Guest. It's 03:30 PM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
LinKin Park အယ်လ်ဘမ်သစ် ထွက်ရှိတော့မည်
Posted on Nov 20 08 - 01:33 PM | Hits : 677 | Save as PDF

ဂရမ်မီဆုကို နှစ်ကြိမ်တိုင် ဆွတ်ခူးရရှိခဲ့သည့် နာမည်ကျော် Linkin Parkဂီတအဖွဲ့က ၎င်းတို့၏ အယ်လ်ဘမ်အသစ် Road to Revolutionအား ဖြန့်ချိမည့်နေ့ကို တရားဝင် ကြေညာလိုက်ပြီဖြစ်သည်။ အဆိုပါ အယ်လ်ဘမ်ကို နိုဝင်ဘာ(၂၅)ရက်နေ့ တွင်ဖြန့်ချီမည်ဖြစ်ပြီး Linkin Parkအဖွဲ့၏ ဖျော်ဖြေပွဲများတွင် အောင်မြင်မှုအရှိဆုံး သီချင်း(၁၈)ပုဒ်ကို စုစည်းထားကြောင်း သိရှိရသည်။ CD၊ DVD action-packedအဖြစ် ဖြန့်ချီမည့် အဆိုပါ အယ်လ်ဘမ်တွင် Live Showများအတွင်း Linkin Park၏ ဖျော်ဖြေမှုများကို မှတ်တမ်းတင်ထားသော ဓာတ်ပုံများပါ ထည့်သွင်းပေးထားမည်ဖြစ်ပြီး ပရိသတ်များ အကြိုက်တွေ့စေမည်ဟု ဆိုသည်။ Warner Brosနှင့် Machine Shop Recordingတို့မှ ပူးပေါင်းတင်ဆက်သော အဆိုပါ အယ်လ်ဘမ်အတွင်း Linkin Park၏ သီချင်းအသစ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဇွန်လ (၂၉)ရက်နေ့က မီလ်တန်ကီးနက်စ်တွင် ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲအား အဓိကရိုက်ကူးထားသော အဆိုပါအယ်လ်ဘမ်သည် ပရိသတ်များ၏ သောင်းသောင်းဖြဖြ အားပေးမှုကို ရရှိမည်ဟု မျှော်လင့်ကြောင်း Linkin Parkအဖွဲ့က ပြောကြားထားသည်။ Linkin Park၏ ဖျော်ဖြေပွဲများ ကျင်းပခဲ့သော ခြောက်နှစ်တာ ကာလအတွင်း အအောင်မြင်ဆုံးအဖြစ် စံချိန်တင်ခဲ့သော အဆိုပါShowပွဲသို့ ပရိသတ် ငါးသောင်းကျော် တက်ရောက်ခဲ့သည်။



ယခုအယ်လ်ဘမ်တွင် Featuringအဖြစ် နာမည်ကျော် Hip Hopအဆိုတော် Jay-Zကလည်း ပါဝင်အားဖြည့်ထားကြောင်း သိရှိရသည်။ အဆိုပါအယ်လ်ဘမ်တွင် ပါဝင်သော သီချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

01. One Step Closer

02. From The Inside

03. No More Sorrow

04. Given Up

05. Lying From You

06. Hands Held High

07. Leave Out All the Rest

08. Numb

09. The Little Things Give You Away

10. Breaking the Habit

11. Shadow of the Day

12. Crawling

13. In the End

14. Pushing Me Away

15. What I've Done

16. Numb/Encore (featuring Jay-Z)

17. Jigga What/Faint (featuring Jay-Z)

18. Bleed It Out

Source: RoadRunnerRecords

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.