Guest. It's 04:37 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ကမ္ဘာ့ငွေကြေးအကျပ်အတည်းဂယက် ကမ္ဘာကျော် Celebrityများကို ရိုက်ခတ်
Posted on Nov 18 08 - 01:07 PM | Hits : 1531 | Save as PDF

ကမ္ဘာတ၀ှမ်းတွင် ဖြစ်ပွားခဲ့သော Credit Cardနှင့် အိမ်၊ ခြံမြေ ပြဿနာများကြောင့် ထိခိုက်ကြရသူများတွင် ကမ္ဘာကျော် Celebrityများလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ဘက်ဟမ်းစုံတွဲ၊ မိုင်လီဆိုင်းရပ်စ်နှင့် ဂျိုအန်ကောလင်းတို့မှာ ဘဏ္ဍာရေး အရှုပ်အထွေးများအတွင်း နစ်နာခဲ့ကြသူများဟုဆိုသည်။ ဘက်ဟမ်းတို့ စုံတွဲမှာ ဘောလုံးလောကနှင့် ဖက်ရှင်လောကတို့တွင် ရွှေရောင်စုံတွဲအဖြစ် ရပ်တည်နေသူများဖြစ်ပြီး ဘက်ဟမ်း၏ နာမည်အသုံးပြုခနှင့် တံဆိပ်အမျိုးမျိုးအတွက် ကြော်ငြာခမှပင် နှစ်စဉ် ပေါင်စတာလင် သန်းပေါင်းများစွာ ၀င်ငွေရှိသူဖြစ်သည်။ ဘက်ဟမ်းတစ်ယောက် စပိန်ကလပ် ရီးယဲလ်မက်ဒရစ်တွင် ဘောလုံးကစားနေစဉ်က ၀ယ်ယူထားသော မက်ဒရစ်မြို့ နေအိမ်ကြီးမှာ အိမ်ခြံမြေဈေးများ ကမောက်ကမဖြစ်မှုကြောင့် တန်ကြေး ပေါင်စတာလင် (၆.၅)သန်းမှ ထိုးကျသွားကြောင်း သိရသည်။ ထိုအိမ်အား လွန်ခဲ့သော(၁၇)လကတည်းက ရောင်းချရန် ကြေညာထားခြင်း ဖြစ်သည်။



(စူပါမော်ဒယ်လ် Gisele Bündchen)                      (မင်းသမီး ဂျိုအန်ကောလင်း)

စူပါမော်ဒယ်လ် Gisele Bündchenသည်လည်း မက်ဟမ်တမ်မြို့ရှိ သူမပိုင် စတာလင်ပေါင် (၅.၅)သန်းတန် စံအိမ်ကြီးကို ရောင်းချရာတွင် ပေါင်(၃)သန်းမျှသာ ရရှိတော့ကြောင်း သိရသည်။ နာမည်ကျော် ရုပ်မြင်သံကြား မင်းသမီး ဂျိုအန်ကောလင်းမှာလည်း အတော်လေး ထိခိုက်နစ်နာခဲ့သောကြောင့် ယခင်ကဲ့သို့ ငွေကြေးသိပ်မသုံးတော့ဘဲ Discountဆိုင်များတွင်သာ ဈေးဝယ်နိုင်တော့သည်ဟု သတင်းထောက်များက ပြောကြားခဲ့သည်။ သို့သော်လည်း သူမပိုင် ရိုးရွိုက်စ်ကားကြီးမှာမူ ခမ်းနား တောက်ပြောင်နေဆဲပင်ဖြစ်သည်။ ဒစ္စနီ၏ နာမည်ကျော် ဆယ်ကျော်သက် အဆိုတော်မင်းသမီးလေး မိုင်လီဆိုင်းရပ်စ် ကိုင်ဆောင်သော Credit Cardမှာလည်း သုံးမရတော့သောကြောင့် ပြဿနာတက်ခဲ့သေးသည်ဟု ဆိုသည်။ P Diddyဆိုလျင် စီးပွားအတော်ကျခဲ့သဖြင့် ၎င်းကိုယ်ပိုင် ၀ယ်ယူထားသော ဂျက်လေယာဉ်အစား လေကြောင်းလိုင်းများတွင် အထူးတန်းမှ စီးနင်းနေကြောင်း သိရသည်။ Jay Zဆိုလျင် လက်စ်ဗေးဂက်စ်မြို့မှ ၎င်းပိုင်နိုက်ကလပ် 40/40ကို ရောင်းချရတော့မည်ဟု သတင်းထွက်နေပြီ ဖြစ်သည်။ ဂျနီဖာလိုပက်ဇ်ကမူ သူမ၏ အမြွှာကလေးငယ်များအတွက် နေ့တိုင်း အင်္ကျီအသစ် တစ်စုံစီ ၀ယ်ဝတ်ပေးနေမြဲဖြစ်ကြောင်း သိရှိရသည်။ ပရိသတ်များကမူ မည်သည့် Celebrityတွေ ထိခိုက်ပြီး မည်သည့် Celebrityတွေ နေမြဲအတိုင်းဖြစ်ကြောင်း အလွန်စိတ်ဝင်စားလျက်ရှိကြောင်း Femalefirstတွင် ရေးသားဖော်ပြထားသည်။



(မိုင်လီဆိုင်းရပ်စ်)                                               ( P Diddy)

Source: Femalefirst

Page: 1
NULL
he is not jayZ...he is p-diddy
commented by : ngenge23 | posted date : 19/11/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.