Guest. It's 11:28 PM - Myanmar time. Register or Login | Download Myanmar Font 
 
စိုင်းစိုင်းခမ်းလှိုင်၏ အောင်မြင်ခြင်းလျို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း
Posted on Jul 22 08 - 02:07 PM | Hits : 3853 | Save as PDF

စိုင်းစိုင်းခမ်းလှိုင်ဆိုတာ မြန်မာ့ Hip Hop လောကမှာ သက်တမ်းအရှည်ကြာဆုံး အောင်မြင်မှုကို ကိုင်စွဲထားနိုင်တဲ့ ထိပ်တန်းဝင်အဆိုတော်တစ်ယောက်ပါ။ စိုင်းစိုင်းကို အားပေးနေတဲ့သူတွေရှိတယ်… အော်ဆဲနေတဲ့သူတွေရှိတယ်..။ ဒါပေမယ့် လူငယ်တွေကြားထဲမှာ လူကြီးတွေကြားထဲမှာ အနုပညာ လမ်းကြောင်းတစ်ခုမှာ စိုင်းစိုင်းဆိုတာ အောင်မြင်နေတယ်… ကျော်ကြားနေတယ်… စိုင်းစိုင်းဘယ်လို အောင်မြင်ခဲ့သလဲ.. စိုင်းစိုင်းရဲ့ အောင်မြင်မှု ကြာရှည်ခဲ့ရတဲ့ အကြောင်းရင်းက ဘာလဲ… စိုင်းစိုင်းဆိုတာ ဘယ်လိုခံယူချက်တွေနဲ့ အလုပ်လုပ်နေတဲ့သူလဲ… သူဟာ.. ထုတ်ဝေသူ တစ်ယောက်လည်းဖြစ်တယ်.. ဒါရိုက်တာ တစ်ယောက်လည်း ဖြစ်ခဲ့သလို… သူ သီချင်းတွေရေးတယ်.. သီချင်းတွေဆိုတယ်… သရုပ်ဆောင်တယ်… စာတွေရေးတယ်… ဒီတော့ သူဘယ်လမ်းပေါ်ကို လမ်းလျှောက်နေတာလည်း… သူ့ရည်ရွယ်ချက်တွေက ဘာလဲ… လူငယ်တွေ လက်ခုပ်တီးတယ်… ကောင်မလေးတွေအားပေးတယ်.. ဒါဆို.. သူရဲ့ လျို့ဝှက်ချက်ကဘာလဲ… လျို့ဝှက်ချက်ကို ဖော်ထုတ်ကြရအောင် … မေးခွန်းတွေပါမယ်.. အဖြေတွေပါတယ်… ဒါပေမယ့် အမေးအဖြေမဟုတ်ပါဘူး… စိုင်းစိုင်းနဲ့ ပွင့်လင်းစွာ ဆွေးနွေးခဲ့တဲ့သဘောလေးတစ်ခုပါ… စိုင်းစိုင်းဘာတွေ ပြောခဲ့သလည်း ….. ကဲ ဖတ်ကြည့်ကြစို့…

*

 စိုင်းစိုင်းအခုလက်ရှိဘာတွေလုပ်နေလဲ

 အခုလက်ရှိ ကျွန်တော်အခွေအသစ်တွက် သီချင်းလေးတွေလုပ်နေပါတယ်။ ဗွီဒီယိုကားလေးတွေ၊ 

 ကြော်ငြာတွေ လက်ခံပြီးရိုက်ကူးနေပါတယ်။

*

 အခွေသစ်နာမည်က ပေးပြီးပြီလား။

 ကျွန်တော် အတိအကျတော့မရှိသေးဘူးဗျ။ စိုင်းစိုင်းနှင့်ခေတ်ရေစီးကြောင်း လိုတော့ အကြမ်းပေးဖူးတယ်။ 

 အခုထိတော့ တိတိကျကျမပေးရသေးပါဘူး။ ပြောင်းချင်ပြောင်းသွားနိုင်ပါတယ်။

*

စိုင်းစိုင်းရဲ့ ဗွီဒီယိုဇာတ်ကားတွေက ကိုယ့်ထုတ်လုပ်ရေးနဲ့ပဲရိုက်တာလား။ ဒါမှမဟုတ် တခြားသူနဲ့ရိုက်သေး   လား။ ဒီနှစ်ခုက ဘယ်လိုကွာခြားမှုရှိလဲ။

ကျွန်တော်တို့ Frenzo နဲ့လည်းဇာတ်ကားတွေရိုက်ပါတယ်။ အောင်ကျော်ဇောနဲ့လည်းရိုက်ပါတယ်။ ကွာတာကတော့ ကိုယ့်ထုတ်လုပ်ရေးကြတော့ အားမနာရဘူးပေါ့ဗျာ။ ရှုံးတာလည်းရှိမယ်။ မြတ်တာလည်းရှိမယ်။ ကိုယ့်ရဲ့သရုပ်ဆောင်မှုအပိုင်းဆိုရင်လည်း လိုတာလည်းရှိမယ်။ အဲအခါကြတော့ ကိုယ့်ထုတ်လုပ်ရေးနဲ့ ကိုယ်ကြတော့ လွတ်လပ်တာပေါ့။ လွတ်လပ်တော့ စိတ်ချမ်းသာပါတယ်။

*

သာမာန်အနုပညာရှင်တွေနဲ့ မတူပဲ စိုင်းစိုင်းရဲ့ အနုပညာလှုပ်ရှားမှုတွေမှာ စီးပွားရေးစနစ် တစ်ခုကို တွေ့ပါတယ်။ အောင်မြင်မှုခြင်းတူညီပေမယ့် မတူညီတဲ့ အောင်မြင်မှုပါ။ ဆိုလိုချင်တာက စနစ်တကျ လှုပ်ဆောင်မှုတွေ  အတွက်ပါ။ အဲတာနဲ့ပတ်သက်ပြီး နည်းနည်း ပြောပြပေးပါလား။

အနုပညာကို စီးပွားရေးတစ်ခုအနေနဲ့လုပ်ကိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် စီပွားရေးလုပ်ငန်းတွေကိုလည်း စိတ်ဝင်စားပါတယ်။ အဲတော့ အခုပြောသလိုပါပဲ ကိုယ်လုပ်နေတဲ့ ဒီအလုပ်လေးကိုပဲ စာရင်းနဲ့ဇယားနဲ့ စနစ်တကျလုပ်ကြည့်တာပါ။ ပိုပြီကောင်းမယ်လို့လည်း ထင်ပါတယ် ဒီတိုင်းလုပ်နေတာထက်စာရင်လေ။

*

အခု စိုင်းစိုင်းလုပ်နေတဲ့ ထုတ်လုပ်ရေး၊ သီချင်းဆို၊ သရုပ်ဆောင်၊ စာရေး ဒီအနုပညာအလုပ်တွေထဲမှာဘယ်အရာကစီပွားရေးအရ အအောင်မြင်ဆုံးလို့ ထင်လဲ။

အနုပညာအရ အောင်မြင်ပါတယ် ဆိုရင်တော့ ပြောလို့ရပါတယ်။ တစ်ခွေထုတ်ရင် တစ်ခွေက ပရိသတ်ကြားထဲရောက်တယ်။ စီးပွားရေးအရ အောင်မြင်တယ်ဆိုတာမျိုးကြီးတော့ မရှိပါဘူး။ ကျွန်တော်အခုလုပ်နေတဲ့ ထုတ်လုပ်ရေးတို့ ၊ သီချင်းအခွေထုတ်တာမျိုးတို့ သိကြတဲ့အတိုင်း ခိုးကူးသမားတွေကြောင့် လုံးဝမအောင်မြင်တဲ့အပိုင်းပါ။ သရုပ်ဆောင်တဲ့အပိုင်းဆိုရင်လည်း ကျွန်တော်က အဲအပိုင်းမှာ ဘာသဘာမှမရှိတဲ့သူဆိုတော့ အောင်မြင်တယ်လို့ပြောလို့မရပါဘူး။ ကြိုးစားဆဲပေါ့ဗျာ။ ထိုက်သင့်တဲ့ငွေကြေးလည်း မရပါဘူး။ ကြော်ငြာပိုင်းလေးတွေတော့ ပိုက်ဆံရတယ်လို့ပြောလို့ရပါတယ်။

*

စိုင်းစိုင်းတို့ Frenzo ထုတ်လုပ်ရေးကနေ အသစ်တွေကိုထုတ်နေတဲ့အပေါ်မှာ ပုဂ္ဂိုလ်ရေးအရခင်မင်မှုကြောင့်ထုတ်ပေးတာလား၊ အရည်အသွေးပေါ်ကြည့်ပြီး ထုတ်ပါသလား။ စီးပွားရေးအရအောင်မြင်မယ်လို့ ယုံကြည်လို့ထုတ်တာလား။

ကျွန်တော်အနုပညာကိုချစ်မြတ်နိုးလို့ ထုတ်တာပါ။ ဒီအနုပညာကိုချစ်တဲ့စိတ်ကြောင့်ပဲ  လူသစ်တွေကို တင်ပေးပါတယ်။ စီးပွားရေးအရအောင်မြင်မှုလုံးဝမရှိပါဘူး။ တကယ့်နာမည်ကြီးပါတယ် ဆိုတဲ့ အဆိုတော်တွေတောင် ခိုးကူးပြသနာကြောင့် နလန်မထူနိုင်ပါဘူး။ အသစ်ဆိုတော့ အားလုံးသိတဲ့ အတိုင်း ရှုံးပါတယ်။ ဒါပေမယ့် ကျွန်တော်ကျေနပ်ပါတယ်။

*

စိုင်းစိုင်းဆိုတာ Hip Hop လောကမှာ အောင်မြင်မှုအရှည်ကြာဆုံး အဆိုတော်တစ်ယောက်ပါ။ ဒီလိုအောင်မြင်မှု တာရှည်ခံဖို့ စိုင်းစိုင်းဘာတွေပြင်ဆင်ခဲ့လဲ။ ဘယ်လိုကြိုးစားခဲ့လဲ။ ဘာတွေအားထုတ်ခဲ့ရသလဲ။

အောင်မြင်မှုကြာရှည်ခံဖို့ဆိုတာမျိုးကြီး သီးသန့်လုပ်ခဲ့တာမရှိပါဘူး။ အဓိကက စိတ်ပေါ့။ စိတ်ကိုခံနိုင်ရည်ရှိအောင် တော်တော်လေးလုပ်ယူရပါတယ်။ ကျွန်တော်ရေးတဲ့ သီချင်းတွေပေါ့ အတတ်နိုင်ဆုံး ရိုးသားအောင်လုပ်ပါတယ်။ ကြိုးစားတာကတော့ ကိုယ့်ရဲ့ဖန်တီးမှုတွေက အသစ်တွေဖြစ်လာရမယ် ပိုကောင်းလာရမယ် အဲတာလေးတွေပါပဲ။

*

စိုင်းစိုင်းရဲ့ အရင်ကသရုပ်ဆောင်မှုတွေနဲ့ အခုလက်ရှိသရုပ်ဆောင်မှုတွေ အများကြီးတိုးတက်ပြောင်းလဲ လာတာတွေ့ပါတယ်။ အရင်က ကင်မရာရှေ့မှာရှိနေမှန်း သိသာစေတဲ့ သရုပ်ဆောင်မှုကြီးပါ။ သရုပ်ဆောင်နေမှန်း သိသာစေတဲ့အတွက် သရုပ်ဆောင်တစ်ယောက်လို့ မြင်လို့မရခဲ့ဘူး။ အခုတော့ တော်တော်လေး ပြောင်းလဲလာ ပါတယ်။ သရုပ်ဆောင်နေမှန်းမသိအောင် သရုပ်ဆောင်တတ်လာပြီလို့ ပြောလို့ရပါတယ်။ ဒီအတွက်ဘယ်လို တွေလေ့ကျင့်ခဲ့ရလဲ။

ဒီလိုစကားမျိုးကို ကျွန်တော်ပထမဆုံးအကြိမ်ကြားရခြင်းပါပဲ။ ကျွန်တော့်ပရိသတ်အစစ်တစ်ယောက်ကို တကယ်တွေ့လိုက်ရတာပါပဲ။ တကယ်တော့ ကျွန်တော်တို့ဟာ အမြဲလေ့ကျင့်နေဖို့လိုတယ်။ ဒါပေမယ့်ကျွန်တော် မလေ့ကျင့်ခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း သိခဲ့ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်ဗျာ။

*

(၁၀)စက္ကန့်လိုပွဲမျိုးမှာ ကိုယ့်ရဲ့ပြိုင်ဖက်အဆိုတော်တွေနဲ့ သီဆိုရတဲ့အခါ ကိုယ့်ရဲ့တင်ဆက်မှုအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားလဲ။

ကျွန်တော်ပြိုင်ဘက်လို့ ဘယ်သူ့ကိုမှ သဘောမထားပါဘူး။ လူတစ်ကိုယ်အကြိုက်တစ်မျိုးပါပဲ။ ကျွန်တော် (၁၀)စက္ကန့်ထဲမှာ ကြိုက်တဲ့သီချင်းတွေရှိပါတယ်။ ကြိုက်တာကိုနားထောင်တယ်။ မကြိုက်တာကို ကျော်လိုက်တယ်။ ဒီလိုပါပဲ။ ကျွန်တော်က ကျွန်တော့်သီချင်းတွေကိုပဲ ကျွန်တော်ယှဉ်ပြိုင်ပါတယ်။ ကောင်မလေးငါ့ကိုကြိုက်တယ်ဆိုတဲ့ သီချင်းကို ဖေဖော်ဝါရီမှတ်တမ်းလိုမျိုး ကောင်းချင်ပါတယ်။ သေပြီဆရာလို ပေါက်ခဲ့တဲ့သီချင်းမျိုးကို စပ်မိစပ်ရာလိုသီချင်းမျိုးရေးပြီး ကျွန်တော်ယှဉ်ပါတယ်။ အဓိကက ကျွန်တော်သီချင်းတွေကို တစ်ပုဒ်ထပ်တစ်ပုဒ် ပိုကောင်းလာအောင် ကြိုးစားနေပါတယ်။ ပြိုင်ဘက်တော့ လုံးဝမရှိပါဘူး။

*

အောင်မြင်မှု ကြာရှည်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ အခုနောက်ပိုင်း ၀င်တိုးလာတဲ့ အဆိုတော်တွေကို စိုင်းစိုင်းဘယ်လိုနည်းလမ်းတွေ ပေးချင်သလဲ။

ကျွန်တော်မပြောတတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းသိအရမ်းတတ်နေတဲ့သူမဟုတ်ပါဘူး။ Guidelines ပေးဖို့ဆိုတာမရှိပါဘူး။ မပေးတတ်ပါဘူးဗျာ။

*

စိုင်းစိုင်းက စာတွေလည်းရေးတဲ့သူဆိုတော့ ဒီလိုစာတွေကောရေးလာဖို့ မရှိဘူးလား။

ကျွန်တော်စာရေးတယ်ဆိုတာ အပျော်တမ်းဖတ်သဘာမျိုးစာလေးတွေပါ။ တက်ကြမ်းလို့ တကယ့်စာပေမျိုး မရေးနိုင်ပါဘူး။ နောက်ပိုင်းရေးသွားရင်လည်း ဒီလိုအပျော်ဖတ်လောက်ပဲဖြစ်မှာပါ။

*

Planet မှာဝင်ရောက်အသုံးပြုနေတဲ့ လူငယ်တွေကို ဘာတွေပြောချင်ပါသလဲ။

အင်တာနက်ဆိုတာကို ကျွန်တော်တို့က အသေအချာကြီး သုံးနေတဲ့သူတွေမဟုတ်ပါဘူး။ တတ်နိုင်သလောက်လေး လေ့လာရတဲ့ သဘောလေးတွေပဲရှိပါတယ်။ ကျွန်တော်ကြားဖူးတာလေး တစ်ခုရှိတယ်ဗျ။ ကြားဖူးတာနော်။  သုံးစွဲတဲ့သူတွေကို Class တွေခွဲထားတယ်ပေါ့ဗျာ။ ရိုးရိုးတန်းက လူတွေ အတင်းအဖျင်းတွေ သူများအကြောင်းတွေ ပြောနေပြီး အချိန်ကုန်နေတယ်။ အလယ်တန်းပေါ့ စာပေ ၊ အနုပညာ၊ အတတ်ပညာ ထိုက်သင့်သလောက် Update ဖြစ်အောင်ကြိုးစားနေကြတယ်။ သိသင့်သိထိုင်တာတွေကိုပေါ့။ အထက်တန်းကလူတွေ ကိုယ့်ဘ၀ရဲ့ အောင်မြင်တိုးတက်ရေးအတွက် တန်ဖိုးရှိတာတွေကို လေ့လာနေကြတယ်။ ဒီတော့ လူငယ်တွေအားလုံး အထက်တန်းမှာ ရှိမယ်ဆိုရင်တော့ အလန်းဆုံးပေါ့ဗျာ။ ကျွန်တော်အများကြီး မပြောတတ်ပါဘူး။

Page: 1 2
Unknown
စိုင်းစိုင်းပြောသွားတဲ့ သုံးစွဲတဲ့သူတွေကို ကလပ်စ်ခွဲထားတယ် ဆိုတာလေး သဘောကျလို့  ကွန်မန့် ရေးဖြစ်ပါတယ်။ အတန်းသုံးတန်း အကြောင်းပြောသွားတာ တကယ်အားရဖို့ ကောင်းတယ်။ လက်ရှိ အင်တာနက်လောကမှာ ဖြစ်ပျက်နေတာတွေကို မီးမောင်းထိုးပြပြီး သတိပေးလိုက်သလိုပါပဲ။ ဒီစကားလက်ဆောင်ပေးသွားတဲ့ စိုင်းစိုင်းကိုရော စိုင်းစိုင်းနဲ့  ဆွေးနွေးခန်းကို တင်ပြပေးတဲ့ ပလန်းနက်က တာဝန်ရှိသူတွေကိုပါ ကျေးဇူးတင်ပါတယ်။

တူးတူးလေး
commented by : tutulayy | posted date : 23/07/2008
စိုင်းစိုင်း
စိတ်ကတစ်မျိုးပဲနော်
commented by : Dannaryee | posted date : 23/07/2008
Unknown
စိုင်းစိုင်းရဲ့ သီချင်း အကုန်လုံးနီးပါးကြိုက်တယ်---
commented by : Anonymous | posted date : 23/07/2008
ဒီလို....အမှန်အတိုင်းလက်ခံတတ်တာမျိုးကို..သိပ်သဘောကျတာပဲ
စိုင်းစိုင်းရဲ့ အရင်ကသရုပ်ဆောင်မှုတွေနဲ့ အခုလက်ရှိသရုပ်ဆောင်မှုတွေ အများကြီးတိုးတက်ပြောင်းလဲ လာတာတွေ့ပါတယ်။ အရင်က ကင်မရာရှေ့မှာရှိနေမှန်း သိသာစေတဲ့ သရုပ်ဆောင်မှုကြီးပါ။ သရုပ်ဆောင်နေမှန်း သိသာစေတဲ့အတွက် သရုပ်ဆောင်တစ်ယောက်လို့ မြင်လို့မရခဲ့ဘူး။ အခုတော့ တော်တော်လေး ပြောင်းလဲလာ ပါတယ်။ သရုပ်ဆောင်နေမှန်းမသိအောင် သရုပ်ဆောင်တတ်လာပြီလို့ ပြောလို့ရပါတယ်။ ဒီအတွက်ဘယ်လို တွေလေ့ကျင့်ခဲ့ရလဲ။

ဒီလိုစကားမျိုးကို ကျွန်တော်ပထမဆုံးအကြိမ်ကြားရခြင်းပါပဲ။ ကျွန်တော့်ပရိသတ်အစစ်တစ်ယောက်ကို တကယ်တွေ့လိုက်ရတာပါပဲ။ တကယ်တော့ ကျွန်တော်တို့ဟာ အမြဲလေ့ကျင့်နေဖို့လိုတယ်။ ဒါပေမယ့်ကျွန်တော် မလေ့ကျင့်ခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း သိခဲ့ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်ဗျာ။

*

(၁၀)စက္ကန့်လိုပွဲမျိုးမှာ ကိုယ့်ရဲ့ပြိုင်ဖက်အဆိုတော်တွေနဲ့ သီဆိုရတဲ့အခါ ကိုယ့်ရဲ့တင်ဆက်မှုအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားလဲ။

ကျွန်တော်ပြိုင်ဘက်လို့ ဘယ်သူ့ကိုမှ သဘောမထားပါဘူး။ လူတစ်ကိုယ်အကြိုက်တစ်မျိုးပါပဲ။ ကျွန်တော် (၁၀)စက္ကန့်ထဲမှာ ကြိုက်တဲ့သီချင်းတွေရှိပါတယ်။ ကြိုက်တာကိုနားထောင်တယ်။ မကြိုက်တာကို ကျော်လိုက်တယ်။ ဒီလိုပါပဲ။ ကျွန်တော်က ကျွန်တော့်သီချင်းတွေကိုပဲ ကျွန်တော်ယှဉ်ပြိုင်ပါတယ်။ ကောင်မလေးငါ့ကိုကြိုက်တယ်ဆိုတဲ့ သီချင်းကို ဖေဖော်ဝါရီမှတ်တမ်းလိုမျိုး ကောင်းချင်ပါတယ်။ သေပြီဆရာလို ပေါက်ခဲ့တဲ့သီချင်းမျိုးကို စပ်မိစပ်ရာလိုသီချင်းမျိုးရေးပြီး ကျွန်တော်ယှဉ်ပါတယ်။ အဓိကက ကျွန်တော်သီချင်းတွေကို တစ်ပုဒ်ထပ်တစ်ပုဒ် ပိုကောင်းလာအောင် ကြိုးစားနေပါတယ်။ ပြိုင်ဘက်တော့ လုံးဝမရှိပါဘူး။

*

အောင်မြင်မှု ကြာရှည်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ အခုနောက်ပိုင်း ၀င်တိုးလာတဲ့ အဆိုတော်တွေကို စိုင်းစိုင်းဘယ်လိုနည်းလမ်းတွေ ပေးချင်သလဲ။

ကျွန်တော်မပြောတတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းသိအရမ်းတတ်နေတဲ့သူမဟုတ်ပါဘူး။ Guidelines ပေးဖို့ဆိုတာမရှိပါဘူး။ မပေးတတ်ပါဘူးဗျာ။

*

စိုင်းစိုင်းက စာတွေလည်းရေးတဲ့သူဆိုတော့ ဒီလိုစာတွေကောရေးလာဖို့ မရှိဘူးလား။

ကျွန်တော်စာရေးတယ်ဆိုတာ အပျော်တမ်းဖတ်သဘာမျိုးစာလေးတွေပါ။ တက်ကြမ်းလို့ တကယ့်စာပေမျိုး မရေးနိုင်ပါဘူး။ နောက်ပိုင်းရေးသွားရင်လည်း ဒီလိုအပျော်ဖတ်လောက်ပဲဖြစ်မှာပါ။
commented by : lyk | posted date : 23/07/2008
နွေးသီး
မြီု့ သားအချင်းချင်းဆိုတော့ အမြဲ မပျက် အားပေးနေတယ်
commented by : nugehtee | posted date : 23/07/2008
vasyyy!!sai sai!
chacun a sa maladie et son quality aussi! :D
yo!!yo!
commented by : poem2721 | posted date : 23/07/2008
Chan Chan Phyo Paing
Sai Sai is Myount Kar....o ma lote bu kor bar lote chin lal
commented by : hippichan | posted date : 23/07/2008
အမကတော့ စိုင်းစိုင်းကို အရမ်းသဘောကျတဲ့လူမဟုတ်ပေမဲ့ ခေတ်အနေနဲ့ကြည့်ရင်သူလဲ အောင်မြင့်နေတဲ့ကလေးတစ်ယောက်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်က တူလေးနှစ်ယောက်စလုံးကိ စိုင်းစိုင်းမှ စိုင်းစိုင်းလေ
commented by : Anonymous | posted date : 24/07/2008
စိုင်းစိုင်းကိုအရမ်းကြိုက်ပါတယ်
ရေအိုင်ထဲကလရိပ်ချို သီချင်းကိုကြိုက်ပါတယ်........
commented by : nnhtun | posted date : 25/07/2008
Unknown
ကျွန်တော်က မိန်းကလေးတစ်ယောက်ကို ချစ်မိရင် သီချင်းကို အကြိုက်ဆုံးပဲ

ကိုစိုင်း အမြဲအောင်မြင်ပါစေ လို့ ဆုတောင်းပေးပါတယ်

အခု ရေအိုင်ထဲကလရိပ်ချို သီချင်း ကို နားထောင်နေတယ်

ဘိုဘိုပိုင်ထက်
commented by : bobopainghtet | posted date : 26/07/2008

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.