Guest. It's 05:02 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ရန်ကုန်မြို့၌ ဈေးပွဲတော်များ ဆက်တိုက်ကျင်းပမည်
Posted on Oct 09 08 - 12:04 PM | Hits : 1879 | Save as PDF

ရန်ကုန်မြို့တွင်းရှိ နာမည်ကျော်ဈေးကြီးများတွင် ဈေးပွဲတော်များ ဆက်တိုက်လိုလို ကျင်းပသွားမည်ဖြစ်ရာ ရန်ကုန်မြို့မှ Shoppingထွက်ရန် ၀ါသနာပါသူများအတွက် စိတ်ကြိုက်တွေ့စရာ အခြေအနေတစ်ရပ်ပင်ဖြစ်သည်။ ကုန်စည်ပြပွဲများ၊ ဈေးရောင်းပွဲတော်များကို Smart Business Groupမှ တာဝန်ယူ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မင်္ဂလာဈေး၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် လေဟာပြင်ဈေးဟောင်း ကွင်းပြင်တို့တွင် ကျင်းပသွားမည်ဟုဆိုသည်။ ထိုဈေးပွဲတော်များတွင် လူသုံးကုန်မျိုးစုံတို့ကို ခင်းကျင်းရောင်းချသွားမည်ဖြစ်ပြီး လေဟာပြင်ဈေးဟောင်းတွင် အောက်တိုဘာလ (၁၀)ရက်မှ (၁၄)ရက်ထိလည်းကောင်း၊ မင်္ဂလာဈေးတွင် အောက်တိုဘာလ(၂၁)ရက်မှ (၂၅)ရက်ထိလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် အောက်တိုဘာ(၃၀)မှ နိုဝင်ဘာ(၃)ရက်နေ့ထိလည်းကောင်း အသီးသီးစီစဉ်ထားသည်။ ဈေးပွဲတော်တိုင်းတွင် ဆိုင်ခန်းပေါင်း(၁၀၀)ကျော်စီ ပါရှိမည်ဖြစ်ပြီး အလှကုန်များ၊ စားသောက်ကုန်များ၊ အ၀တ်အထည်များ၊ ဖက်ရှင်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများအထိ လူသုံးကုန်အမျိုးမျိုးကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: 7Day News Journal (Vol 7, No. 29)

Photo: GoldenPages

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.