Guest. It's 05:17 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အနုပညာသတင်းတိုများ
Posted on Nov 11 08 - 02:47 PM | Hits : 4884 | Save as PDF

ချစ်လို့စတာ စတော့မည်

တီဗီကြော်ငြာ ရိုက်ကူးမှုများပြားသည့် ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)၏ “ချစ်လို့စတာ” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ (၁၇)ရက်တွင် စတင်ရိုက်ကူးမည် ဖြစ်သည်။ အဆိုပါ ဇာတ်ကားမှာ အကြည်တော်၏ ဇာတ်လမ်း၊ ဇာတ်ညွှန်းဖြစ်ပြီး ကျော်ရဲအောင်၊ နေတိုး၊ တင့်တင့်ထွန်းနှင့် အိန္ဒြာကျော်ဇင်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်မြူး၊ အက်ရှင်နှင့် စုံထောက်ဆန်ဆန် ဇာတ်ကားဖြစ်ကြောင်း သိရသည်။ “ချစ်လို့စတာ” ဇာတ်ကားမှာ ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)၏ စတုတ္ထမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး တတိယမြောက် ဇာတ်ကားဖြစ်သည့် “မြင်းမိုရ်ထက်က သရဖူ” ဇာတ်ကားမှာ နိုဝင်ဘာ (၁၄)ရက်နေ့တွင် ရန်ကုန်မြို့ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည် ဖြစ်သည်။



ထင်ရှားလာတဲ့ အေးမြတ်သူ

မော်ဒယ်လ်သရုပ်ဆောင် အေးမြတ်သူသည် ဗီဒီယိုဇာတ်ကားများ ဆက်တိုက် ရိုက်ကူးရလျက်ရှိကြောင်း  သိရသည်။ လက်တလောအနေဖြင့် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးသည့် “လက်နဲ့ထိရင်ရွှေ” ဆိုသည့် ဗီဒီယိုဇာတ်ကား ရိုက်ကူးလျက်ရှိသည်။ ရုပ်ရှင်ကားကြီး ရိုက်ကူးမှု မရှိသေးသော်လည်း ဗီဒီယိုဇာတ်ကားပေါင်း (၂၀)ကျော်ရိုက်ကူးပြီးဖြစ်သည်။ အေးမြတ်သူ ပါဝင်သရုပ်ဆောင်ထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးသော “လရောင်ဆိုနာတာ” ဇာတ်ကားမှာ မကြာမီ ထွက်ရှိတော့မည်ဟု သိရသည်။



မင်းသား၊ မင်းသမီးများစွာနဲ့ ဟာသဇာတ်ကား

ဟာသစာရေးဆရာ အကြည်တော် ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာဒေါန ရိုက်ကူးသည့် “ချစ်ကံပွင့်နှင့်မချောလေးဆယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ နိုဝင်ဘာလတွင် စတင်ရိုက်ကူးနေပြီ ဖြစ်သည်။ ကျော်ရုပ်ရှင်ထုတ်လုပ်ရေး၏ ယခုဇာတ်ကားမှာ မင်းသား၊ မင်းသမီး အင်အားများစွာ ပါဝင်သည့် ဟာသဇာတ်ကား ဖြစ်သည်။ “ချစ်ကံပွင့်နှင့်မချောလေးဆယ်” ဇာတ်ကားတွင် ရန်အောင်၊ ကျော်ကျော်ဗို၊ ဟန်းဝေယံ၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ကြည်လဲ့လဲ့ဦး၊ စိုးပြည့်သဇင်၊ ခရစ္စတီးနား၊ မိုးယုစံ၊ သဒ္ဓါထက်နှင့် သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားကြောင်း သိရသည်။ ကျော်ရုပ်ရှင်ထုပ်လုပ်ရေးမှ မချစ်ဖူးတဲ့အချစ်ရူး၊ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာနှင့် ရင်ခုန်နှင်းဆီ ရုပ်ရှင်ဇာတ်ကားကြီးများကို ထုပ်လုပ်ခဲ့ပြီး ဖြစ်သည်။



ဒါရိုက်တာသင်တန်းဖွင့်မည်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ရုပ်ရှင်နှင့်ဗီဒီယို ဒါရိုက်တာ အခြေခံသင်တန်း (၁/၂၀၀၈)ကို နိုဝင်ဘာလ (၁၉)ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ သင်တန်းသားဦးရေ (၄၀)ဦးသတ်မှတ်ထားပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။ သင်တန်းကာလမှာ (၄)လကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ (၁)သိန်းခွဲဝန်းကျင် ကုန်ကျနိုင်သည်။ တက်ရောက်လိုသူများ အနေဖြင့် နိုဝင်ဘာလ (၁၆)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်သည်။ အဆိုပါ သင်တန်းကို မြန်မာ့ ရုပ်ရှင်နှင့်ဗီဒီယို လောကတွင် အရည်အချင်းပြည့်မီသည့် ဒါရိုက်တာများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု သင်တန်း တာဝန်ခံတစ်ဦးက ပြောကြားသည်။ သင်တန်းကို ရုပ်ရှင်နှင့် ဗီဒီယိုလောကမှ ဝါရင့်ဒါရိုက်တာများက ပို့ချသင်ကြားပေးသွားမည်ဟု သိရသည်။



အင်ဒိုယဉ်ကျေးမှုနှင့်အစားအသောက်ပြပွဲ

အင်ဒိုနီးရှားနိုင်ငံ သံရုံးနှင့် Park Royal Hotel(Yangon)တို့ ပူးပေါင်း၍ အင်ဒိုနီးရှား ရိုးရာယဉ်ကျေးမှုနှင့် အစားအသောက်ပြပွဲကို Park Royal၏ La Brasserie နိုင်ငံတကာ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ ယခုပွဲမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး နိုဝင်ဘာ (၁၄)ရက်မှ (၂၂)ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲကာလအတွင်း အင်ဒိုနီးရှား စားဖိုမှူးကိုယ်တိုင် ချက်ပြုတ်မည်ဖြစ်ကာ အင်ဒိုနီးရှား ယဉ်ကျေးမှု၊ ဗီဒီယို၊ တေးဂီတတို့ကိုလည်း ခံစားကြည့်ရှုနိုင်မည် ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ လက်မှုအနုပညာ ပစ္စည်းများကိုလည်း ခင်းကျင်းပြသထားမည်ဖြစ်ပြီး နိုဝင်ဘာလ (၁၄၊ ၁၉၊ ၂၂)ရက်နေ့များတွင် အင်ဒိုနီးရှားသံရုံး အကအဖွဲ့မှ အင်ဒိုနီးရှားယဉ်ကျေးမှု သရုပ်ပြတင်ဆက်မည် ဖြစ်သည်။ ယခုပြပွဲတွင် အင်ဒိုနီးရှား ဘူဖေး နေ့လယ်စာနှင့် ညစာကိုလည်း စားသုံးနိုင်မည် ဖြစ်ပြီး နေ့လယ်စာအတွက် အမေရိကန်ဒေါ်လာ(၁၂)ဒေါ်လာနှင့် ညစာအတွက် (၁၆)ဒေါ်လာဖြစ်ကြောင်း သိရသည်။

Ref: 7DayNews(Vol. 7, No. 33), TheModernWeekly(No. 134)

Photo: MyanmarPeople

Page: 1
hi
hi
commented by : ngaluu | posted date : 11/11/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.