwaine
6900


Platinum Member
 
26/10/2006
1436 posts
 16.If you want get relax and de-stress  Nov 20, 2007 9:57 PM
သိုင်းဝတ်ထု ကာတွန်း very relaxing and de-stressing
Cartoon101
3615


Silver Member
 
08/09/2007
198 posts
 17.ဖတ်သင့်တယ်  Nov 21, 2007 12:05 PM
(ငါ့ဒိန်ခဲ ကို ဘယ်သူ သမ သွားသလဲ)ဖတ်သင့်တယ်
hninchozin
3089


Silver Member
 
20/10/2006
116 posts
 18.ဒါတွေ..  Nov 21, 2007 4:02 PM
သန်းခေါင်ယံလွတ်လပ်ရေး.. တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်.. အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းပုံပါ.. တော်တော်များများဖတ်ဖူးမယ်ထင်ပါတယ်.. ပြီးတော့ ကျွန်မဘ၀ဇာတ်ကြောင်း.. Personal History by Katherine Graham ပါ..
saomaee


Silver Member
 
03/07/2007
155 posts
 19.ဇစ်မြစ်ကိုတွန်းလှန်ခြင်း  Nov 21, 2007 5:44 PM
မှန်ပြတင်းမှ တိုးဝင်လာသော နေရောင်သည် အာရှမြေနှင့် နီးပြီဖြစ်ကြောင်း သတိပေးနေသည်။ စိမ်းစိုနေသည့် သစ်ပင်နှင့် တောင်တန်းများပေါ် နေခြည်ဖြာကျနေသည့် မြင်ကွင်းကို မြတ်နိုးစွာကြည့်မိ၏။ လေယာဉ် တရိပ်ရိပ် နိမ့်ဆင်းနေသည်ကို စိတ်မရှည်စွာ စောင့်ဆိုင်းရင်း တဒိုင်းဒိုင်း မြန်လာသည့် ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားနေရသည်။

လွန်ခဲ့သည့် တနာရီလောက်က ချစ်သောနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသပေါ် လေယာဉ်ဖြတ်ပျံနေကြောင်း သိလိုက်ရချိန်မှာ ကြက်သီးမွေးညင်းထပြီး နှလုံးသွေး ဆောင့်ခုန်ခဲ့ပြီးပြီ။ ပြန်နင်းခွင့် ဆုံးရှုံးထားရဆဲမြေ၏ ကောင်းကင်ပိုင်နက်မှာ ရောက်နေ သည်ဟူသော အသိက နှလုံးသားကို ဆွဲလှုပ်ပစ်ခဲ့သည်။ ခုတော့ မြန်မာနိုင်ငံနှင့် အနီးဆုံးအရပ်ကို ပြန်ရောက်ခဲ့ပြီ။

လေယာဉ်စက်ရပ်သည်နှင့် ထိုင်ခုံခါးပတ်ကို အမြန်ဆွဲဖြုတ်ကာ ကျောပိုးအိတ်ဆွဲ၍ တဟုန်ထိုး ထွက်ခဲ့သည်။ ရှေ့ခုံတွေက ခရီးသည်တွေနောက်မှာ ခဏ တန်းစီစောင့်လိုက်ရတာကိုပင် ယားတက်လာသည့် ခြေထောက်တွေက စိတ်မရှည်ချင်။ ပြန်နင်းရပြီ အာရှမြေ။

လွန်ခဲ့သည့် ၁၈ နာရီလောက်က သူသည် ရေခဲဖုံးသော လမ်းများပေါ် ချော်မလဲအောင် သတိထားလှမ်းရင်း လူပေါ် တဖွဲဖွဲ ကျနေသည့် နှင်းဖတ်များကို လက်နှင့်သပ်ဖယ်ကာ လေဆိပ်ကို ဆင်းလာခဲ့သည်။ လမ်းဘေးမှာ တောင်လိုပုံနေသည့် နှင်းထုတွေက လူတရပ်ကျော်။ သူ အိမ်က ထွက်လာချိန်က မနက် ၉ နာရီ ပေမင့် ကမ္ဘာ့မြောက်ဖျား၏ ဆောင်းရာသီမို့ အမှောင်ထု မပြယ်သေး။ အရပ်ရှစ်မျက်နှာ ဘယ်ကြည့်ကြည့် အိမ်တွေ သစ်ပင်တွေကအစ နှင်းဖုံးပြီး ဆွတ်ဆွတ်ဖြူ နေသည်။ မြေသားကလည်း နှင်းနှင့် ရေခဲများ လွှမ်းနေ၍ ပကတိ အဖြူ။

ခုတော့ နွေးထွေးသော နေရောင်အောက်မှာ အရောင်အသွေးမျိုးစုံ ဖြာနေသည့် အရှေ့မြေကို ပြန်ရောက်ပြီ။ သုဝဏ္ဏဘူမိ လေဆိပ်၏ အမိုးအောက်ရောက်ချိန်မှာ အိမ်ပြန်ရောက်သူ တယောက်လို စိတ်ထဲကြည်နူး သွားရသည်။ သူ့ဇာတိမြေနှင့် ယဉ်ကျေးမှုရော ရေမြေသဘာဝပါ နီးစပ်ရုံသာမက မြေကြောချင်းပါ ထိစပ်နေသည့် နိုင်ငံ။ ပြီးတော့ သူနေခဲ့သည့် တနှစ် ကျော်ကာလမှာ သူ့ကို ယိုင်းပင်းခဲ့သော သူ ချစ်ခင်ခဲ့သော ထိုင်းမိတ်ဆွေတွေ ။ လေဆိပ်ဝင်းထဲမှာ သံလျက်ထောက်ပြီး ရပ်နေသည့် ဘီလူးကြီးကို မြင်လိုက်ရချိန်မှာတော့ သူ့ပျော်ရွှင်မှုသည် အထွတ်အထိပ် ရောက်သွားလေသည် ။

ထုထားပုံက မြန်မာဘီလူးနှင့် တထေရာတည်း။ မကိုဋ်ဆောင်းပုံ၊ အစွယ်ဖွေးဖွေးထနေပုံနှင့် ကိုယ်မှာ ဆင်မြန်းထားသည့် အစိမ်းရောင် ဘီလူးချပ်ဝတ်တန်ဆာကအစ မြန်မာပြည် ဘုရားပုထိုးတွေမှာ တွေ့ရသည့် အစောင့်ဘီလူးတွေအတိုင်း။ အသက်သာရှိမည်ဆိုလျှင် `တွေ့ရတာ ၀မ်းသာလိုက်တာ ဘီလူး´ဟု သူ ၀မ်းသာလုံးဆို့စွာ ပြေးနှုတ်ဆက်မိမည်။ ပြန်ဆုံ ဆည်းရသည့် မိတ်ဆွေဟောင်းတယောက်လို ဘီလူးကို မြတ်နိုးစွာ နောက်လှည့်ငေးရင်း လေဆိပ်ဝင်းထဲက ထွက်ခဲ့သည်။ ညတွင်းချင်း ခရီးဆက်ဖို့ ပြင်ရမည်။

လူတွေ ထူထပ်သိပ်သည်းပြီး ယာဉ်ကြောပိတ်ဆို့မှုတွေနှင့် နာမည်ကြီးလှသည့် ဘန်ကောက်သည် နတ်ဘုံနတ်နန်းထက် စည်ကားပါစေဦး၊ ခုချိန်မှာ စိတ်မ၀င်စားနိုင်ပြီ။ စိတ်က သူ့နိုင်ငံနှင့်အနီးဆုံး နယ်စပ်ဒေသကို အမြန်ဆုံး ပြန်ရောက်ဖို့သာ ဇောကပ်နေသည် ။

……

`ကောက်ညှင်းပေါင်းရမယ်၊ မုန့်ဗိုင်းတောင့် ရမယ်´
`ချဉ်ပေါင်တွေ ... တစည်းဆို ယောက္ခမအိမ်ပါ ကျွေးလို့ရတယ် ငါးဘတ်ထဲနော်´
`စံဇာဏီဘိုရဲ့ ၁၂ ရာသီ ဟောကိန်းတွေ၊ ခုနစ်ရက်သားသမီး ဆောင်ဖို့ရှောင်ဖို့ အကုန်ပါသဗျ´ ထိုင်းနယ်စပ်မြို့ကလေးသည် မြန်မာနိုင်ငံ၏ အငွေ့အသက်များ လွှမ်းနေသည်။

လုံချည်ကိုယ်စီဖြင့် ဈေးထဲမှာ သွားလာနေကြသည့် မြင်ကွင်းကို သူ သဘောကျစွာ ငေးနေမိသည်။ ပုဆိုးတို့ ထဘီတို့ဆိုတာ ၀တ်ထားလျှင် ဒီလောက် ကျက်သရေရှိမှန်း သူ အစက သတိမထားမိခဲ့ ။

မိန်းကလေး အတော်များများက သနပ်ခါးပါးပါးလိမ်းပြီး ဆံပင်ရှည်ကို နောက်ဘက်ကနေ ကလစ်ဖြင့် ခပ်မြင့်မြင့် ညှပ်ထားသည်။ တချို့ကတော့ ကျစ်ဆံမြီး နှစ်ဖက်ချလို့ ။ အများစုက မဲဆောက်တ၀ိုက် စက်ရုံတွေက ဖြစ်နိုင်သည်။

မုန့်ဟင်းခါးဆိုင်၊ ၀က်သားတုတ်ထိုးဆိုင်တွေရှေ့က ဖြတ်ပြီး ဆေးဆိုင်ဘက် လျှောက်လာခဲ့သည်။ ညနေစောင်းမှပဲ မြန်မာလူမျိုးတွေ ဈေးထဲမှာ သွားလာလှုပ်ရှားနေသည့် မြင်ကွင်းကို တခေါက်ပြန်လှည့် လာပြီး မျက်စိအရသာခံတော့မည်။ မြန်မာပြည်နှင့် ထိုင်းက ညနေခင်းမှာ ပိုလှသည်ဟု သူ ထင်သည် ။ နေရောင်က အပူငွေ့ပြယ်ပြီး အလင်းရောင် ပေးရုံ သက်သက်သာ အရာအားလုံးပေါ် ပက်ဖြန်းထားချိန်။ လေညင်းက ကဗျာဆန်ဆန်တိုက်နေချိန်မှာ လူတွေ၏ မျက်နှာတွေ ကလည်း တနေ့တာ ဇောကပ်နေခဲ့ သမျှတွေ။ ပင်ပန်းနွမ်းနယ်မှုတွေ ပြယ်လွင့်ကာ လန်းဆန်းကြည်လင်နေတတ်သည် ။

ဒီမနက်ခင်းမှာတော့ သူ ဈေးထဲရောက်လာခြင်းသည် ဆေးဝယ်ဖို့သက်သက် ဖြစ်၏။ မကျန်းမာသည့် အသိဦးလေး တယောက်အတွက် ဆရာဝန်ညွှန်းသည့် အားဆေးကို အရင်ဝယ်သည်။ နို့မှုန့်ပါဝယ်ပေးဖို့ ညွှန်းသည်သတိရသဖြင့် ဆေးဆိုင်နှင့်ကပ်လျက် ကုန်စုံဆိုင်ထဲ ဆက်ဝင်လာခဲ့သည်။

`ဒီနို့မှုန့်တဘူး လိုချင်လို့´
မေ့တတ်လွန်းသဖြင့် စာရွက်နှင့် ရေးမှတ်လာခဲ့သည့် နို့မှုန့်အမည်ကို ထုတ်ပြလိုက်တော့ ဆိုင်ရှင်တရုတ်ကြီးက `ရမယ်´ ဆိုကာ အထပ်လိုက်စီထားသည့် နို့မှုန့်ဘူးတွေထဲက တဘူးလှမ်းဆွဲသည် ။

သို့သော် လက်ထဲ ချက်ချင်း မထည့်သေး ။

`သောက်မှာက လူကြီးလား၊ ကလေးလား´

`လူကြီးပါ´

`လူကြီးဆို ဒါမဟုတ်ဘူး။ နက်စတယ်က ကလေးသောက်တဲ့ နို့မှုန့်၊ လူကြီးသောက်ဖို့ဆို အာလင် ၀ယ်ပေးလိုက်´

`ဆရာဝန်က ဒါ ၀ယ်ခိုင်းလို့ပါ´

တရုတ်ကြီးက ခေါင်းယမ်းသည် ။

`လူကြီးကို ကလေးနို့မှုန့်တိုက်လို့ မဖြစ်ဘူးလေ။ ကလေးတွေအတွက်က အသားများများဖြစ်ပြီး မြန်မြန်ထွားအောင် အဆီအများကြီး၊ မလိုင်အများကြီးနဲ့ ထုတ်ထားတာ။ လူကြီးသောက်ရင် နှလုံးအဆီပိတ်ပြီး သွေးတိုးတွေဘာတွေ ဖြစ်ကုန်မှာပေါ့ ။ သောက်မယ့်လူက ဘယ်အရွယ် ရှိပြီလဲ´

`၅၀ ကျော်ပါ´

`ရောဂါဖြစ်အောင် လုပ်သလို ဖြစ်လိမ့်မယ်။ လူကြီးကို အုန်းနို့ခေါက်ဆွဲတွေ ဒညင်းသီးတွေ သွားကျွေးတာနဲ့ အတူတူပဲ။ နင် ကုသိုလ်မရဘဲ ငရဲကြီးလိမ့်မယ်။ မလုပ်နဲ့´

သူ ခေါင်းကုတ်သည်။ ဘယ့်နှယ် ကြံလိုက်ရပါ့။ ဈေးသည်ပဲ သူ့ပစ္စည်းရောင်းရပြီးရောပေါ့။ တရုတ်ကြီးကြည့်ရတာ ဇွတ်ဝယ်သွားလျှင် သူလို လူကြီးတယောက်ကို ကျန်းမာရေးထိခိုက်အောင်လုပ်မှုဖြင့် စိတ်တောင် ဆိုးမည့်ပုံ။

`ဦးလေး ဒါ ဆရာဝန် ၀ယ်ခိုင်းလို့ပါ´

ခေါင်းမာပုံရသော စိန့်တိုင်းသားကြီးက နည်းနည်းမှ မလျှော့ချေ။

`ငါလဲ ဆရာဝန် မဟုတ်ပေမယ့် ဒီအရွယ် ရှိပြီပဲ။ နားလည်ပါတယ်။ နက်စတယ်က ကလေးသောက်တဲ့ နို့မှုန့်။ အာလင်က လူကြီးသောက်တာ။ ဈေးတူပဲ။ လူကြီးဖို့ဆို လူကြီးနို့မှုန့် ယူသွား´

ဝယ်သူ အမြဲမှန်သည်ဟူသော ဆိုရိုးသည် လူကြီးသူမစကားကို လေးစားရသည့် အာရှတိုက်မှာတော့ ခြွင်းချက်ရှိမှန်း သူ ရိပ်မိစ ပြုသည်။ အနောက်တိုင်းမှာတော့ ၀ယ်သူက ဒါပဲလိုချင်ပါသည် ပြောနေလျှင် ရောင်းလိုက်မည်သာ။ ယခုမူ အာရှ သည် အာရှဖြစ်လေသည်။ နောက်ဆုံးတော့ အမိန့်ကို ဇောက်ထိုးနာခံ တတ်သည်ဟု နာမည်ရသောသူသည် လူကြီးသူမကို ချစ်ကြောက်ရိုသေရသည့် အရှေ့တိုင်း ဓလေ့ထုံးစံကို လက်မြှောက်အရှုံးပေးကာ တရုတ်ကြီးဆန္ဒအတိုင်း အာလင် နို့မှုန့် ဗူးကိုယူပြီး ဆိုင်ထဲမှ ထွက်ခဲ့ရ၏ ။ ဆိုင်ပြင်ရောက်မှ သက်ပြင်းဖွဖွ ချလိုက်ရသည်။ အော် အတော်မလွယ်သည့် အာရှပါတကား ။


အရှေ့မြေကို ရင်ခုန်ခြင်း ဆိုပြီးရေးသားသော မြကြေးမုံ လက်ရာကိုပေးဝေတာပါ
ကျွန်တော်ပြောချင်တာက တဖြေးဖြေးပျောက်ဆုံးတော့မဲ့ လူကြီးသူမကို ချစ်ကြောက်ရိုသေရသည့် အရှေ့တိုင်း ဓလေ့ထုံးစံကို
ဘယ်လိုခိုင်မြဲအောင်လုပ်ယူကြမလည်းဆိုသောအတွေးကြောင့်ပါ၊







quarquar
1986


Silver Member
 
13/12/2006
272 posts
 20.Re: ..ဖက်စရာများ..  Dec 18, 2007 3:39 PM
Neo wrote:
ဒီနေရာလေးမှာ စာရေးဆရာ တော်တော်များများရဲ့ 
စာအုပ်တွေရှိပါတယ်...ဖွင့်လို့ ရ မရတော့ ကျနော်မသိဘူး...ကျနော့်ဘက်ကတော့ ၀င်ဖက်လို့ ရပါတယ်..
တဆိတ်လောက် ဖက်ကြည့်ကြပါအုံးလို့ ..
..Neo..


Really Thanks ပါ .. History ကို Delete လုပ် မိလို့ Link တွေပျောက်ကုန်လို့ ၀င် မရဖြစ်နေတာကြာ ပြီ .. ခုမှပဲ ....
ကျေးဇူး ပါ ...

ကွာကွာ
1 2 3 4 5
Messages Results 1 - 20 of about 163 for seconds milliseconds. (0.219 seconds)
    All forums        Books Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.