Guest. It's 01:59 AM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အာဆင်နယ်ကို လွယ်ကူစွာဖြင့် အနိုင်ရခဲ့ဟု ဆစ်ဒ်ဝဲလ်ပြောကြား
Posted on Nov 17 08 - 03:57 PM | Hits : 345 | Save as PDF

အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား စတိဗ်ဆစ်ဒ်ဝဲလ်က အာဆင်နယ်အသင်းအား အနိုင်ယူရသည်မှာ အလွန်လွယ်ကူကြောင်း ပြောကြားသွားသည်။ နိုဝင်ဘာလ(၁၅)ရက်နေ့က အာစင်နယ်အသင်း၏ အိမ်ကွင်းဖြစ်သော အမ်းမရိတ်စ်တွင် အက်စတွန်ဗီလာက အနိုင်ရရှိခဲ့မှုအပေါ် ဆစ်ဒ်ဝဲလ်က ယခုလို သုံးသပ်လိုက်ခြင်းဖြစ်သည်။ ဘာမင်ဂမ် အခြေစိုက်အသင်းသည် ယခုရာသီတွင် (၁၃)ပွဲကစားအပြီး (၇)ပွဲမြောက် အနိုင်ရလဒ်ကို အာစင်နယ်ထံမှ ရယူနိုင်ခဲ့သည်။ ထိုပွဲတွင် အာစင်နယ်ခံစစ်မှူး ဂေးလ်ကလစ်ချီက ကိုယ့်ဂိုးကို သွင်းယူမိခဲ့ပြီး အက်စတွန်ဗီလာမှ အင်္ဂလန်လက်ရွေးစင် တောင်ပံလူ အဘွန်လဟော်လ်က ဒုတိယအနိုင်ဂိုးကို သွင်းယူခဲ့သည်။ ယခုရာသီအစတွင် ချယ်လ်ဆီးမှ ပြောင်းရွှေ့လာသူ ဆစ်ဒ်ဝဲလ်က အာစင်နယ်သည် နာမည်ကြီးသော်လည်း ခြေစွမ်းပိုင်း အားနည်းချက်များ ရှိနေသေးကြောင်း ဝေဖန်ခဲ့သည်။ အသက်(၂၅)နှစ်ရှိ အင်္ဂလန် ကစားသမားက အာစင်းဝင်းဂါး၏ လူငယ်ကစားသမားလေးများမှာ အတွေ့အကြုံ နုနယ်လွန်းသေးကြောင်း ထောက်ပြခဲ့သည်။ ထို့ပြင် အာစင်နယ်အနေနှင့် မန်ချက်စတာ ယူနိုက်တက်၊ ချယ်လ်ဆီးစသော အသင်းကြီးများကဲ့သို့ အိမ်ကွင်းတွင် အမှတ်ဆုံးရှုံးမှု နည်းပါးအောင် မစွမ်းဆောင်နိုင်သေးသောကြောင့် ချန်ပီယံဆုအား ရရှိနိုင်ရေး အလှမ်းဝေးနေမည်ဟု ဆစ်ဒ်ဝဲလ်က ပြောဆိုသွားခဲ့သည်။



(အာဆင်နယ်အသင်းဘက်သို့ ဂိုးသွင်းအပြီး အောင်ပွဲခံနေသည့် အက်စတွန်ဗီလာအသင်းသားများ)

Source: Goal

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.