Guest. It's 07:40 AM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ရီးယဲလ်အသင်းသို့ ရှက်ချန်ကို ပြောင်းရွှေ့နိုင်ဖွယ်ရှိ
Posted on Nov 18 08 - 01:35 PM | Hits : 392 | Save as PDF

စပိန်နာမည်ကျော် အားကစား သတင်းစာကြီး တစ်စောင်ဖြစ်သည့် ဒယ်လာမာကာ၏ ဖော်ပြမှုအရ အေစီမီလန်မှ ယူကရိန်းတိုက်စစ်မှူး အင်ဒရီရှက်ဗ်ချန်ကိုမှာ စပိန်လာလီဂါ ချန်ပီယံ ရီးယဲလ်မက်ဒရစ်သို့ ရောက်ရှိလာနိုင်ကြောင်း သိရှိရသည်။ စပိန် အမှတ်ပေးဇယားတွင် ရီးယဲလ်ဗယ်လာဒိုလစ်အား (၁-၀)ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် တိုက်စစ်မှူး နစ္စတယ်ရွိုင်း ဒဏ်ရာရရှိမှုကြောင့် အားနည်းနေသော အသင်းရှေ့တန်းအား အရေးတကြီး ပြင်ဆင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရီးယဲလ်အာဏာပိုင်များအား တပ်လှန့်သကဲ့သို့ ဖြစ်လာခဲ့သည်။ ထိုပွဲတွင် ရီးယဲလ်တို့အနေနှင့် ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း အဆုံးသတ် ဂိုးသွင်းမည့် Target Manမရှိသောကြောင့် တစ်ဂိုးမျှ မရခဲ့ပေ။ ရီးယဲလ်အသင်းသည် တိုက်စစ်မှူး အတော်များများအား စုံစမ်းနေသလို ချယ်လ်ဆီး ကစားသမားဟောင်း ရှက်ဗ်ချန်ကိုအားလည်း အာရုံကျနေကြောင်း သိရှိရသည်။ အေစီမီလန်သည် လက်ရှိအချိန်တွင် တိုက်စစ်မှူး တစ်ဦးတည်းသာ ထားကစားသည့် (၄-၃-၂-၁) ကစားကွက်အား အသုံးပြုနေပြီး တိုက်စစ်မှူး၏နောက်မှ ရော်နယ်လ်ဒင်ဟိုနှင့် ကာကာတို့အား ပံ့ပိုးစေသော နည်းစနစ်ကို ကျင့်သုံးလျက်ရှိသည်။ ရှက်ဗ်ချန်ကိုသည် လက်ရှိအခြေအနေအရ မီလန်အသင်း တိုက်စစ်မှူး နေရာအတွက် ဦးစားပေး အဆင့်(၄)နေရာတွင်သာ ရှိနေပြီး ၎င်း၏ရှေ့တွင် ပါတို၊ မာကိုဘော်ရယ်လီယိုနှင့် ဖိလစ်ပို အင်ဇာဂီတို့အား အေစီမီလန် နည်းပြကြီး ကားလို့စ်အန်ဆလော့တီက အသုံးပြုနေသည်။ ရီးယဲလ်အသင်းသည်လည်း အသက်အရွယ်အရ အကျပိုင်းရောက်နေသော်လည်း အတွေ့အကြုံနှင့် ခြေစွမ်းခြေစ ရှိသေးသည့် ရှက်ဗ်ချန်ကိုအား ရေတိုသဘောမျိုး အသုံးပြုရန် စိတ်ဝင်စားနေသဖြင့် ဇန်န၀ါရီလတွင် ရှက်ဗ်ချန်ကို အပြောင်းအရွှေ့မှာ ဖြစ်လာနိုင်ခြေရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Source: Goal

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.