|
လူတကာ အာရုံစိုက်မှုကို ခံရမည့် ဆန်းဆန်းပြားပြား ၀တ်စုံမျိုးကို သူမအနေနှင့် မနှစ်သက်ကြောင်း မီဂန်ဖောက်စ်က ပြောကြားခဲ့သည်။ သူမသည် ရီဟန်နာ၊ လေဒီဂါဂါတို့ကဲ့သို့ မည်သည့်အခါမျှ ဒီဇိုင်းဆန်းဆန်း၊ ကြောင်ကြောင်ကျားကျားများ ၀တ်ဆင်ဖြစ်လိမ့်မည် မဟုတ်ဟု မီဂန်ကဆိုသည်။ Transformersဇာတ်ကားမှ အလှမယ် မင်းသမီးသည် ကမ္ဘာပေါ်တွင် ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ သူမအနေနှင့် လူတိုင်း၏ အာရုံကို ဆွဲဆောင်မည့် ထူးထူးဆန်းဆန်း ၀တ်စုံမျိုး မည်သည့်အခါမျှ ၀တ်မည်မဟုတ်ကြောင်း မီဂန်က Contactmusic.comနှင့် အင်တာဗျူးတွင် ပြောကြားသွားသည်။ အသက်(၂၃)နှစ်အရွယ် မီဂန်က “ထူးထူးဆန်းဆန်းတွေ ၀တ်ရင်တော့ လူတိုင်းအာရုံစိုက်တာကို ခံရမှာပဲ။ ကျွန်မကတော့ Dloceနဲ့ Gabbana အဖြူရောင် ကုတ်အင်္ကျီတွေကို ဆောင်းတွင်းမှာဝတ်ဖြစ်ပါတယ်။ ...
|