Guest. It's 10:05 AM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
Land Roverကားပုံစံသစ် ထွက်ရှိမည်
Posted on Oct 03 08 - 11:25 AM | Hits : 1670 | Save as PDF

ဗြိတိန်နိုင်ငံ၏ ထိပ်တန်းမော်တော်ကားတစ်စင်းဖြစ်သော Land Roverကို ပြိုင်ကားအသွင်ဖြင့် ထုတ်လုပ်သွားတော့မည်ဟု သိရှိရသည်။ Off-road classicအဖြစ် ဒီဇိုင်းပညာရှင် သောမတ်စ်ဘဲလ်က တီထွင်ထားသော Land Roverမော်တော်ကားသည် မူလဂျစ်ကားအသွင်ကို ဖျောက်ဖျက်ထားခြင်းမရှိဘဲ နှစ်ယောက်စီးကားအဖြစ် ထုတ်လုပ်သွားမည်ဖြစ်သည်။ တစ်စင်းလျင် ပေါင်စတာလင်(၈၀၀၀၀)ခန့်ကျသင့်မည့် အဆိုပါပြိုင်ကားအား Bell Aurens Longnoseဟု အမည်ပေးထားပြီး ထိုကားသည် နာမည်ကျော် Ferrari ပြိုင်ကားများထက်ပင် အင်ဂျင်ပါဝါ ပိုမိုကောင်းမွန်မည်ဟု သိရှိရသည်။ လက်ရှိအချိန်တွင် ကားကိုယ်ထည်ပိုင်းနှင့် စက်ပိုင်းဆိုင်ရာအစိတ်အပိုင်းများ ပြုလုပ်နေဆဲဖြစ်ပြီး မော်တော်ကားတွင် တပ်ဆင်အသုံးပြုမည့် V16အင်ဂျင်သည် ထိုကား၏စက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို အမြင့်မားဆုံးသို့ ရောက်ရှိစေမည်ဟု သိရှိရသည်။ Land Roverသည် (၁၉၅၈)ခုနှစ်က စတင်ထုတ်လုပ်ခဲ့သော ဂန္ဓ၀င်ဂျစ်ကားများ၏ ဒီဇိုင်းအတိုင်း ဂီယာအုံနှင့် လက်ကိုင်ဘီးများကို ဒီဇိုင်းဆင်ထားမည်ဖြစ်သည်။ မော်တော်ကားကိုယ်ထည်တွင် သားရေနှင့် အလူမီနီယမ်တို့ကို အဓိကထားအသုံးပြုသွားမည်ဖြစ်ပြီး အနက်ရောင်နှင့် သဲဆန်သော အညိုရောင်တို့ဖြင့် ထုတ်လုပ်သွားမည်ဟုဆိုသည်။



(Land Roverကားပုံစံသစ် ထုတ်လုပ်နေမှု)

ယခုမော်တော်ကားသည် မြင်းကောင်ရေအား(၇၀၀)ရှိစက်အားကို ပိုင်ဆိုင်ထားသောကြောင့် အထင်ကြီးလောက်ဖွယ်ရာ စွမ်းဆောင်ရည်ဖြစ်ကြောင်း မော်တော်ကား ကျွမ်းကျင်သူများကဆိုသည်။ နာမည်ကျော်Ferrari ပြိုင်ကားအမျိုးအစားသစ်သည် မြင်းကောင်ရေအား (၄၃၀)ခန့်သာရှိသည်။ ဗြိတိန်မှ သောမတ်စ်ဘဲလ်နှင့် ဂျာမန်မှဟော်လ်ဂါဗယ်လ်ဂါလေ့ဂ်ျတို့နှစ်ဦးသည် Onlineမှ Forumတစ်ခုတွင် တွေ့ဆုံခဲ့ကြပြီး ယခုမော်တော်ကားသစ်အား ထုတ်လုပ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။ နှစ်ဦးလုံးသည် Land Roverကားအား နှစ်သက်ကြသူများဖြစ်ပြီး နောက်ဆုံးတွင်မူ (၁၅)ပေရှည်ပြီး (၆)ပေအကျယ်ရှိ ကားဒီဇိုင်းသစ်အား အောင်မြင်စွာဖန်တီးနိုင်ခဲ့ကြသည်။ ၎င်းတို့အနေနှင့် Land Rover၏ ဂန္တ၀င်မော်တော်ကား Defender၏ ဒီဇိုင်းကို ပြန်လည်ဆန်းသစ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဘဲလ်က ပြောကြားခဲ့သည်။ ထို့ပြင် ဗြိတိန်နာမည်ကျော် Spitfireအင်ဂျင်ပုံစံများ၏ နမူနာကိုလည်း အသုံးပြုခဲ့သည်ဟု ဘဲလ်က၀န်ခံခဲ့သည်။ ဘဲလ်က ၄င်းတို့နှစ်ဦးသည် ဗြိတိန်၏နာမည်ကျော် ပြယုဂ်များဖြစ်သည့် Land Roverနှင့် Spitfireတို့အား အောင်မြင်စွာပေါင်းစည်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကျေနပ်မိသည်ဟုဆိုသည်။ ယခု Land Roverကားသစ်အား ဗြိတိန်နိုင်ငံရှိ Land Roverမှပိုင်ဆိုင်မည်မဟုတ်ဘဲ ဘဲလ်နှင့်ဗယ်လ်ဂါလေ့ဂ်ျတို့သာ ပိုင်ဆိုင်မည်ဖြစ်သည်။ ယခုအခါတွင် အဆိုပါ Land Roverကားသစ်အား ဂျာမနီနိုင်ငံ၊ နုရင်ဘာ့ဂ်တွင် စတင်စမ်းသပ်ထုတ်လုပ်နေပြီဖြစ်သည်။ ဗြိတိန်ရှိ Land Roverမော်တော်ကားကုမ္ပဏီက ယခုအစီအစဉ်တွင် ၎င်းတို့ပါဝင်ပတ်သတ်ခြင်းမရှိဟု ကြေညာသွားသည်။

Source: Dailymail

Page: 1
...
အင်ဂျင်ပါဝါ ကောင်းပေမယ့်.. ကားပုံစံ က ဖရာရီ ထက်မြန်မယ့်ပုံ မပေါက်ဘူး.... ကားက လေကို ခွဲမယ်ပုံမပေါက်ဘူး....
commented by : Sahara | posted date : 09/10/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.