Guest. It's 06:18 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ပြုလုပ်မည့် ရှိုးပွဲကြီး
၉.၁၁.၂၀၀၈ ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ပြုလုပ်မည့် ရင်ခွင်ဟောင်းရှိုးပွဲကြီး
Posted on Nov 08 08 - 03:10 PM | Hits : 3551 | Save as PDF

ဒါရိုက်တာ သုံးပေါင်ရိုက်ကူး၍ ရှင်ဖုန်း၊ ရတနာမိုင်၊ ဂေဇာ၊ ဇေဇေ၊ ဘယ်ကျော်၊ အစိုင်း (ကိုBlack Hole)၊ အောင်အောင်၊ ဇေထွန်း၊ ခန့်ဇော်ဟိန်း၊ ကျော်ဇေယျ၊ C - Group၊ ပိုးသီရီကို၊ မေဆုဝတီတို့ပါဝင်သီဆိုထားသော ရင်ခွင်ဟောင်း ဗွီစီဒီ ခွေကို ၉.၁၁.၂၀၀၈ ခုနစ်တွင် စတင်ဖြန့်ချီမည်ဖြစ်ကြောင်းသိရပါသည်။ ရင်ခွင်ဟောင်း  အခွေ၏ ထူးခြားမှုတစ်ခုမှာ VCD တစ်ခွေကို မူရင်းဈေး၄၀၀ ကျပ်ဖြင့်ရောင်းချပေးသွားမည်ဟု သိရပါသည်။ အဆိုပါ အခွေဝယ်ယူသူတိုင်းအတွက် မေတ္တာလက်ဆောင်အနေဖြင့် အခွေထဲတွင် ကန်တော်ကြီးတွင်ပြုလုပ်မည့် ရှိုးပွဲလက်မှတ်များကို မေတ္တာလက်ဆောင် ထည့်သွင်းပေးသွားမည်ဟု သိရသည်။ ထို့ပြင် (၁၆.၁၁.၂၀၀၈) ခုနစ်တွင်လည်း ကန်တ်ာမင်ပန်းခြံ Happy World တွင် အဆိုပါနည်းအတိုင်း သီဆိုသူများမှ ကိုယ်တိုင်လက်မှတ်ထိုးရောင်းချပေးသွားမည်ဟု သိရပါသည်။

သိရပါသည်။ ရင်ခွင်ဟောင်း (၁) ၊ ရင်ခွင်ဟောင်း (၂) ဆိုပြီး နှစ်ခွေ တစ်ပြိုင်တည်းဖြန့်ချီမည်ဖြစ်ပြီး ရင်ခွင်ဟောင်း (၂)တွင် L ဆိုင်းဇီ၊ JENNY ၊ ဂေဇာ၊ ဇေဇေ ၊ ဘယ်ကျော်၊ အောင်အောင်၊ နေထိုက်စိုး၊ J.FOGG ၊ မိုး၊ ဒီဒီဒ၊ Honey Dolls  တို့ပါဝင်သီဆိုထားပြီး ဒါရိုက်တာသုံးပေါင်မှ တာဝန်ယူရိုက်ကူးထားကြောင်း သိရပါသည်။ သီချင်းခွေကို ၉.၁၁.၂၀၀၈ တွင်  ကန်တော်ကြီးမျှော်စင်ကျွန်းတွင် အဆိုတော်များကိုယ်တိုင် လက်မှတ်ရေးထိုး ရောင်းချသွားမည်ဖြစ်ပြီး အဆိုပါ ညနေတွင်

ရင်ခွင်ဟောင်းတွင် ပါဝင်သီဆိုထားသူများအားလုံး ပါဝင်မည့် ရှိုးပွဲကိုပါပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.