Smart phone များတွင် ထည့်သွင်းအသုံးပြုနိုင်သော VoIP Software များကိုအသုံးပြု၍ ကွန် ပျူတာနှင့် ဟန်းဖုန်းများချိတ်ဆက် ပြီး စကားပြောဆက်သွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရ သည်။ VoIP Software များကို အင်တာနက်မှ download လုပ်ပြီး ဟန်းဆက်များအတွင်း install လုပ်ထည့်သွင်း၍ အင်တာနက်ကွန် ရက်ကိုအသုံးပြုကာ chat များ၊ VoIP များသို့ ချိတ်ဆက်ပြီး PC to phone သော်လည်းကောင်း၊ phone to phone သော်လည်း ကောင်း ချိတ်ဆက်စကားပြောနိုင် မည်ဖြစ်ကြောင်း သိရှိရသည်။ ““Internet“ မှာ phone ထဲကို ထည့်သွင်းသုံးနိုင်မယ့် VoIP software တွေ အများအပြားရှိပါ တယ်။ ဒီ software တွေကို မိမိ အသုံးပြုတဲ့ smart phone ထဲ install လုပ်ပြီး အသုံးပြုနိုင်ပါ တယ်။ အကယ်၍ internet မှာ ဥပမာ gtalk နဲ့လှမ်းပြီး စကား ပြောချင်တယ်ဆိုရင် ဒီ software တွေသုံးပြီး text chat လုပ်နိုင်သလို၊ စကားပြောဆက်သွယ်မှုတွေ လုပ် နိုင်ပါတယ်။ ဖုန်းအချင်းချင်းလည်း ယင်း software တွေ ထည့်သွင်း ထားမယ်ဆိုရင် စကားပြောလို့ရနိုင် မှာဖြစ်ပါတယ်။ အချို့ software တွေက simcard တောင် အသုံး ပြုစရာမလိုဘဲနဲ့ သုံးနိုင်မှာဖြစ်ပါ တယ်”” ဟု service ပညာရှင်တစ် ဦးမှ ရှင်းပြသည်။ VoIP Software တွေဟာ internet တွင် free download များ ရနိုင်သလို ပြည်တွင်း၌လည်း မကြာခင် ၎င်းင်း software များ အား အခမဲ့ download ရအောင် တင်ပေးသွားမည်ဖြစ်ပြီး software ကို အသုံးပြုလာသူများသည် မိမိ၏ phone ၌ internet ရရှိ၍ ဦးစွာပြုလုပ်ရမည်ဖြစ်ကြောင်း သိ ရသည်။ Credit - Internet Journal, Vol(9) issue(44)