paradise wrote:
တကယ့်ကို .. မမဲလို့သာပါဘဲနော် ..
နမို့ .. ငါတို့တော့ တကယ်မလွယ်ဘူး ..
ငါတို့ လာကြည့်တာ .. လူနည်းစုပါ ..
လာကြည့်တဲ့ မန်းလေးသားတွေအားလုံးနဲ့ နှိုင်းယှဉ်ရင်.. လက်တဆုပ်စာလောက်ဘဲရှိပါတယ် ..
ဒိုင်ကို မကျေနပ်ရင် ... ဒိုင်ကို ပြောပေါ့ .. ဆဲပေါ့ .. လိုက်ရိုက်ပေါ့ ..
နင်တို့ရိုက်ချင်ရင် .. ရိုက်လို့ရပါတယ် ..
လုံခြုံရေးတွေက လက်ဖျားနဲ့တောင် မတို့ရဲအောင် ဘာကြောက်နေကြတယ် မသိဘူး ...
ငါတို့ဟာ ... မြန်မာမိန်းကလေးတွေပါ ..
ငါတို့ရုံးမှာလဲ မိန်းကလေးဘဲများပါတယ် ..
ယောက်ျားလေးတွေက နယ်ဆိုဒ်မှာဘဲ ရှိကြတာပါ ...
အဲ့လို မြန်မာမိန်းကလေးတယောက်ကို ...
ဟိုဘက်ဒီဘက်က ညှပ်ပီး .. ရေသန့်ဗူးနဲ့ပေါက် .. ကွမ်းတံတွေးထုပ်နဲ့ပေါက်လို့ ..
ကြောက်အားလန့်အားဖြစ်ပီး .. ပွဲကြည့်စင်အောက် ဆင်းပြေးနေတဲ့ ..
မြန်မာမိန်းကလေး တစ်ယောက်ကို ...
မျက်နှာစေ့စေ့ကြည့်ပီး .. နင်ဘဲငဆဆဲခဲ့တဲ့ .. (တစ်ယောက်တည်းတောင် မဟုတ်ဘူးနော်)
မန်းသားတွေရဲ့ စိတ်ဓါတ်ကို ဂုဏ်ပြုပါတယ် ...

