|
မြန်မာပြည်မြောက်ပိုင်းနှင့် ကမ်းရိုးတန်း ဒေသများမှလွဲ၍ ကျန်ဒေသများရှိ နေရောင်ခြည်တွင် UV Index တန်ဖိုးမှာ ၈ မှ ၁၀ ထိရှိနေသဖြင့် အကာအကွယ်မရှိဘဲ နေရောင်ခြည်ထဲသွားလာမှုမှ ရှောင်ရှားရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ “ကောင်းကင်မှာ တိမ်တွေ နည်းလို့ဖြစ်တာ၊မြန်မာပြည် အလယ်ပိုင်းဒေသတွေမှာ အပူချိန်တွေက တအိအိတက်နေတယ်”ဟု ဦးထွန်းလွင်ကဆိုသည်။
နေရောင်ခြည်ဖြာထွက်မှုအနည်းအများကို UV Index (သို့မဟုတ်) Solar Index တို့ဖြင့် ဖော်ပြပြီး၊ အမြင့်ဆုံးမှာ ၁၁ နှင့် အထက်ဖြစ်သည်။ ကမ်းရိုးတန်းဒေသမှလွဲ၍ ကျန်ဒေသများတွင် UV Index တန်ဖိုး ၈ မှ ၁၀ အတွင်းရှိနေသောကြောင့် နေပူထဲတွင် အကာအကွယ်မဲ့ သွားလာခြင်း၊ နေပူထဲတွင် အချိန်ကြာမြင့်စွာနေခြင်းတို့ကို ရှောင်ရှားသင့်ကြောင်း ဒေါက်တာထွန်းလွင်က အကြံပြုသည်။
ယခုရက်ပိုင်း၌ ...
|