Guest. It's 03:20 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
Grand Royal Challenge Cup ဗိုလ်လုပွဲ မြန်မာနှင့်အင်ဒိုနီးရှား ယှဉ်ပြိုင်ကြမည်
Posted on Nov 20 08 - 11:28 AM | Hits : 619 | Save as PDF

တတိယအကြိမ် Grand Royal Challenge Cup 2008 ဘောလုံးပြိုင်ပွဲ ဒုတိယ အကြိုဗိုလ်လုပွဲစဉ်အဖြစ် အူလ်ဆန်ဟွန်ဒိုင်းကလပ်အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ နိုဝင်ဘာ (၁၉)ရက်နေ့၌ သုဝဏ္ဏအာကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ မိနစ်(၁၂၀)ပြည့်သည်အထိ ဂိုးမရှိသရေကျနေ၍ ပင်နယ်တီဆုံးဖြတ်ခဲ့ရာ အင်ဒိုနီးရှားအသင်းက ၄ဂိုး ၃ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။ အင်ဒိုနီးရှားအသင်းသည် ခံစစ်အသားပေးပြီး တန်ပြန်တိုက်စစ် ပုံစံဖြင့် ကစားသွားခဲ့သည်။ ကိုရီးယားအသင်းမှာ ပွဲပန်းနေ၍ အကောင်းဆုံး မကစားနိုင်ခဲ့ကြောင်း၊ အနိုင်ရရန် အခွင့်အရေးရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ကြောင်းနှင့် ယခုပွဲတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း ကိုရီးယားအသင်း နည်းပြဖြစ်သူက ပြောကြားသည်။ Grand Royal Challenge Cup 2008 ဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အင်ဒိုနီးရှားအသင်းအတွက် အလွန်ခက်ခဲ့သည့်ပွဲ ဖြစ်လာမည်ဟု အင်ဒိုနည်းပြက ပြောကြားသည်။ သို့သော် အိမ်ရှင်မြန်မာအသင်း၏ မျှော်လင့်ချက်ကို ရိုက်ချိုးနိုင်ရန် ကြိုးစားသွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ Grand Royal Challenge Cup 2008 ဗိုလ်လုပွဲစဉ်ကို နိုဝင်ဘာ (၂၁)ရက်နေ့ ညနေ(၃)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။



(ဒုတယအကြိုဗိုလ်လုပွဲတွင် အကောင်းဆုံးဆုရ

အူလ်ဆန်ကိုရီးယားကလပ်မှ ဂိုးသမားအား ဆုချီးမြှင့်စဉ်)


Ref: ကြေးမုံ

Photo: ကြေးမုံ

Page: 1
M won
M won
commented by : Yumino | posted date : 22/11/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.