Guest. It's 11:32 AM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
နှစ်သစ်ကူးပါတီအတွက် ကြိုတင်ပြင်ဆင်နေသည့် ပဲရစ်ဟီလ်တန်
Posted on Nov 20 08 - 09:46 AM | Hits : 856 | Save as PDF

ပဲရစ်ဟီလ်တန်က သူမသည် (၂၀၀၉)ခုနှစ်အတွက် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲကို သြစတြေးလျနိုင်ငံတွင် ကျင်းပသွားမည်ဟု ပြောဆိုခဲ့သည်။ ဟီလ်တန်နှင့် သူမ၏ချစ်သူ ဘန်ဂျီမက်ဒန်တို့သည် နှစ်သစ်ကူး ပွဲတော်ကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကျင်းပမည်ဟု အတည်ပြု ပြောကြားသွားကြသည်။ ဟိုတယ်အမွေခံ သန်းကြွယ် သူဌေးမလေးအဖြစ် နာမည်ကြီးသော ဟီလ်တန်က ပါတီပွဲအတွက် ပြင်ဆင်စရာ ရှိသည်များကို ကြိုတင်ပြင်ဆင်နေပြီဟု ပြောဆိုခဲ့သည်။ သူမ၏ ချစ်သူDJနှင့် Rockအဆိုတော် ဘန်ဂျီနှင့်အတူ ဆစ်ဒနီတွင် ကျင်းပမည့် အဆိုပါဧည့်ခံပွဲကို Social Networking Systemအသစ် Bongo Virusတွင် ကြည့်ရှုသွားနိုင်မည်ဟု ဟီလ်တန်ကဆိုသည်။ သူမ၏ပရိသတ်များအနေနှင့် ထိုဝက်ဘ်ဆိုက်မှတဆင့် ဒီဇင်ဘာလ(၃၁)ရက်နေ့ညတွင် ဟီလ်တန်နှင့် ဘန်ဂျီတို့ စုံတွဲ၏ ဆုတောင်းကောင်းချီးပေးမှုကို ရရှိမည်ဖြစ်သည်။

အဆိုပါ ၀န်ဆောင်မှုအတွက် Bongo Virusက ပရိသတ်တစ်ဦးလျင် (၅)ဒေါ်လာနှုန်း ကောက်ခံမည်ဟု သိရှိရသည်။ ဟီလ်တန်က ဆစ်ဒနီမြို့သည် နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန် အကောင်းဆုံး မြို့တစ်မြို့ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ဟီလ်တန်က သြစတေးလျ ပရိသတ်များနှင့်အတူ သူမ၏ချစ်သူ ဘန်ဂျီမက်ဒန်၏ DJလက်သံနှင့် စီးမျောကခုန်ခွင့် ရလာမည့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်မိပါကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။

Source: Femalefirst

Page: 1
သိပ်လှနေပါလား..ပဲရစ်ရယ်
ကောင်မလေး ပဲရစ်ရယ်..
မင်းက အခုတစ်လော အင်တာနက်ပေါ်မှာ အဖေါ်အချွတ်တွေနဲ့တော်တော်လေးကို လှနေခဲ့တာနော်....
ကောင်းပါတယ်... မင်းတို့တိုင်းပြည်တွေက တန်ဖိုးထားကြတဲ့ ယဉ်ကျေးမှုမှာ အရေပြားတစ်ထောက်စာအတွက်က
အဓိက အရေးကြီးနေတော့လည်း...မင်းလှတာကို ငါဘာမှမပြောရက်တော့ပါဘူးကွာ...။ :P
လှပါ..လှပါ... ပဲရစ်ဟစ်တန်ရာပဲပေါ့နော်....။

~မိုးညို~(Planet)
commented by : moengyo | posted date : 20/11/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.