မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းကျင်းပသည့် ဟောပြောပွဲများကို ၂၀၀၆ခုနစ်၊ ဇန်န၀ါရှလ (၇)ရက်နေ့မှ စ၍ (၂)ပတ်လျှင်တစ်ကြိမ် ပုံမျန်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ ၂၀၀၈ခုနစ်၏ ဟောပြောပွဲ အမှတ်စဉ် (၁၇/၂၀၀၈)တွင် ဒု-ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမှ "Motivation And Job Design" " နိုးကြားမှုနှင့် လုပ်ငန်းခွင်ပုံစံ" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ကျင်းပမည့်နေ့ရက်မှာ ၂၀၀၈ခုနစ်၊ နိုဝင်ဘာလ (၁)ရက်နေ့ (စနေနေဲ)ဖြစ်ပြီး ကျင်ူကမည့်အချိန်မှာ နေ့လည် (၂)နာရီဟု သိရသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဘုရင့်နောင်လမ်းမကြီးနှင့် စက်မှုဆေးဝါးလမ်းထောင့်၊ အနောက်ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး Han Sein Thant Engoneering & Trading မှ Sponsor ပေးထားကြောင်း သိရသည်။ အသင်ဝင်များနှင့် စိတ်ဝင်စားသူ ၀င်ရောက်ဆွေးနွေးလိုသူများ အားလုံး တက်ရောက်နိုင်ကြောင်း သိရပါသည်။