Guest. It's 09:18 AM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ဘဏ်လုပ်ငန်းများအား ချေးငွေထုတ်ပေးရန် ပြင်သစ်အစိုးရ ခွင့်ပြုလိုက်ပြီ
Posted on Oct 21 08 - 02:57 PM | Hits : 692 | Save as PDF

ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပေါ်လျက်ရှိသော စီးပွားရေး ဆိုးရွားနေမှု အခြေအနေများကြောင့် နိုင်ငံအတွင်း ဂယက်ရိုက်ခတ်လာမှုများအား ဖြေရှင်းနိုင်ရန် နိုင်ငံအတွင်းရှိ အကြီးမားဆုံးသော ဘဏ်လုပ်ငန်းကြီး (၆)ခုအား ချေးငွေ ယူရို(၁၀.၅)ဘီလျံအား ပြင်သစ်အစိုးရမှ ခွင့်ပြုလိုက်ပြီဟု သိရှိရသည်။ လက်ရှိ ဥရောပနှင့် အမေရိကတို့တွင် ဖြစ်ပေါ်နေသည့် ငွေကြေးအခက်အခဲများမှာ စီးပွားပျက်ကပ်အသွင် ပြောင်းလဲသွားမည်ကို နိုင်ငံတကာ အစိုးရများက ပူပန်လျက်ရှိကြသည်။ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ခရစ်စတင်းလားဂတ်စ်က ပြင်သစ်အစိုးရအနေနှင့် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်သွားမည့်သတင်းကို အတည်ပြုလိုက်ပြီး နိုင်ငံ၏ စီးပွားရေးအတွက် ကျားကန်နိုင်ရန် ဘဏ်လုပ်ငန်းများအား ကူညီသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ပြင်သစ်၏ အကြီးမားဆုံးဘဏ်ဖြစ်သော Credit Agricoleသည် ယူရိုငွေ(၃)ဘီလျံမျှ ရရှိမည်ဖြစ်ပြီး BNP Paribasက ယူရို(၂.၅၅)ဘီလျံ ရရှိမည်ဖြစ်သည်။ ကျန်သော ချေးငွေများမှာ အခြားဘဏ်လုပ်ငန်းကြီး (၄)ခုအတွက် ခွဲခြားသတ်မှတ်သွားမည်ဖြစ်သည်။ အစိုးရအနေနှင့် ဘဏ်လုပ်ငန်းများသည် ယခုဖြစ်ပွားနေသော စီးပွားရေး အကြပ်အတည်းများအား တွန်းလှန်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဘဏ္ဍာရေးဝန်ကြီးက ကြေငြာခဲ့သည်။ လားဂတ်စ်က ငွေကြေးထောက်ပံ့မှုများအား အမှန်တကယ် လိုအပ်နေသည့် ဘဏ်များအား ထိရောက်စွာ အကူအညီပေးနိုင်မည်ဟု သတင်းစာရှင်းလင်းပွဲ တစ်ခုအတွင်း ပြောကြားသွားသည်။ ပြင်သစ်နိုင်ငံ သမ္မတကြီး နီကိုလတ်စ် ဆာကိုဇီကလည်း အစိုးရအနေနှင့် ထိုက်သင့်သော ချေးငွေများ နောက်ထပ် ထုတ်ပေးသွားရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

Source: BBC

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.