Guest. It's 02:37 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
မြန်မာရိုးရာနှင့် မွေထိုင်းတို့ စိန်ခေါ်ပွဲ ပရိသတ်အကြိုက်တွေ့
Posted on Nov 10 08 - 10:52 AM | Hits : 1045 | Save as PDF

မြန်မာ့ရိုးရာ လက်ဝှေ့ကျော်များနှင့် ထိုင်းနိုင်ငံမှ မွေထိုင်း လက်ဝှေ့ကျော်များ၏ လက်ဝှေ့စိန်ခေါ်ပွဲမှာ ပရိသတ်အကြိုက် ပွဲကောင်းများ ဖြစ်ခဲ့သည်ဟု သိရှိရသည်။ နိုဝင်ဘာ (၈)ရက်နေ့နှင့် (၉)ရက်နေ့များက ယှဉ်ပြိုင်အားစမ်းခဲ့ကြသော မြန်မာ-ထိုင်း စိန်ခေါ်ပွဲကြီးတွင် မြန်မာတို့က သုံးပွဲနိုင်ပြီး တစ်ပွဲသရေကျခဲ့သည်။ သုဝဏ္ဏ အားကစားရုံကြီးတွင် ပထမနေ့ ပွဲစဉ်များတွင် တွေ့မရှောင်က ပါဝိကို ဒုတိယအချီတွင် အလဲထိုးပြီး စောငမန်းက ဖိချိချိုင်းကို လေးချီမြောက်တွင် အလဲထိုးခဲ့သည်။ ဒုတိယနေ့ ပွဲစဉ်များတွင်လည်း မြန်မာပြည် ချန်ပီယံ လုံးချောက ထွန်းထောင်းအား လက်သီးမိုးရွာပြီး တတိယအချီတွင် အလဲထိုး အနိုင်ယူခဲ့သည်။ ၀င်းထွန်းနှင့် လာချီလိတ်တို့ ယှဉ်ပြိုင်ပွဲတွင်မူ လာချီလိတ်၏ ပါးနပ်မှုကြောင့် ၀င်းထွန်းအား သရေရအောင် ခံထိုးသွားနိုင်ခဲ့သည်။ မြန်မာနှင့်ထိုင်း စိန်ခေါ်ပွဲများနှင့်အတူ ပြည်တွင်းလက်ဝှေ့ကျော်များ၏ စိန်ခေါ်ပွဲများလည်း ပါဝင်ခဲ့သော အဆိုပါ သုဝဏ္ဏကွင်း လက်ဝှေ့ပွဲများကို မြန်မာ့ လက်ဝှေ့ ပရိသတ်များ အလွန် စိတ်ကြိုက်တွေ့ခဲ့ကြကြောင်း သိရှိရသည်။ ယခုပွဲစဉ်များတွင် ပြိုင်ဘက် မွေထိုင်း လက်ဝှေ့သမားများအား အသာစီးမှ ထိုးသတ်နိုင်ခဲ့သည့် မြန်မာ့ လက်ဝှေ့အကျော်အမော်များကို အားကစားဝန်ကြီး၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်၊ Calsomeကွေကာတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။



(မြန်မာပြည်ချန်ပီယံ လုံးချောနှင့် မွေထိုင်းလက်ဝှေ့ကျော် ထွန်းထောင်း)

Ref: 7DaySports

Photo: 7DaySports

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.