Guest. It's 07:59 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ဘီလ်ဂိတ်စ် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ပြန်လည်ရပ်တည်
Posted on Sep 20 08 - 10:54 AM | Hits : 2117 | Save as PDF
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်ကြေညာလိုက်သော စာရင်းအရ Microsoftကော်ပိုရေးရှင်းကြီးအား စတင်တည်ထောင်ခဲ့သူ ဘီလ်ဂိတ်စ်မှာ အမေရိကန်၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ပြန်လည်ရပ်တည်နေနိုင်ပြီဟု သိရှိရသည်။ စက်တင်ဘာလ(၁၇)ရက်နေ့က Forbes၏ကြေညာချက်တွင် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံဖြစ်သည့် အမေရိကန်၏ အကြွယ်ဝဆုံးသူကြွယ်(၄၀၀)တွင် ဂိတ်စ်မှာပထမနေရာ၌ ရှိနေသည်ဟု ဖော်ပြထားသည်။ ဘီလ်ဂိတ်စ်မှာ ဒေါ်လာ(၅၇)ဘီလျံနှင့် ထိပ်ဆုံးရောက်နေခြင်းဖြစ်သည်။ Forbesက ၄င်းတို့အနေနှင့် လက်ဆုပ်လက်ကိုင်ငွေသား (၁.၃)ဘီလျံနှင့်အထက်ရှိသော သူကြွယ်ပုဂ္ဂိုလ်အယောက်(၄၀၀)ကို စာရင်းပြုစုခဲ့သည်ဟုဆိုသည်။ ဂိတ်စ်မှာ ဖေဖော်ဝါရီလအတွင်းက ပိုင်ဆိုင်မှုဒေါ်လာ(၅၀)ဘီလျံမျှသာရှိခဲ့ရာ ၎င်း၏ကြွယ်ဝမှု(၁၅)ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်သည်။ Forbesက ရေနံဈေးနှုန်းများပြောင်းလဲမှုကြောင့် ၄င်းတို့ပြုစုသောစာရင်းတွင် လူသစ်(၃၁)ဦးတိုးလာခဲ့ကြောင်း ကြေငြာခဲ့ပြီး ယခင်စာရင်းမှ လူ(၈)ဦးအား သတ်မှတ်ထားသော ဒေါ်လာ(၁.၃)ဘီလျံအောက် ကျင်ဆင်းသွားခဲ့သည့်အတွက် စာရင်းမှပယ်ဖျက်ခဲ့ကြောင်း ဖော်ပြထားသည်။ Social Networking ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Facebook၏ပိုင်ရှင် အသက်(၂၄)နှစ်အရွယ် မာ့ခ်ဇူကာဘက်မှာ အသိသာဆုံး ကြွယ်ဝမှုမြင့်တက်လာသူဖြစ်ပြီး ၄င်း၏ပိုင်ဆိုင်မှုမှာ (၁.၅)ဘီလျံမျှရှိမည်ဟု Forbesက ခန့်မှန်းထားသည်။ အဆိုးရွားဆုံး ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့သူမှာ ကာဆီနိုလောင်းကစားဝိုင်းများပိုင်ရှင် ရှယ်လ်ဒန် အဒယ်လ်ဆန်ဖြစ်ပြီး လွန်ခဲ့သည့်(၁၂)လအတွင်း ဒေါ်လာ(၁၃)ဘီလျံ ဆုံးရှုံးခဲ့သည်။ ထိုပမာဏအရ ၄င်းသည် တစ်နာရီလျင် ဒေါ်လာတစ်သန်းခွဲ ဆုံးရှုံးနေခဲ့ကြောင်း Forbrsက တွက်ချက်ပြထားသည်။ သို့သော်လည်း အဒယ်လ်ဆန်အနေနှင့် လက်ရှိအချိန်တွင် ဒေါ်လာ(၁၅)ဘီလျံပိုင်ဆိုင်ထားဆဲဖြစ်ပြီး အဆင့်(၁၅)တွင် ရပ်တည်နိုင်ဆဲဖြစ်ကြောင်း Forbesက ကြေညာထားသည်။

Source: Yahoo
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.