Guest. It's 07:22 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ဂျိမ်းစ်ဘွန်းမင်းသားဟောင်းက ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်ကို ဝေဖန်လိုက်
Posted on Nov 19 08 - 09:08 AM | Hits : 1716 | Save as PDF

ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုးက နောက်ဆုံးထွက် ဂျိမ်းစ်ဘွန်ရုပ်ရှင် ဇာတ်ကားသစ် Quantum of Solaceအား ဝေဖန်လိုက်သည်။ ရော်ဂျာမိုးက နိုဝင်ဘာလ (၁၄)ရက်နေ့က အမေရိကန်တွင် စတင်၍ ရုံတင်ပြသသော “Quantum of Solace”ကို ၎င်းကြည့်ရှုခဲ့ကြောင်း၊ ဇာတ်ကားမှာ မလိုအပ်ဘဲ ပြင်းထန်ကြမ်းတမ်းလွန်းကြောင်း ပြောဆိုသွားသည်။ အကြမ်းဖက်မှုများကို ဇာတ်ကားတွင် တစ်ချိန်လုံးလိုလို တွေ့နေရသည်ဟု အသက်(၈၁)နှစ်ရှိ မင်းသားကြီးက သုံးသပ်သည်။ ၎င်းသည် (၁၉၇၃)မှ (၁၉၈၅)ခုနှစ်ထိ နာမည်ကျော် ဗြိတိသျှ ထိပ်တန်း ထောက်လှမ်းရေးသမား ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခွင့် ရခဲ့သူဖြစ်သည်။ ရော်ဂျာမိုးက တစ်ချိန်က ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခွင့် ရခဲ့ခြင်းအပေါ် ကျေနပ်မိကြောင်း၊ ယခုနောက်ပိုင်း ဂျိမ်းစ်ဘွန်းများသည် ကြမ်းတမ်းခက်ထန်လာသည့်အတွက် ၀မ်းနည်းမိကြောင်း ပြောဆိုသည်။



(မင်းသားကြီးရော်ဂျာမိုးတို့စုံတွဲ)

(၁၉၇၄)ခုနှစ်ထုတ် ဂျိမ်းစ်ဘွန်းရုပ်ရှင် “The Man with the Golden Gun”ဇာတ်ကားတွင် ခပ်ကြမ်းကြမ်း သရုပ်ဆောင်ဖူးသူ ရော်ဂျာမိုးက မင်းသား ဒင်နီယယ်ခရိတ်ဂ်ျကိုမူ ကြိုက်နှစ်သက်ကြောင်း ၀န်ခံခဲ့သည်။ ခရိတ်ဂ်ျသည် အမှန်တကယ်ထူးချွန်သော ဂျိမ်းစ်ဘွန်းဖြစ်သည်ဟု ရော်ဂျာမိုးက ဆိုသည်။ ရော်ဂျာမိုးက ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်နှင့် ပတ်သတ်ပြီး ယခုလောက် ကြမ်းကြမ်းတမ်းတမ်း မလိုအပ်ကြောင်း၊ ဇာတ်လမ်းကို ပိုမိုအသားပေးသင့်ကြောင်း သုံးသပ်ခဲ့သော်လည်း မကြာမီကောက်ခံသော ဂျိမ်းစ်ဘွန်းပရိသတ်များ၏ စစ်တမ်းအရ ရော်ဂျာမိုးသည် ဂျိမ်းဘွန်းမင်းသားများအနက် အညံ့ဖျင်းဆုံး သရုပ်ဆောင်အဖြစ် ရွေးချယ်ခံရကြောင်း သိရှိရသည်။



(ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် Quantum of Solaceမှ ဇာတ်ဝင်ခန်းတစ်ခန်း)

Source: Femalefirst

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.